ညသန်းခေါင်ရောက်တိုင်း ထူးဆန်တဲ့ အသံတွေကြားနေရတဲ့ သူမရဲ့ကိုယ်တွေ့ဖြစ် ရပ်ကို ဖွင့်ဟလာ တဲ့ နှိုင်းယှဉ်မြင့်မိုရ်




UNICODE

ဆန္ဒပြပွဲတွေမှာ နှိုင်းရှင်မြင့်မိုရ်ကတော့ နေ့ဘက်မှာအားကြိုးမာန်တက်ပါဝင်ပြီး ညဘက်ရောက်တဲ့အခါမှာတော့ ထူးဆန်းတဲ့အသံတွေ ကြားနေရတဲ့အကြောင်းကို အောက်ပါအတိုင်းပြောပြလာခဲ့တာ ဖြစ်ပါတယ်။နှိုင်းရှင်မြင့်မိုရ်ကတော့ကဲ ဒါဆိုသေချာပြီလေ ကိုယ်တစ် ယောက်တည်း ဖြစ်နေတယ်မှတ်ပြီးဘယ်သူမှကို မပြောဖြစ်ဘူး10ရက်နေ့ ည (12)ကျော်လောက်က အနောက်လမ်းကြီးပေါ်ကနေ ခွေးတွေအူနေကြတာ ဆွဲဆွဲငင်ငင်ညီမဝမ်းကွဲကလာအိပ်တယ်။သူကအရမ်းကြောက်တတ်တာ အဲ့အချိန် မှာ ဆန္ဒပြသံတွေ အဝေးကအ သံတွေကြားလိုက်တယ်အပြင်မှာ ကိုဘင်း တစ်နေ့တာlive တွေပြန်ကြည့်နေတာနေမှာဆိုပြီး နေလိုက်တယ်။

နောက်နေ့ညကျတော့အိပ်ပျော်နေတုန်း ဒို့အရေးဒို့အရေး ဆိုတာတွေကြားလို့ လန့်ပြီးနိုး နာရီလှမ်းကြည့်တော့ (1)နာရီကျော်ဟာ ကိုဘင်း မနက်လည်း အစောကြီးသွားရမှာ မအိပ်သေးဘူး။live တွေကြည့်နေတယ်ဆိုပြီး ဆူမလို့ထွက်လိုက်တာ သူကအပြင်ကကုတင်မှာ ကွေး ကွေးလေး တုတ်လေး ဘေးချပြီးအိပ်နေတော့ ဇဝေဇဝါဖြစ်သွားတယ်ငါခုနက လူအုပ်ကြီး နဲ့ အော်တဲ့အသံတွေကြားလိုက်ပါတယ် ငါ စိတ်စွဲနေတာနေမှာပါ တစ်နေ့တစ်နေ့ အဲ့အသံတွေကြားနေရတော့ဆိုပြီး ပြန်အိပ်လိုက်တယ်။အိပ်မလို့ လုပ်တုန်း ခွေးတွေ ဆွဲပြီးအူပြန် ပါရော လာအိပ်တဲ့ညီမကကြောက်တတ်လွန်းလို့ပြောလည်းကိုဘင်းက ယုံမှာမဟုတ်အဲ့တော့ အိမ်ကလူတွေတောင်မပြောပြဖြစ်ဘူး။

ခုသူများတွေပါ ဖြစ်နေကြတာဆိုတော့မှ အရမ်းထူးဆန်းသွားတာဘုရားဘုရား 88တုန်းက သေဆုံးခဲ့ကြတဲ့ကျောင်းသားတွေ လူတွေ အရိုးတွန်ကြပြီလားမတရားခံနေရတဲ့ ကျွန်မတို့ ပြည်သူလူထုကို ကူညီပေးကြပါဆိုပြီး သူမရဲ့ကိုယ်တွေ့ဖြစ်ရပ်တွေကို ရေးသားပြောပြ လာတာဖြစ်ပါတယ်နော်။ညသန်းခေါင်ရောက်တိုင်း ခွေးတွေဆွဲ ဆွဲငင်ငင်အူကြပြီး ထူးဆန်တဲ့အသံ တွေ ကြားနေရတဲ့ သူမရဲ့ကိုယ်တွေ့ ဖြစ် ရပ်ကိုဖွင့်ဟလာတဲ့ နှိုင်းရှင်မြင့်မိုရ်သရုပ်ဆောင်ကိုဘင်းနဲ့နှိုင်းရှင်မြင့်မိုရ်တို့ဇနီးမောင်နှံနှစ်ယောက်ကတော့ လတ်တလောဖြစ်ပေါ် နေတဲ့အခြေအနေမှာ လမ်းမပေါ်ထွက်ပြီးတစ်တပ်တစ်အားပါဝင်နေကြတာပဲဖြစ်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *