အချိန်တိုအတွင်း ကြည့်ရှု့သူ သိန်းချီများပြားခဲ့တဲ့ ဖူးပွင့်သခင် ရဲ့ အမိုက်စားဗီဒီယိုလေး



UNICODE

ဒီဗီဒီယိုလေးထဲမှာတော့ ဖူးပွင့်သခင် က သီချင်းလေးအတိုင်း ဆွဲဆောင်မှုရှိတဲ့ အမူအရာလေးတွေ နဲ့ အထာကျကျ ဆော့ကစားထား တာဖြစ်ပါတယ်။ ဒါ့အပြင် အနက်ရောင်ကိုယ်ကျပ်ဝတ်စုံလေးကလည်း သူမရဲ့ ပင်ကိုယ်အလှတရားတွေကို ပေါ်လွင်ပြီး ရင်ခုန်စရာ ကောင်းနေခဲ့ပါတယ်။ ကဲ…. ပရိသတ်တွေအတွက် မင်းသမီးချောလေး ဖူးပွင့်သခင် ရဲ့ အလန်းစား tik tok လေးကို ပြန်လည် ဖော်ပြပေး လိုက်ပါတယ်။မင်းသမီးချောလေး ဖူးပွင့်သခင်ကတော့ အောင်မြင်နေတဲ့ အနုပညာရှင်တွေ ထဲမှာ တစ်ယောက်အပါအဝင်ပဲ ဖြစ်ပါတယ် ။ ဖူးပွင့်သခင်က ဗီဒီယိုဇာတ်ကားတွေများစွာ ရိုက်ကူးပြီး ပရိသတ်တွေရဲ့ အချစ်တွေကို အပြည့်အဝရရှိခဲ့တာ ဖြစ်ပါတယ်။

လက်ရှိမှာလည်း သူမက အနုပညာအလုပ်တွေကို ဆက်တိုက်လုပ်ကိုင်နေပြီး သရုပ်ဆောင်ကောင်း တစ်ယောက်ဖြစ်အောင်လည်း ကြိုး စားနေတာ ဖြစ်ပါတယ်။ဖူးပွင့်သခင်က အရပ်အမောင်းလည်းကောင်းသလို ဆွဲဆောင်မှု ရှိတဲ့ ပင်ကိုယ် အလှတရားတွေကို ပိုင်ဆိုင် ထားပြီး ချစ်စရာကောင်းသူလေးပဲ ဖြစ်ပါတယ်။လတ်တလော ကိုဗစ်ကာလလေးမှာလည်း ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ် သွားအောင် အပျင်းအပြေ tik tok လေးတွေ ဆော့ကစားပြီး အမြဲဖော်ပြပေးပါတယ်။ ယခုမှာလည်း သူမရဲ့ ပရိသတ်တွေအတွက် ချစ်စရာ tik tok လေးကို တင်ပေးလာခဲ့ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *