အေမရိကန္ မွာ ကိုဗစ္-၁၉ေၾကာင့္ လူစံခ်ိန္ တင္ေသဆုံးေနၿပီး ကမာၻ႔က်န္းမာေရးအဖြဲ႕(WHO)မွ ႏုတ္ထြက္ရန္ သမၼတထရန႔္စဥ္းစားေန

သမၼတ ေဒၚနယ္ထရမ့္က ကမာၻ႔က်န္းမာေရးအဖြဲ႕ WHO သည္ တ႐ုတ္ႏိုင္ငံတြင္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ျပန႔္ႏွံ႔မႈႏွင့္ ပတ္သက္၍ ကမာၻသို႔ တင္ျပရာမွာ ဖုံးကြယ္မႈ ျပဳလုပ္ခဲ့ၿပီး ဆိုးဆိုး႐ြား႐ြား စီမံခန႔္ခြဲခဲ့ေၾကာင္း အေမရိကန္ အစိုးရက ျပန္လည္သုံးသပ္ႏိုင္ခဲ့ဟု ေျပာၾကားသည္။ သမၼတေဒၚနယ္ထရမ့္က ကိုဗစ္-၁၉ ကူးစက္ေရာဂါႏွင့္ပတ္သက္ၿပီး အေရးေပၚအေျခအေန ေၾကညာဖို႔ ေႏွာင့္ေႏွးခဲ့တဲ့ WHO တြင္ တာ ဝန္ရွိေၾကာင္း ေျပာၾကားခဲ့သည္။

WHO အေပၚလုံးဝ စိတ္ပ်က္ေနပါတယ္ဆိုတဲ့ အေမရိကန္သမၼတက အဖြဲ႕ဝင္အျဖစ္မွ ႏုတ္ထြက္ရန္အထိ စဥ္းစားေနေၾကာင္းနဲ႔ အကယ္၍ WHO အေနျဖင့္ လုပ္ကိုင္ေဆာင္႐ြက္ပုံမ်ား မေျပာင္းလဲလ်င္ အေမရိကန္အေနနဲ႔ ေ႐ြးခ်ယ္စရာမရွိပါေၾကာင္း သူကဆိုသည္။ လက္ရွိအ ခ်ိန္တြင္ အေမရိကန္ႏိုင္ငံက WHO အတြက္ ရန္ပုံေငြအမ်ားဆုံး ထည့္ဝင္ေပးေနေသာ တိုင္းျပည္ျဖစ္ၿပီး တ႐ုတ္ႏိုင္ငံက ဒုတိယအမ်ားဆုံး ထည့္ဝင္သည္။

အေမရိကန္ႏိုင္ငံက WHO သို႔ တစ္ ႏွစ္လ်င္ ေဒၚလာ သန္း ၁၀၀ ခန႔္ ရန္ပုံေငြ ေထာက္ပံ့ေပးလ်က္ ရွိသည္။က မာၻ႔ကူးစက္ ေသဆုံးမႈ အ မ်ားဆုံးအေမရိကန္ႏိုင္ငံတြင္ ယမန္ေန႔က ကို႐ိုနာဗိုင္းရပ္စ္ေၾကာင့္ လူ ၂၁၂၉ ဦး စံခ်ိန္တင္ ေသဆုံးခဲ့ရာ ေသဆုံး သူအေရအတြက္မွာ ၂၆၀၀၀ နီးပါးအထိ ျမင့္တက္လာခဲ့ၿပီျဖစ္သည္။ အေမရိကန္ႏိုင္ငံတြင္ ကို႐ိုနာဗိုင္းရပ္စ္ ကူးစက္ခံရသူ ၆၀၅၀၀၀ ေက်ာ္ ရွိလာခဲ့ေၾကာင္း ဂြၽန္ေဟာ့ကင္း တကၠသိုလ္၏ ေဖာ္ျပခ်က္အရ သိရသည္။

ယမန္ေန႔က ကိုဗစ္-၁၉ ေရာဂါေၾကာင့္ ၂၁၂၉ ဦး ေသဆုံးခဲ့ရာ ဧၿပီလ ၁၀ ရက္က ေသဆုံးခဲ့သည့္ ၂၀၇၄ ဦးထက္ ပိုမ်ားျပားခဲ့ၿပီး တစ္ရက္ အတြင္း စံခ်ိန္တင္ ေသဆုံးမႈျဖစ္လာခဲ့သည္။ လက္ရွိအခ်ိန္ထိ အတည္ျပဳထားေသာ ကူးစက္မႈ ၂၀၃၀၂၀ မႈႏွင့္ ေသဆုံးသူ ၁၀၈၄၂ ဦးအထိ ျမင့္တက္လာခဲ့သည့္ နယူးေယာက္ျပည္နယ္မွာ အေမရိကန္ႏိုင္ငံ၏ ကိုဗစ္-၁၉ ေရာဂါ အဓိကျဖစ္ပြားရာေနရာ ျဖစ္လာခဲ့ သည္။ အေမရိ ကန္ႏိုင္ငံက ကို႐ိုနာဗိုင္းရပ္စ္ တိုက္ဖ်က္ရာတြင္ တိုးတက္မႈ ဆက္လက္ရရွိေနပါတယ္။

မျမင္ႏိုင္ တဲ့ရန္သူေၾကာင့္ တန္ဖိုးရွိတဲ့ လူ႔အသက္ေတြ ဆုံးရႈံးရတဲ့အတြက္ စိတ္မေကာင္းျဖစ္ရပါတယ္။ ကြၽန္ေတာ္တို႔ အလင္းတန္းေတြ ျမင္ေတြ႕ႏိုင္ၿပီျဖစ္ပါတယ္။” ဟု အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က အိမ္ျဖဴေတာ္၌က်င္းပသည့္ ကိုဗစ္-၁၉ ကပ္ေရာဂါဆိုင္ရာ သတင္း စာရွင္းလင္းပြဲ၌ သတင္းေထာက္မ်ားသို႔ ေျပာၾကားသည္။ အေမရိကန္ႏိုင္ငံက အီတလီ၊ ျပင္သစ္ႏွင့္ စပိန္ႏိုင္ငံတို႔ႏွင့္ယွဥ္လ်င္ အိုင္စီယူခု တင္မ်ား ပိုမိုမ်ားျပား ေၾကာင္း၊ လူတစ္သိန္းလ်င္ အိုင္စီယူခုတင္ ၃၄ ဒသမ ၇ ရွိေၾကာင္း ထရမ့္က ေျပာသည္။

ယခုအခ်ိန္တြင္ ေဆး႐ုံ မ်ား၊ က်န္းမာေရးေစာင့္ေရွာက္မႈဌာနမ်ား၌ အသက္ရႉကိရိယာ ၁၆၀၀၀ ေက်ာ္ရွိေၾကာင္း သူကဆိုသည္။ အေမရိ ကန္ အစားအေသာက္ႏွင့္ ေဆးဝါးကြပ္ကဲမႈဌာနက ယခုအခါ လူနာမ်ားထံမွ တံေထြးကို အသုံးျပဳႏိုင္သည့္ Rutgers တကၠသိုလ္မွ သုေတ သီမ်ား တီထြင္ထားေသာ ပထမဆုံးစမ္းသပ္မႈကို တရားဝင္ခြင့္ျပဳခဲ့ေၾကာင္း ေဒၚနယ္ထရမ့္ကဆိုသည္။

REF: Blacker

UNICODE

အမေရိကန် မှာ ကိုဗစ်-၁၉ကြောင့် လူစံချိန်တင်သေဆုံးနေပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO)မှ နုတ်ထွက်ရန် သမ္မတထရန့်စဉ်းစားနေ

သမ္မတ ဒေါ်နယ်ထရမ့်က ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO သည် တရုတ်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်နှံ့မှုနှင့် ပတ်သက်၍ ကမ္ဘာသို့ တင်ပြရာမှာ ဖုံးကွယ်မှု ပြုလုပ်ခဲ့ပြီး ဆိုးဆိုးရွားရွား စီမံခန့်ခွဲခဲ့ကြောင်း အမေရိကန် အစိုးရက ပြန်လည်သုံးသပ်နိုင်ခဲ့ဟု ပြောကြားသည်။ သမ္မတဒေါ်နယ်ထရမ့်က ကိုဗစ်-၁၉ ကူးစက်ရောဂါနှင့်ပတ်သက်ပြီး အရေးပေါ်အခြေအနေ ကြေညာဖို့ နှောင့်နှေးခဲ့တဲ့ WHO တွင် တာ ဝန်ရှိကြောင်း ပြောကြားခဲ့သည်။

WHO အပေါ်လုံးဝ စိတ်ပျက်နေပါတယ်ဆိုတဲ့ အမေရိကန်သမ္မတက အဖွဲ့ဝင်အဖြစ်မှ နုတ်ထွက်ရန်အထိ စဉ်းစားနေကြောင်းနဲ့ အကယ်၍ WHO အနေဖြင့် လုပ်ကိုင်ဆောင်ရွက်ပုံများ မပြောင်းလဲလျင် အမေရိကန်အနေနဲ့ ရွေးချယ်စရာမရှိပါကြောင်း သူကဆိုသည်။ လက်ရှိအ ချိန်တွင် အမေရိကန်နိုင်ငံက WHO အတွက် ရန်ပုံငွေအများဆုံး ထည့်ဝင်ပေးနေသော တိုင်းပြည်ဖြစ်ပြီး တရုတ်နိုင်ငံက ဒုတိယအများဆုံး ထည့်ဝင်သည်။

အမေရိကန်နိုင်ငံက WHO သို့ တစ် နှစ်လျင် ဒေါ်လာ သန်း ၁၀၀ ခန့် ရန်ပုံငွေ ထောက်ပံ့ပေးလျက် ရှိသည်။က မ္ဘာ့ကူးစက် သေဆုံးမှု အ များဆုံးအမေရိကန်နိုင်ငံတွင် ယမန်နေ့က ကိုရိုနာဗိုင်းရပ်စ်ကြောင့် လူ ၂၁၂၉ ဦး စံချိန်တင် သေဆုံးခဲ့ရာ သေဆုံး သူအရေအတွက်မှာ ၂၆၀၀၀ နီးပါးအထိ မြင့်တက်လာခဲ့ပြီဖြစ်သည်။ အမေရိကန်နိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူ ၆၀၅၀၀၀ ကျော် ရှိလာခဲ့ကြောင်း ဂျွန်ဟော့ကင်း တက္ကသိုလ်၏ ဖော်ပြချက်အရ သိရသည်။

ယမန်နေ့က ကိုဗစ်-၁၉ ရောဂါကြောင့် ၂၁၂၉ ဦး သေဆုံးခဲ့ရာ ဧပြီလ ၁၀ ရက်က သေဆုံးခဲ့သည့် ၂၀၇၄ ဦးထက် ပိုများပြားခဲ့ပြီး တစ်ရက် အတွင်း စံချိန်တင် သေဆုံးမှုဖြစ်လာခဲ့သည်။ လက်ရှိအချိန်ထိ အတည်ပြုထားသော ကူးစက်မှု ၂၀၃၀၂၀ မှုနှင့် သေဆုံးသူ ၁၀၈၄၂ ဦးအထိ မြင့်တက်လာခဲ့သည့် နယူးယောက်ပြည်နယ်မှာ အမေရိကန်နိုင်ငံ၏ ကိုဗစ်-၁၉ ရောဂါ အဓိကဖြစ်ပွားရာနေရာ ဖြစ်လာခဲ့ သည်။ အမေရိ ကန်နိုင်ငံက ကိုရိုနာဗိုင်းရပ်စ် တိုက်ဖျက်ရာတွင် တိုးတက်မှု ဆက်လက်ရရှိနေပါတယ်။

မမြင်နိုင် တဲ့ရန်သူကြောင့် တန်ဖိုးရှိတဲ့ လူ့အသက်တွေ ဆုံးရှုံးရတဲ့အတွက် စိတ်မကောင်းဖြစ်ရပါတယ်။ ကျွန်တော်တို့ အလင်းတန်းတွေ မြင်တွေ့နိုင်ပြီဖြစ်ပါတယ်။” ဟု အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က အိမ်ဖြူတော်၌ကျင်းပသည့် ကိုဗစ်-၁၉ ကပ်ရောဂါဆိုင်ရာ သတင်း စာရှင်းလင်းပွဲ၌ သတင်းထောက်များသို့ ပြောကြားသည်။ အမေရိကန်နိုင်ငံက အီတလီ၊ ပြင်သစ်နှင့် စပိန်နိုင်ငံတို့နှင့်ယှဉ်လျင် အိုင်စီယူခု တင်များ ပိုမိုများပြား ကြောင်း၊ လူတစ်သိန်းလျင် အိုင်စီယူခုတင် ၃၄ ဒသမ ၇ ရှိကြောင်း ထရမ့်က ပြောသည်။

ယခုအချိန်တွင် ဆေးရုံ များ၊ ကျန်းမာရေးစောင့်ရှောက်မှုဌာနများ၌ အသက်ရှူကိရိယာ ၁၆၀၀၀ ကျော်ရှိကြောင်း သူကဆိုသည်။ အမေရိ ကန် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲမှုဌာနက ယခုအခါ လူနာများထံမှ တံထွေးကို အသုံးပြုနိုင်သည့် Rutgers တက္ကသိုလ်မှ သုတေ သီများ တီထွင်ထားသော ပထမဆုံးစမ်းသပ်မှုကို တရားဝင်ခွင့်ပြုခဲ့ကြောင်း ဒေါ်နယ်ထရမ့်ကဆိုသည်။

REF:    Blacker

Add a Comment

Your email address will not be published. Required fields are marked *