ျမန္မာ့အေရးနဲ႔ပတ္သက္ၿပီး အာစီယံႏိုင္ငံ မ်ား ညီၫႊတ္စြာ ပါဝင္ဖို႔ DR SASA ေတာင္း ဆိုၿပီ

စစ္တပ္က အာဏာသိမ္းတဲ့ ေဖေဖာ္ဝါရီလ ၁ ရက္ေန႔ကတည္းက အာဆီယံရဲ႕ အသံက ႏွစ္မ်ိဳး ကြဲေနရာမွာ အေလးထား စိုးရိမ္ပူပန္ေနတဲ့ ႏိုင္ငံေတြရွိသလို ဒါဟာ ျမန္မာႏိုင္ငံရဲ႕ ျပည္တြင္းေရးျပႆနာပဲလို႔ ယူဆၿပီး ျပတ္ျပတ္သားသား မရပ္တည္လိုတဲ့ ႏိုင္ငံေတြ ရွိပါတယ္။ ဒါ ေပမဲ့ ဆႏၵျပသူေတြနဲ႔ က်န္ျပည္သူလူထုတရပ္လုံးအေပၚ စစ္အာဏာသိမ္းအဖြဲ႕ရဲ႕ အၾကမ္း ဖက္မႈေတြ ဆက္တိုက္ တိုးျမႇင့္ျပင္းထန္လာ ေနတာေတြေၾကာင့္ အာဆီယံရဲ႕ အေနအထားက အက်ဥ္းထဲအက်ပ္ထဲ ေရာက္လာတယ္လို႔ ေလ့လာသူေတြက မွတ္ခ်က္ျပဳခဲ့ပါတယ္။

အာဆီယံအဖြဲ႕အေနနဲ႔ ျပတ္သားတဲ့ ရပ္တည္မႈရွိမွသာလွ်င္ အာဆီယံရဲ႕ ေၾကညာခ်က္ ေတြက ထိေရာက္မွာ ျဖစ္တယ္လို႔ ေဒါက္တာ ဆာဆာ ေျပာဆိုျမန္မာစစ္အာဏာသိမ္းတဲ့ အေရးအခင္းအေပၚ အာဆီယံရဲ႕ ထိေရာက္တဲ့ တုန႔္ျပန္မႈကို ႏိုင္ငံတကာက ေမွ်ာ္လင့္ေန ၾကခ်ိန္မွာ ေဒသတြင္းအဖြဲ႕အစည္းျဖစ္တဲ့ အာဆီယံက တရားဝင္မဟုတ္တဲ့ အရင္ ခ်ဥ္းကပ္နည္းေတြနဲ႔ပဲ ထိန္းထိန္း သိမ္းသိမ္းလုပ္ဖို႔ဆိုတဲ့ ေမတၱာရပ္ခဲ့စာေတြကိုသာ ထုတ္ျပန္ေနပါတယ္။

ဒီအခ်ိန္မွာ လူ႔အခြင့္အေရး ကာကြယ္သူေတြကေတာ့ ဆႏၵျပျပည္သူေတြကို သတ္ျဖတ္မႈေတြအေပၚ ျပင္းျပင္းထန္ထန္ကိုပဲ ရႈတ္ခ်ေန တာပါ။အာဆီယံအဖြဲ႕တစ္ခုလုံးအေနနဲ႔ အဖြဲ႕ရဲ႕ ရပ္တည္ခ်က္ကို ျပတ္ျပတ္ သားသား မျပဘဲနဲ႔ေတာ့ သူတို႔ရဲ႕ ေၾကျငာခ်က္ေတြက ဘာမွ ထိေရာက္မွာ မဟုတ္ဘူးလို႔ ေ႐ြးေကာက္ခံအမတ္မ်ားနဲ႔ဖြဲ႕စည္းထားတဲ့ ျပည္ေထာင္စုလႊတ္ေတာ္ ကိုယ္စားျပဳ ေကာ္မတီရဲ႕ ကုလသမဂၢ ဆိုင္ရာ အထူးသံတမန္ ေဒါက္တာ ဆာဆာက ေျပာလိုက္ပါတယ္။

UNICODE

စစ်တပ်က အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်နေ့ကတည်းက အာဆီယံရဲ့ အသံက နှစ်မျိုး ကွဲနေရာမှာ အလေးထား စိုးရိမ်ပူပန်နေတဲ့ နိုင်ငံတွေရှိသလို ဒါဟာ မြန်မာနိုင်ငံရဲ့ ပြည်တွင်းရေးပြဿနာပဲလို့ ယူဆပြီး ပြတ်ပြတ်သားသား မရပ်တည်လိုတဲ့ နိုင်ငံတွေ ရှိပါတယ်။ ဒါ ပေမဲ့ ဆန္ဒပြသူတွေနဲ့ ကျန်ပြည်သူလူထုတရပ်လုံးအပေါ် စစ်အာဏာသိမ်းအဖွဲ့ရဲ့ အကြမ်း ဖက်မှုတွေ ဆက်တိုက် တိုးမြှင့်ပြင်းထန်လာ နေတာတွေကြောင့် အာဆီယံရဲ့ အနေအထားက အကျဉ်းထဲအကျပ်ထဲ ရောက်လာတယ်လို့ လေ့လာသူတွေက မှတ်ချက်ပြုခဲ့ပါတယ်။

အာဆီယံအဖွဲ့အနေနဲ့ ပြတ်သားတဲ့ ရပ်တည်မှုရှိမှသာလျှင် အာဆီယံရဲ့ ကြေညာချက် တွေက ထိရောက်မှာ ဖြစ်တယ်လို့ ဒေါက်တာ ဆာဆာ ပြောဆိုမြန်မာစစ်အာဏာသိမ်းတဲ့ အရေးအခင်းအပေါ် အာဆီယံရဲ့ ထိရောက်တဲ့ တုန့်ပြန်မှုကို နိုင်ငံတကာက မျှော်လင့်နေ ကြချိန်မှာ ဒေသတွင်းအဖွဲ့အစည်းဖြစ်တဲ့ အာဆီယံက တရားဝင်မဟုတ်တဲ့ အရင် ချဉ်းကပ်နည်းတွေနဲ့ပဲ ထိန်းထိန်း သိမ်းသိမ်းလုပ်ဖို့ဆိုတဲ့ မေတ္တာရပ်ခဲ့စာတွေကိုသာ ထုတ်ပြန်နေပါတယ်။

ဒီအချိန်မှာ လူ့အခွင့်အရေး ကာကွယ်သူတွေကတော့ ဆန္ဒပြပြည်သူတွေကို သတ်ဖြတ်မှုတွေအပေါ် ပြင်းပြင်းထန်ထန်ကိုပဲ ရှုတ်ချနေ တာပါ။အာဆီယံအဖွဲ့တစ်ခုလုံးအနေနဲ့ အဖွဲ့ရဲ့ ရပ်တည်ချက်ကို ပြတ်ပြတ် သားသား မပြဘဲနဲ့တော့ သူတို့ရဲ့ ကြေငြာချက်တွေက ဘာမှ ထိရောက်မှာ မဟုတ်ဘူးလို့ ရွေးကောက်ခံအမတ်များနဲ့ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြု ကော်မတီရဲ့ ကုလသမဂ္ဂ ဆိုင်ရာ အထူးသံတမန် ဒေါက်တာ ဆာဆာက ပြောလိုက်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *