ပျော့ပြောင်းလှတဲ့ ခန္ဓာကိုယ်လေးဖြစ်အောင်လေ့ကျင့်ခန်းတွေ အပြင်းအထန်လုပ်နေ တဲ့ မတ်မတ်သင်ဇာ
UNICODE
မကြာသေးခင် မိနစ်ပိုင်းလောက်ကလည်း မတ်မတ်သင်ဇာရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဗီဒီယိုလေး တစ်ခု တင်ထားတာပဲ ဖြစ်ပါတယ်။ ဒါကတော့ လိုသလိုပုံသွင်းလို့ရပြီးပျော့ပြောင်းလှတဲ့ ခန္ဓာကိုယ်လေးဖြစ်အောင်လေ့ကျင့်ခန်းတွေလုပ်နေတဲ့ သင်ဇာဝင့်ကျော် ရဲ့Video လေး ပဲ ဖြစ်ပါတယ်။ ပရိသတ်တွေလည်း ကြည့်ရှုခံစားနိုင်အောင် သင်ဇာရဲ့ ဗီဒီယိုလေးကို တင်ဆက်ပေးလိုက် ရပါတယ်နော်။
ဆက်ဆီကျလွန်းတဲ့ အမိုက်စား body လေးကြောင့် ပုရိသတွေရဲ့ ဝန်းရံအားပေးမှုတွေကို ရရှိထားသူကတော့ မင်းသမီးချောလေး သင်ဇာ ဝင့်ကျော်ပဲ ဖြစ်ပါတယ်။ သူမရဲ့ ကောက်ကြောင်းအလှတွေဟာလည်း မြင်သူတိုင်းကို လည်ပြန်ငေးမောရ လောက်အောင်ကို ဖမ်းစားထား တာလည်း ဖြစ်ပါတယ်။ သင်ဇာဟာ ခေတ်ရှေ့ပြေးဖက်ရှင်များနဲ့သာမက မြန်မာဝတ်စုံလေးတွေနဲ့လည်း လိုက်ဖက်လှပနေပါတယ်။
သင်ဇာဟာ လတ်တလော Home Stay ကာလလေးမှာ ကျန်းမာသန်စွမ်းတဲ့ ခန္ဓာကိုယ်ဖြစ်စေရန်အတွက် လေ့ကျင့်ခန်းတွေ နေ့စဉ်လုပ် ဆောင်နေတာလည်း ဖြစ်ပါတယ်။ ဒီလိုလေ့ကျင့်ခန်းတွေ အမြဲလုပ်ရုံသာမက အာဟာရဖြစ်စေမယ့် အစားအစာတွေကိုလည်း ရွေးချယ် စားသောက်တာကြောင့်လည်း သူမရဲ့ ကိုယ်လုံးလေးက တစ်နေ့ထက် တစ်နေ့ပိုပို လှလာနေတာပါ။
Source and Photo Crd- Thinzar Wint Kyaw’s Facebook Account