မြန်မာပြည်သူတွေ ရဲ့ မေတ္တာတွေ ကို အထူးရရှိသွားတဲ့ ဦးကျော်မိုးထွန်းဆိုတာ ဘယ်သူလဲ?




ဓာတ်ပုံ-မောင်မောင်

UNICODE

ကုလသမဂ္ဂရုံးချုပ်က ဆွစ်ဇာလန်နိုင်ငံ၊ ဂျီနီဗာမြို့နဲ့ အမေရိကန် ပြည်ထောင်စု နယူးယောက်ခ်မှမြို့တို့မှာ ရုံးတည်ရှိတာဖြစ်ပြီး မြန်မာနိုင် ငံကိုယ်စားပြု အမြဲတမ်း ကိုယ်စားလှယ် တစ်ဦးစီရှိတာဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်ပိုင်းက ဂျီနီဗာ မြို့မှာပြုလုပ်တဲ့ ကုလ အစည်းအဝေးမှာ စစ်ကောင်စီ ဘက်ကနေ တင်ပြခဲ့တဲ့ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီးဦးမြင့်သူက ဂျီနီဗာမြို့က ကုလသမဂ္ဂဆိုင်ရာ မြန်မာ အမြဲတမ်း ကိုယ်စားလှယ် ဖြစ်ပါတယ်။

နယူးယောက်မြို့က ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် ဦးကျောာ်မိုးထွန်းဟာ ၁၉၉၃ ခုနှစ်မှာ နိုင်ငံခြားရေး ဝန်ကြီးဌာ နမှာ တတိယ အတွင်းဝန်ဖြစ် စတင်တာဝန်ထမ်း ဆောင်ခဲ့ပါတယ်။အဲဒီနောက် ၂၀၂၀ မှာတော့ နယူးယောက်မြို့ ကုလသမဂ္ဂဆိုင်ရာ မြန် မာအမြဲတမ်း ကိုယ်စားလှယ် အဖြစ် စတင် တာဝန် ထမ်းဆောင်ခဲ့တာဖြစ်ပါတယ်။ဒီနေ့ မြန်မာစံတော်ချိန် ည ၉ နာရီ ခွဲမှာ ပြုလုပ်တဲ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ အလွတ်သဘောဆွေးနွေးပွဲမှာ အာဏာသိမ်း စစ်ကောင်စီကိုဆန့်ကျင့်ပြီး ။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရဘက်ကနေ မြန်မာပြည် ရဲ့တကယ့်အခြေအနေမှန်ကို တင်ပြသွားတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်း ဟာ ဘယ်သူပါလဲ။ဦးကျော်မိုးထွန်းဟာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရ လက်ထက်မှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ် စား လှယ်အဖြစ် ခန့်အပ်ခံရသူပါ။ဒီလို ခန့်အပ်လွှာကို ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ် ၊ နိုဝင်ဘာလ ၁၉ ရက်က ကုလသမဂ္ဂ အတွင်းရေးမှူး အန် တိုနီဂူတာရက်ထံကို ပေးအပ်ခဲ့တာဖြစ်ပါတယ်။

ဓာတ်ပုံ-မောင်မောင်

Add a Comment

Your email address will not be published. Required fields are marked *