မိမိုက်လွန်းနေတဲ့ ခင်သဇင်၏ အလန်းစားပုံရိပ်များ
UNICODE
လွမ်းနေတဲ့ ပရိသတ်တွေအတွက် အလှပုံရိပ်လေးတွေကို တင်ပေးလေ့ ရှိနေတဲ့ ခင်သဇင်က ယနေ့မှာလည်း သူမရဲ့ ဖေ့ဘွတ်စာမျက်နှာ ထက်မှာ ဂျင်းဘောင်းဘီအတိုလေးကို ဝတ်ဆင်ကာ အပြုံးချိုချိုလေးတွေနဲ့ ပိုစ့်ပေးဓါတ်ဖမ်းနေတဲ့ ပုံလေးတွေကို တင်ပေးလာတာပဲ ဖြစ် ပါတယ်။ ပုံလေးတွေတိုင်းက သဘာဝဆန်ပြီး ဆွဲဆောင်မှုရှိရှိ လှနေတာဖြစ်လို့ ချစ် ပရိသတ်တွေ ကြည့်ရှုစေနိုင်ရန်အတွက် ပြန်လည် တင်ဆက်ပေးလိုက်ပါတယ်နော်….. ။
ပရိသတ်ကြီးရေ လေယာဉ်မယ် အလုပ်ကနေ ထွက်ပြီး အနုပညာလမ်းကြောင်းပေါ်မှာ လျှောက်လှမ်းလာခဲ့တဲ့ သူလေးကတော့ သရုပ် ဆောင် မင်းသမီးချော ခင်သဇင်ပဲ ဖြစ်ပါတယ်။ သူမက ရုပ်ရှင်ဇာတ်ကားကြီးတွေမှာ ပါဝင်သရုပ်ဆောင်နေပြီး ပီပြင်တဲ့ သရုပ်ဆောင်မှု တွေနဲ့ ပြောင်မြောက်လှတဲ့ အနုပညာအရည်အချင်းတွေကြောင့် ပရိသတ် အားပေးလက်ခံမှုကို ထိုက်တန်စွာ ရရှိထားတာလည်း ဖြစ်ပါ တယ်…..။ခင်သဇင်က အနုပညာလှုပ်ရှားမှုအပြင် ပရဟိတတွေမှာလည်း စိတ်အားထက်သန်စွာ ကူညီလုပ်ကိုင်ပေးတက်တဲ့သူပါ။
အဲလိုကူညီသူလေးဖြစ်လို့ ပရိသတ်တွေက ချစ်စနိုးနဲ့ ပရဟိတ မင်းသမီးလေးလို့ ချီးကျူးပြောဆိုနေကြတာပါနော်။ သူမက ယခုလက် ရှိမှာတော့ Photo shooting တွေနဲ့ ကြော်ငြာတွေကို ပါဝင် ရိုက်ကူးနေပြီး MRTV -4မှာ ပြသနေတဲ့ ဇာတ်လမ်းတွဲလေးထဲ မှာလည်း ပါဝင် သရုပ်ဆောင်နေတာကို တွေ့ရပါတယ်။
Source & Photo credit – Khin Thazin’s FB account