ႏိုင္ငံ့ဝန္ထမ္းမ်ား ေခ်းေငြ ၂ လစာကို ျပန္ဆပ္ရန္မ လိုေတာ့ေၾကာင္း ထုတ္ျပန္

ျမန္မာႏိုင္ငံမွာ ဝန္ႀကီးဌာနေပါင္း ၂၅ ခု ရွိေနၿပီး အဆိုပါဝန္ႀကီးဌာနေတြမွာ အ လုပ္လုပ္ကိုင္ေနၾကတဲ့ အစိုးရဝန္ထမ္းဦးေရ ၁ သန္းေက်ာ္ ေလာက္ ရွိေနတာ ျဖစ္ပါ တယ္။ႏိုင္ငံ့ဝန္ထမ္း(အၿမဲတမ္းဝန္ထမ္း)ေတြအတြက္ လစာရဲ႕ ၂ လစာေငြကို အတိုးမဲ့ ႀကိဳတင္ထုတ္ေခ်းေပးတဲ့ အစီအစဥ္ကို ၿပီးခဲ့တဲ့ႏွစ္ ေအာက္တိုဘာ ၁ ရက္ေန႔က ထုတ္ ေခ်းေပးခဲ့တာ ျဖစ္ပါတယ္။ ျပန္ဆပ္ဖို႔ ဆိုင္းငံ့ကာလကိုေတာ့ ၆ လ သတ္ မွတ္ထားခဲ့တာ ျဖစ္ၿပီး အဲဒီေနာက္ပိုင္းမွာ လအလိုက္ ရာခိုင္ႏႈန္းနဲ႔ တြက္ခ်က္ၿပီး တႏွစ္ျပည့္တဲ့အထိ လ စာထဲကေန။

ျပန္ လည္ျဖတ္ ေတာက္သြားဖို႔ စီစဥ္ထားခဲ့တာ ျဖစ္ပါတယ္။ဒီေခ်းေငြအစီအစဥ္မွာ တပ္မေတာ္သားေတြလည္း အပါအဝင္ျဖစ္ၿပီး တပ္မ ေတာ္ ဘက္က စာရင္းေပးပို႔ထားၿပီျဖစ္ေၾကာင္း တပ္မေတာ္သတင္းမွန္ျပန္ၾကားေရးအဖြဲ႕က ေျပာထားခဲ့ပါတယ္။ ႏိုင္ငံ့ဝန္ထမ္းေတြကို အတိုးမဲ့ ေခ်းေငြအေနနဲ႔ အရပ္သားအစိုးရက ႀကိဳတင္ထုတ္ေခ်းထား ခဲ့တဲ့ ေခ်းေငြ ၂ လစာကို ျပန္ဆပ္ဖို႔မလိုတဲ့ ခ်ီးျမႇင့္ေငြအျဖစ္ သတ္ မွတ္ေၾကာင္း ျပည္ေထာင္စု လႊတ္ေတာ္ကိုယ္စားျပဳေကာ္မတီ(CRPH) က ထုတ္ျပန္ထားပါတယ္။

မတ္ ၈ ရက္ ရက္စြဲနဲ႔ စီမံကိန္း၊ ဘ႑ာေရးနဲ႔ စက္မႈဝန္ႀကီးဌာန ျပည္ေထာင္စု ဝန္ႀကီး႐ုံးက အမိန႔္ေၾကညာစာအမွတ္ ၁/၂၀၂၁ နဲ႔ ထုတ္ ျပန္တဲ့ အဆိုပါထုတ္ျပန္ခ်က္ထဲ မွာေတာ့ လတ္တေလာ အခ်ိန္ကာလမွာ ကိုဗစ္-၁၉ ကပ္ေဘးေရာဂါ ဆက္လက္ျဖစ္ပြား ေနတဲ့အျပင္ အာဏာသိမ္းစစ္အုပ္စုက ႏိုင္ငံေတာ္အာဏာကို မတရားသျဖင့္ အဓမၼသိမ္း ပိုက္ရယူထားတဲ့ ကာလျဖစ္တဲ့အတြက္ ႏိုင္ငံ့ဝန္ထမ္းေတြရဲ႕ သက္သာေခ်ာင္ခ်ိေရးကို ေရွးရႈၿပီး အဆိုပါေခ်းေငြကို ဆပ္ဖို႔မလိုတဲ့ ခ်ီးျမႇင့္ေငြအျဖစ္ သတ္မွတ္လိုက္ ေၾကာင္း ေဖာ္ျပထားတာပါ။

UNICODE

မြန်မာနိုင်ငံမှာ ဝန်ကြီးဌာနပေါင်း ၂၅ ခု ရှိနေပြီး အဆိုပါဝန်ကြီးဌာနတွေမှာ အ လုပ်လုပ်ကိုင်နေကြတဲ့ အစိုးရဝန်ထမ်းဦးရေ ၁ သန်းကျော် လောက် ရှိနေတာ ဖြစ်ပါ တယ်။နိုင်ငံ့ဝန်ထမ်း(အမြဲတမ်းဝန်ထမ်း)တွေအတွက် လစာရဲ့ ၂ လစာငွေကို အတိုးမဲ့ ကြိုတင်ထုတ်ချေးပေးတဲ့ အစီအစဉ်ကို ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၁ ရက်နေ့က ထုတ် ချေးပေးခဲ့တာ ဖြစ်ပါတယ်။ ပြန်ဆပ်ဖို့ ဆိုင်းငံ့ကာလကိုတော့ ၆ လ သတ် မှတ်ထားခဲ့တာ ဖြစ်ပြီး အဲဒီနောက်ပိုင်းမှာ လအလိုက် ရာခိုင်နှုန်းနဲ့ တွက်ချက်ပြီး တနှစ်ပြည့်တဲ့အထိ လ စာထဲကနေ။

ပြန် လည်ဖြတ် တောက်သွားဖို့ စီစဉ်ထားခဲ့တာ ဖြစ်ပါတယ်။ဒီချေးငွေအစီအစဉ်မှာ တပ်မတော်သားတွေလည်း အပါအဝင်ဖြစ်ပြီး တပ်မ တော် ဘက်က စာရင်းပေးပို့ထားပြီဖြစ်ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောထားခဲ့ပါတယ်။ နိုင်ငံ့ဝန်ထမ်းတွေကို အတိုးမဲ့ ချေးငွေအနေနဲ့ အရပ်သားအစိုးရက ကြိုတင်ထုတ်ချေးထား ခဲ့တဲ့ ချေးငွေ ၂ လစာကို ပြန်ဆပ်ဖို့မလိုတဲ့ ချီးမြှင့်ငွေအဖြစ် သတ် မှတ်ကြောင်း ပြည်ထောင်စု လွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) က ထုတ်ပြန်ထားပါတယ်။

မတ် ၈ ရက် ရက်စွဲနဲ့ စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးရုံးက အမိန့်ကြေညာစာအမှတ် ၁/၂၀၂၁ နဲ့ ထုတ် ပြန်တဲ့ အဆိုပါထုတ်ပြန်ချက်ထဲ မှာတော့ လတ်တလော အချိန်ကာလမှာ ကိုဗစ်-၁၉ ကပ်ဘေးရောဂါ ဆက်လက်ဖြစ်ပွား နေတဲ့အပြင် အာဏာသိမ်းစစ်အုပ်စုက နိုင်ငံတော်အာဏာကို မတရားသဖြင့် အဓမ္မသိမ်း ပိုက်ရယူထားတဲ့ ကာလဖြစ်တဲ့အတွက် နိုင်ငံ့ဝန်ထမ်းတွေရဲ့ သက်သာချောင်ချိရေးကို ရှေးရှုပြီး အဆိုပါချေးငွေကို ဆပ်ဖို့မလိုတဲ့ ချီးမြှင့်ငွေအဖြစ် သတ်မှတ်လိုက် ကြောင်း ဖော်ပြထားတာပါ။

Add a Comment

Your email address will not be published. Required fields are marked *