





UNICODE

ကိုဗစ်-၁၉ကာလ အိမ်တွင်းအောင်းနေတဲ့ ပရိသတ်တွေ ကို ရယ်မောမဆုံးဖြစ်စေမယ့် အရိုင်း ရဲ့ ဟာသလေး(ရုပ်သံ)

အားလုံး ဘေးဘယာကပ်ဆိုးကြီးမှ ကင်းဝေကြပါစေ။ မကြာမီ ပြန်ဆုံကြမည်” Tag လို့မရလို တချို့ မtag ရပါ။” ဆိုပြီး သူ့ရဲ့ လူမှုကွန် ရက် စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။ အရိုင်းကတော့ ချစ်ခင် ရတဲ့ အနုပညာမောင်နှမတွေနဲ့အတူ ပရိသတ်တွေလည်း ပျော်ရွှင်စေဖို့ရည် ရွယ်ပြီး တင်လာခဲ့တာပဲဖြစ်ပါ တယ်နော် ပရိသတ်ကြီး. ။ပရိသတ်ကြီးအတွက်လည်း အရိုင်းရဲ့ ဟာသသီချင်း ဗီဒီယိုဖိုင်လေးကို ပြန်လည် မျှဝေပေ းလိုက် ပါတယ်နော်..။

မေလ (၈)ရက်နေ့မှာ တော့ အရိုင်းက အိမ်မှာနေတဲ့ အချိန် အနုပညာမောင်နှမ လုပ်ဖော် ကိုင်ဖက်များ နဲ့ မတွေ့ရလို အပျင်းပြေလေး သီဆို ထားတဲ့ သူ့ရဲ့ လက်တန်း သီချင်း ဗီဒီယိုဖိုင် လေး ကို “ဒါလေးကို နားထောင်ကြည့်ပေး ပါလို့။အခုလို ကာလမှာ လုပ်ဖော်ကိုင် ဖက်များကို သတိလည်းရ ပရိသတ်တွေ fri တွေ အတွက်လည်း ခဏလောက်ပျော်ရအောင် တင်ပေးလိုက်တာပါ။ သီချင်းအဟောင်းလေးကို တီးခတ် ရေးစပ်သူက………ဂီတမှူးမြတ်မင်းက ကြံစည်ရေးသားပါတယ်။

ကျွန်တော် အရိုင်းက လုပ်ကြံသီဆိုပါတယ်။( ကိုယ်ကလည်းသိပ်မဆိုချင်ပါဘူး။ တန်းပြောတန်းဆို လိုက်တာပါ) ကျရာဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင် နိုင်တဲ့ ဟာသ သရုပ်ဆောင် အရိုင်းကိုတော့ ပရိသတ်ကြီးလည်း ချစ်ခင် ရင်းနှီးပြီးသားဖြစ်မယ် ထင်ပါတယ် နော်.။ ဇာတ်ရုပ်တိုင်းကို ပီပြင်အောင် သရုပ်ဆောင်ကာ ချစ်မြတ်နိုးတဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်ရင်း ပျော်ရွှင်အေးချမ်းစွာ ဘဝကို ဖြတ်သန်းနေသူ ပဲဖြစ်ပါတယ်.။ အရိုင်းဟာ ရုပ်ရှင်ထဲမှာ ပျော်ပျော်နေတတ်သ လို အပြင်မှာလည်း စနောက်ကာ ပျော်ရွှင်နေတတ်တဲ့သူပါ.။

Source: Aung Than Oo’s Facebook

Sakura(Cele Connections)

Add a Comment

Your email address will not be published. Required fields are marked *