လမ်းပေါ်မှာ တားပြီးဖုန်းအစစ်ဆေး ခံရရင် ဘယ်လိုလုပ် ရမလဲဆိုတာ အကြံပေးချက်





REF: cele updatenews

UNICODE

လမ်းပေါ်မှာ တားပြီးဖုန်းအစစ်ဆေးခံရရင် လုပ်ရမှာကတော့၁။ ဖုန်းကို pattern lock ချထားပါ , face id တွေ လက်ဗွေတွေ မလုပ် ထား ပါနဲ့ ၊၂။ ဖြစ်နိုင်ရင် data တွေကို cloud မှာပဲ ထားပါ ၊ (လိုအပ်ရင် အမြန် ဖျက်နိုင်အောင်လို့) ၃၊ facebook account ကို app ဖျက်ပြီး browser နဲ့ သုံးပါ၊၄၊ ဖုန်းလာသိမ်းရင် လုံးဝမပေးပါနဲ့၊ (လုံခြုံရေး အရ စစ်ဆေးတာဘာညာဆိုလည်း ကိုယ့်privacyအရ ဖွင့်မပေးနိုင် ကြောင်းရယ်၊ သိမ်းချင်ရင် ဥပဒေနဲ့အညီ ရှာဖွေပုံစံနဲ့ သိမ်းရင် ဖုန်းအပ်ပေးမယ်လို့သာ ပြောလိုက်ပါ)အဲ့လိုအချိန်မှာ ဖုန်းထဲက အချက်အ လက်တွေ ရအောင်ဖျက်ပါ။Pattern လည်း လုံးဝဖွင့်မပေးပါနဲ့၊တကယ်လို့ ဖွင့်ခိုင်းမယ်ဆို ဘာကြောင့်ဖွင့်ခိုင်းတာလဲမေးပါ၊

ဥပ‌ဒေအရ ငြင်းပိုင်ခွင့် ရှိတယ်၊ လုံးဝဖွင့်မပေးပါနဲ့၊၅၊ ဖုန်းဖွင့်ပေးလိုက်လို့ facebook account စစ်ရင် ခင်ဗျားနဲ့ ပတ်သက် ဆက်စပ်သမျှ သူတွေလည်း မီးခိုးကြွက်လျှောက် ပြသနာရှိနိုင်သလို၊ လိုက်ရလည်း လွယ်သွားနိုင်ပါတယ်၊၆၊ ဖုန်းကို factory reset အလွယ်ဆုံး အမြန် ဆုံး ရိုက်နည်းကို နီးစပ်ရာ နားလည်တဲ့သူတွေ ဆီမေးထားပါ၊၇၊ factory resetရိုက်ထားလည်း ဖုန်းကို စစ်လို့ရပါတယ်၊ ဒါပေမယ့် ကိုယ့် တယောက်အတွက်ပဲ ပြသနာရှိတော့မှာပါ၊(အခြေအနေပေါ်ကြည့်ပြီး လုပ်ပါ)၈၊ အဓိကက facebook accountကို လုံးဝ အစစ်မခံပါနဲ့ ၊ ကိုယ်ဘယ်လောက် လက်လွန်ထားလည်း ကိုယ့်ဖာသာကို သိပါတယ်နော်။

သိပ်လက်လွန်ထားတဲ့သူ ဆိုရင်တော့ စိတ်ဆိုးဒေါသထွက်တဲ့ပုံစံ နဲ့ အဲ့နားတင် လမ်းပေါ်ရိုက်ခွဲ ပစ်လိုက်ပါ၊ ရေနဲ့နီးရင် ရေထဲသာလွှင့်ပစ် လိုက်ပါ၊(အဲ့လောက်လုပ်ရုံနဲ့ သူတို့ အရေးယူလို့ မရပါဘူး၊ ယူဦးတော့ ဖုန်းဖွင့်ပေး လိုက်တာထက် အများကြီးသက်သာပါတယ် )၉၊ facebook account password ကို strong ဖြစ်အောင်ပြောင်းပါ ၊ two factor authentication လုပ်ထားရင် ဖုန်းနံပတ်နဲ့ မလုပ်ပါနဲ့ ၊၁၀၊ တကယ်တော့ ဖုန်းတွေကို သိမ်းပြီးရင် သူတို့က တန်းမစစ် ပါဘူး၊ သက်ဆိုင်ရာဌာနကို ပို့စစ်တာပါ၊အဲ့မှာက ဒီစစ်တဲ့အချက်အလက် ပေါ်မူတည်ပြီးမှ အမှုတည်ဆောက် ရတာပါ၊ အဲ့တော့ လွယ်လွယ်လေး ဖုန်းကိုဖွင့်မပြလိုက်ပါနဲ့၊

(ဒါက လူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်တာပါ)အရေးပေါ်ရေးလိုက်တာမို့ ကျန်တာစဉ်းစားပြီး ထပ်ဖြည့်ပေးပါ့မယ်၊ လမ်းမှာ တွေ့တဲ့သူ ရပ်ခိုင်းပြီးဖုန်းတွေ စစ်တယ်လို့ သတင်းတွေကြားတယ်ဗျ၊အဲ့ဒါ စောက်ပြသနာအကြီးကြီးရှိတယ်၊ (ဖုန်းထဲက အချက် အလက် ပေါ်မူတည်ပြီး တပ်ချင်တဲ့ ပုဒ်မတပ်လို့ရသွားပြီ)ဥပဒေနှင့်အညီတွေ ဘာတွေ အယုံအကြည် မရှိတော့ပေမယ့် လိုအပ်လို လိုအပ် ငြား လုပ်ထုံးလုပ်နည်း အတိုင်း အကြံပေးတာ ဖြစ်ပါတယ်။

REF:  cele updatenews

Add a Comment

Your email address will not be published. Required fields are marked *