ပါေမာကၡခ်ဳပ္ဆရာေတာ္ဘုရားႀကီး ေဟာၾကားေတာ္မူေသာ ယမမင္းႀကီးဆိုတာ ဒီလိုပါ

ယမမင္းႀကီးဆိုတာ ”နဲ႔ ပတ္သက္ၿပီး ပါေမာကၡခ်ဳပ္ဆရာေတာ္ႀကီးက အခုလိုမိန႔္ပါတယ္။ယမမင္းဆိုတာ “ေဝမာနိက ေပတရာဇာ” ဗိ မာန္ရွိတဲ့ ၿပိတၱာဘုရင္ႀကီးတစ္ဦးပါ။ ယမမင္းႀကီးဆိုတာတကယ့္ သူေတာ္ေကာင္းႀကီး။ အင္မတန္မွ က႐ုဏာႀကီးမားတယ္။သူရဲ႕ဘဝက ဒီဝေမာနိက ၿပိတၱာဘဝျဖစ္တယ္။ နတ္ျပည္ေျခာက္ထပ္မွာ အနိမ့္ဆုံးျဖစ္တဲ့ စတုမဟာရဇ္နတ္ထဲမွာ ပါတယ္။ ဘုံဗိမာန္လည္း ရွိတယ္။ အစြမ္းတန္ခိုးလည္း ရွိတယ္။ယမမင္းက ငရဲမွာ သြား႐ုံးထိုင္ၿပီး စီရင္ခ်က္ေတြ ခ်ေနတယ္လို႔ ဒီလိုထင္တယ္။`

ေဟာဒီလူျဖင့္ ငရဲခံေစ` ဟိုလူျဖင့္ ငရဲကလြတ္ေစလို႔ ဒီလို စီရင္ခ်က္ခ်တာမ်ိဳးေတြကို သူမလုပ္ပါဘူး။ကယ္လို႔ရမယ့္ ပုဂၢိဳလ္ကို ကယ္ဖို႔ပဲ သူသြားတယ္။ ငရဲကို တြန္းခ်တာမ်ိဳး မရွိဘူး။ ကယ္လို႔ရတဲ့ ပုဂၢိဳလ္ကို ကယ္တယ္။ ဘယ္နည္းနဲ႔ ကယ္တုန္းဆိုရင္ ကုသိုလ္ေကာင္းမႈကို သတိေဖာ္ေပး တယ္။အမွတ္ရေစတယ္။ အမွန္တကယ္ ကယ္လိုက္တာက `ကုသိုလ္လုပ္တဲ့ ကုသိုလ္ကံက ကယ္လိုက္တာလို႔ပဲ မွတ္ရ မယ္။နတ္ေတြဟာ လူ႔ျပည္ လူ႔ဘဝကို အင္မတန္မွ တန္ဖိုးထားတယ္။ ဘာေၾကာင့္ တန္ဖိုးထားၾကသလဲ။

လူ႔ဘဝက နတ္ဘဝထက္ ခ်မ္းသာလို႔ တန္ဖိုးထား တာလား။ မဟုတ္ဘူး။နတ္တို႔ထက္ အသက္ရွည္လို႔တန္ဖိုးထားတာလား။ မဟုတ္ ဘူး။နတ္တို႔ထက္ လူတို႔က လွေနလို႔ တန္ဖိုးထားတာ လား။ မဟုတ္ဘူး။ဘာအတြက္ တန္ဖိုးထားၾကသလဲဆိုရင္ `ကုသိုလ္လုပ္ခြင့္ရလို႔’ တန္ဖိုးထားၾကတာပါ။ယမမင္းႀကီးက ဘာကို ေတာင္းတသလဲဆိုရင္ ေအဟာ ၀တာဟံ မႏုႆတံ လေဘယ်ံ( ၁ ) လူ႔ဘဝကို ရခ်င္ပါ တယ္။( ၂ ) လူ႔ဘဝ ျဖစ္ ေနတဲ့အခ်ိန္မွာ ဘုရားပြင့္တဲ့အခ်ိန္နဲ႔လည္း ႀကဳံခ်င္ပါတယ္။

( ၃ ) ဘုရားပြင့္တဲ့အခ်ိန္မွာ ဘုရားပြင့္ရာ အရပ္မွာ လူျဖစ္ၿပီး ဘုရားကို ဆည္း ကပ္ ကိုးကြယ္ခြင့္ ရခ်င္ပါတယ္။( ၄ ) ဘုရားပြင့္ရာအရပ္မွာ လူျဖစ္ၿပီး ျမတ္စြာဘုရားက တရားေဟာၾကားတာကို နာယူခ်င္ပါတယ္။ ( ၅ ) ျမတ္စြာဘုရားကတရားေဟာၾကားတာကို နာယူကာသိရွိ နားလည္ကာ သံသရာဝဋ္ ဆင္းရဲမွ လြတ္ၿငိမ္းခ်င္ပါတယ္။ဒါေၾကာင့္ တရားခ်စ္ခင္ ဓမၼမိတ္ေဆြ အေပါင္းတို႔ကလည္း တရားေတာ္ကို ကိုယ္စီ ကိုယ္စီသေဘာက်ၿပီးေတာ့ပုထုဇဥ္ဘဝကို လြန္ေျမာက္ၿပီး ေသာတာပန္ သကဒါဂါမ္ အနာဂါမ္ စတဲ့ထူးျခားတဲ့အရိယာ ပုဂၢိဳလ္ျဖစ္ ေအာင္ က်င့္ႀကံႀကိဳးကုတ္အားထုတ္ႏိုင္ၾကပါေစကုန္သတည္း။

ပါေမာကၡခ်ဳပ္ဆရာေတာ္ဘုရားႀကီး ေဒါက္တာ အရွင္နႏၵမာလာဘိဝံသ

UNICODE

ယမမင်းကြီးဆိုတာ ”နဲ့ ပတ်သက်ပြီး ပါမောက္ခချုပ်ဆရာတော်ကြီးက အခုလိုမိန့်ပါတယ်။ယမမင်းဆိုတာ “ဝေမာနိက ပေတရာဇာ” ဗိ မာန်ရှိတဲ့ ပြိတ္တာဘုရင်ကြီးတစ်ဦးပါ။ ယမမင်းကြီးဆိုတာတကယ့် သူတော်ကောင်းကြီး။ အင်မတန်မှ ကရုဏာကြီးမားတယ်။သူရဲ့ဘဝက ဒီဝမောနိက ပြိတ္တာဘဝဖြစ်တယ်။ နတ်ပြည်ခြောက်ထပ်မှာ အနိမ့်ဆုံးဖြစ်တဲ့ စတုမဟာရဇ်နတ်ထဲမှာ ပါတယ်။ ဘုံဗိမာန်လည်း ရှိတယ်။ အစွမ်းတန်ခိုးလည်း ရှိတယ်။ယမမင်းက ငရဲမှာ သွားရုံးထိုင်ပြီး စီရင်ချက်တွေ ချနေတယ်လို့ ဒီလိုထင်တယ်။`

ဟောဒီလူဖြင့် ငရဲခံစေ` ဟိုလူဖြင့် ငရဲကလွတ်စေလို့ ဒီလို စီရင်ချက်ချတာမျိုးတွေကို သူမလုပ်ပါဘူး။ကယ်လို့ရမယ့် ပုဂ္ဂိုလ်ကို ကယ်ဖို့ပဲ သူသွားတယ်။ ငရဲကို တွန်းချတာမျိုး မရှိဘူး။ ကယ်လို့ရတဲ့ ပုဂ္ဂိုလ်ကို ကယ်တယ်။ ဘယ်နည်းနဲ့ ကယ်တုန်းဆိုရင် ကုသိုလ်ကောင်းမှုကို သတိဖော်ပေး တယ်။အမှတ်ရစေတယ်။ အမှန်တကယ် ကယ်လိုက်တာက `ကုသိုလ်လုပ်တဲ့ ကုသိုလ်ကံက ကယ်လိုက်တာလို့ပဲ မှတ်ရ မယ်။နတ်တွေဟာ လူ့ပြည် လူ့ဘဝကို အင်မတန်မှ တန်ဖိုးထားတယ်။ ဘာကြောင့် တန်ဖိုးထားကြသလဲ။

လူ့ဘဝက နတ်ဘဝထက် ချမ်းသာလို့ တန်ဖိုးထား တာလား။ မဟုတ်ဘူး။နတ်တို့ထက် အသက်ရှည်လို့တန်ဖိုးထားတာလား။ မဟုတ် ဘူး။နတ်တို့ထက် လူတို့က လှနေလို့ တန်ဖိုးထားတာ လား။ မဟုတ်ဘူး။ဘာအတွက် တန်ဖိုးထားကြသလဲဆိုရင် `ကုသိုလ်လုပ်ခွင့်ရလို့’ တန်ဖိုးထားကြတာပါ။ယမမင်းကြီးက ဘာကို တောင်းတသလဲဆိုရင် အေဟာ ၀တာဟံ မနုဿတံ လဘေယျံ( ၁ ) လူ့ဘဝကို ရချင်ပါ တယ်။( ၂ ) လူ့ဘဝ ဖြစ် နေတဲ့အချိန်မှာ ဘုရားပွင့်တဲ့အချိန်နဲ့လည်း ကြုံချင်ပါတယ်။

( ၃ ) ဘုရားပွင့်တဲ့အချိန်မှာ ဘုရားပွင့်ရာ အရပ်မှာ လူဖြစ်ပြီး ဘုရားကို ဆည်း ကပ် ကိုးကွယ်ခွင့် ရချင်ပါတယ်။( ၄ ) ဘုရားပွင့်ရာအရပ်မှာ လူဖြစ်ပြီး မြတ်စွာဘုရားက တရားဟောကြားတာကို နာယူချင်ပါတယ်။ ( ၅ ) မြတ်စွာဘုရားကတရားဟောကြားတာကို နာယူကာသိရှိ နားလည်ကာ သံသရာဝဋ် ဆင်းရဲမှ လွတ်ငြိမ်းချင်ပါတယ်။ဒါကြောင့် တရားချစ်ခင် ဓမ္မမိတ်ဆွေ အပေါင်းတို့ကလည်း တရားတော်ကို ကိုယ်စီ ကိုယ်စီသဘောကျပြီးတော့ပုထုဇဉ်ဘဝကို လွန်မြောက်ပြီး သောတာပန် သကဒါဂါမ် အနာဂါမ် စတဲ့ထူးခြားတဲ့အရိယာ ပုဂ္ဂိုလ်ဖြစ် အောင် ကျင့်ကြံကြိုးကုတ်အားထုတ်နိုင်ကြပါစေကုန်သတည်း။

ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ဒေါက်တာ အရှင်နန္ဒမာလာဘိဝံသ

Add a Comment

Your email address will not be published. Required fields are marked *