COVID-19ဗိုင္းရပ္စ္ ျပည္တြင္း ကူးစက္မႈ လုံးဝ မရွိေတာ့တဲ့ တ႐ုတ္ႏိုင္ငံ ႏွင့္ ကမာၻတဝန္း ေနာက္ဆုံး အေျခအေန

Covid ကာလမွာ ကမာၻအႏွံ႔ရွိအက်ဥ္းေထာင္ေတြမွာ အထိဂ႐ုဏ္းေတြ ဆူပူမႈေတြျဖစ္ေနတာ၊ အက်ဥ္းေထာင္ေတြ ထဲအထိ ကူးစက္ျပန႔္ႏွံ႔ မႈေနတာေတြရွိေနတာမို႔ အစိုးရေတြကို အက်ပ္အတည္းျဖစ္ေစခဲ့ပါတယ္။ ယေန႔ တကမာၻလုံး ေရာဂါပိုးေတြ႕သူ 3643237 ေယာက္၊ ေသသူ 252240 ေယာက္။ ျပန္ေကာင္းသူ 1194468 ေယာက္။ အခုထိစစ္တမ္းအရ လူ ၁၀၀ ျဖစ္ရင္ 2% က အသည္းအသန္ျဖစ္ပါတယ္။

16% မွ က်လာတာပါ။ ပိတ္လိုက္တဲ့ case 1446708 မွာ 1194468 ျပန္ေကာင္းၿပီး 252240 ေယာက္ေသဆုံးခဲ့တာေၾကာင့္ ေသႏႈန္းက 17% ျဖစ္သြား ပါတယ္။ ျမန္မာႏိုင္ငံမွာ ယေန႔ အထိ COVID-19 ေတြ႕သူ (161) ေယာက္ ရွိၿပီး ေသဆုံးသူ 6 ေယာက္ ရွိပါၿပီ။ကမာၻမွာ ပိုး ေတြ႕သူ 3.6 သန္းေက်ာ္ ရွိ သြားပါၿပီ။အာစီယံေဒသအတြင္း အေျခအေန…စင္ကာပူမွာ မေန႔က ေရာဂါရွိသူ အသစ္ 573 ေယာက္ ေတြ႕ခဲ့ ပါတယ္။ စုစုေပါင္း 18778 ေယာက္ ရွိပါၿပီ။

Aon ကေကာက္ယူခဲ့တဲ့ စစ္တမ္းအရ စင္ကာပူမွာ ရွိတဲ့ လုပ္ငန္းေတြရဲ႕ 20% ဟာ အလုပ္သမားလစာကို ေလ်ာ့ခ်ခဲ့ပါတယ္။ အစိုးရရဲ႕ စာ ရင္းအရ 2020 ခုႏွစ္ ပထမ 3 လပတ္ထဲမွာ အလုပ္ ခန႔္မႈ 20000 ခန႔္ ေလ်ာ့က် ခဲ့ပါတယ္။ ဒုတိယ 3 လပတ္အတြင္းမွာ အလုပ္ခန႔္အပ္မႈ ပိုမိုေလ်ာ့က်မယ္လို႔ ကြၽမ္းက်င္သူေတြက မွန္းထားၾကပါတယ္။ Covid-19 ေၾကာင့္ အဆိုး႐ြားဆုံးထိခိုက္ခဲ့တာကေတာ့ ေလေၾကာင္းလိုင္း ေတြ နဲ႔ travel & tour ခရီးသြားဝန္ေဆာင္မႈလုပ္ငန္းေတြျဖစ္ပါတယ္။

အကယ္၍သာ circuit breaker ကလ ထပ္တိုးခဲ့ရရင္ လုပ္ငန္းငယ္ေတြ အေတာ့္ကိုအထိနာေစမွာ ျဖစ္ပါတယ္။ စင္ကာပူကုမၸဏီေတြရဲ႕ 30% ဟာ လူသစ္ငွားတာ ရပ္တန႔္ထားပါတယ္။ 46% က အလြန္ လူေ႐ြးၿပီးငွားေနပါတယ္။ 16% က လူငွားတာပုံစံမေျပာင္းပါ။ 6% က လူငွားတာခနဆိုင္းငံ့ပါတယ္။ 1% က လူေတြထပ္တိုးၿပီးငွားေနရပါတယ္တဲ့။ အခုအခ်ိန္မွာ အလုပ္အကိုင္အေျခအေနက မသိသာေသးပဲ ေနာက္လာမယ့္လေတြမွာမွ အေျခအေနကပိုသိသာလာမွာျဖစ္ပါတယ္။

အင္ဒိုနီးရွားမွာ ေတြ႕သူ 11587 ေယာက္ရွိကာ ေသသူ 864 ေယာက္ရွိပါၿပီ။ အင္ဒိုဟာ အာစီယံႏိုင္ငံေတြ အတြင္း ေသႏႈန္းအမ်ားဆုံးျဖစ္ ပါတယ္။မေလးရွားမွာ အသစ္ေတြ႕ရွိသူ 55 ေယာက္ရွိခဲ့ပါတယ္။ စုစုေပါင္း 6353 ေယာက္ အထိ ရွိလာၿပီး ေသဆုံးသူ 105 ေယာက္ရွိပါ ၿပီ။ထိုင္းမွာ မေန႔က အသစ္ 18 ေယာက္ ေတြ႕ရွိခဲ့ပါတယ္။ ဖိလစ္ပိုင္ဟာ ႏိုင္ငံအဝင္ေလေၾကာင္းလိုင္းေတြကို ဆိုင္းငံ့ထားပါတယ္။ အခု လိုလုပ္ရတာက Quarantine center ေတြမွာ ေနရာမေလာက္ေတာ့တဲ့အတြက္ ေနရာအရင္ရွင္းဖို႔ ျပင္ဆင္ေနတာ ျဖစ္ပါတယ္။

အခု Covid ကပ္ေရာဂါေၾကာင့္ ကမာၻအႏွံ႔က ဖိလစ္ပိုင္လူမ်ိဳးေျမာက္မ်ားစြာ အလုပ္ျပဳတ္ခဲ့ၾကပါတယ္။ အထူးသျဖင့္ ေဆာ္ဒီ၊ ကာတာ၊ ယူေအအီး၊ စင္ကာပူ စတဲ့ႏိုင္ငံေတြမွာ ဖိလစ္ပိုင္ႏိုင္ငံသား သန္းနဲ႔ခ်ီ အလုပ္လုပ္ေနတာ ျဖစ္ပါတယ္။ အခုအခ်ိန္ထိ အေယာက္ 24000 ေလာက္ အလုပ္ျပဳတ္ၿပီး ျပန္ေရာက္လာၿပီးျဖစ္ပါတယ္။ လာအိုႏိုင္ငံဟာ ဧၿပီလ 12 ရက္ေန႔ကတည္းက လူနာ 19 ေယာက္ကမတိုးတာ အခုထိျဖစ္ပါတယ္။

က်န္အာရွႏိုင္ငံမ်ား အေျခအေန ကေတာ့ တ႐ုတ္ျပည္မွာ လူနာအသစ္ေတြ႕ရွိမႈက ရွိေနဆဲျဖစ္ပါတယ္။ မေန႔က တ႐ုတ္မွာ ေတြ႕သူ အသစ္ 3 ေယာက္ေတြ႕ခဲ့ပါတယ္။ ေတြ႕ခဲ့သူေတြဟာ ျပည္ပက အဝင္ေတြပဲျဖစ္တယ္လို႔ဆိုပါတယ္။ ျပည္တြင္းကူးစက္မႈ လုံးဝမရွိေတာ့တဲ့ သေဘာ ျဖစ္ပါတယ္။ဂ်ပန္ႏိုင္ငံမွာ nemophila ပန္းအျပာေရာင္ေလးေပါင္း 5.3 သန္းေက်ာ္ဟာ Hitachi Seaside Park မွာ ဖူးပြင့္ေနၾကၿပီျဖစ္ၿပီး မ်က္ေစ့တဆုံးအျပာေရာင္ ပန္းခင္းႀကီး ျဖစ္ေနပါတယ္။

ပုံမွာ ၾကည့္ပါ။ ခါတိုင္း ဓာတ္ပုံ႐ိုက္သူေတြနဲ႔ စည္ကားေန ခဲ့ေပမယ့္ ဒီႏွစ္မွာ ေတာ့ Covid-19 ေၾကာင့္ ဂ်ပန္က အေရးေပၚ အေျခအေန ေၾကာျငာကာ Park ကို ဧၿပီလ 4 ရက္ေန႔ထဲကပိတ္ထားရပါတယ္။ အိႏၵိယအစိုးရက အစိုးရေရာ ပုဂၢလိက ဝန္ထမ္းအားလုံးဟာ မျဖစ္မေန ေျခရာခံတဲ့ Aarogya Setu App သုံးၿပီး ႐ုံးေတြမွာ social distancing လုပ္ၾကရမယ္လို႔ ဆိုပါတယ္။ အိႏၵိယမွာ ၿပီးခဲ့တဲ့လက Aarogya Setu ဆိုတဲ့ App ကို အစိုးရျပန္ၾကားေရးဌာနက ျပဳလုပ္ေပးခဲ့ပါတယ္။

အဲ့ဒီ App ဟာ blue tooth နဲ႔ GPS ကို သုံးထားၿပီး ေရာဂါပိုးရွိသူ သို႔မဟုတ္ ျဖစ္ႏိုင္ေျခမ်ားသူ အနားကပ္လာရင္ သတိေပးခ်က္ alert မည္ တယ္လို႔ ဆိုပါတယ္။ အိႏၵိယရဲ႕လူဦးေရ 1.3 ဘီလီယံမွာ အနည္းဆုံး ဖုံးေပါင္း သန္း 200 မွာ သုံးရင္ အက်ိဳးရွိမယ္လို႔ ဆိုပါတယ္။ အိ ႏၵိယဟာ lockdown ကာလကို ေနာက္ႏွစ္ပတ္တိုးျမႇင့္ခဲ့ေပမယ့္ တစ္ခ်ိဳ႕ အႏၲရာယ္နည္းပါးတဲ့ေနရာေတြမွာ ေျဖေလ်ာ့ေပးခဲ့ပါတယ္။ အိ ႏၵိယ အူတာပရာဒက္ျပည္နယ္မွာ သတို႔သမီးဟာ သတို႔သားဘက္ကို video call နဲ႔ မဂၤလာပြဲ စီစဥ္တာကို လက္မခံလို႔ ရဲတိုင္ခဲ့ပါတယ္။

Lockdown ေၾကာင့္ မဂၤလာပြဲမက်င္းပႏိုင္တဲ့အတြက္ video call နဲ႔ပဲ ထိမ္းျမားဖို႔ စီစဥ္တာကို သတို႔သားဘက္က လက္မခံခဲ့ဘူးလို႔ ဆိုပါ တယ္။တကယ္ေတာ့ သတို႔သား ဖက္ကလည္း အေပ်ာ္ႀကံတာ မဟုတ္ပါဘူးတဲ့။ ရဲကစုံစမ္းၾကည့္ တဲ့အခါမွာ သတို႔သားဟာ lockdown ေၾကာင့္ ပန္ဂ်ပ္ျပည္နယ္မွာ ပိတ္မိေနတယ္လို႔ ဆိုပါတယ္။ ေနာက္ဆုံးမေတာ့ သတို႔သားဘက္က သတို႔သမီးဘက္ကို ေလွ်ာ္ေၾကးေပးခဲ့ၿပီး ႏွစ္ဖက္လုံးအဆင္ေျပသြားတယ္လို႔ ဆိုပါတယ္။

ဘဂၤလားေဒ့ရွ္မွာ ေတြ႕ႏႈန္းမ်ားလာေနပါတယ္။ ေတြ႕သူ 10143 ေယာက္ရွိပါၿပီ။ ေသသူ 182 ေယာက္ ရွိပါၿပီ။ မေန႔က အသစ္ 688 ေယာက္ ေတြ႕ရွိခဲ့ပါတယ္။ဘဂၤလားေဒ့ရွ္မွာ ပစ္ဒဏ္မမ်ားတဲ့ အက်ဥ္းသား 2884 ေယာက္ကို လႊတ္ေပးဖို႔ စီစဥ္ေန ပါတယ္။ ေထာင္ေပါင္း 68 ခုမွာ တကယ္လက္ခံသင့္တာထက္ ႏွစ္ဆပိုၿပီး အက်ဥ္းသားေတြရွိေနတာျဖစ္ပါတယ္။ ဧၿပီ 21 ရက္ေန႔မွာ ပထမဆုံးအက်ဥ္းဦးစီးဝန္ ထမ္းတစ္ ေယာက္မွာ positive ေတြ႕ရွိခဲ့ၿပီး အခုအခါ အက်ဥ္းဦးစီးဝန္ထမ္း 19 ေယာက္အထိ ကူးစက္ထားတယ္လို႔ဆိုပါတယ္။

ႏိုင္ငံတကာမွာ အက်ဥ္းေထာင္ေတြထဲကို ျပန႔္ႏွံ႔သြားၿပီး အေျခအေနကိုရႈပ္ေထြးေစကာ အစိုးရကို အက်ပ္ေတြ႕ေစတာမို႔ ျမန္မာႏိုင္ငံက လည္း စင္ကာပူလို လိုက္နာက်င့္သုံးသင့္ပါတယ္။တာဂ်စ္ကစၥတန္ ေတြ႕သူ 230 ေယာက္ရွိသြားပါၿပီ။ မေန႔က 102 ေယာက္ ထပ္ေတြ႕ခဲ့ ပါတယ္။ ေန႔စဥ္ႏွစ္ဆ တိုးခုန္တက္ကာ 4 ရက္အတြင္း 230 ျဖစ္သြားပါတယ္။က်န္ႏိုင္ငံမ်ား အေျခအေန…ကေတာ့ အေမရိကန္ႏိုင္ငံမွာ ေတြ႕သူ 1212801 ရွိသြားပါၿပီ။ ေသဆုံးသူ 69920 ေယာက္ရွိပါၿပီ။

သမၼတ Trump က အကယ္၍ တ႐ုတ္ျပည္ဟာ US$ 200 ဘီလီယံဖိုး ကုန္ပစၥည္းကို အေမရိကန္ကေန ကတိအတိုင္း ဝယ္ကိုဝယ္ရမယ္ လို႔ ဆိုပါတယ္။ အဲ့လိုမဝယ္ခဲ့ရင္ ကုန္သြယ္ေရး သေဘာတူညီခ်က္ phase one ကို သူဖ်က္သိမ္းပစ္မယ္လို႔ ဆိုလိုက္ပါတယ္။ တ႐ုတ္ျပည္ ဟာ Covid-19 ေၾကာင့္ စီးပြားေရးထိခိုက္ေနေပမယ့္ ဝယ္စရာရွိတာေတာ့ ဝယ္ကိုဝယ္ရမယ္လို႔ ဆိုလိုက္ပါတယ္။ သူက တ႐ုတ္ျပည္ဟာ နယ္စပ္ေတြကို တမင္သင္သက္မပိတ္ပဲ ေရာဂါျပန႔္ႏွံ႔ေစခဲ့တယ္လို႔လည္း စြပ္စြဲလိုက္ပါတယ္။

သမၼတ Trump က အေမရိကန္ 100000 ေလာက္အထိ Covid-19 ေၾကာင့္ ေသဆုံးႏိုင္တယ္ လို႔ ဆိုလိုက္ပါတယ္။ အဲ့လိုသာျဖစ္ခဲ့မယ္ ဆိုရင္ အေမရိကန္ရဲ႕ Covid ေၾကာင့္ ေသႏႈန္းဟာ တ႐ုတ္ျပည္ရဲ႕ စုစုေပါင္း Covid လူနာအေရအတြက္ထက္ေတာင္ ပိုမ်ားသြားပါလိမ့္ မယ္။အေမရိကန္က အက်ဥ္းေထာင္ေတြအတြင္း Covid-19 ျပန္ႏွံ႔မႈက အေျခအေနဆိုးေန ပါတယ္။ Ohio ျပည္နယ္က အက်ဥ္းေထာင္ တစ္ခုမွာ စုစုေပါင္းအက်ဥ္းသား 2500 ရဲ႕ 80% နီးပါးနဲ႔ အက်ဥ္းေထာင္ဝန္ထမ္း 175 ေယာက္မွာ ေရာဂါကူးေနပါတယ္။

Washington နဲ႔ Kansas က အက်ဥ္းေထာင္ေတြမွာ ဆႏၵျပမႈေတြျဖစ္ေပၚခဲ့ပါတယ္။ ယခုအခ်ိန္ထိ Covid prison data ဆိုတဲ့ စစ္တမ္း တစ္ခုကို ေကာက္ယူ ခဲ့ရာမွာ အက်ဥ္းသား 13436 ေယာက္ နဲ႔ ဝန္ထမ္း 5312 ေယာက္မွာ positive ျဖစ္ ေနပါတယ္။ ဒီထက္ပိုၿပီးေတြ႕ ႏိုင္ေသးတယ္လို႔လည္း ဆိုပါတယ္။ဩစေတးလ်နဲ႔ နယူးဇီလန္ႏွစ္ႏိုင္ငံဟာ Travel bubble ဖန္တီးဖို႔ စဥ္းစားေနပါတယ္။ အခုလို လုပ္ ႏိုင္ရင္ ႏွစ္ႏိုင္ငံအၾကား ကူးလူးသြားလာရလြယ္ကူေစမွာ ျဖစ္ပါတယ္။

ဩစေတးလ်မွာ ေသတဲ့ႏႈန္းျမင့္တက္လာရတာက အသားစက္႐ုံမွာ ကူးစက္မႈအႀကီးအက်ယ္ျဖစ္ခဲ့လို႔လို႔ ဆိုပါတယ္။New South Wales မွာ အသက္ 7 ႏွစ္အ႐ြယ္ ကေလးတစ္ေယာက္ေသဆုံးခဲ့တဲ့အတြက္ Covid ကာလ အတြင္း ေက်ာင္းေတြဖြင့္သင့္မဖြင့္သင့္ ျငင္းခုန္ေနၾက ပါတယ္။ ဖက္ဒရယ္အစိုးရက ေက်ာင္းေတြဖြင့္သင့္တယ္၊ ကေလးေတြမွာ ကူးႏိုင္ေျခနည္းတယ္လို႔ဆိုေနေပမယ့္ ျပည္နယ္အစိုးရက ေက်ာင္း ေတြကို ေခတၱပိတ္ထားလိုပါတယ္။

ဗယ္နီဇြဲလားႏိုင္ငံမွာ အက်ဥ္းေထာင္အတြင္း အထိဂ႐ုဏ္းျဖစ္ၿပီး ေထာင္သား 47 ေယာက္ေသဆုံးခဲ့ကာ 75 ေယာက္ ဒဏ္ရာရရွိခဲ့ပါတယ္။ စစ္တပ္ကေျပာတာကေတာ့ အက်ဥ္းသားေတြဟာ ၿခံစည္း႐ိုးေတြကို ဖ်က္ဆီးၿပီး အစုလိုက္အၿပဳံလိုက္ လြတ္ေျမာက္ဖို႔ ႀကိဳးစားခဲ့တယ္လို႔ ဆိုပါတယ္။ လႊတ္ေတာ္အမတ္ရဲ႕ အေျပာအရေတာ့ အက်ဥ္းသားေတြဟာ စားစရာမရွိလို႔ ထြက္ေျပးဖို႔ ႀကိဳးစားခဲ့တာလို႔ဆို ပါတယ္။ယေန႔ မနက္ အထိသိသမွ်ပါ။

Richard Myo Thant
(5-May-2020)

UNICODE

Covid ကာလမှာ ကမ္ဘာအနှံ့ရှိအကျဉ်းထောင်တွေမှာ အထိဂရုဏ်းတွေ ဆူပူမှုတွေဖြစ်နေတာ၊ အကျဉ်းထောင်တွေ ထဲအထိ ကူးစက်ပြန့်နှံ့ မှုနေတာတွေရှိနေတာမို့ အစိုးရတွေကို အကျပ်အတည်းဖြစ်စေခဲ့ပါတယ်။ ယနေ့ တကမ္ဘာလုံး ရောဂါပိုးတွေ့သူ 3643237 ယောက်၊ သေသူ 252240 ယောက်။ ပြန်ကောင်းသူ 1194468 ယောက်။ အခုထိစစ်တမ်းအရ လူ ၁၀၀ ဖြစ်ရင် 2% က အသည်းအသန်ဖြစ်ပါတယ်။

16% မှ ကျလာတာပါ။ ပိတ်လိုက်တဲ့ case 1446708 မှာ 1194468 ပြန်ကောင်းပြီး 252240 ယောက်သေဆုံးခဲ့တာကြောင့် သေနှုန်းက 17% ဖြစ်သွား ပါတယ်။ မြန်မာနိုင်ငံမှာ ယနေ့ အထိ COVID-19 တွေ့သူ (161) ယောက် ရှိပြီး သေဆုံးသူ 6 ယောက် ရှိပါပြီ။ကမ္ဘာမှာ ပိုး တွေ့သူ 3.6 သန်းကျော် ရှိ သွားပါပြီ။အာစီယံဒေသအတွင်း အခြေအနေ…စင်ကာပူမှာ မနေ့က ရောဂါရှိသူ အသစ် 573 ယောက် တွေ့ခဲ့ ပါတယ်။ စုစုပေါင်း 18778 ယောက် ရှိပါပြီ။

Aon ကကောက်ယူခဲ့တဲ့ စစ်တမ်းအရ စင်ကာပူမှာ ရှိတဲ့ လုပ်ငန်းတွေရဲ့ 20% ဟာ အလုပ်သမားလစာကို လျော့ချခဲ့ပါတယ်။ အစိုးရရဲ့ စာ ရင်းအရ 2020 ခုနှစ် ပထမ 3 လပတ်ထဲမှာ အလုပ် ခန့်မှု 20000 ခန့် လျော့ကျ ခဲ့ပါတယ်။ ဒုတိယ 3 လပတ်အတွင်းမှာ အလုပ်ခန့်အပ်မှု ပိုမိုလျော့ကျမယ်လို့ ကျွမ်းကျင်သူတွေက မှန်းထားကြပါတယ်။ Covid-19 ကြောင့် အဆိုးရွားဆုံးထိခိုက်ခဲ့တာကတော့ လေကြောင်းလိုင်း တွေ နဲ့ travel & tour ခရီးသွားဝန်ဆောင်မှုလုပ်ငန်းတွေဖြစ်ပါတယ်။

အကယ်၍သာ circuit breaker ကလ ထပ်တိုးခဲ့ရရင် လုပ်ငန်းငယ်တွေ အတော့်ကိုအထိနာစေမှာ ဖြစ်ပါတယ်။ စင်ကာပူကုမ္ပဏီတွေရဲ့ 30% ဟာ လူသစ်ငှားတာ ရပ်တန့်ထားပါတယ်။ 46% က အလွန် လူရွေးပြီးငှားနေပါတယ်။ 16% က လူငှားတာပုံစံမပြောင်းပါ။ 6% က လူငှားတာခနဆိုင်းငံ့ပါတယ်။ 1% က လူတွေထပ်တိုးပြီးငှားနေရပါတယ်တဲ့။ အခုအချိန်မှာ အလုပ်အကိုင်အခြေအနေက မသိသာသေးပဲ နောက်လာမယ့်လတွေမှာမှ အခြေအနေကပိုသိသာလာမှာဖြစ်ပါတယ်။

အင်ဒိုနီးရှားမှာ တွေ့သူ 11587 ယောက်ရှိကာ သေသူ 864 ယောက်ရှိပါပြီ။ အင်ဒိုဟာ အာစီယံနိုင်ငံတွေ အတွင်း သေနှုန်းအများဆုံးဖြစ် ပါတယ်။မလေးရှားမှာ အသစ်တွေ့ရှိသူ 55 ယောက်ရှိခဲ့ပါတယ်။ စုစုပေါင်း 6353 ယောက် အထိ ရှိလာပြီး သေဆုံးသူ 105 ယောက်ရှိပါ ပြီ။ထိုင်းမှာ မနေ့က အသစ် 18 ယောက် တွေ့ရှိခဲ့ပါတယ်။ ဖိလစ်ပိုင်ဟာ နိုင်ငံအဝင်လေကြောင်းလိုင်းတွေကို ဆိုင်းငံ့ထားပါတယ်။ အခု လိုလုပ်ရတာက Quarantine center တွေမှာ နေရာမလောက်တော့တဲ့အတွက် နေရာအရင်ရှင်းဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။

အခု Covid ကပ်ရောဂါကြောင့် ကမ္ဘာအနှံ့က ဖိလစ်ပိုင်လူမျိုးမြောက်များစွာ အလုပ်ပြုတ်ခဲ့ကြပါတယ်။ အထူးသဖြင့် ဆော်ဒီ၊ ကာတာ၊ ယူအေအီး၊ စင်ကာပူ စတဲ့နိုင်ငံတွေမှာ ဖိလစ်ပိုင်နိုင်ငံသား သန်းနဲ့ချီ အလုပ်လုပ်နေတာ ဖြစ်ပါတယ်။ အခုအချိန်ထိ အယောက် 24000 လောက် အလုပ်ပြုတ်ပြီး ပြန်ရောက်လာပြီးဖြစ်ပါတယ်။ လာအိုနိုင်ငံဟာ ဧပြီလ 12 ရက်နေ့ကတည်းက လူနာ 19 ယောက်ကမတိုးတာ အခုထိဖြစ်ပါတယ်။

ကျန်အာရှနိုင်ငံများ အခြေအနေ ကတော့ တရုတ်ပြည်မှာ လူနာအသစ်တွေ့ရှိမှုက ရှိနေဆဲဖြစ်ပါတယ်။ မနေ့က တရုတ်မှာ တွေ့သူ အသစ် 3 ယောက်တွေ့ခဲ့ပါတယ်။ တွေ့ခဲ့သူတွေဟာ ပြည်ပက အဝင်တွေပဲဖြစ်တယ်လို့ဆိုပါတယ်။ ပြည်တွင်းကူးစက်မှု လုံးဝမရှိတော့တဲ့ သဘော ဖြစ်ပါတယ်။ဂျပန်နိုင်ငံမှာ nemophila ပန်းအပြာရောင်လေးပေါင်း 5.3 သန်းကျော်ဟာ Hitachi Seaside Park မှာ ဖူးပွင့်နေကြပြီဖြစ်ပြီး မျက်စေ့တဆုံးအပြာရောင် ပန်းခင်းကြီး ဖြစ်နေပါတယ်။

ပုံမှာ ကြည့်ပါ။ ခါတိုင်း ဓာတ်ပုံရိုက်သူတွေနဲ့ စည်ကားနေ ခဲ့ပေမယ့် ဒီနှစ်မှာ တော့ Covid-19 ကြောင့် ဂျပန်က အရေးပေါ် အခြေအနေ ကြောငြာကာ Park ကို ဧပြီလ 4 ရက်နေ့ထဲကပိတ်ထားရပါတယ်။ အိန္ဒိယအစိုးရက အစိုးရရော ပုဂ္ဂလိက ဝန်ထမ်းအားလုံးဟာ မဖြစ်မနေ ခြေရာခံတဲ့ Aarogya Setu App သုံးပြီး ရုံးတွေမှာ social distancing လုပ်ကြရမယ်လို့ ဆိုပါတယ်။ အိန္ဒိယမှာ ပြီးခဲ့တဲ့လက Aarogya Setu ဆိုတဲ့ App ကို အစိုးရပြန်ကြားရေးဌာနက ပြုလုပ်ပေးခဲ့ပါတယ်။

အဲ့ဒီ App ဟာ blue tooth နဲ့ GPS ကို သုံးထားပြီး ရောဂါပိုးရှိသူ သို့မဟုတ် ဖြစ်နိုင်ခြေများသူ အနားကပ်လာရင် သတိပေးချက် alert မည် တယ်လို့ ဆိုပါတယ်။ အိန္ဒိယရဲ့လူဦးရေ 1.3 ဘီလီယံမှာ အနည်းဆုံး ဖုံးပေါင်း သန်း 200 မှာ သုံးရင် အကျိုးရှိမယ်လို့ ဆိုပါတယ်။ အိ န္ဒိယဟာ lockdown ကာလကို နောက်နှစ်ပတ်တိုးမြှင့်ခဲ့ပေမယ့် တစ်ချို့ အန္တရာယ်နည်းပါးတဲ့နေရာတွေမှာ ဖြေလျော့ပေးခဲ့ပါတယ်။ အိ န္ဒိယ အူတာပရာဒက်ပြည်နယ်မှာ သတို့သမီးဟာ သတို့သားဘက်ကို video call နဲ့ မင်္ဂလာပွဲ စီစဉ်တာကို လက်မခံလို့ ရဲတိုင်ခဲ့ပါတယ်။

Lockdown ကြောင့် မင်္ဂလာပွဲမကျင်းပနိုင်တဲ့အတွက် video call နဲ့ပဲ ထိမ်းမြားဖို့ စီစဉ်တာကို သတို့သားဘက်က လက်မခံခဲ့ဘူးလို့ ဆိုပါ တယ်။တကယ်တော့ သတို့သား ဖက်ကလည်း အပျော်ကြံတာ မဟုတ်ပါဘူးတဲ့။ ရဲကစုံစမ်းကြည့် တဲ့အခါမှာ သတို့သားဟာ lockdown ကြောင့် ပန်ဂျပ်ပြည်နယ်မှာ ပိတ်မိနေတယ်လို့ ဆိုပါတယ်။ နောက်ဆုံးမတော့ သတို့သားဘက်က သတို့သမီးဘက်ကို လျှော်ကြေးပေးခဲ့ပြီး နှစ်ဖက်လုံးအဆင်ပြေသွားတယ်လို့ ဆိုပါတယ်။

ဘင်္ဂလားဒေ့ရှ်မှာ တွေ့နှုန်းများလာနေပါတယ်။ တွေ့သူ 10143 ယောက်ရှိပါပြီ။ သေသူ 182 ယောက် ရှိပါပြီ။ မနေ့က အသစ် 688 ယောက် တွေ့ရှိခဲ့ပါတယ်။ဘင်္ဂလားဒေ့ရှ်မှာ ပစ်ဒဏ်မများတဲ့ အကျဉ်းသား 2884 ယောက်ကို လွှတ်ပေးဖို့ စီစဉ်နေ ပါတယ်။ ထောင်ပေါင်း 68 ခုမှာ တကယ်လက်ခံသင့်တာထက် နှစ်ဆပိုပြီး အကျဉ်းသားတွေရှိနေတာဖြစ်ပါတယ်။ ဧပြီ 21 ရက်နေ့မှာ ပထမဆုံးအကျဉ်းဦးစီးဝန် ထမ်းတစ် ယောက်မှာ positive တွေ့ရှိခဲ့ပြီး အခုအခါ အကျဉ်းဦးစီးဝန်ထမ်း 19 ယောက်အထိ ကူးစက်ထားတယ်လို့ဆိုပါတယ်။

နိုင်ငံတကာမှာ အကျဉ်းထောင်တွေထဲကို ပြန့်နှံ့သွားပြီး အခြေအနေကိုရှုပ်ထွေးစေကာ အစိုးရကို အကျပ်တွေ့စေတာမို့ မြန်မာနိုင်ငံက လည်း စင်ကာပူလို လိုက်နာကျင့်သုံးသင့်ပါတယ်။တာဂျစ်ကစ္စတန် တွေ့သူ 230 ယောက်ရှိသွားပါပြီ။ မနေ့က 102 ယောက် ထပ်တွေ့ခဲ့ ပါတယ်။ နေ့စဉ်နှစ်ဆ တိုးခုန်တက်ကာ 4 ရက်အတွင်း 230 ဖြစ်သွားပါတယ်။ကျန်နိုင်ငံများ အခြေအနေ…ကတော့ အမေရိကန်နိုင်ငံမှာ တွေ့သူ 1212801 ရှိသွားပါပြီ။ သေဆုံးသူ 69920 ယောက်ရှိပါပြီ။

သမ္မတ Trump က အကယ်၍ တရုတ်ပြည်ဟာ US$ 200 ဘီလီယံဖိုး ကုန်ပစ္စည်းကို အမေရိကန်ကနေ ကတိအတိုင်း ဝယ်ကိုဝယ်ရမယ် လို့ ဆိုပါတယ်။ အဲ့လိုမဝယ်ခဲ့ရင် ကုန်သွယ်ရေး သဘောတူညီချက် phase one ကို သူဖျက်သိမ်းပစ်မယ်လို့ ဆိုလိုက်ပါတယ်။ တရုတ်ပြည် ဟာ Covid-19 ကြောင့် စီးပွားရေးထိခိုက်နေပေမယ့် ဝယ်စရာရှိတာတော့ ဝယ်ကိုဝယ်ရမယ်လို့ ဆိုလိုက်ပါတယ်။ သူက တရုတ်ပြည်ဟာ နယ်စပ်တွေကို တမင်သင်သက်မပိတ်ပဲ ရောဂါပြန့်နှံ့စေခဲ့တယ်လို့လည်း စွပ်စွဲလိုက်ပါတယ်။

သမ္မတ Trump က အမေရိကန် 100000 လောက်အထိ Covid-19 ကြောင့် သေဆုံးနိုင်တယ် လို့ ဆိုလိုက်ပါတယ်။ အဲ့လိုသာဖြစ်ခဲ့မယ် ဆိုရင် အမေရိကန်ရဲ့ Covid ကြောင့် သေနှုန်းဟာ တရုတ်ပြည်ရဲ့ စုစုပေါင်း Covid လူနာအရေအတွက်ထက်တောင် ပိုများသွားပါလိမ့် မယ်။အမေရိကန်က အကျဉ်းထောင်တွေအတွင်း Covid-19 ပြန်နှံ့မှုက အခြေအနေဆိုးနေ ပါတယ်။ Ohio ပြည်နယ်က အကျဉ်းထောင် တစ်ခုမှာ စုစုပေါင်းအကျဉ်းသား 2500 ရဲ့ 80% နီးပါးနဲ့ အကျဉ်းထောင်ဝန်ထမ်း 175 ယောက်မှာ ရောဂါကူးနေပါတယ်။

Washington နဲ့ Kansas က အကျဉ်းထောင်တွေမှာ ဆန္ဒပြမှုတွေဖြစ်ပေါ်ခဲ့ပါတယ်။ ယခုအချိန်ထိ Covid prison data ဆိုတဲ့ စစ်တမ်း တစ်ခုကို ကောက်ယူ ခဲ့ရာမှာ အကျဉ်းသား 13436 ယောက် နဲ့ ဝန်ထမ်း 5312 ယောက်မှာ positive ဖြစ် နေပါတယ်။ ဒီထက်ပိုပြီးတွေ့ နိုင်သေးတယ်လို့လည်း ဆိုပါတယ်။ဩစတေးလျနဲ့ နယူးဇီလန်နှစ်နိုင်ငံဟာ Travel bubble ဖန်တီးဖို့ စဉ်းစားနေပါတယ်။ အခုလို လုပ် နိုင်ရင် နှစ်နိုင်ငံအကြား ကူးလူးသွားလာရလွယ်ကူစေမှာ ဖြစ်ပါတယ်။

ဩစတေးလျမှာ သေတဲ့နှုန်းမြင့်တက်လာရတာက အသားစက်ရုံမှာ ကူးစက်မှုအကြီးအကျယ်ဖြစ်ခဲ့လို့လို့ ဆိုပါတယ်။New South Wales မှာ အသက် 7 နှစ်အရွယ် ကလေးတစ်ယောက်သေဆုံးခဲ့တဲ့အတွက် Covid ကာလ အတွင်း ကျောင်းတွေဖွင့်သင့်မဖွင့်သင့် ငြင်းခုန်နေကြ ပါတယ်။ ဖက်ဒရယ်အစိုးရက ကျောင်းတွေဖွင့်သင့်တယ်၊ ကလေးတွေမှာ ကူးနိုင်ခြေနည်းတယ်လို့ဆိုနေပေမယ့် ပြည်နယ်အစိုးရက ကျောင်း တွေကို ခေတ္တပိတ်ထားလိုပါတယ်။

ဗယ်နီဇွဲလားနိုင်ငံမှာ အကျဉ်းထောင်အတွင်း အထိဂရုဏ်းဖြစ်ပြီး ထောင်သား 47 ယောက်သေဆုံးခဲ့ကာ 75 ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။ စစ်တပ်ကပြောတာကတော့ အကျဉ်းသားတွေဟာ ခြံစည်းရိုးတွေကို ဖျက်ဆီးပြီး အစုလိုက်အပြုံလိုက် လွတ်မြောက်ဖို့ ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။ လွှတ်တော်အမတ်ရဲ့ အပြောအရတော့ အကျဉ်းသားတွေဟာ စားစရာမရှိလို့ ထွက်ပြေးဖို့ ကြိုးစားခဲ့တာလို့ဆို ပါတယ်။ယနေ့ မနက် အထိသိသမျှပါ။

Richard Myo Thant
(5-May-2020)

Add a Comment

Your email address will not be published. Required fields are marked *