ရင္နာစရာ ေတြပဲ ျမင္ေနရတာေၾကာင့္ ျပည္သူေတြအတြက္ ဆုေတာင္းေပးရင္း သူမရဲ႕ခံစားခ်က္ေလးေတြကို သၪၨာႏြယ္၀င္းမွ်ေဝလာ

မၾကာေသးမီကလည္း သ ၪၨာႏြယ္ဝင္းက သူမရဲ႕ Facebookစာမ်က္ႏွာမွာ “fb ၾကည့္ လိုက္ရင္ စိတ္မေကာင္းစရာ ရင္နာစရာေတြပဲ ျမင္ ေနရလို႔ ဖုန္းကိုင္ဖို႔ေတာင္အားမရွိေတာ့ဘူး။ ေန႔ခင္းေတြမွာလမ္းေပၚက ျပည္သူ ျပည္သားေတြကိုစိတ္ပူရၿပီး ညဘက္ေတြမွာလူတိုင္းကို ေအးေအးခ်မ္းခ်မ္းနဲ႔အိပ္စက္အနားယူခြင့္ေလးရဖို႔ပဲ ဆုေတာင္းမိပါတယ္။ အခ်ိန္မတန္ခင္ ေႂကြလြင့္ရတဲ့လူေတြထပ္မရွိေအာင္ သမာေဒ ဝနတ္ေကာင္းနတ္ျမတ္ေတြ ၾကည့္ရႈ႕မစေပးၾကပါ……” ဆိုၿပီး ဆုေတာင္းေပးကာ ခံစားခ်က္အခ်ိဳ႕မွ်ေဝခဲ့တာျဖစ္ပါတယ္။

ဗီဒီယိုဇာတ္ကားမ်ား ေၾကာ္ျငာမ်ားနဲ႔အႏုပညာေလာကထဲ စတင္ဝင္ေရာက္လာခဲ့ၿပီး ပရိသတ္ အားေပးခ်စ္ခင္မႈရရွိတဲ့သူတစ္ဦးျဖစ္တဲ့ မင္းသမီးေခ်ာ သ ၪၨာႏြယ္ဝင္းကိုပရိသတ္ႀကီးသိၾကမယ္ထင္ပါတယ္…..။ လက္ရွိျဖစ္ေပၚေနတဲ့ ျမန္မာႏိုင္ငံရဲ႕အေျခအေနေတြေၾကာင့္ အႏုပညာရွင္ေတြလည္း တတ္ႏိုင္တဲ့ဘက္ကေန ဝိုင္းဝန္းကူညီေပးၾကကာ ျပည္သူနဲ႔ အတူတသားတည္း ရပ္တည္ေနၾကပါတယ္။

ရက္ေပါင္း (၄၀)ေက်ာ္ၾကာျမင့္ေနၿပီျဖစ္တဲ့လူထုလႈပ္ရွားမႈႀကီးဟာဆိုရင္ ေနရာအႏွံ႔အျပားမွာ ၿဖိဳခြင္းမႈေတြနဲ႔ ႀကဳံေတြ႕ေနၾကရတာျဖစ္ၿပီး ထိခိုက္က်ဆုံးသူဦးေရလည္း မ်ားျပားလာေနၿပီျဖစ္ပါတယ္။ အခုလိုစိတ္မခ်မ္းေျမ့ဖြယ္ရာ အျဖစ္အပ်က္ေတြေၾကာင့္ အႏုပညာရွင္ေတြ လည္း တတ္ႏိုင္တဲ့ဘက္ကေန လႉဒါန္းကူညီမႈေတြလုပ္ၾကသလို ဆုေတာင္း ေမတၱာပို႔မႈေတြလည္း ျပဳလုပ္ေပးေနၾကတာပါ…..။

သတင္းအရင္းျမစ္: Thinzar Nwewin’s Facebook acc

UNICODE

မကြာသေးမီကလည်း သ ဉ္ဇာနွယ်ဝင်းက သူမရဲ့ Facebookစာမျက်နှာမှာ “fb ကြည့် လိုက်ရင် စိတ်မကောင်းစရာ ရင်နာစရာတွေပဲ မြင် နေရလို့ ဖုန်းကိုင်ဖို့တောင်အားမရှိတော့ဘူး။ နေ့ခင်းတွေမှာလမ်းပေါ်က ပြည်သူ ပြည်သားတွေကိုစိတ်ပူရပြီး ညဘက်တွေမှာလူတိုင်းကို အေးအေးချမ်းချမ်းနဲ့အိပ်စက်အနားယူခွင့်လေးရဖို့ပဲ ဆုတောင်းမိပါတယ်။ အချိန်မတန်ခင် ကြွေလွင့်ရတဲ့လူတွေထပ်မရှိအောင် သမာဒေ ဝနတ်ကောင်းနတ်မြတ်တွေ ကြည့်ရှု့မစပေးကြပါ……” ဆိုပြီး ဆုတောင်းပေးကာ ခံစားချက်အချို့မျှဝေခဲ့တာဖြစ်ပါတယ်။

ဗီဒီယိုဇာတ်ကားများ ကြော်ငြာများနဲ့အနုပညာလောကထဲ စတင်ဝင်ရောက်လာခဲ့ပြီး ပရိသတ် အားပေးချစ်ခင်မှုရရှိတဲ့သူတစ်ဦးဖြစ်တဲ့ မင်းသမီးချော သ ဉ္ဇာနွယ်ဝင်းကိုပရိသတ်ကြီးသိကြမယ်ထင်ပါတယ်…..။ လက်ရှိဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံရဲ့အခြေအနေတွေကြောင့် အနုပညာရှင်တွေလည်း တတ်နိုင်တဲ့ဘက်ကနေ ဝိုင်းဝန်းကူညီပေးကြကာ ပြည်သူနဲ့ အတူတသားတည်း ရပ်တည်နေကြပါတယ်။

ရက်ပေါင်း (၄၀)ကျော်ကြာမြင့်နေပြီဖြစ်တဲ့လူထုလှုပ်ရှားမှုကြီးဟာဆိုရင် နေရာအနှံ့အပြားမှာ ဖြိုခွင်းမှုတွေနဲ့ ကြုံတွေ့နေကြရတာဖြစ်ပြီး ထိခိုက်ကျဆုံးသူဦးရေလည်း များပြားလာနေပြီဖြစ်ပါတယ်။ အခုလိုစိတ်မချမ်းမြေ့ဖွယ်ရာ အဖြစ်အပျက်တွေကြောင့် အနုပညာရှင်တွေ လည်း တတ်နိုင်တဲ့ဘက်ကနေ လှူဒါန်းကူညီမှုတွေလုပ်ကြသလို ဆုတောင်း မေတ္တာပို့မှုတွေလည်း ပြုလုပ်ပေးနေကြတာပါ…..။

သတင်းအရင်းမြစ်: Thinzar Nwewin’s Facebook acc

Add a Comment

Your email address will not be published. Required fields are marked *