နကၡတၱေဗဒပညာရွင္ေလး ေဟာထားေသာ (၂၀၂၁) ခုႏွစ္ယခုလ ရဲ႕ အေရးႀကီးတဲ့ ေဟာကိန္း မ်ား

ယုံၾကည္တာမယုံၾကည္တာ၊ လက္ခံတာ လက္မခံတာထက္သတိဆိုတာပိုတယ္ရယ္လို႔မရွိဘူးမို႔။ သူက ၂၀၂၁ ခုႏွစ္ ၊ ေဖေဖၚဝါရီလကုန္၊ မတ္လအထိလူေတြအေတာ္ဒုကၡေရာက္မယ္လို႔ဆိုတယ္။အခ်ိန္ေပးၿပီးဖတ္ရႈ႕ေပးၾကေသာ ပရိတ္သတ္ႀကီးအားလုံးလည္း သာယာေသာ ေန႔ေလးျဖစ္ပါေစ ေက်းဇူးလည္းအထူးတင္ရွိပါတယ္ေနာ္။အိႏၵိယႏိုင္ငံက ကမာၻ႔အသက္အငယ္ဆုံး နကၡတၱေဗဒပညာရွင္အာဘီဂီယန္ အာနန္(ဒ္) Abhigyan Anand ရဲ႕ေဟာကိန္းထဲမွာ ၂၀၂၁ ခုႏွစ္၊ ေဖေဖၚဝါရီလအေၾကာင္းပါတယ္။ ေန၊ လ၊ မာက်ဴရီ၊ ဂ်ဴပီ တာ၊ ဗီးနပ္စ္ နဲ႔စေနၿဂိဳဟ္တို႔ဟာ ၂၀၂၁ ခုႏွစ္ ေဖေဖၚဝါရီလမွာတစ္တန္းတည္းက်မယ္။ ဒါကို six-star conc atenation လို႔ေခၚတယ္တဲ့။ဒါေၾကာင့္ ေဖေဖၚဝါရီလမွာ ထိတ္လန႔္ဖြယ္သဘာဝေဘးအႏၲရာယ္ေတြ က်ေရာက္ႏိုင္ၿပီး စီးပြါးေရးၿပိဳလဲမႈေတြျဖစ္ႏိုင္တယ္လို႔ ခန႔္မွန္း ခဲ့တယ္။

အာနန္(ဒ္) ရဲ႕ေဟာကိန္းေတြအားလုံးကေတာ့မွန္ခဲ့တာေတာ့မဟုတ္ဘူး။ ဥပမာအားျဖင့္ ၂၀၂၀ မွာ တတိယကမာၻစစ္ ျဖစ္လိမ့္မယ္။ အ ေမရိကန္၊ အီရန္၊ အိႏၵိယနဲ႔ပါကစၥတန္တို႔ ပါဝင္မယ္ေျပာခဲ့တာ တကယ္မျဖစ္ခဲ့ပါဘူး။မွန္ခဲ့တာေတြလည္း ရွိပါ တယ္။ ဒါေၾကာင့္ေဖေဖၚ ဝါရီလကစၿပီး သတိေတာ့ထားၾကပါလို႔။ “သတိဆိုတာပိုတယ္မရွိ” လို႔ဆိုၾကတယ္မဟုတ္လား။ ဘာသာတရားကိုးကြယ္သူေတြလည္း ဘုရားတရားမေမ့ၾကဖို႔။ဒါကေတာ့ ၂၀၂၁ မွာဘာေတြျဖစ္ႏိုင္တယ္ဆိုၿပီး ထြက္ခဲ့တဲ့ ေဟာကိန္းပါ။အိႏၵိယႏိုင္ငံက ကမာၻ႔အသက္အငယ္ဆုံး နကၡတၱေဗဒပညာရွင္ အာဘီဂီယန္အာနန္(ဒ္) Abhigyan Anand ရဲ႕ေဟာကိန္းကအခုတစ္ေလာနာမည္ႀကီးေနတယ္။ အာနန္(ဒ္) က ၂၀၀၆ ခုႏွစ္ေမြး၊ ေမြးဇာတိကအိႏၵိယႏိုင္ငံ (Srirangapatna, Karnataka, India) ေပါ့။

သူ႔အသက္ ၁၃ ႏွစ္အ႐ြယ္ (၂၀၁၉ ခုႏွစ္) မွာကိုဗစ္နဲ႔ ပတ္သက္တဲ့ေဟာကိန္းေတြမွန္တယ္ဆိုၿပီးကမာၻေက်ာ္သြားခဲ့သူ။ အာနန္(ဒ္)ေျပာ ခဲ့တာ ၂၀၁၉ ခုႏွစ္၊ ဩဂုတ္လမွာေပါ့။ သူထုတ္ေဝခဲ့တဲ့ YouTube ဗီဒီယိုမွာ “၂၀၁၉ ခုႏွစ္၊ ႏိုဝင္ဘာလနဲ႔ ၂၀၂၀ ဧၿပီလၾကားမွာ အႏၲရာယ္ ရွိပါတယ္။ ကမာၻႀကီးမွာကူးစက္ေရာဂါတစ္မ်ိဳးေပၚလာၿပီး ဒါဟာကမာၻႀကီးတစ္ခုလုံးကိုျပင္းထန္တဲ့ အႏၲရာယ္ေပးလိမ့္မယ္”လို႔ လူေတြ ကို ႀကိဳတင္သတိေပးခဲ့တယ္။ဒီေဟာကိန္းကမွန္ခဲ့တယ္။ သိပၸံပညာရွင္ေတြရဲ႕ စကားကိုနားမေထာင္ရင္ ကမာၻေပၚမွာသက္ရွိသတၱဝါေတြ ေတာင္က်န္ဖို႔မလြယ္တာမို႔ ေဆးပညာရွင္တို႔စကားကို နားေထာင္ၾကဖို႔ ၂၀၁၉ ခုႏွစ္၊ ဩဂုတ္လဗီဒီယိုထဲမွာ သူအေသအခ်ာေျပာခဲ့ပါ တယ္။သူက ၂၀၂၀စက္တင္ဘာ ၅ ရက္မွာေရာဂါကတျဖည္းျဖည္းေမွးမွိန္ ေပ်ာက္ကြယ္သလိုျဖစ္သြားမယ္လို႔ ေဟာကိန္းထုတ္ခဲ့ တယ္။

ဒါေတာ့မွားခဲ့ပါတယ္။ ထူးထူးျခားျခား ထပ္မွန္တာတစ္ခုရွိပါေသးတယ္။“၂၀၂၀ ခုႏွစ္၊ဒီဇင္ဘာ ၂၀ ရက္မွာေစတန္ၿဂိဳဟ္နဲ႔ ဂ်ဴပီတာၿဂိဳဟ္ တစ္တန္းထဲက်ေရာက္ၿပီးပူးေပါင္းမယ္။ ဒီလိုအျခားၿဂိဳဟ္ေတြရဲ႕ေ႐ြ႕လ်ားမႈဟာကမာၻၿဂိဳဟ္ေပၚက လူသားေတြကိုအဲဒီလိုသက္ေရာက္မႈ ရွိတယ္”။ဒါ ဘာအဓိပၸါယ္လဲဆိုေတာ့ေနာက္ထပ္ေရာဂါပ်ံ႕ႏွံ႔မႈတစ္ခုျဖစ္ႏိုင္တာပဲ။ အဲ့ဒီေရာဂါပ်ံ႕ႏွံ႔မႈနဲ႔အတူ အျခားေဘးအႏၲရာယ္ေတြအ မ်ားႀကီးထပ္ေပၚလာဦးမယ္။ ၂၀၂၁ ၊မတ္လအထိဆက္ၿပီးေရာဂါေတြအမ်ိဳးမ်ိဳးဆက္တိုက္ကူးမွာမို႔သတိထားၾကပါ” တဲ့။အခုၿဗိတိန္ကကို ႐ိုနာဗိုင္းရပ္စ္မ်ိဳးကြဲ (VUI-202012/01) အမ်ိဳးအစားအသစ္ ျပန႔္ပြားမႈကအေတာ့္ကိုေၾကာက္စရာေကာင္းေနတာမဟုတ္လား။ အခု ေနာက္ဆုံးေတာင္အာဖရိကကို႐ိုနာဗိုင္းရပ္စ္မ်ိဳးကြဲက ၿဗိတိန္မ်ိဳးကြဲထက္ ကိုပိုေၾကာက္စရာေကာင္းတယ္လို႔ေၾကညာသြားတယ္။

လူငယ္ေတြပါစိုးရိမ္ရတဲ့ အေနအထားရွိတယ္တဲ့။ ေတာင္အာဖရိကကိုလည္း တျခားႏိုင္ငံေတြကခရီးသြားခြင့္ေတြ ပိတ္ကုန္ၾကၿပီ။ ဒါက ေတာ့အာနန္(ဒ္) ရဲ႕အေတာ္တိုက္ဆိုင္တဲ့ေဟာကိန္းျဖစ္ပါတယ္။၂၀၂၀ ခုႏွစ္၊ ႏိုဝင္ဘာလကသူ႔ရဲ႕ေနာက္ဆုံးဗီဒီယိုမွာေတာ့ ၂၀၂၁ ခုႏွစ္အ တြက္ဒီလိုေျပာထားတယ္။ႏိုဝင္ဘာလေႏွာင္းပိုင္းကစၿပီးကမာၻႀကီးတစ္ခုလုံး အက်ပ္အတည္းႀကဳံရဦးမယ္လို႔ေျပာခဲ့တယ္။ စစ္ပြဲေတြ၊ ကပ္ေဘးေတြ၊ ေရာဂါေတြျဖစ္မယ္။စီးပြားေရးၿပိဳလဲမယ္။ ျပည္သူလူထုေတြကမီဒီယာ၊ အစိုးရအဖြဲ႕ေတြနဲ႔ အခ်ိဳ႕အဖြဲ႕အစည္းေတြကို ေၾကာက္ေနရမယ္။ အထူးသျဖင့္ ၂၀၂၁ ခုႏွစ္ ေဖေဖၚဝါရီလမွာစီးပြါးေရးကပ္ဆိုက္မယ္။၂၀၂၁ ခုႏွစ္၊ ႏိုဝင္ဘာလမွာေတာ့ ဂ်ဴပီတာၿဂိဳဟ္ ကေစတန္ၿဂိဳဟ္ကေနထြက္သြားမယ္။ ဒုကၡေတြတျဖည္းျဖည္းၿငိမ္းလာမယ္။ကမာၻႀကီးအသစ္ကျပန္စလိမ့္မယ္။

အာနန္(ဒ္)ကအသက္ ၇ ႏွစ္အ႐ြယ္ကတည္းက အိႏၵိယမွာရွိတဲ့ ဟိႏၵဴဘုရားေက်ာင္းေတြမွာ ကမာၻေပၚရွိေရွးအက်ဆုံး ဘာသာစကားျဖစ္ တဲ့ Sanskrit ဘာသာကိုလွည့္လည္သင္ယူခဲ့တယ္။ ဉာဏ္သိပ္ေကာင္းတဲ့ပါရမီရွင္ကေလးကိုဆရာ၊ ဆရာမေတြက ေတာင္အတန္းထဲမွာ ေမးခြန္းေတြမေမးဖို႔ တားခဲ့ရတဲ့အျဖစ္။ အသက္ ၁၀ ႏွစ္မွာနကၡတ္ေဗဒင္သင္တန္းေၾကာ္ျငာပိုစတာကိုေတြ႕ၿပီး နကၡတ္ေဗဒင္ပညာကို သင္ဖို႔အလြန္စိတ္အားထက္သန္ခဲ့သတဲ့။သူကဒီေန႔ျဖစ္ေနတဲ့အက်ပ္အတည္းကိုေျဖရွင္းဖို႔နည္းလမ္း (၇) ခုကို အဆိုျပဳခဲ့တယ္။ ၁။ ဘယ္ဘာသာပဲကိုးကြယ္ကိုးကြယ္ ကိုယ့္ဘာသာေရးကိုယုံၾကည္ၿပီးဘုရားတရားလုပ္ၾကပါ။၂။ ကာကြယ္ေဆးေတြ ေပၚလာၿပီးအတိုင္း အတာတစ္ခုအထိကာကြယ္ေပးလိမ့္မယ္ဆိုေပမဲ့ အဲ့ဒါ တကယ့္အေျဖမဟုတ္ပါဘူး။ ကိုယ္ခံစြမ္းအားကိုျမႇင့္တင္ပါ။

ဗိုင္းရပ္စ္ကိုတိုက္ဖ်က္တဲ့ေနရာမွာကြၽႏ္ုပ္တို႔ရဲ႕ကိုယ္ခံစြမ္းအားကိုပဲ အသုံးျပဳရပါမယ္။” တဲ့။ (အီလက္ထေရာနစ္နည္းပညာကို အသုံးမျပဳ ၾကဘဲ ေနေရာင္ျခည္၊ ေလေကာင္းေလသန႔္စတဲ့ သဘာဝနဲ႔ထိေတြ႕ရမယ္။ အားကစားလုပ္ရမယ္)၃။ စည္းလုံးၾကပါ။ အျပဳသေဘာ ေဆာင္ေသာ စိတ္ခံစားမႈေတြ အခ်င္းခ်င္းျဖန႔္ေဝပါ။ ၄။ စီးပြားေရးကို စနစ္တက်စီမံၿပီး စုတတ္ေဆာင္းတတ္ပါေစ။ ၅။ စားေသာက္ဖို႔ အသီးအႏွံေတြ (တစ္ႏိုင္ပဲျဖစ္ျဖစ္) စိုက္ၾကပါ။ အသားေလွ်ာ့စားပါ။ ၆။ စိတ္က်န္းမာေရးကို အထူးဂ႐ုျပဳပါ။ ၇။ သဘာဝပတ္ဝန္းက်င္ ကိုထိန္းသိမ္းပါ။ အပင္ေတြခုတ္၊ တိရစာၦန္ေတြသတ္မလုပ္ၾကပါနဲ႔။အာနန္(ဒ္) ကေခတဲ့သူေတာ့မဟုတ္ပါဘူး။ Global Child Prodigy ဆိုတဲ့ပါရမီရွင္ေတြကို အသိအမွတ္ျပဳတဲ့အဖြဲ႕အစည္းက Global Child Prodigy Awards 2020 ဆုရခဲ့သူလည္းျဖစ္တယ္။ဒါ ကေတာ့ သူ႔ရဲ႕ကိုဗစ္ေဟာကိန္းေတြပါ။ အျခားကမာၻ႔ႏိုင္ငံေရး၊ စီးပြါးေရးေတြေဟာကိန္းထုတ္ၿပီး ျဖစ္မလာတာေတြ၊ မွားတာေတြလည္း ရွိပါတယ္။

UNICODE

ယုံကြည်တာမယုံကြည်တာ၊ လက်ခံတာ လက်မခံတာထက်သတိဆိုတာပိုတယ်ရယ်လို့မရှိဘူးမို့။ သူက ၂၀၂၁ ခုနှစ် ၊ ဖေဖေါ်ဝါရီလကုန်၊ မတ်လအထိလူတွေအတော်ဒုက္ခရောက်မယ်လို့ဆိုတယ်။အချိန်ပေးပြီးဖတ်ရှု့ပေးကြသော ပရိတ်သတ်ကြီးအားလုံးလည်း သာယာသော နေ့လေးဖြစ်ပါစေ ကျေးဇူးလည်းအထူးတင်ရှိပါတယ်နော်။အိန္ဒိယနိုင်ငံက ကမ္ဘာ့အသက်အငယ်ဆုံး နက္ခတ္တဗေဒပညာရှင်အာဘီဂီယန် အာနန်(ဒ်) Abhigyan Anand ရဲ့ဟောကိန်းထဲမှာ ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလအကြောင်းပါတယ်။ နေ၊ လ၊ မာကျူရီ၊ ဂျူပီ တာ၊ ဗီးနပ်စ် နဲ့စနေဂြိုဟ်တို့ဟာ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလမှာတစ်တန်းတည်းကျမယ်။ ဒါကို six-star conc atenation လို့ခေါ်တယ်တဲ့။ဒါကြောင့် ဖေဖေါ်ဝါရီလမှာ ထိတ်လန့်ဖွယ်သဘာဝဘေးအန္တရာယ်တွေ ကျရောက်နိုင်ပြီး စီးပွါးရေးပြိုလဲမှုတွေဖြစ်နိုင်တယ်လို့ ခန့်မှန်း ခဲ့တယ်။

အာနန်(ဒ်) ရဲ့ဟောကိန်းတွေအားလုံးကတော့မှန်ခဲ့တာတော့မဟုတ်ဘူး။ ဥပမာအားဖြင့် ၂၀၂၀ မှာ တတိယကမ္ဘာစစ် ဖြစ်လိမ့်မယ်။ အ မေရိကန်၊ အီရန်၊ အိန္ဒိယနဲ့ပါကစ္စတန်တို့ ပါဝင်မယ်ပြောခဲ့တာ တကယ်မဖြစ်ခဲ့ပါဘူး။မှန်ခဲ့တာတွေလည်း ရှိပါ တယ်။ ဒါကြောင့်ဖေဖေါ် ဝါရီလကစပြီး သတိတော့ထားကြပါလို့။ “သတိဆိုတာပိုတယ်မရှိ” လို့ဆိုကြတယ်မဟုတ်လား။ ဘာသာတရားကိုးကွယ်သူတွေလည်း ဘုရားတရားမမေ့ကြဖို့။ဒါကတော့ ၂၀၂၁ မှာဘာတွေဖြစ်နိုင်တယ်ဆိုပြီး ထွက်ခဲ့တဲ့ ဟောကိန်းပါ။အိန္ဒိယနိုင်ငံက ကမ္ဘာ့အသက်အငယ်ဆုံး နက္ခတ္တဗေဒပညာရှင် အာဘီဂီယန်အာနန်(ဒ်) Abhigyan Anand ရဲ့ဟောကိန်းကအခုတစ်လောနာမည်ကြီးနေတယ်။ အာနန်(ဒ်) က ၂၀၀၆ ခုနှစ်မွေး၊ မွေးဇာတိကအိန္ဒိယနိုင်ငံ (Srirangapatna, Karnataka, India) ပေါ့။

သူ့အသက် ၁၃ နှစ်အရွယ် (၂၀၁၉ ခုနှစ်) မှာကိုဗစ်နဲ့ ပတ်သက်တဲ့ဟောကိန်းတွေမှန်တယ်ဆိုပြီးကမ္ဘာကျော်သွားခဲ့သူ။ အာနန်(ဒ်)ပြော ခဲ့တာ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လမှာပေါ့။ သူထုတ်ဝေခဲ့တဲ့ YouTube ဗီဒီယိုမှာ “၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလနဲ့ ၂၀၂၀ ဧပြီလကြားမှာ အန္တရာယ် ရှိပါတယ်။ ကမ္ဘာကြီးမှာကူးစက်ရောဂါတစ်မျိုးပေါ်လာပြီး ဒါဟာကမ္ဘာကြီးတစ်ခုလုံးကိုပြင်းထန်တဲ့ အန္တရာယ်ပေးလိမ့်မယ်”လို့ လူတွေ ကို ကြိုတင်သတိပေးခဲ့တယ်။ဒီဟောကိန်းကမှန်ခဲ့တယ်။ သိပ္ပံပညာရှင်တွေရဲ့ စကားကိုနားမထောင်ရင် ကမ္ဘာပေါ်မှာသက်ရှိသတ္တဝါတွေ တောင်ကျန်ဖို့မလွယ်တာမို့ ဆေးပညာရှင်တို့စကားကို နားထောင်ကြဖို့ ၂၀၁၉ ခုနှစ်၊ ဩဂုတ်လဗီဒီယိုထဲမှာ သူအသေအချာပြောခဲ့ပါ တယ်။သူက ၂၀၂၀စက်တင်ဘာ ၅ ရက်မှာရောဂါကတဖြည်းဖြည်းမှေးမှိန် ပျောက်ကွယ်သလိုဖြစ်သွားမယ်လို့ ဟောကိန်းထုတ်ခဲ့ တယ်။

ဒါတော့မှားခဲ့ပါတယ်။ ထူးထူးခြားခြား ထပ်မှန်တာတစ်ခုရှိပါသေးတယ်။“၂၀၂၀ ခုနှစ်၊ဒီဇင်ဘာ ၂၀ ရက်မှာစေတန်ဂြိုဟ်နဲ့ ဂျူပီတာဂြိုဟ် တစ်တန်းထဲကျရောက်ပြီးပူးပေါင်းမယ်။ ဒီလိုအခြားဂြိုဟ်တွေရဲ့ရွေ့လျားမှုဟာကမ္ဘာဂြိုဟ်ပေါ်က လူသားတွေကိုအဲဒီလိုသက်ရောက်မှု ရှိတယ်”။ဒါ ဘာအဓိပ္ပါယ်လဲဆိုတော့နောက်ထပ်ရောဂါပျံ့နှံ့မှုတစ်ခုဖြစ်နိုင်တာပဲ။ အဲ့ဒီရောဂါပျံ့နှံ့မှုနဲ့အတူ အခြားဘေးအန္တရာယ်တွေအ များကြီးထပ်ပေါ်လာဦးမယ်။ ၂၀၂၁ ၊မတ်လအထိဆက်ပြီးရောဂါတွေအမျိုးမျိုးဆက်တိုက်ကူးမှာမို့သတိထားကြပါ” တဲ့။အခုဗြိတိန်ကကို ရိုနာဗိုင်းရပ်စ်မျိုးကွဲ (VUI-202012/01) အမျိုးအစားအသစ် ပြန့်ပွားမှုကအတော့်ကိုကြောက်စရာကောင်းနေတာမဟုတ်လား။ အခု နောက်ဆုံးတောင်အာဖရိကကိုရိုနာဗိုင်းရပ်စ်မျိုးကွဲက ဗြိတိန်မျိုးကွဲထက် ကိုပိုကြောက်စရာကောင်းတယ်လို့ကြေညာသွားတယ်။

လူငယ်တွေပါစိုးရိမ်ရတဲ့ အနေအထားရှိတယ်တဲ့။ တောင်အာဖရိကကိုလည်း တခြားနိုင်ငံတွေကခရီးသွားခွင့်တွေ ပိတ်ကုန်ကြပြီ။ ဒါက တော့အာနန်(ဒ်) ရဲ့အတော်တိုက်ဆိုင်တဲ့ဟောကိန်းဖြစ်ပါတယ်။၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလကသူ့ရဲ့နောက်ဆုံးဗီဒီယိုမှာတော့ ၂၀၂၁ ခုနှစ်အ တွက်ဒီလိုပြောထားတယ်။နိုဝင်ဘာလနှောင်းပိုင်းကစပြီးကမ္ဘာကြီးတစ်ခုလုံး အကျပ်အတည်းကြုံရဦးမယ်လို့ပြောခဲ့တယ်။ စစ်ပွဲတွေ၊ ကပ်ဘေးတွေ၊ ရောဂါတွေဖြစ်မယ်။စီးပွားရေးပြိုလဲမယ်။ ပြည်သူလူထုတွေကမီဒီယာ၊ အစိုးရအဖွဲ့တွေနဲ့ အချို့အဖွဲ့အစည်းတွေကို ကြောက်နေရမယ်။ အထူးသဖြင့် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလမှာစီးပွါးရေးကပ်ဆိုက်မယ်။၂၀၂၁ ခုနှစ်၊ နိုဝင်ဘာလမှာတော့ ဂျူပီတာဂြိုဟ် ကစေတန်ဂြိုဟ်ကနေထွက်သွားမယ်။ ဒုက္ခတွေတဖြည်းဖြည်းငြိမ်းလာမယ်။ကမ္ဘာကြီးအသစ်ကပြန်စလိမ့်မယ်။

အာနန်(ဒ်)ကအသက် ၇ နှစ်အရွယ်ကတည်းက အိန္ဒိယမှာရှိတဲ့ ဟိန္ဒူဘုရားကျောင်းတွေမှာ ကမ္ဘာပေါ်ရှိရှေးအကျဆုံး ဘာသာစကားဖြစ် တဲ့ Sanskrit ဘာသာကိုလှည့်လည်သင်ယူခဲ့တယ်။ ဉာဏ်သိပ်ကောင်းတဲ့ပါရမီရှင်ကလေးကိုဆရာ၊ ဆရာမတွေက တောင်အတန်းထဲမှာ မေးခွန်းတွေမမေးဖို့ တားခဲ့ရတဲ့အဖြစ်။ အသက် ၁၀ နှစ်မှာနက္ခတ်ဗေဒင်သင်တန်းကြော်ငြာပိုစတာကိုတွေ့ပြီး နက္ခတ်ဗေဒင်ပညာကို သင်ဖို့အလွန်စိတ်အားထက်သန်ခဲ့သတဲ့။သူကဒီနေ့ဖြစ်နေတဲ့အကျပ်အတည်းကိုဖြေရှင်းဖို့နည်းလမ်း (၇) ခုကို အဆိုပြုခဲ့တယ်။ ၁။ ဘယ်ဘာသာပဲကိုးကွယ်ကိုးကွယ် ကိုယ့်ဘာသာရေးကိုယုံကြည်ပြီးဘုရားတရားလုပ်ကြပါ။၂။ ကာကွယ်ဆေးတွေ ပေါ်လာပြီးအတိုင်း အတာတစ်ခုအထိကာကွယ်ပေးလိမ့်မယ်ဆိုပေမဲ့ အဲ့ဒါ တကယ့်အဖြေမဟုတ်ပါဘူး။ ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပါ။

ဗိုင်းရပ်စ်ကိုတိုက်ဖျက်တဲ့နေရာမှာကျွန်ုပ်တို့ရဲ့ကိုယ်ခံစွမ်းအားကိုပဲ အသုံးပြုရပါမယ်။” တဲ့။ (အီလက်ထရောနစ်နည်းပညာကို အသုံးမပြု ကြဘဲ နေရောင်ခြည်၊ လေကောင်းလေသန့်စတဲ့ သဘာဝနဲ့ထိတွေ့ရမယ်။ အားကစားလုပ်ရမယ်)၃။ စည်းလုံးကြပါ။ အပြုသဘော ဆောင်သော စိတ်ခံစားမှုတွေ အချင်းချင်းဖြန့်ဝေပါ။ ၄။ စီးပွားရေးကို စနစ်တကျစီမံပြီး စုတတ်ဆောင်းတတ်ပါစေ။ ၅။ စားသောက်ဖို့ အသီးအနှံတွေ (တစ်နိုင်ပဲဖြစ်ဖြစ်) စိုက်ကြပါ။ အသားလျှော့စားပါ။ ၆။ စိတ်ကျန်းမာရေးကို အထူးဂရုပြုပါ။ ၇။ သဘာဝပတ်ဝန်းကျင် ကိုထိန်းသိမ်းပါ။ အပင်တွေခုတ်၊ တိရစ္ဆာန်တွေသတ်မလုပ်ကြပါနဲ့။အာနန်(ဒ်) ကခေတဲ့သူတော့မဟုတ်ပါဘူး။ Global Child Prodigy ဆိုတဲ့ပါရမီရှင်တွေကို အသိအမှတ်ပြုတဲ့အဖွဲ့အစည်းက Global Child Prodigy Awards 2020 ဆုရခဲ့သူလည်းဖြစ်တယ်။ဒါ ကတော့ သူ့ရဲ့ကိုဗစ်ဟောကိန်းတွေပါ။ အခြားကမ္ဘာ့နိုင်ငံရေး၊ စီးပွါးရေးတွေဟောကိန်းထုတ်ပြီး ဖြစ်မလာတာတွေ၊ မှားတာတွေလည်း ရှိပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *