REF: SHWE WIKI
UNICODE
ရုရှား မှ ကို ဗစ်တိုက်ဖျက်ေ ရး အခြေအေ န ပြောပြခဲ့ သည့် ဆရာဝန်(၃) ဦး ဆေးရုံပြတင်းပေါက်မှ ပြုတ်ကျမှုသည် မသင်္ကာဖွယ်ရာ ကိစ္စဖြစ်
ရုရှနိုင်ငံရှိ Star City အရေးပေါ် ကုသရေး ဌာနမှ ဆရာဝန် အကြီးအကဲ Natalya Lebedeva သည် သူမ၏ ဆေးခန်း ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထား ရကြောင်းပြောဆိုပြီးနောက် ဧပြီ ၂၄ ရက်က ဆေးရုံခြောက်လွှာမှ ပြုတ်ကျကာ ‌သေဆုံးခဲ့သည်။ သံသယလူနာအဖြစ် စောင့် ကြည့်ခံထား ရသည့် Natalya ၏ ပြုတ်ကျမှုကို မတော်တဆ ဖြစ်ရပ်ဟု ဆေးရုံက ထုတ်ပြန်ခဲ့သည်။
အလားတူ ကိုရိုနာဗိုင်းရပ်စ်တိုက်ဖျက်ရာတွင် ရှေ့တန်းမှအလုပ်ခွင်အခြေအနေများကို ထုတ်‌ဖော်ပြောကြားခဲ့သည့် ရုရှားနိုင်ငံမှ ဆရာဝန် (၃)ဦး သည် လွန်ခဲ့သည့် ရက်သတ္တပတ် နှစ်ပတ်အတွင်း ဆေးရုံပြတင်းပေါက် များမှ ပြုတ်ကျခဲ့ကြ ကြောင်း သိရသည်။ ၎င်းတို့အနက် (၃) ဦးအနက် (၂)ဦးမှာ ဆေးရုံတက် ကုသဆဲ ဖြစ်ကြောင်း သိရသည်။
ရုရှားမီဒီယာ၏ အဆိုအရ COVID-19 ကူးစက်ခံထားရသော ဒေါက်တာ Alexander Shulepov (၃၇ နှစ်) သည် ၎င်းအလုပ်လုပ်သည့် Novousmanskaya ဆေးရုံ ၏ ဒုတိယထပ်မှ ပြုတ်ကျပြီးနောက် အခြေအနေ ဆိုးရိမ်ရသည် ဟု ပြောသည်။ Shulepov ဟာ ကိုရိုနာ ဗိုင်းရပ်စ်ကူစက်ခံရမှုကြောင့် ဧပြီလ(၂၂)ရက်နေ့မှာ ဆေးရုံတက်ခဲ့ရတာပါ။
အဲဒီနေ့မှာပဲ Shulepov က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရပြီးတာတောင် အလုပ်ဆက်လုပ်ဖို့ အတင်းအကျပ်ဖိအားပေးခံရတယ်လို့ ပြောထားတဲ့ ဗီဒီယိုဖိုင်တစ်ခုကို သူနဲ့သူ့ရဲ့လုပ်ဖော်ကိုင် Alexander Kosyakin တို့က အွန်လိုင်းပေါ် တင်ခဲ့သည့်နေ့၌ပင် ထိုဖြစ်ရပ်နှင့်ကြုံတွေ့ခဲ့ရခြင်းဖြစ်သည်။
Kosyakin ဟာ အစောပိုင်းကလည်း ဆေးရုံမှာအကာအကွယ်ပစ္စည်းတွေပြတ်လပ်ခဲ့တဲ့ ဆေးရုံရဲ့အုပ်ချုပ်ရေးပိုင်းနဲ့ပတ်သက်လို့ လူမှုမီ ဒီယာပေါ်မှာ ဝေဖန်ခဲ့ပါတယ်။ ပြီးတော့ သူ့ကို သတင်းမှားဖြန့်ဝေမှုနဲ့ ရဲတွေရဲ့စုံစမ်းစစ်ဆေးမှုကို ခံခဲ့ရပါတယ်။Shulepov သည် ဗိုင်းရပ် စ်ကူးစက်ခံရကြောင်း ဆေးရုံကို အသိပေးပြီး မကြာခင် အလုပ်မှ နားခိုင်းခဲ့ကြောင်းဆေးရုံကပြောဆိုခဲ့ပြီး စွပ်စွဲချက်များကို ငြင်းဆိုခဲ့သည်။
ဧပြီ ၂၂ ရက်က လူမှုကွန်ရက်တွင် တင်ခဲ့သည့်ဗီဒီယိုဖိုင်၌ Kosyakin က “ ကျွန်တော့်ဘေးက လူနာတင်ယာဉ်ဆရာဝန် Alexander Shulepov ပါ။ သူက COVID-19 ကူးစက်ခံထားရပါတယ်။ ဆရာဝန်ကြီးကလည်း ကျွန်တော်တို့ကို ဖိအားပေးခိုင်းနေပါတယ်။ ဒီအခြေ အနေမှာ ဘာလုပ်ရမှာလဲ။ ကျွန်တော်တို့နှစ်ယောက်စလုံး မနားဘဲ အလုပ်လုပ်နေရတာ တစ်လလောက်ရှိပြီ။
လူတိုင်းက ဒါမဟုတ်ဘူးလို့ပြောနေပေမယ့် အဖြစ်မှန်တွေပါ” ဟု ပြောခဲ့သည်။ Kosyakin က Shulepov သည် သိရသလောက် အခြေ အနေစိုးရိမ်ရကြောင်း၊ ဧပြီ ၃၀ ရက်က သူနှင့် နောက်ဆုံး စကားပြောခဲ့ကြောင်းနှင့် အချင်းချင်းစောင့်ရှောက်နေရကြောင်း နောက်ပိုင်းတွင် ပြောပြခဲ့သည်။ သူက နေကောင်းနေပါပြီ။ ဆေးရုံကတောင်ဆင်းတော့မယ်။
ဒါပေမယ့် ရုတ်တရက်ကြီး ခုလိုပြုတ်ကျခဲ့တာ။ ဘာကြောင့်မှန်းမသိဘူး ။ ကျွန်တော်လည်း မပြောပြတတ်ဘူး” ဟု Kosyakin ကဆိုသည်။ အစောပိုင်း၌ စိတ်ခံစားမှုကြောင့် စွပ်စွဲပြောဆိုထားမှုများသည် မဟုတ်မမှန်ကြောင်း Shulepov ပြောဆိုထားသည့် ဒုတိယဗီဒီယိုဖိုင်သည် နောက်သုံးရက်အကြာတွင် ထွက်ပေါ်လာခဲ့သည်။
အဆိုပါဗီဒီယိုဖိုင်သည် တခြားဆရာဝန်နှစ်ဦး ဆေးရုံပြတင်းပေါက် များမှ ပြုတ်ကျသေဆုံးသွားပြီး နောက် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။ နောက်ဆရာဝန်တစ်ဦး ဖြစ်သည့် ကိုရိုနာဗိုင်းရပ်စ်ကူးစက် ခံထားရသူ Elena Nepomnyashchaya သည် လည်း အထူးကြပ် မတ်ကုသ ဆောင်၌ တစ်ပတ်ကြာကုသပြီးနောက် မေလ ၁ ရက်တွင် ပြတင်းပေါက်မှ ပြုတ်ကျသေဆုံးခဲ့သည်။
Elena သည် မသေဆုံးမီက ဆရာဝန်နှင့် သူနာပြုများအတွက် PPE ဝတ်စုံ မလုံလောက်မှုကို ဆေးရုံအား ပြစ်တင်ပြောဆိုခဲ့ကြောင်း သိရ သည်။ ဒေသဆိုင်ရာ ကျန်းမာရေးဌာနကိုမူ အဆိုပါစွပ်စွဲချက်များကို ငြင်းဆိုထားသည်။အဆိုပါဖြစ်ရပ် (၃)ခုစလုံးရဲ့ မတော်တဆမှုနဲ့ ပတ် သက်လို့ ရုရှားဥပဒေအာဏာပိုင်တွေက စုံစမ်းစစ်ဆေးနေပါတယ်။
ဒီဖြစ်ရပ်ကြောင့် ရုရှားစာနယ်ဇင်း နဲ့ ဆိုရှယ်မီဒီယာတွေမှာလည်း အကြိတ်အနယ်ဆွေးနွေးမှုတွေ ဖြစ်စေခဲ့ပါတယ်။ ရုရှားတွင် COVID-19 ကူးစက်ခံရသူ ၁၅၅ ၃၇၀ ဦးရှိပြီး ၁၄၅၁ ဦး သေဆုံးထားပါတယ်။
REF:   SHWE  WIKI
Add a Comment
Your email address will not be published. Required fields are marked *