











ref:天 下 第

UNICODE

တရုတ်နိုင်ငံရှိ ပြည်နယ်တစ်ချို့တွင် ရောဂါလက္ခဏမပြသည့် ကိုရိုနာဗိုင်းရပ်စ် ထပ်မံကူး စက်မှုများ ဖြစ်ပေါ်လျက်ရှိ၍ စိုးရိမ်နေကြ

COVIC-19 Virus ဟာ ဆင့်ကဲပြောင်းလဲမှုများ ဖြစ်ပေါ်လျက်ရှိပြီး HIV ဆန်ဆန် ခုခံအားကို ကျဆင်းစေပြီး လေထဲမှပင် ကူးစက်တတ် သောကြောင့် HIV ဆန်သော ကိုရိုနာဟု ခေါ်ဆိုနေကြသည်။ လက်ရှိအချိန်တွင် ကပ်ရောဂါဆိုးကြီး ကိုရိုနာဗိုင်းရပ်စ်သည် ကမ္ဘာ့အနှံ့အ ပြားတွင် ပျံ့နှံ့လျက်ရှိပြီး ပြည်ပနိုင်ငံများ၌ အခြေအနေ ပိုမိုဆိုးရွားလျက်ရှိကြောင်း သိရသည်။

ယခုအခါ တရုတ်နိုင်ငံအတွင်းရှိ ကွမ်တုံးပြည်နယ်၊ ဟေးလုံကျန်းပြည်နယ် အစရှိသည့် ပြည်နယ်များတွင် ကိုရိုနာဗိုင်းရပ်စ် ရောဂါလက္ခ ဏာမပြပဲ လူအများသို့ ဆင့်ကာ ဆင့်ကာ ကူးစက်ပျံ့နှံ့မှုများ ထပ်မံဖြစ်ပွားလျက်ရှိပါသည်။ ဟေးလုံကျန်းပြည်နယ်တွင် ယခုရက်ပိုင်း အတွင်း ကုတင် ၆၀၀ ဆန့် ယာယီဆေးရုံတစ်ခုကို ၂ ရက်အတွင်း တည်ဆောက်ခဲ့သည် ဆို၏။

အခြားသော အများပိုင်နေရာများကိုလည်း ယာယီဆေးရုံ၊ Quarantine ရန်အတွက် နေရာများ သတ်မှတ်ပြီး ပြန်လည်လုပ်ဆောင်ခဲ့ ရသည်။ ဟိုင်နန်ပြည်နယ်ရှိ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါ ကြိုတင်ကာကွယ်ရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းဌာနချုပ်မှ ကူးစက်ရောဂါ တားဆီးရေးနှင့်ပတ်သက်ပြီးအောက်ပါအတိုင်းထုတ်ပြန်ကြေညာခဲ့သည်။

Suifenhe City, Heilongjiang Province

Manzhouli City, Inner Mongolia Autonomous Region

Jieyang City, Guangdong Province

Yuexiu District, Guangzhou City

Baiyun District, Guangzhou City

Bao’an District, Shenzhen City

အထက်ပါ နေရာဒေသ ၆ခုကို လက်ရှိကပ်ရောဂါကူးစက်မှုအခြေအနေမြင့်မားသော (Danger Zone) အဖြစ်သတ်မှတ်လိုက်ပါသည်။

အထက်ပါ နေရာဒေသများတွင် ၁၄ ရက်အတွင်း နေထိုင်ခဲ့သူ မည်သူမဆို ဟိုင်နန်ပြည်နယ်သို့ ပြောင်းရွှေ့လာခဲ့သည်ရှိသော် Nucleic Acid Test (NAT) ကို မဖြစ်မနေစစ်ဆေးမှုခံယူပြီး Negative Sign ထွက်မှသာ ဟိုင်နန်ပြည်နယ်အတွင်းသို့ ဝင်ခွင့်ပြုမည်ဟု ထုတ်ပြန်ကြေညာထားပါသည်။

ref:天 下 第

Add a Comment

Your email address will not be published. Required fields are marked *