ထိုင္းႏိုင္ငံတြင္ ကိုဗစ္-၁၉ကူးစက္မႈမ်ား ရပ္တန႔္ေစရန္ အေရးေပၚအေျခအေန ေၾကျငာခ်က္ကို သက္တမ္း (၁) လတိုး

ထိုင္းႏိုင္ငံအတြင္း ကို႐ိုနာဗိုင္းရပ္စ္ကူးစက္မႈမ်ား ကာကြယ္ရန္ ခ႐ိုင္ေတြ အခ်င္းခ်င္း အၾကား ခရီးသြားခြင့္ နဲ႔ လူထုလႈပ္ရွားမႈ ႀကီးေတြကို တားျမစ္ပိတ္ပင္ခ်က္ ဆက္ထားဖို႔၊ အိမ္ကေန အလုပ္လုပ္တဲ့ မူဝါဒကို သက္တမ္းတိုးဖို႔နဲ႔ ေမလအတြင္း အမ်ားျပည္သူ အားလပ္ရက္ ၄ ရက္ ကို ဆိုင္းငံ့ထားဖို႔လည္း အစိုးရ လက္ေအာက္ခံ COVID-19 စီမံခန႔္ခြဲေရးစင္တာ CCSA က ေထာက္ခံခ်က္ ေပးထားပါတယ္။

ကိုဗစ္-၁၉နဲ႔ပတ္သက္ၿပီး လုပ္ေဆာင္ခ်က္အသစ္ ေတြကို ဧၿပီ ၂၈ ရက္မွာ အစိုးရအဖြဲ႕ အတည္ျပဳခ်က္ ရဖို႔ တင္ျပမွာပါ။ ေရာဂါကူးစက္ခံ အေရအတြက္ တိုးတက္မႈအေပၚ မူတည္ၿပီး စီးပြားေရးနဲ႔ လူထုလႈပ္ရွားမႈေတြအတြက္ ကန႔္သတ္ခ်က္တခ်ိဳ႕ ေျဖေလွ်ာ့ေရးကို အစိုးရအဖြဲ႕က ေဆြးေႏြးမယ္လို႔ CCSAရဲ႕ ေျပာခြင့္ရက ေျပာပါတယ္။

အရပ္ဘက္ ေလေၾကာင္းအာဏာပိုင္အဖြဲ႕ကလည္း ဧၿပီ ၄ ရက္က စခဲ့တဲ့ ထိုင္းႏိုင္ငံထဲကို လာမယ့္ ႏိုင္ငံတကာ ခရီးသည္တင္ ေလေၾကာင္း ခရီးစဥ္ အားလုံးကို တားျမစ္ပိတ္ပင္ခ်က္ကို ေမ ၃၁ ရက္ထိ သက္တမ္းတိုးထားပါတယ္။ထိုင္းအစိုးရဟာ COVID-19 ေရာဂါကူးစက္မႈ အ ေရးေပၚအေျခအေန သတ္မွတ္ခ်က္ကို ေမလကုန္ထိ သက္တမ္းတိုးလိုက္ပါတယ္။

ဒါေပမဲ့ ကူးစက္ခံရသူ အေရအတြက္ ေလ်ာ့သြားလို႔ စီးပြားေရးနဲ႔ လူထုလႈပ္ရွားမႈ ကန႔္သတ္ခ်က္တခ်ိဳ႕ကို ေျဖေလွ်ာ့ေပးဖို႔ စဥ္းစားမယ္လို႔ လည္း အစိုးရအဖြဲ႕ ေျပာခြင့္ရက ေျပာပါတယ္။ကူးစက္မႈ ဒုတိယလႈိင္း ျဖစ္ႏိုင္ေျခကို စိုးရိမ္လို႔ သက္တမ္းတိုးတာ ျဖစ္ၿပီး အေရးေပၚ အေျခ အေနကို သက္တမ္းတိုးသလို ျပည္လုံးကြၽတ္ ညမထြက္ရ အမိန႔္ကိုလည္း ေနာက္ထပ္တလ သက္တမ္းတိုးလိုက္ပါတယ္။

REF: DVB

UNICODE

ထိုင်းနိုင်ငံတွင် ကိုဗစ်-၁၉ကူးစက်မှုများ ရပ်တန့်စေရန် အရေးပေါ်အခြေအနေ ကြေငြာချက်ကို သက်တမ်း (၁) လတိုး

ထိုင်းနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုများ ကာကွယ်ရန် ခရိုင်တွေ အချင်းချင်း အကြား ခရီးသွားခွင့် နဲ့ လူထုလှုပ်ရှားမှု ကြီးတွေကို တားမြစ်ပိတ်ပင်ချက် ဆက်ထားဖို့၊ အိမ်ကနေ အလုပ်လုပ်တဲ့ မူဝါဒကို သက်တမ်းတိုးဖို့နဲ့ မေလအတွင်း အများပြည်သူ အားလပ်ရက် ၄ ရက် ကို ဆိုင်းငံ့ထားဖို့လည်း အစိုးရ လက်အောက်ခံ COVID-19  စီမံခန့်ခွဲရေးစင်တာ CCSA က ထောက်ခံချက် ပေးထားပါတယ်။

ကိုဗစ်-၁၉နဲ့ပတ်သက်ပြီး လုပ်ဆောင်ချက်အသစ် တွေကို ဧပြီ ၂၈ ရက်မှာ အစိုးရအဖွဲ့ အတည်ပြုချက် ရဖို့ တင်ပြမှာပါ။ ရောဂါကူးစက်ခံ အရေအတွက် တိုးတက်မှုအပေါ် မူတည်ပြီး စီးပွားရေးနဲ့ လူထုလှုပ်ရှားမှုတွေအတွက် ကန့်သတ်ချက်တချို့ ဖြေလျှော့ရေးကို အစိုးရအဖွဲ့က ဆွေးနွေးမယ်လို့ CCSAရဲ့ ပြောခွင့်ရက ပြောပါတယ်။

အရပ်ဘက် လေကြောင်းအာဏာပိုင်အဖွဲ့ကလည်း ဧပြီ ၄ ရက်က စခဲ့တဲ့ ထိုင်းနိုင်ငံထဲကို လာမယ့် နိုင်ငံတကာ ခရီးသည်တင် လေကြောင်း ခရီးစဉ် အားလုံးကို တားမြစ်ပိတ်ပင်ချက်ကို မေ ၃၁ ရက်ထိ သက်တမ်းတိုးထားပါတယ်။ထိုင်းအစိုးရဟာ COVID-19 ရောဂါကူးစက်မှု အ ရေးပေါ်အခြေအနေ သတ်မှတ်ချက်ကို မေလကုန်ထိ သက်တမ်းတိုးလိုက်ပါတယ်။

ဒါပေမဲ့ ကူးစက်ခံရသူ အရေအတွက် လျော့သွားလို့ စီးပွားရေးနဲ့ လူထုလှုပ်ရှားမှု ကန့်သတ်ချက်တချို့ကို ဖြေလျှော့ပေးဖို့ စဉ်းစားမယ်လို့ လည်း အစိုးရအဖွဲ့ ပြောခွင့်ရက ပြောပါတယ်။ကူးစက်မှု ဒုတိယလှိုင်း ဖြစ်နိုင်ခြေကို စိုးရိမ်လို့ သက်တမ်းတိုးတာ ဖြစ်ပြီး အရေးပေါ် အခြေ အနေကို သက်တမ်းတိုးသလို ပြည်လုံးကျွတ် ညမထွက်ရ အမိန့်ကိုလည်း နောက်ထပ်တလ သက်တမ်းတိုးလိုက်ပါတယ်။

REF:    DVB

Add a Comment

Your email address will not be published. Required fields are marked *