ျမန္မာျပည္သူေတြအေပၚ ရက္ရက္ေရာေရာ လႉတတ္ တဲ့ သူေဌးႀကီး ဦးေဇာ္ေဇာ္ ရဲ႕ ဝမ္းေျမာက္ ဖြယ္ရာ ထပ္မံ လႉဒါန္းမႈမ်ား

ဧရာဝတီ ေဖာင္ေဒးရွင္းမွ ဦးေဇာ္ေဇာ္က COVID-19 ကူးစက္ ခံထားရသူ မ်ားကို အင္တိုက္အားတိုက္ ေစာင့္ေရွာက္ ကုသေပးလ်က္ ရွိ ေသာ ေတာင္ဥကၠလာပ ေဆး႐ုံႀကီးမွ က်န္းမာေရး ဝန္ထမ္းမ်ား အတြက္ ေငြက်ပ္ သိန္း(၁၀၀)၊ ျပည့္စုံ မႈ မရွိသည့္ ၾကားမွ ကိုယ္က်ိဳးစြန႔္ အနစ္နာခံကာ COVID-19 ကူးစက္ ခံထားရသူမ်ားကို ေစာင့္ေရွာက္ ကုသ ေပးလ်က္ရွိေသာ ကေလးၿမိဳ႕ တိုင္းရင္း ေဆး႐ုံႀကီးႏွင့္ တီးတိန္ ျပည္သူ႔ေဆး႐ုံတို႔မွ ဆရာဝန္၊ ဆရာမမ်ားအတြက္ ေငြက်ပ္ သိန္း(၁၀၀)ကို လႉဒါန္းခဲ့ ပါတယ္။

ဒါ့အျပင္ COVID-19 ေၾကာင့္ ဆုံးပါး ခဲ့ရေသာ ေပါက္ေခါင္း ၿမိဳ႕နယ္ ဒုအုပ္ခ်ဳပ္ေရးမႉး ဦးေနာ္ထြယ္ ၏ မိသားစု အတြက္ စာနာပံ့ပိုးေငြ သိန္း(၅၀)၊ စုစုေပါင္း က်ပ္သိန္း(၅၀၀) ကို ေပးအပ္ ခ်ီးျမႇင့္ခဲ့ပါသည္။ ယခု သတင္း ကို ( U Zaw Zaw ) စာမ်က္ႏွာ မွ တစ္ဆင့္ ျပန္လည္ မွ်ေဝ တင္ဆက္ျခင္း ျဖစ္ပါသည္

COVID-19 စတင္ ခ်ိန္ မွ စ၍ ကာ ကြယ္ေရးႏွင့္ ကုသေရး လုပ္ငန္းမ်ားအတြက္ ကိုယ္က်ိဳးစြန႔္ အနစ္နာခံကာ တာဝန္ ထမ္းေဆာင္လ်က္ ရွိၾက ေသာ ရန္ကုန္ တိုင္းက်န္းမာေရး ဦးစီး ဌာနမွ ဝန္ထမ္းမ်ား၊ ဓာတ္ခြဲနမူနာ (Swap Test) ရယူ ေပးေသာ ဓာတ္ခြဲမႉး (Laboratory Technician) မ်ား အတြက္ ေငြက်ပ္ သိန္း(၁၀၀)ႏွင့္ ဓာတ္ခြဲ စစ္ေဆးမႈမ်ားကို ေန႔ညမေ႐ြး အပင္ပန္း ခံကာ စစ္ေဆးေပး လ်က္ရွိေသာ အမ်ိဳးသား က်န္းမာေရး ဓာတ္ခြဲမႈ ဆိုင္ရာဌာန (NHL) မွ ဝန္ထမ္းမ်ား အတြက္ ေငြက်ပ္ သိန္း(၁၀၀) လႉဒါန္းခဲ့ ပါတယ္။

ထို႔အျပင္ ေဝဘာဂီအထူးကု ေဆး႐ုံႀကီးတြင္ ေဆးကုသမႈ ခံယူေနရေသာ COVID-19 ကူးစက္ခံ ထားရသည့္ က်န္းမာေရး ဝန္ထမ္း မ်ားကို ေစာင့္ေရွာက္ ကုသရာတြင္ အသုံးျပဳႏိုင္ရန္ အတြက္ ေငြက်ပ္ သိန္း(၅၀) တို႔ကို ဧရာဝတီ ေဖာင္ေဒးရွင္းမွ ဂုဏ္ယူေလးစား ေက်းဇူးတင္စြာ ျဖင့္ ေပးအပ္ ခ်ီးျမႇင့္ခဲ့ေၾကာင္း သိရပါသည္။

REF: SHWE WIKI

UNICODE

မြန်မာပြည်သူတွေအပေါ် ရက်ရက်ရောရော လှူတတ် တဲ့ သူဌေးကြီး ဦးဇော်ဇော် ရဲ့ ဝမ်းမြောက် ဖွယ်ရာ ထပ်မံ လှူဒါန်းမှုများ

ဧရာဝတီ ဖောင်ဒေးရှင်းမှ ဦးဇော်ဇော်က COVID-19 ကူးစက် ခံထားရသူ များကို အင်တိုက်အားတိုက် စောင့်ရှောက် ကုသပေးလျက် ရှိ သော တောင်ဥက္ကလာပ ဆေးရုံကြီးမှ ကျန်းမာရေး ဝန်ထမ်းများ အတွက် ငွေကျပ် သိန်း(၁၀၀)၊ ပြည့်စုံ မှု မရှိသည့် ကြားမှ ကိုယ်ကျိုးစွန့် အနစ်နာခံကာ COVID-19 ကူးစက် ခံထားရသူများကို စောင့်ရှောက် ကုသ ပေးလျက်ရှိသော ကလေးမြို့ တိုင်းရင်း ဆေးရုံကြီးနှင့် တီးတိန် ပြည်သူ့ဆေးရုံတို့မှ ဆရာဝန်၊ ဆရာမများအတွက် ငွေကျပ် သိန်း(၁၀၀)ကို လှူဒါန်းခဲ့ ပါတယ်။

ဒါ့အပြင် COVID-19 ကြောင့် ဆုံးပါး ခဲ့ရသော ပေါက်ခေါင်း မြို့နယ် ဒုအုပ်ချုပ်ရေးမှူး ဦးနော်ထွယ် ၏ မိသားစု အတွက် စာနာပံ့ပိုးငွေ သိန်း(၅၀)၊ စုစုပေါင်း ကျပ်သိန်း(၅၀၀) ကို ပေးအပ် ချီးမြှင့်ခဲ့ပါသည်။ ယခု သတင်း ကို ( U Zaw Zaw ) စာမျက်နှာ မှ တစ်ဆင့် ပြန်လည် မျှဝေ တင်ဆက်ခြင်း ဖြစ်ပါသည်

COVID-19 စတင် ချိန် မှ စ၍ ကာ ကွယ်ရေးနှင့် ကုသရေး လုပ်ငန်းများအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံကာ တာဝန် ထမ်းဆောင်လျက် ရှိကြ သော ရန်ကုန် တိုင်းကျန်းမာရေး ဦးစီး ဌာနမှ ဝန်ထမ်းများ၊ ဓာတ်ခွဲနမူနာ (Swap Test) ရယူ ပေးသော ဓာတ်ခွဲမှူး (Laboratory Technician) များ အတွက် ငွေကျပ် သိန်း(၁၀၀)နှင့် ဓာတ်ခွဲ စစ်ဆေးမှုများကို နေ့ညမရွေး အပင်ပန်း ခံကာ စစ်ဆေးပေး လျက်ရှိသော အမျိုးသား ကျန်းမာရေး ဓာတ်ခွဲမှု ဆိုင်ရာဌာန (NHL) မှ ဝန်ထမ်းများ အတွက် ငွေကျပ် သိန်း(၁၀၀) လှူဒါန်းခဲ့ ပါတယ်။

ထို့အပြင် ဝေဘာဂီအထူးကု ဆေးရုံကြီးတွင် ဆေးကုသမှု ခံယူနေရသော COVID-19 ကူးစက်ခံ ထားရသည့် ကျန်းမာရေး ဝန်ထမ်း များကို စောင့်ရှောက် ကုသရာတွင် အသုံးပြုနိုင်ရန် အတွက် ငွေကျပ် သိန်း(၅၀) တို့ကို ဧရာဝတီ ဖောင်ဒေးရှင်းမှ ဂုဏ်ယူလေးစား ကျေးဇူးတင်စွာ ဖြင့် ပေးအပ် ချီးမြှင့်ခဲ့ကြောင်း သိရပါသည်။

REF:    SHWE  WIKI

Add a Comment

Your email address will not be published. Required fields are marked *