ကျဆုံးသွားတဲ့ သူရဲကောင်းတွေ နဲ့ ပက်သက်ပြီး အရမ်းဝမ်းနည်းကြောင်းပြောပြလာတဲ့ စိုးပြည့်သဇင်




Source : Soe Pyae Thazin

UNICODE

လက်ရှိအချိန်မှာတော့ အနုပညာအလုပ် တွေကို ရပ်နားထားပြီး မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ ပြည်သူဘက်ကနေ ရပ်တည်နေတာ ပဲ ဖြစ်ပါတယ်။ ဒီလှုပ်ရှားမှုမှာ ပြည်သူ့ အသက်တွေစတေးခဲ့ရပြီး မြင်ရ ကြားရသူများမှာလည်း အားလုံးနည်းတူ ခံစား နေကြရတာပဲ ဖြစ်ပါတယ်။ဒီအရေးနဲ့ ပတ်သတ်ပြီး စိုးပြည့်သဇင်ကလည်း ဘာမှသွေးသား မတော်စပ်ပေမယ့် အသက်စတေး လိုက်ရတဲ့ သူတွေအတွက် ခံစားနေရကြောင်း ပြောပြလာတာပဲ ဖြစ်ပါတယ်။

ဒီတစ်ခါမှာတော့ စိုးပြည့်သဇင်ဟာ သူရဲ့ လူမှုကွန်ယက်စာမျက်နှာထက်မှာ”ဘာမှသွေး သားမတော်စပ်ပေမဲ့….. ဆုံးရှုံးရမှုတွေအတွက် အရမ်းဝမ်းနည်းခံစားရပါတယ်….ပုံတွေမြင်တိုင်းဗီဒီယိုတွေတက်လာတိုင်းမကြည့်နိုင်တော့ဘူး…….ကောင်းမွန်တဲ့ဘုံဘဝကိုရောက်ရှိပျော်ရွှင်နိုင်ကြပါစေ….”ဆိုပြီ း ဆုံးရှုံး လိုက်ရတဲ့ သူတွေ အတွက် ဝမ်းနည်းနေရကြောင်း၊ ကောင်းမွန်တဲ့ ဘုံဘဝကို ရောက် ရှိကြပါစေ ကြောင်း ဆုတောင်းပေးလာတာပဲ ဖြစ်ပါတယ်နော်…….။

ပရိသတ်ကြီးတို့ရေ..အနုပညာလောက မှာ ဆယ်စုနှစ်ကြာ အောင်မြင်မှုတွေကို ရရှိခဲ့ပြီး ယနေ့ ချိန်ထိတိုင်အောင် ရေပန်းစား အောင်မြင် နေတဲ့ သရုပ်ဆောင်မင်းသမီးချော စိုးပြည့်သဇင်ကိုတော့ အားလုံးသိကြမယ် ထင်ပါတယ်။ ဘယ်ဇာတ်ရုပ်လာလာ ပီပြင်ပြော င်မြောက် လှတဲ့ သရုပ်ဆောင်စွမ်းရည် တွေကြောင့် ပရိသတ်တွေ အားပေး ထောက်ခံမှုကိုရရှိခဲ့ပြီး အကယ်ဒမီဆုကြီးကို လည်း ထိုက်ထိုက်တန်တန် ရရှိထား သူလည်း ဖြစ်ပါတယ်။

Source : Soe Pyae Thazin

Add a Comment

Your email address will not be published. Required fields are marked *