စပွန်ဆာရှိလား ဆိုတဲ့ မေးခွန်းကို အများကြီး ရှိပါတယ်ဆိုပြီး အလှမယ် သင်းသင်း ပွင့်ပွင့်လင်းလင်း ဖြေကြားပြီ(ရုပ်/သံ)





UNICODE

စပွန်ဆာပေးချင်လို့ဆိုပြီး ကြားပွဲစားတွေနဲ့ ချိတ်ဆက် လာတာရော သင်းရဲ့ Viber ဖုန်းနံပါတ်ကတဆင့် ဆက်သွယ်လာတာတွေရော အ များကြီးရှိပါတယ် အဲ့ဒီတော့ သင်းပြောချင်တာက ဆက်ပြီးတော့ပေါ့နော် နှမချင်းစာနာတယ် သားသမီးချင်းကိုယ်ချင်းစာတယ်ဆိုရင် ဆက် ပြီးမပြောဖို့ သင်းက တောင်းဆိုပါရစေ ဘာလို့တောင်းဆို ရသလဲဆိုတော့ သင်းဖုန်းနံပါတ်နဲ့တကွ Facebook ပေါ်မှာမတင်ပေးချင်ပါဘူး တကယ်လို့ သင်းဘဝကြီးတစ်ခုလုံး ပြောင်းလဲသွားနိုင်မယ့်သူမျိုးဆိုရင်လဲ သင်းကို မုန်းတဲ့ ချစ်တဲ့ ပရိသတ်တွေအကုန်လုံးကို ချပြသွားမှာ ပါ ” လို့ ဆိုသွား ခဲ့တာဖြစ်ပါတယ်။

သင်းသင်းကတော့ တိတ်တိတ်ပုန်းစပွန်ဆာပေးချင်တယ် ဆိုပြီးဆက်သွယ်လာကြတဲ့သူတွေအပေါ် အခုလို တုံ့ပြန်လာခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်ကြီးရေ သင်းသင်းအပေါ် အမြင်လေးကိုလည်း မျှဝေခဲ့ကြပါအုန်းနော်။ဖတ်ရှုပေးကြတဲ့ ပရိတ်သတ်ကြီးများကို ကျေးဇူးအထူးတင် ရှိပါတယ်နော်။ပရိတ်သတ်ကြီးများအားလုံးသာယာသောနေလေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေနော်။အလှမယ် သင်းသင်းနဲ့ သရုပ်ဆောင် ဝေဠုကျော်တို့ရဲ့ သတင်းဟာ ပရိသတ်တွေကြားမှာ ရေပန်းအစားဆုံးသတင်းဖြစ်ခဲ့ပါတယ်။သင်းသင်း တစ်ယောက် ဝေဠုကျော်ကို ကာမ လိမ်လည်မှုနဲ့ တရားစွဲခဲ့သလို လက်ရှိမှာလည်း အမှုရင်ဆိုင်နေရဆဲ ဖြစ်ပါတယ်။

ဒီအမှုရင်ဆိုင်နေရဆဲ ကာလတွေမှာ သူမကို စပွန်ဆာတွေ အများကြီး ရှိနေတယ်လို့ ပြောဆိုဝေဖန်နေကြတဲ့အပေါ် သူမမှာ စပွန်ဆာတွေ အများကြီးရှိပါတယ် ဒါပေမယ့် ညသွားအိပ်ရတဲ့ စပွန်ဆာတစ်ယောက်မှမရှိပါဘူးလို့ ပြန်လည်တုံ့ပြန်လာခဲ့တာပါ “စပွန်ဆာရှိလားလို့ မေး တဲ့အပေါ်မှာ က စပွန်ဆာရှိတယ်လေ ဒါပေမယ့် သင်းခံယူထားတဲ့ စပွန်ဆာကဘယ်လိုစပွန်ဆာလဲဆိုတော့ သင်းအပေါ်မှာ ပခုလက်ရှိမှာ ကူညီပံ့ပိုးပေးနေတဲ့သူတွေအကုန်လုံးက သွားပြီးတော့ညအိပ်တဲ့လူတွေတစ်ယောက်မှမရှိဘူးလေ အဲ့ဒီအတွက်ကိုယ်က ခင်ပွန်းကြီးဆယ် ပါး ထဲမှာပါတဲ့ ကျေးဇူးရှင်တွေအကုန်လုံးကဲပေါ့။

အဲ့ဒါကြောင့်သင်းခံယူထားတယ် သင်းမှာစပွန်ဆာတွေအများကြီးရှိပါတယ် မိန်းမတွေရော ယောကျာ်းတွေရောပေါ့ သင်းသိတဲ့စပွန်ဆာက ညသွားအိပ်တဲ့ စပွန်ဆာမဟုတ်ပါဘူး လူတစ်ယောက်ရဲ့ ခက်ခဲနေတဲ့ အချိန်မှာ ကူညီပေးတဲ့သူတွေပါ

Add a Comment

Your email address will not be published. Required fields are marked *