






UNICODE

အချိန်တွေဘယ်လို ပြောင်းပစေ သူမ ဘဝအတွက် အမြဲအ မှတ်ရနေ မယ့် အမှတ်တရ ဗီဒီယိုဖိုင်လေး တင်လာ ခဲ့ တဲ့ မင်းသမီးလေး မိုးဟေကို

သူမရဲ့ အနုပညာ လှုပ်ရှားမှု ပုံရိပ်လေးတွေကို သာ တင်လေ့ရှိသူ မိုးဟေကို က ဒီနေ့ ဧပြီလ (၂၆)ရက်နေ့မှာတော့ သူမဘဝ အမှတ်တရ နေတော့မယ့် အမှတ်တရ ဗီဒီယိုဖိုင်လေးတစ်ခု ကို “အချိန်တွေ ဘယ်လောက်ပဲကြာသွား ပေမယ့် ကျွန်မချစ်သော.. ဖန်တီးမှုလေးက မိုး ဘဝမှာဘယ်တော့မှမေ့မရတဲ့ အမှတ်တရတွေထဲက အမှတ်တရ တစ်ခု….။

ဖြစ်ချင်တဲ့ ဆန္ဒတစ်ခုကို အကောင်းဆုံး စိတ်ရှည်သည်းခံပြီး ဖန်တီး ပေးခဲ့တဲ့ Life Photography မှ ကိုလင်းထွန်း ကိုကင်း ကိုဆုရာ နဲ့ ကိုသုံးပေါင် ပါဝင်ပေးခဲ့တဲ့ တစ်ယောက်ချင်းဆီ ကိုလည်း အမြဲ အမှတ်တရ ကျေးဇူးတင်လျက်…. ။ ကျွန်မချစ်သော…. ပရိတ်သတ်တွေ အတွက် ပြန်လည် မျှဝေပေး လိုက်ပါတယ်…” ဆိုပြီး သူမရဲ့ လူမှုကွန်ရက် စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်..။

မြန်မာပြည်အနှံ့ လှပလွန်းတဲ့ ရှုခင်တွေနဲ့ ရိုက်ကူးထားတဲ့ “ကျွန်မချစ်သော” MTV လေးကို သူမဘဝအတွက် အမှတ်တရလေးအဖြစ် ကျန်နေခဲ့မယ့် အမှတ်တရဗီဒီယိုလေအနေနဲ့ သူမချစ်တဲ့ ပရိသတ်တွေအတွက်ပါ ချပြလာခဲ့တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီး.။ Cele Connections ပရိသတ်ကြီးအတွက်လည်း မိုးဟေကိုရဲ့ အမှတ်တရတွေ ပါဝင်နေတဲ့ ဗီဒီယိုဖိုင်လေးကို မျှဝေပေးလိုက်ပါတယ်နော်..။

မ ဟာဆန်စွာ လှပတဲ့နာမည်ကြီး မင်းသမီးတစ်လက်ဖြစ်တဲ့ မိုးဟေကိုကိုတော့ Cele Connections ပရိသတ်ကြီးလည်း ချစ်ခင်ရင်းနှီးပြီး သားဖြစ်မယ် ထင်ပါတယ်နော်.။ မိုးဟေကိုက မော်ဒယ်တစ်ယောက်အနေနဲ့ အနုပညာအလုပ်တွေကို စတင်လုပ်ကိုင်ခဲ့ပြီး အများချစ်ခင်မှု တွေကို ရရှိကာ အောင်မြင်တဲ့ မင်းသမီးတစ်လက်ပဲဖြစ်ပါတယ်.။

မိုးဟေကိုက လက်ရှိမှာ ကိုယ်တိုင် သရုပ်ဆောင်မှုတွေကို သိပ်မလုပ်ဖြစ်တော့ဘဲ “မိုး” ရုပ်ရှင်ထုတ်လုပ်ရေးကို ဦးစီးလုပ်ဆောင် နေတာဖြစ်ကြောင်း ဖော်ပြပေးလိုက်ပါတယ်..။

Source:Moe Hay Ko’s Facebook Crd:Sakura(Cele Connections)

Add a Comment

Your email address will not be published. Required fields are marked *