အလန္းစား႐ိုက္ထားတဲ့ ဗီဒီယိုေလးကို ျပသလိုက္တဲ့ အမရာၿငိမ္း

ပရိသတ္ေတြကိုေန႔စဥ္လႈပ္ရွားမႈေတြမွ်ေဝေလ့ရွိတဲ့ အမရာၿငိမ္းကေတာ့ ဒီေန႔မွာက်က္သေရရွိရွိလွေနတဲ့ပုံရိပ္ေတြကိုမွ်ေဝလာပါတယ္။ အမရာၿငိမ္းကေတာ့ ပင္နီအက်ီၤ၊လုံခ်ည္နဲ႔အတူ အနီေရာင္ႏွင္းဆီတစ္ပြင့္ကိုပန္ၿပီးေတာ့ ႐ိုက္ကူးထားတဲ့ပုံရိပ္ေတြနဲ႔အတူ “ေခါင္းစဥ္မ ရွိပါ ဘယ္လိုမွမယွဥ္ၿပိဳင္ႏိုင္သူကို တုဖို႔စိတ္ကူးမရွိပါရွင္ ..ေလးစားခ်စ္ခင္ျမတ္ႏိုးစိတ္ နဲ႔ ႐ိုက္ကူးပါသည္”ဆိုၿပီးေတာ့ ေရးသားေဖာ္ျပ လာတာပါ။

သူ႔ရဲ႕ပုံရိပ္ေတြကိုေတာ့ လူေတာ္ေတာ္မ်ားမ်ားက သေဘာက်ေနၾကတာျဖစ္ၿပီး က်က္သေရရွိရွိလွေနတယ္ဆိုတဲ့ မွတ္ခ်က္မ်ားစြာလည္း ရရွိခဲ့ပါတယ္။ အမရာၿငိမ္းကေတာ့ မာန္အျပည့္ပါတဲ့အၿပဳံးေတြနဲ႔အတူ လိုက္ဖက္တဲ့ဝတ္စုံအျပင္အဆင္ေတြေၾကာင့္ ပရိသတ္ေတြ ၾကားရပန္းစားခဲ့ျပန္ပါတယ္။

အမရာၿငိမ္းကိုေတာ့ ျမန္မာႏိုင္ငံကိုယ္စားျပဳ Miss International Myanmar တစ္ေယာက္အေနနဲ႔ပရိသတ္ေတြသိၾကမွာပါ။ ပြင့္ပြင့္ လင္းလင္းေျပာဆိုေလ့ရွိသလို ထက္ျမက္တဲ့သူတစ္ေယာက္ျဖစ္တာေၾကာင့္လည္း ပရိသတ္ေတြက ခ်စ္ခင္အားေပးၾကတာပါ။ လက္ ရွိမွာလည္း အလွအပနဲ႔ပတ္သက္တဲ့အေၾကာင္းအရာေတြကို မွ်ေဝေပးေနသူ တစ္ေယာက္ပါ။

Source : Aye Nyein Swe

UNICODE

ပရိသတ်တွေကိုနေ့စဉ်လှုပ်ရှားမှုတွေမျှဝေလေ့ရှိတဲ့ အမရာငြိမ်းကတော့ ဒီနေ့မှာကျက်သရေရှိရှိလှနေတဲ့ပုံရိပ်တွေကိုမျှဝေလာပါတယ်။ အမရာငြိမ်းကတော့ ပင်နီအကျီၤ၊လုံချည်နဲ့အတူ အနီရောင်နှင်းဆီတစ်ပွင့်ကိုပန်ပြီးတော့ ရိုက်ကူးထားတဲ့ပုံရိပ်တွေနဲ့အတူ “ခေါင်းစဉ်မ ရှိပါ ဘယ်လိုမှမယှဉ်ပြိုင်နိုင်သူကို တုဖို့စိတ်ကူးမရှိပါရှင် ..လေးစားချစ်ခင်မြတ်နိုးစိတ် နဲ့ ရိုက်ကူးပါသည်”ဆိုပြီးတော့ ရေးသားဖော်ပြ လာတာပါ။

သူ့ရဲ့ပုံရိပ်တွေကိုတော့ လူတော်တော်များများက သဘောကျနေကြတာဖြစ်ပြီး ကျက်သရေရှိရှိလှနေတယ်ဆိုတဲ့ မှတ်ချက်များစွာလည်း ရရှိခဲ့ပါတယ်။ အမရာငြိမ်းကတော့ မာန်အပြည့်ပါတဲ့အပြုံးတွေနဲ့အတူ လိုက်ဖက်တဲ့ဝတ်စုံအပြင်အဆင်တွေကြောင့် ပရိသတ်တွေ ကြားရပန်းစားခဲ့ပြန်ပါတယ်။

အမရာငြိမ်းကိုတော့ မြန်မာနိုင်ငံကိုယ်စားပြု Miss International Myanmar တစ်ယောက်အနေနဲ့ပရိသတ်တွေသိကြမှာပါ။ ပွင့်ပွင့် လင်းလင်းပြောဆိုလေ့ရှိသလို ထက်မြက်တဲ့သူတစ်ယောက်ဖြစ်တာကြောင့်လည်း ပရိသတ်တွေက ချစ်ခင်အားပေးကြတာပါ။ လက် ရှိမှာလည်း အလှအပနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကို မျှဝေပေးနေသူ တစ်ယောက်ပါ။

Source : Aye Nyein Swe

Add a Comment

Your email address will not be published. Required fields are marked *