ႏိုင္ငံတကာမွအေရးယူျခင္း R 2 P အ တြက္ ျပင္ဆင္ ျခင္း လုပ္ငန္းအဆင့္ဆင့္

ရပ္ကြက္တိုင္းက ကိုယ့္ရပ္ကြက္အေစာ္ကားမခံရေအာင္ အေသအခ်ာညႇိႏႈိင္းတိုင္ပင္ျခင္း၊ လုံၿခဳံေရးအေရးေပၚအေျခအေနမ်ား အတြက္ ေလ့က်င့္ျခင္းမ်ား၊ကာကြယ္ေရးအစီအမံမ်ားတိုးျမႇင့္ခ်ထားျခင္းမ်ားျပဳလုပ္သင့္ေနပါၿပီ။အေရးေပၚအေျခအေနမွာ သူ႔အိမ္ထိရင္ငါမီးမွိတ္ ၿပီး အသံတိတ္ေနမယ္ဆိုတာမ်ိဳး လုံးဝမလုပ္သင့္ေတာ့ပါ။Urban Warfare မြာ ခုခံသူဘကၠသာစၿမဲပါ။အေရးႀကီးတာက လူတိုင္းက R2P ကိုမိမိတို႔တာဝန္လို႔ခံယူၿပီး ကိုယ့္ရပ္ကြက္ကိုကိုယ္ညီညီညာညာမျဖစ္မေနကာကြယ္ဖို႔လိုပါတယ္။ ရပ္ကြက္ကညံ့လို႔ခံလိုက္ရတယ္ ဆိုတာမ်ိဳးမျဖစ္သင့္ေတာ့ပါ။Responsibility to Protect (ကိုယ့္ကိုယ္ကိုကာကြယ္ဖို႔တာဝန္ရွိျခင္း) R2P ကို ကိုယ္ကစမွရပါေတာ့မယ္။ ကိုယ့္ရပ္ကြက္ကိုမွကိုယ္ R2P မလုပ္ပဲ သူမ်ားကို R2P မဝင္လို႔အျပစ္တင္ေနလို႔မရပါ။

လူငယ္ေတြကိုမွာခ်င္တာက မရဘူးခ်မယ္ဆိုတာ မ်ိဳးကို ရရာလက္နက္နဲ႔ေတြ႕ရာေနရာမွာ ခ်မယ္ဆိုတာမ်ိဳးမလုပ္ပါနဲ႔။ ကိုယ့္ရပ္ကြက္ကို ထိလာလို႔ခ်ရတာမ်ိဳးမွတန္တာပါ။ ရပ္ကြက္တိုင္း မွာကင္းေထာက္အစီအမံေတြ ဖြဲ႕ပါ။ တစ္ရပ္ကြက္နဲ႔တစ္ရပ္ကြက္ ခ်ိတ္ဆက္ပါ။ ရက္ ကြက္တိုင္းညီလာရင္ ၿမိဳ႕ႀကီးတစ္ခုလုံးညီလာမယ္။ ၿမိဳ႕တိုင္းၿမိဳ႕တိုင္းညီလာရင္ တႏိုင္ငံလုံးညီလာမယ္။အဲ့ဒါမွ Responsibility to Protect R2P က တကယ္အသက္ဝင္လာပါမယ္။ ကိုယ္ ေတြညီရင္ျပည္ပကလည္း ဝင္ကူလို႔လြယ္ပါၿပီ။ဒါ့ေၾကာင့္ ကိုယ့္ရပ္ကြက္ကိုယ္ ကာကြယ္ေရး R2P အစီအမံမ်ားကို အျမန္ဆုံးစနစ္တက် စတင္ေဆာင္႐ြက္ၾကပါစို႔။

GlobalR2P ရဲ႕အခန္း က႑အေနျဖင့္ မတ္လ ၁၅ ရက္ေန႔မွာ globalr2p.org (GCR2P) က ျမန္မာႏိုင္ငံကို R2P Risk Red Zone ထဲထည့္ လိုက္ပါတယ္။ဘာေတြ ထူးျခားသြားမွာလဲ ….GCR2P ဟာ iNGO အဖြဲ႕အစည္း တစ္ခုပါ။အဲ့ဒီအဖြဲ႕ဟာ R2P အတြက္တြန္းအား ေပးလုပ္ေဆာင္ေနတဲ့အဖြဲ႕အစည္းျဖစ္ပါတယ္။ကုလသမဂၢလုံၿခဳံေရးေကာင္စီမွာ ျမန္မာႏိုင္ငံကို အေရးယူဒဏ္ခတ္ဖို႔၊ ျမန္မာႏိုင္ငံကို R2P ဝင္ႏိုင္ဖို႔ သူတို႔လိုအဖြဲ႕အစည္းရဲ႕ တြန္းအားေပးမႈကအလြန္လိုအပ္ပါတယ္။GCR2P က ကုလသမဂၢလုံၿခဳံေရးေကာင္စီကို မျဖစ္မေနလုပ္ ရန္ ေအာက္ပါအခ်က္ေတြကိုတိုက္တြန္းထားပါတယ္။စစ္ေကာင္စီကို တရားဝင္အစိုးရမျဖစ္သြားရန္အတြက္ သံတမန္ေရးအရ အသိအ မွတ္လုံးဝမျပဳဖို႔။(အခုအထိဘယ္ႏိုင္ငံကမွအသိအမွတ္မျပဳဘူး။ တ႐ုတ္နဲ႔႐ုရွားကေတာင္အသိအမွတ္ျပဳမထားဘူး)

ျမန္မာစစ္တပ္ကို လက္နက္ေရာင္းခ်ခြင့္ပိတ္ပင္ဖို႔၊ထိပ္တန္းစစ္ေခါင္းေဆာင္ေတြကို ဒဏ္ခတ္ပိတ္ဆို႔မႈေတြလုပ္ဖို႔၊အာဆီယံလိုေဒသတြင္း အဖြဲ႕အစည္းမ်ားကလည္း အေရးယူမႈ ေတြလုပ္ဖို႔၊နိင္ငံျခားကုမၸဏီေတြအေနနဲ႔ ျမန္မာ့ စီးပြားေရးဦးပိုင္ကုမၸဏီနဲ႔ လက္တြဲျဖဳတ္ဖို႔၊ တာဝန္ ရွိတဲ့ ဗိုလ္ခ်ဳပ္မင္းေအာင္လႈိင္ နဲ႔ စစ္အာဏာသိမ္းေခါင္းေဆာင္ေတြကို လူသားမ်ိဳးႏြယ္စုအေပၚရာဇဝတ္မႈက်ဴးလြန္မႈ၊စစ္ရာဇဝတ္မႈ၊ လူ မ်ိဳးတုန္းသတ္ျဖတ္မႈတို႔နဲ႔ အျပည္ျပည္ဆိုင္ရာတရား႐ုံးမွာတရားရင္ဆိုင္ရဖို႔ တို႔ကိုေတာင္းဆိုတိုက္တြန္းထားပါတယ္။GCR2P အေနနဲ႔ စစ္ေရးအရအေရးယူမႈေတြထက္ အထက္ပါအခ်က္ေတြကိုအရင္ေတာင္းဆိုရပါတယ္။R2P ရဲ႕လုပ္ငန္းစဥ္မွာကတည္းက စစ္ေရးက ေနာက္ဆုံးျဖစ္ေနလို႔ပါ။အဓိကက စစ္ေရးပါလာရင္ျပည္သူလူထုနဲ႔ၿငိမ္းခ်မ္းေရးတပ္ေတြ ေသေၾကဒဏ္ရာရမွာစိုးလို႔ပါ။

ကုလသမဂၢလုံၿခဳံေရးေကာင္စီကအဓိကျဖစ္ပါတယ္။လုံၿခဳံေရးေကာင္စီမွာ R2P ဝင္ဖို႔ အစည္းအေဝးထိုင္တိုင္းမွာ repudiation ျငင္းပယ္ ျခင္းအၿမဲလုပ္တတ္တဲ့ ကန႔္လန႔္ႏွစ္ေကာင္က ႐ုရွားနဲ႔တ႐ုတ္ကိုယ္စားလွယ္ျဖစ္ပါတယ္။ဒါက်ေနာ္စြပ္စြဲတာမဟုတ္ဘူး။ wiki မွာသြား ဖတ္ရင္ အဲ့အတိုင္းေတြ႕မွာျဖစ္ပါတယ္။သူတို႔က အေမရိကန္ဟာ အစိုးရအေျပာင္းအလဲလုပ္ခ်င္လို႔ R2P ကို abuse လုပ္အသုံးခ်တယ္လို႔ ဆီးရီးယားကိစၥမွာအၿမဲစြပ္စြဲပါတယ္။ဒီေနရာမွာ Humanitarian intervention နဲ႔ R2P နဲ႔မတူတာကိုသိထားရမယ္။R2P က စစ္ေရးကို ေနာက္ဆုံးမွထားၿပီးအျခားနည္းလမ္း မ်ိဳးစုံနဲ႔ ဝင္ေရာက္ဖို႔ႀကိဳးစားတာ။Humanitarian intervention လူသားခ်င္း စာနာေထာက္ထား မႈအရ စစ္ေရးျဖင့္ဝင္ေရာက္စြက္ျခင္းကို လုပ္တတ္ၾကတယ္။ဥပမာ NATO မဟာမိတ္တပ္ေတြက ယူဂိုစလားဗီးယားမွာဝင္ဗုံးႀကဲတာမ်ိဳး။

NATO က no-fly zone သတ္မွတ္ၿပီး စစ္တပ္ေလယာဥ္ေတြကို ေပးမပ်ံတာမ်ိဳးလုပ္တတ္ပါတယ္။အေမရိကန္က ေဟတီမွာအာဏာ သိမ္းစစ္ေကာင္စီကိုျဖဳတ္ခ်ဖို႔ Operation Uphold Democracy 1994 နဲ႔ စစ္ေရးအရဝင္ေရာက္ခဲ့တာရွိတယ္။2000 ခုႏွစ္ Sierra Leone ျပည္တြင္းစစ္မွာ ၿဗိတိသွ်တပ္ေတြကစစ္ေရးအရ ဝင္ေရာက္ခဲ့တာေတြရွိတယ္။ အတိအက်စစ္ေရးအရ ဘယ္အခ်ိန္ဝင္ေရာက္စြက္ ဖက္မလဲကေျပာရခက္တယ္။စစ္ေရးဝင္ေရာက္စြက္ဖက္ရင္ေတာ့ လုံၿခဳံေရး ေကာင္စီရဲ႕ဆုံးျဖတ္ခ်က္ကိုေတာ့ ယူေလ့ရွိတယ္။Rome Statue of ICC နဲ႔ဘာကြာသလဲဆိုရင္ Rome Statue 1998 မွာက – လူမ်ိဳးတုန္းသတ္ျဖတ္မႈ၊ လူသားမ်ိဳးႏြယ္စုအေပၚ ရာဇဝတ္မႈက်ဴး လြန္မႈ၊ စစ္ရာဇဝတ္မႈ အျပင္ crimes of aggression ပါတယ္။

Crime of aggression ဆိုတာ လူတစ္ဦးတစ္ေယာက္က စစ္တပ္ကိုသုံးၿပီး ရန္လိုမႈရန္စမႈကိုဆိုလိုတာ။ (လက္ရွိျမန္မာႏိုင္ငံနဲ႔ကြက္တိပဲ) အခုေန CRPH က Rome Statute ကိုဘာလို႔လက္မွတ္မထိုးေသးတာလဲလို႔ လာေမးၾကလို႔ေျဖရရင္ သူကႏိုင္ငံတကာမွာ တရားဝင္အစိုး ရအျဖစ္အသိအမွတ္ျပဳခံရဖို႔ ႀကိဳးစားေနရတုန္းမို႔လို႔လို႔ျမင္တယ္။ဒါေၾကာင့္ CRPH ရဲ႕ ဦးေဆာင္မႈေနာက္ကို တညီတၫြတ္တည္းလိုက္ ၾကပါ။CRPH ကိုဝိုင္းပံ့ပိုးၾကပါ၊ အလႉေငြထည့္ၾကပါလို႔ ေျပာေနတာပါ။အေရးႀကီးတာကိုေျပာခ်င္တာက ကိုယ့္ဘက္ကလူသားျခင္း မ ဆန္ေလာက္ေအာင္ ရာဇဝတ္မႈက်ဴးလြန္တာေတြကိုေရွာင္ရွားရမယ္။ႏွစ္ဖက္စလုံးက ရာဇဝတ္မႈက်ဴးလြန္ေနပါတယ္ဆိုရင္ ျပည္ပကစစ္ ေရးအရဝင္ေရာက္စြက္ဖက္မႈကို ေထာက္ျပစရာျဖစ္လာလိမ့္မယ္။ေနာက္တစ္ခုက ျပည္တြင္းစစ္ျဖစ္ရင္ ျပည္ပကဝင္လို႔မရဘူးဆိုတဲ့ဂ်င္း။

ဘယ္သူစလိုက္တဲ့ဂ်င္းမွန္းမသိပါ။က်ေနာ္ျမင္ဖူးသမွ်က ျပည္တြင္းစစ္ျဖစ္ေနခ်ိန္မွာ တစ္ဖက္ဖက္က လူမဆန္ေအာင္စစ္ရာဇဝတ္မႈ ေတြ က်ဴးလြန္လို႔ ျပည္ပကဝင္ပါရတာခ်ည္းပဲ။ျမန္မာျပည္ကို နဂိုကတည္းက ျပည္တြင္းစစ္မီးမၿငိမ္းေသးတဲ့ ႏိုင္ငံအျဖစ္သတ္မွတ္ထားၾက တယ္။အခုမွတိုင္းရင္းသားေဒသကစစ္ပြဲမွာ ျပစ္မႈက်ဴးလြန္တဲ့ပုံစံေတြကို စစ္တပ္ကျပည္တြင္းကို ယူခ်လာလို႔ က်ေနာ္တို႔က ဒီစစ္ရာဇဝတ္ မႈေတြကို ျမင္ဖူးတာ။R2P အေၾကာင္းျပန္ဆက္ရရင္ R2P က ကိုဖီအာနန္က ၁၉၉၄ ခုႏွစ္ ရဝမ္ဒါလူသတ္ပြဲနဲ႔ ၁၉၉၅ ယူဂိုဆလားဗီးယား က လူသတ္ပြဲေတြအတြင္း ႏိုင္ငံတကာ အသိုင္းအဝိုင္းရဲ႕အေရးယူရန္ေႏွာင့္ေႏွးမႈကို ေထာက္ျပၿပီး R2P ဇာတ္လမ္းကိုစခဲ့တာပါ။R2P မတိုင္ခင္ ၁၉၈၈ အေရးအခင္းတုန္းက က်ေနာ္တို႔က Humanitarian Intervention ကိုေမွ်ာ္လင့္ခဲ့ၾကတာပါ။

Humanitarian Intervention ကို Sovereignty (အခ်ဳပ္အျခာအာဏာ) ကိုထိပါးမႈနဲ႔ ေထာက္ျပၿပီးလက္မခံဘူးေတြလုပ္လာေတာ့ R2P ကို အဆိုျပဳလာၾကတာပါ။ေနာက္ဆုံးေျပာခ်င္တာကေတာ့ ၿပီးခဲ့တဲ့ တနဂၤေႏြေန႔က လူေတြအေသအေပ်ာက္မ်ားၿပီးကတည္းက ကမာၻမွာျမန္မာႏိုင္ငံကိစၥကထပ္ၿပီးေရခ်ိန္ျမင့္လာတယ္။စစ္အာဏာသိမ္းေကာင္စီက ကုလသမဂၢကဘာေျပာေျပာ ရာဇဝတ္မႈေတြကို ဆက္လက္က်ဴးလြန္ေနအုန္းမွာပဲဆိုတဲ့ သ႐ုပ္သကန္ကို ကမာၻ႔ႏိုင္ငံေတြကျမင္လာၾကတယ္။GCR2P က မတ္လ ၁၅ ရက္ေန႔မွာ Red Zone ထဲကိုထည့္လိုက္ၿပီးေတာ့ က်ေနာ္အထက္မွာေျပာထားတဲ့ အခ်က္ေတြကိုအရင္ေတာင္းဆိုထားပါတယ္။ဒါဟာလက္ရွိမွာ GCR2P အေနနဲ႔ R2P အတြက္ သူတို႔အေကာင္းဆုံးလုပ္ႏိုင္တာလုပ္ေနတာကိုေတြ႕ရပါတယ္။

ယန္ဟီလီးရဲ႕ SAC-M ကလည္း ႏိုင္ငံတကာကခ်က္ခ်င္းဝင္ေရာက္စြက္ဖက္ဖို႔ မတ္လ ၁၄ ရက္ေန႔ကေတာင္းဆိုခဲ့ပါတယ္။ က်ေနာ္တို႔ ဘက္က ကိုယ့္ဟာကိုယ္ခုခံႏိုင္ခြင့္နဲ႔ အၾကမ္းဖက္ျခင္းကိုမေရာေထြးၾကဖို႔ သတိထားၾကပါ။ဥပမာ – ရဲစခန္းကိုေက်ာက္ခဲနဲ႔ သြားပစ္တာ မ်ိဳး၊ ရဲစခန္းကိုမီးရႈိ႕မယ္လုပ္တာမ်ိဳးက မလုပ္သင့္တဲ့ကိစၥပါ။ ဒါဟာ ခုခံကာကြယ္မႈမဟုတ္ပါဘူး။ဒါေပမယ့္ကိုယ့္ရပ္ကြက္ထဲကို ရဲကက်ဴး ေက်ာ္ရန္စၿပီး ျမင္ျမင္ရာလိုက္ပစ္ေနရင္ အားလုံးရရာလက္နက္စြဲကိုင္ၿပီးဝိုင္းခုခံျခင္းဟာတရားဝင္ပါတယ္။ ဒါမ်ိဳးကမျဖစ္မေနလုပ္ရမယ့္ ကိစၥပါ။ကမာၻ႔ႏိုင္ငံေတြအၾကားမွာ ျမန္မာျပည္မွာလူေသဆုံးမႈေတြမ်ားျပားလာျခင္းဟာ alarming state ကိုေရာက္ရွိလာေနပါၿပီ။ ဘယ္ အခ်ိန္ဘယ္လိုအေရးယူမႈေတြလုပ္မလဲက အတိအက်ေျပာလို႔မရပါ။အခုအခ်ိန္မွာက်ေနာ္တို႔အတြက္ သူတို႔စစ္ေရးအရအေရးယူခဲ့ေသာ္ ဆို တာကိုေတြးၿပီးႀကိဳတင္ျပင္ဆင္သင့္ပါၿပီ။

CRD: Richard Myo Thant

UNICODE

ရပ်ကွက်တိုင်းက ကိုယ့်ရပ်ကွက်အစော်ကားမခံရအောင် အသေအချာညှိနှိုင်းတိုင်ပင်ခြင်း၊ လုံခြုံရေးအရေးပေါ်အခြေအနေများ အတွက် လေ့ကျင့်ခြင်းများ၊ကာကွယ်ရေးအစီအမံများတိုးမြှင့်ချထားခြင်းများပြုလုပ်သင့်နေပါပြီ။အရေးပေါ်အခြေအနေမှာ သူ့အိမ်ထိရင်ငါမီးမှိတ် ပြီး အသံတိတ်နေမယ်ဆိုတာမျိုး လုံးဝမလုပ်သင့်တော့ပါ။Urban Warfare မွာ ခုခံသူဘက္ကသာစၿမဲပါ။အရေးကြီးတာက လူတိုင်းက R2P ကိုမိမိတို့တာဝန်လို့ခံယူပြီး ကိုယ့်ရပ်ကွက်ကိုကိုယ်ညီညီညာညာမဖြစ်မနေကာကွယ်ဖို့လိုပါတယ်။ ရပ်ကွက်ကညံ့လို့ခံလိုက်ရတယ် ဆိုတာမျိုးမဖြစ်သင့်တော့ပါ။Responsibility to Protect (ကိုယ့်ကိုယ်ကိုကာကွယ်ဖို့တာဝန်ရှိခြင်း) R2P ကို ကိုယ်ကစမှရပါတော့မယ်။ ကိုယ့်ရပ်ကွက်ကိုမှကိုယ် R2P မလုပ်ပဲ သူများကို R2P မဝင်လို့အပြစ်တင်နေလို့မရပါ။

လူငယ်တွေကိုမှာချင်တာက မရဘူးချမယ်ဆိုတာ မျိုးကို ရရာလက်နက်နဲ့တွေ့ရာနေရာမှာ ချမယ်ဆိုတာမျိုးမလုပ်ပါနဲ့။ ကိုယ့်ရပ်ကွက်ကို ထိလာလို့ချရတာမျိုးမှတန်တာပါ။ ရပ်ကွက်တိုင်း မှာကင်းထောက်အစီအမံတွေ ဖွဲ့ပါ။ တစ်ရပ်ကွက်နဲ့တစ်ရပ်ကွက် ချိတ်ဆက်ပါ။ ရက် ကွက်တိုင်းညီလာရင် မြို့ကြီးတစ်ခုလုံးညီလာမယ်။ မြို့တိုင်းမြို့တိုင်းညီလာရင် တနိုင်ငံလုံးညီလာမယ်။အဲ့ဒါမှ Responsibility to Protect R2P က တကယ်အသက်ဝင်လာပါမယ်။ ကိုယ် တွေညီရင်ပြည်ပကလည်း ဝင်ကူလို့လွယ်ပါပြီ။ဒါ့ကြောင့် ကိုယ့်ရပ်ကွက်ကိုယ် ကာကွယ်ရေး R2P အစီအမံများကို အမြန်ဆုံးစနစ်တကျ စတင်ဆောင်ရွက်ကြပါစို့။

GlobalR2P ရဲ့အခန်း ကဏ္ဍအနေဖြင့် မတ်လ ၁၅ ရက်နေ့မှာ globalr2p.org (GCR2P) က မြန်မာနိုင်ငံကို R2P Risk Red Zone ထဲထည့် လိုက်ပါတယ်။ဘာတွေ ထူးခြားသွားမှာလဲ ….GCR2P ဟာ iNGO အဖွဲ့အစည်း တစ်ခုပါ။အဲ့ဒီအဖွဲ့ဟာ R2P အတွက်တွန်းအား ပေးလုပ်ဆောင်နေတဲ့အဖွဲ့အစည်းဖြစ်ပါတယ်။ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ မြန်မာနိုင်ငံကို အရေးယူဒဏ်ခတ်ဖို့၊ မြန်မာနိုင်ငံကို R2P ဝင်နိုင်ဖို့ သူတို့လိုအဖွဲ့အစည်းရဲ့ တွန်းအားပေးမှုကအလွန်လိုအပ်ပါတယ်။GCR2P က ကုလသမဂ္ဂလုံခြုံရေးကောင်စီကို မဖြစ်မနေလုပ် ရန် အောက်ပါအချက်တွေကိုတိုက်တွန်းထားပါတယ်။စစ်ကောင်စီကို တရားဝင်အစိုးရမဖြစ်သွားရန်အတွက် သံတမန်ရေးအရ အသိအ မှတ်လုံးဝမပြုဖို့။(အခုအထိဘယ်နိုင်ငံကမှအသိအမှတ်မပြုဘူး။ တရုတ်နဲ့ရုရှားကတောင်အသိအမှတ်ပြုမထားဘူး)

မြန်မာစစ်တပ်ကို လက်နက်ရောင်းချခွင့်ပိတ်ပင်ဖို့၊ထိပ်တန်းစစ်ခေါင်းဆောင်တွေကို ဒဏ်ခတ်ပိတ်ဆို့မှုတွေလုပ်ဖို့၊အာဆီယံလိုဒေသတွင်း အဖွဲ့အစည်းများကလည်း အရေးယူမှု တွေလုပ်ဖို့၊နိင်ငံခြားကုမ္ပဏီတွေအနေနဲ့ မြန်မာ့ စီးပွားရေးဦးပိုင်ကုမ္ပဏီနဲ့ လက်တွဲဖြုတ်ဖို့၊ တာဝန် ရှိတဲ့ ဗိုလ်ချုပ်မင်းအောင်လှိုင် နဲ့ စစ်အာဏာသိမ်းခေါင်းဆောင်တွေကို လူသားမျိုးနွယ်စုအပေါ်ရာဇဝတ်မှုကျူးလွန်မှု၊စစ်ရာဇဝတ်မှု၊ လူ မျိုးတုန်းသတ်ဖြတ်မှုတို့နဲ့ အပြည်ပြည်ဆိုင်ရာတရားရုံးမှာတရားရင်ဆိုင်ရဖို့ တို့ကိုတောင်းဆိုတိုက်တွန်းထားပါတယ်။GCR2P အနေနဲ့ စစ်ရေးအရအရေးယူမှုတွေထက် အထက်ပါအချက်တွေကိုအရင်တောင်းဆိုရပါတယ်။R2P ရဲ့လုပ်ငန်းစဉ်မှာကတည်းက စစ်ရေးက နောက်ဆုံးဖြစ်နေလို့ပါ။အဓိကက စစ်ရေးပါလာရင်ပြည်သူလူထုနဲ့ငြိမ်းချမ်းရေးတပ်တွေ သေကြေဒဏ်ရာရမှာစိုးလို့ပါ။

ကုလသမဂ္ဂလုံခြုံရေးကောင်စီကအဓိကဖြစ်ပါတယ်။လုံခြုံရေးကောင်စီမှာ R2P ဝင်ဖို့ အစည်းအဝေးထိုင်တိုင်းမှာ repudiation ငြင်းပယ် ခြင်းအမြဲလုပ်တတ်တဲ့ ကန့်လန့်နှစ်ကောင်က ရုရှားနဲ့တရုတ်ကိုယ်စားလှယ်ဖြစ်ပါတယ်။ဒါကျနော်စွပ်စွဲတာမဟုတ်ဘူး။ wiki မှာသွား ဖတ်ရင် အဲ့အတိုင်းတွေ့မှာဖြစ်ပါတယ်။သူတို့က အမေရိကန်ဟာ အစိုးရအပြောင်းအလဲလုပ်ချင်လို့ R2P ကို abuse လုပ်အသုံးချတယ်လို့ ဆီးရီးယားကိစ္စမှာအမြဲစွပ်စွဲပါတယ်။ဒီနေရာမှာ Humanitarian intervention နဲ့ R2P နဲ့မတူတာကိုသိထားရမယ်။R2P က စစ်ရေးကို နောက်ဆုံးမှထားပြီးအခြားနည်းလမ်း မျိုးစုံနဲ့ ဝင်ရောက်ဖို့ကြိုးစားတာ။Humanitarian intervention လူသားချင်း စာနာထောက်ထား မှုအရ စစ်ရေးဖြင့်ဝင်ရောက်စွက်ခြင်းကို လုပ်တတ်ကြတယ်။ဥပမာ NATO မဟာမိတ်တပ်တွေက ယူဂိုစလားဗီးယားမှာဝင်ဗုံးကြဲတာမျိုး။

NATO က no-fly zone သတ်မှတ်ပြီး စစ်တပ်လေယာဉ်တွေကို ပေးမပျံတာမျိုးလုပ်တတ်ပါတယ်။အမေရိကန်က ဟေတီမှာအာဏာ သိမ်းစစ်ကောင်စီကိုဖြုတ်ချဖို့ Operation Uphold Democracy 1994 နဲ့ စစ်ရေးအရဝင်ရောက်ခဲ့တာရှိတယ်။2000 ခုနှစ် Sierra Leone ပြည်တွင်းစစ်မှာ ဗြိတိသျှတပ်တွေကစစ်ရေးအရ ဝင်ရောက်ခဲ့တာတွေရှိတယ်။ အတိအကျစစ်ရေးအရ ဘယ်အချိန်ဝင်ရောက်စွက် ဖက်မလဲကပြောရခက်တယ်။စစ်ရေးဝင်ရောက်စွက်ဖက်ရင်တော့ လုံခြုံရေး ကောင်စီရဲ့ဆုံးဖြတ်ချက်ကိုတော့ ယူလေ့ရှိတယ်။Rome Statue of ICC နဲ့ဘာကွာသလဲဆိုရင် Rome Statue 1998 မှာက – လူမျိုးတုန်းသတ်ဖြတ်မှု၊ လူသားမျိုးနွယ်စုအပေါ် ရာဇဝတ်မှုကျူး လွန်မှု၊ စစ်ရာဇဝတ်မှု အပြင် crimes of aggression ပါတယ်။

Crime of aggression ဆိုတာ လူတစ်ဦးတစ်ယောက်က စစ်တပ်ကိုသုံးပြီး ရန်လိုမှုရန်စမှုကိုဆိုလိုတာ။ (လက်ရှိမြန်မာနိုင်ငံနဲ့ကွက်တိပဲ) အခုနေ CRPH က Rome Statute ကိုဘာလို့လက်မှတ်မထိုးသေးတာလဲလို့ လာမေးကြလို့ဖြေရရင် သူကနိုင်ငံတကာမှာ တရားဝင်အစိုး ရအဖြစ်အသိအမှတ်ပြုခံရဖို့ ကြိုးစားနေရတုန်းမို့လို့လို့မြင်တယ်။ဒါကြောင့် CRPH ရဲ့ ဦးဆောင်မှုနောက်ကို တညီတညွတ်တည်းလိုက် ကြပါ။CRPH ကိုဝိုင်းပံ့ပိုးကြပါ၊ အလှူငွေထည့်ကြပါလို့ ပြောနေတာပါ။အရေးကြီးတာကိုပြောချင်တာက ကိုယ့်ဘက်ကလူသားခြင်း မ ဆန်လောက်အောင် ရာဇဝတ်မှုကျူးလွန်တာတွေကိုရှောင်ရှားရမယ်။နှစ်ဖက်စလုံးက ရာဇဝတ်မှုကျူးလွန်နေပါတယ်ဆိုရင် ပြည်ပကစစ် ရေးအရဝင်ရောက်စွက်ဖက်မှုကို ထောက်ပြစရာဖြစ်လာလိမ့်မယ်။နောက်တစ်ခုက ပြည်တွင်းစစ်ဖြစ်ရင် ပြည်ပကဝင်လို့မရဘူးဆိုတဲ့ဂျင်း။

ဘယ်သူစလိုက်တဲ့ဂျင်းမှန်းမသိပါ။ကျနော်မြင်ဖူးသမျှက ပြည်တွင်းစစ်ဖြစ်နေချိန်မှာ တစ်ဖက်ဖက်က လူမဆန်အောင်စစ်ရာဇဝတ်မှု တွေ ကျူးလွန်လို့ ပြည်ပကဝင်ပါရတာချည်းပဲ။မြန်မာပြည်ကို နဂိုကတည်းက ပြည်တွင်းစစ်မီးမငြိမ်းသေးတဲ့ နိုင်ငံအဖြစ်သတ်မှတ်ထားကြ တယ်။အခုမှတိုင်းရင်းသားဒေသကစစ်ပွဲမှာ ပြစ်မှုကျူးလွန်တဲ့ပုံစံတွေကို စစ်တပ်ကပြည်တွင်းကို ယူချလာလို့ ကျနော်တို့က ဒီစစ်ရာဇဝတ် မှုတွေကို မြင်ဖူးတာ။R2P အကြောင်းပြန်ဆက်ရရင် R2P က ကိုဖီအာနန်က ၁၉၉၄ ခုနှစ် ရဝမ်ဒါလူသတ်ပွဲနဲ့ ၁၉၉၅ ယူဂိုဆလားဗီးယား က လူသတ်ပွဲတွေအတွင်း နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့အရေးယူရန်နှောင့်နှေးမှုကို ထောက်ပြပြီး R2P ဇာတ်လမ်းကိုစခဲ့တာပါ။R2P မတိုင်ခင် ၁၉၈၈ အရေးအခင်းတုန်းက ကျနော်တို့က Humanitarian Intervention ကိုမျှော်လင့်ခဲ့ကြတာပါ။

Humanitarian Intervention ကို Sovereignty (အချုပ်အခြာအာဏာ) ကိုထိပါးမှုနဲ့ ထောက်ပြပြီးလက်မခံဘူးတွေလုပ်လာတော့ R2P ကို အဆိုပြုလာကြတာပါ။နောက်ဆုံးပြောချင်တာကတော့ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က လူတွေအသေအပျောက်များပြီးကတည်းက ကမ္ဘာမှာမြန်မာနိုင်ငံကိစ္စကထပ်ပြီးရေချိန်မြင့်လာတယ်။စစ်အာဏာသိမ်းကောင်စီက ကုလသမဂ္ဂကဘာပြောပြော ရာဇဝတ်မှုတွေကို ဆက်လက်ကျူးလွန်နေအုန်းမှာပဲဆိုတဲ့ သရုပ်သကန်ကို ကမ္ဘာ့နိုင်ငံတွေကမြင်လာကြတယ်။GCR2P က မတ်လ ၁၅ ရက်နေ့မှာ Red Zone ထဲကိုထည့်လိုက်ပြီးတော့ ကျနော်အထက်မှာပြောထားတဲ့ အချက်တွေကိုအရင်တောင်းဆိုထားပါတယ်။ဒါဟာလက်ရှိမှာ GCR2P အနေနဲ့ R2P အတွက် သူတို့အကောင်းဆုံးလုပ်နိုင်တာလုပ်နေတာကိုတွေ့ရပါတယ်။

ယန်ဟီလီးရဲ့ SAC-M ကလည်း နိုင်ငံတကာကချက်ချင်းဝင်ရောက်စွက်ဖက်ဖို့ မတ်လ ၁၄ ရက်နေ့ကတောင်းဆိုခဲ့ပါတယ်။ ကျနော်တို့ ဘက်က ကိုယ့်ဟာကိုယ်ခုခံနိုင်ခွင့်နဲ့ အကြမ်းဖက်ခြင်းကိုမရောထွေးကြဖို့ သတိထားကြပါ။ဥပမာ – ရဲစခန်းကိုကျောက်ခဲနဲ့ သွားပစ်တာ မျိုး၊ ရဲစခန်းကိုမီးရှို့မယ်လုပ်တာမျိုးက မလုပ်သင့်တဲ့ကိစ္စပါ။ ဒါဟာ ခုခံကာကွယ်မှုမဟုတ်ပါဘူး။ဒါပေမယ့်ကိုယ့်ရပ်ကွက်ထဲကို ရဲကကျူး ကျော်ရန်စပြီး မြင်မြင်ရာလိုက်ပစ်နေရင် အားလုံးရရာလက်နက်စွဲကိုင်ပြီးဝိုင်းခုခံခြင်းဟာတရားဝင်ပါတယ်။ ဒါမျိုးကမဖြစ်မနေလုပ်ရမယ့် ကိစ္စပါ။ကမ္ဘာ့နိုင်ငံတွေအကြားမှာ မြန်မာပြည်မှာလူသေဆုံးမှုတွေများပြားလာခြင်းဟာ alarming state ကိုရောက်ရှိလာနေပါပြီ။ ဘယ် အချိန်ဘယ်လိုအရေးယူမှုတွေလုပ်မလဲက အတိအကျပြောလို့မရပါ။အခုအချိန်မှာကျနော်တို့အတွက် သူတို့စစ်ရေးအရအရေးယူခဲ့သော် ဆို တာကိုတွေးပြီးကြိုတင်ပြင်ဆင်သင့်ပါပြီ။

CRD:  Richard Myo Thant

Add a Comment

Your email address will not be published. Required fields are marked *