သီချင်းလေး ကို သူငယ်ချင်း နဲ့ အတူရင်ခုန်စရာကောင်းလောက်အောင်ဆော့ထားတဲ့ စုလှိုင်ဝင်း(VIDEO)




UNICODE

ဒါကတော့ လတ်တလောခေတ်စားနေတဲ့သီချင်းလေးကိုသူငယ်ချင်းနဲ့အတူ ရင်ခုန်စရာကောင်းလောက်အောင်ဆော့ထားတဲ့ စုလှိုင်ဝင်းရဲ့ Tik Tok Videoလေးပဲ ဖြစ်ပါတယ်။ ဒီဗီဒီယိုလေးထဲမှာတော့ သူငယ်ချင်းနဲ့အတူ ကောင်လေးတစ်ယောက်ကို စိတ်ဝင်စားနေတဲ့အ ကြောင်းလေးကို သရုပ်ဆောင်ထားကြတာပဲ ဖြစ်ပါတယ်။ Cover Dance ကရတာကို ဝါသနာပါပြီး သူမရဲ့ အကလေးတွေဟာလည်း ပုရိသတွေရဲ့ ရင်ထဲကို ရောက်အောင် ဖမ်းစားထားနိုင်သူကတော့ မော်ဒယ်စုလှိုင်ဝင်းပဲ ဖြစ်ပါတယ်။

သူမရဲ့ ခန္ဓာကိုယ်လေးဟာလည်း ဖွံ့ထွားလှပလွန်းပြီး ချစ်စရာကောင်းလွန်းတာ ကြောင့်လည်း မိန်းကလေးပရိသတ်များကပါ ချစ်မ၀ ဖြစ်နေသူတစ်ယောက်လည်း ဖြစ်ပါတယ်။ ဝေဖန်မှုတွေ များစွာရှိသော်လည်း ကြံ့ကြံ့ခံရင်ဆိုင်တတ်တဲ့ မိန်းကလေးတစ်ယောက်လည်း ဖြစ်ပါတယ်။စုလှိုင်ဝင်းဟာ Mobile Legends ဂိမ်းကိုလည်း Streamers အဖြစ် နဲ့လည်း ဆော့ကစားနေတာကြောင့်လည်း ပုရိသတွေအ ကုန်လုံးက ကြွေပြီးရင်းကြွေနေရတာလည်း ဖြစ်ပါတယ်။ စုလှိုင်ဝင်းရဲ့ Tik Tok Video လေးတွေဟာလည်း လုံးဝကို ကကွက်ဆန်းတွေ ကို မြင်တွေ့ရတာကြောင့်လည်း သူမရဲ့ ဗီဒီယိုလေးတွေဟာလည်း လူမှုကွန်ယက်စာမျက်နှာမှာ ရေပန်းစားနေတာလည်း ဖြစ်ပါတယ်။

Source and Photo Crd- Su Hlaing Win’s Facebook and Tik Tok Account

Add a Comment

Your email address will not be published. Required fields are marked *