မြူးမြူးကြွကြွ သီချင်းလေးနဲ့ ချစ်ချင်စရာကောင်းနေတဲ့ ခန့်ရဲ့VIDEO)




REF: TIKTOK MYANMAR

UNICODE

ချစ်စရာ အပြုံးချိုချိုလေးတွေ နဲ့ ပရိသတ်တွေရဲ့ အချစ်တွေကို အချိန်အတိုတွင်း ဖမ်းစားထားနိုင်သူကတော့ မင်းသမီးချောလေး ခန့် ပဲဖြစ် ပါတယ်။ ခန့် ဟာဆိုရင် လက်ရှိမှာ Photo Shooting တွေအပြင် ရုပ်သံဇာတ်တွေထဲမှာပါဝင်သရုပ်ဆောင်ကာ ပရိသတ်တွေရဲ့ အချစ်တွေ ကို ရရှိခဲ့တာပဲဖြစ်ပါတယ်။ သူမကတော့ စကားပြောရင်လည်း အေးဆေးတည်ငြိမ်စွာနဲ့ပြောဆိုတက်သလို သွယ်လျကျစ်လျစ်တဲ့ သေး သေးသွယ်သွယ်ခန္ဓာကိုယ်လေးနဲ့ လှရက်လွန်းသူလေးပဲဖြစ်ပါတယ်။

ခန့်ကတော့ ဝတ်စားဆင်ယဉ်မှုတွေမှာလည်း ခေတ်ပေါ်ဖက်ရှင်ဝတ်စုံလေးတွေ အပြင် ရိုးရှင်းအေးချမ်းတဲ့ မြန်မြန်ဆန်ဆန် ဖက်ရှင်ဝတ် စုံလေးတွေကို လိုက်ဖက်ညီညီ ဝတ်ဆင်တက်တာသူလေးပါ။ ဒါ့အပြင် မင်းသမီးချောလေး ခန့် လတ်တလောမှာ ဆိုရင် ပရိသတ်တွေနဲ့ ဝေးကွာမသွားအောင် မကြာခဏ အပျင်းပြေဆော့ကစားထားတဲ့ tik tok ဗီဒီယိုလေးတွေကို ဖော်ပြပေးလေ့ရှိပါတယ်။ ယခုတစ်ခါမှာ လည်း ခန့် ကတော့ လွမ်းနေတဲ့ ချစ်ပရိသတ်တွေအတွက် သူမရဲ့ tik tok ဗီဒီယိုလေးကို တင်ပေးလာခဲ့ပြန်ပါပြီနော်..။

ဒီ tik tok ဗီဒီယိုလေးတွေထဲမှာလည်း မင်းသမီးချောလေး ခန့် က ခေတ်စားနေတဲ့ သီချင်းလေးတွေ အတိုင်း ပရိသတ်တွေ အသည်းယားစ ရာကောင်းလောက်တဲ့ အမူရာလေးတွေနဲ့ ဆော့ကစားထားတာ ဖြစ်ပါတယ်။ ဒါ့အပြင် ဆွဲဆောင်မှုရှိတဲ့ ပင်ကိုယ်အလှတရားလေးတွေက ရင်ခုန်စရာကောင်းလောက်အောင် အထင်းသားလေး ပေါ်လွင်နေပြီး လှရက်လွန်းနေတာပဲနော်…။ ကဲ..ချစ်ပရိသတ်ကြီးရေ သီချင်းလေး တွေကို မြူးမြူးကြွကြွလေး ကပြကာ ကြည့်မိသူတိုင်း အချစ်ပိုသွားစေလောက်တဲ့ ခန့်ရဲ့ Tiktok လေးကို ကူးယူဖော်ပြပေးလိုက်ပါတယ်။

REF:  TIKTOK  MYANMAR

Add a Comment

Your email address will not be published. Required fields are marked *