ပင်ကိုယ်အလှတရားတွေနဲ့ ချစ်ဖို့ကောင်းလွန်းနေတဲ့ ရွှေကစ်ရဲ့ အလန်းစားဗီဒီယို
REF: SHWE YOE
UNICODE
ရွှေကစ်လေးကတော့ အခုနောက်ပိုင်းမှာဆိုရင် Tik Tokလေးတွေလည်း ကစားလာတာဖြစ်ပါတယ်။သူမရဲ့Tik Tok လေးတွေက ရိုးရိုး လေးနဲ့ အရမ်းချစ်စရာကောင်းလွန်းလို့ မိနစ်ပိုင်းအတွင်းမှာတင် ကြည့်ရှု့သူတွေများပြားသွားတာဖြစ်ပါတယ်။အခုဆိုရင်လည်း ချစ်စရာ ကောင်းတဲ့အမူအရာလေးတွေနဲ့ အလှတွေပြင်နေတာလေးကို Tik Tokလေးကစားထားတာဖြစ်လို့ ပရိသတ်ကြီးအတွက် ပြန်လည်မျှ ဝေပေးလိုက်ပါတယ်နော်။
အကယ်ဒမီမင်းသမီးချောလေးဝတ်မှုံရွှေရည်ကတော့ တစ်နေ့တခြား လူချစ်လူခင်ပိုပြီးပေါများလာလို့ ပရိသတ်တွေလည်း ပိုတိုးလာတာ ဖြစ်ပါတယ်။ဝတ်မှုံရွှေရည်က အနုပညာအလုပ်တွေကို တစိုက်မက်မက်လုပ်ဆောင်နေပြီး အခုနောက်ပိုင်းမှာဆိုရင် ပြည်ပအထိပါ အောင် မြင်ကျော်ကြားနေတာဖြစ်ပါတယ်နော်။ဝတ်မှုံရွှေရည်ကို အားပေးချစ်ခင်ကြတဲ့ ပရိသတ်တွေကလည်း သူမရဲ့လှုပ်ရှားမှုတိုင်းကို စောင့် ကြည့်နေကြတာဖြစ်ပါတယ်။
ဝတ်မှုံရွှေရည်က အသက်(၃၀)ကျော်အရွယ်ဖြစ်ပေမယ့် ဆယ်ကျော်သက်အရွယ်လေးလို အမြဲတမ်းနုငယ်ပျိုမျစ်နေတာ ဖြစ်ပါတယ်။ သူမရဲ့အလှအပတွေဟာဆိုရင်လည်း ခေါင်းအစခြေအဆုံးကို အပြစ်ပြောစရာမရှိဘဲ ပြည့်စုံနေတာ ဖြစ်ပါတယ်နော်။ ဝတ်မှုံရွှေရည်က တော့ သူမရဲ့အသားအရေကိုလည်း ဂရုတစိုက်နဲ့ထိန်းသိမ်းလို့ ထိရက်စရာမရှိလောက်အောင် နုဖတ်နေတာဖြစ်ပါတယ်။
REF: SHWE YOE