ေယာက်္ားေလးေတြအေနနဲ႔ မိန္းကေလး တစ္ေယာက္ကို ပေရာ္ဖက္ရွင္နယ္ ဆန္ဆန္ ေလ့လာ အကဲခတ္နည္း

(၁) မ်က္ႏွာသြ င္ျပင္ မိန္းကေလး တစ္ေယာက္ ကို စေတြ႕တာ နဲ႔ မ်က္ႏွာသြင္ျပင္ အမူအရာ ကို အကဲခတ္ ၾကည့္ပါ။ ေဖာ္ ေ႐ႊတဲ့သူ တစ္ ေယာက္လား၊ မာနႀကီးတဲ့ မိန္းကေလးလား ေရွ႕ဆက္တိုးဖို႔ သင့္မသင့္ကို စဥ္းစား ခ်င့္ခ်ိန္လို႔ ရတာေပါ့။ မ်က္ႏွာ ထားတင္းမာတဲ့ မိန္းက ေလးမ်ိဳးကို ေတာ့ ေကာင္ေလးအမ်ားစုက ရွိန္တတ္ၾကပါ တယ္တဲ့။

(၂) အဝတ္အစားအေရာင္

ဝတ္စား ဆင္ယင္မႈကို ၾကည့္ၿပီးေတာ့လည္း အကဲခတ္ လို႔ရပါေသးတယ္။ ဘာအေရာင္ကို ဝတ္ဆင္ထားလဲ၊ ဘယ္လို အေရာင္ေတြ အဝတ္ မ်ားလဲ ဆိုတာကို သတိထားေစာင့္ၾကည့္ပါ။ အနီေရာင္တို႔လို အေရာင္လင္းတဲ့ အဝတအစားႀကိဳက္တဲ့ မိန္းကေလး ကိုေတာ့ မိန္းမဆန္သူ လို႔ သတ္မွတ္ႏိုင္ၿပီး အနက္ေရာင္၊ ခဲေရာင္ေတြ ႀကိဳက္ႏွစ္သက္တဲ့ မိန္းကေလးကိုေတာ့ ခပ္မိုက္မိုက္ မိန္းကေလး တစ္ေယာက္ အျဖစ္ သတ္မွတ္လို႔ရပါတယ္။

(၃) ဂီတပိုင္းဆိုင္ရာေလ့လာမႈ

ကိုယ္ႀကိဳက္ႏွစ္သက္တဲ့ မိန္းကေလး တစ္ေယာက္ကို ေလ့လာတဲ့ အခါမွာ ေယာက်္ားေလးတခ်ိဳ႕က ဂီတပိုင္းဆိုင္ရာကို စိတ္ဝင္စားမႈ ရွိ၊ မရွိဆိုတာကိုလည္း စူးစမ္းတတ္ၾကပါတယ္။ သီခ်င္းဆိုတတ္ သလား၊ ဂီတပိုင္းကို စိတ္ဝင္စားသလား စသျဖင့္ ေလ့လာတတ္ၾကၿပီး ဂီတပိုင္းစိတ္ဝင္ စားတဲ့ မိန္းကေလး ကို လြတ္လြတ္လပ္လပ္နဲ႔ ေပ်ာ္ေပ်ာ္ေန တတ္တဲ့ မိန္းကေလးအျဖစ္ သတ္မွတ္ထားၾက လို႔ပါပဲ။

(၄) မက္ေဆ့ခ္်အေရးအသား

ေကာင္ေလးအမ်ားစုက ပါးနပ္မႈရွိၾကတာ အမွန္ပါပဲ။ ေကာင္မေလးဘက္က ပို႔တဲ့မက္ေဆ့ခ်္ အေရးအသား ကအစ ဘယ္လိုရွိတယ္ ဆိုတာကို ခန႔္မွန္းတတ္ၾကပါတယ္။ ဂ႐ုတစိုက္ရွိတဲ့ စကားလုံးမ်ိဳးေတြသုံးသလား၊ အတၱႀကီးၿပီးတစ္ကိုယ္ေကာင္းဆန္တတ္တဲ့ မိန္းကေလးလား ဆိုတာကို မက္ေဆ့ခ်္ အေရးအသားက တစ္ဆင့္ အကဲခတ္တတ္ၾကပါတယ္။

(၅) ဖက္ရွင္

တခ်ိဳ႕ေကာင္ေလးေတြ က ခ်ိန္းေတြ႕ၿပီး date လုပ္တဲ့အခါမွာ မိန္းကေလးရဲ႕ ဖက္ရွင္ကို ေစာင့္ၾကည့္ တတ္ၾက ပါေသးတယ္။ သူ႔ရဲ႕ ဝတ္စား ဆင္ယင္ပုံက date လုပ္တဲ့အေပၚ စိတ္ဝင္တစားရွိၿပီး ေသခ်ာ ဝတ္ဆင္လာတာမ်ိဳးလား၊ အိမ္ေနရင္း၊ ထသြားထလာပုံစံေလာက္ပဲ မျပင္ မဆင္လာတာ မ်ိဳးလား ဆိုတာကို ၾကည့္ၿပီးေတာ့ ကိုယ့္အေပၚ အေလးထားရဲ႕လား ဆိုတာကို အကဲခတ္ လို႔ရပါတယ္။

(၆) အစားအေသာက္

တခ်ိဳ႕မိန္းကေလးေတြက လူအမ်ားေရွ႕မွာဆိုရင္ ရွက္ေၾကာက္လို႔၊ ဒါမွ မဟုတ္ လူအထင္ႀကီးေအာင္ အစားအေသာက္ မမက္ေမာဘူး ဆို တာကို ျပသခ်င္တဲ့အတြက္ နည္းနည္းပဲ စားသုံးတတ္ၾကပါတယ္။ ဒါေပမယ့္ ေကာင္ေလးအမ်ားစုက မိန္းကေလးတစ္ေယာက္ရဲ႕ စားပုံ ေသာက္ပုံေတြကို ၾကည့္ၿပီး ပဲမ်ားတဲ့သူမ်ိဳးလား၊ ပြင့္လင္း႐ိုးသားသူလား ဆိုတာ ကို ခန႔္မွန္းတတ္ၾကပါ တယ္။

ေယာက်္ားေလး အမ်ားစုက သူတို႔ ခရက္ရွ္တဲ့ မိန္းကေလး တစ္ေယာက္ကို အကဲခတ္တဲ့အခါမွာ အခုေဖာ္ျပေပးထားတဲ့ အခ်က္ေတြကို လိုက္လံေစာင့္ၾကည့္ စစ္ေဆးတတ္ၾကပါတယ္။ ဒီအခ်က္ေတြက တစ္ဆင့္ စိတ္ေနစိတ္ထားဘယ္လိုရွိတယ္၊ မိန္းကေလးဆန္သူလား၊ ႏူးညံ့သိမ္ေမြ႕ တဲ့ မိန္းကေလး တစ္ေယာက္လား ဆိုတာ ကို ခန႔္မွန္းလို႔ရပါတယ္။

crd : panpyoelat

UNICODE

ယောကျ်ားလေးတွေအနေနဲ့ မိန်းကလေး တစ်ယောက်ကို ပရော်ဖက်ရှင်နယ် ဆန်ဆန် လေ့လာ အကဲခတ်နည်း

(၁) မျက်နှာသွ င်ပြင် မိန်းကလေး တစ်ယောက် ကို စတွေ့တာ နဲ့ မျက်နှာသွင်ပြင် အမူအရာ ကို အကဲခတ် ကြည့်ပါ။ ဖော် ရွှေတဲ့သူ တစ် ယောက်လား၊ မာနကြီးတဲ့ မိန်းကလေးလား ရှေ့ဆက်တိုးဖို့ သင့်မသင့်ကို စဉ်းစား ချင့်ချိန်လို့ ရတာပေါ့။ မျက်နှာ ထားတင်းမာတဲ့ မိန်းက လေးမျိုးကို တော့ ကောင်လေးအများစုက ရှိန်တတ်ကြပါ တယ်တဲ့။

(၂) အဝတ်အစားအရောင်

ဝတ်စား ဆင်ယင်မှုကို ကြည့်ပြီးတော့လည်း အကဲခတ် လို့ရပါသေးတယ်။ ဘာအရောင်ကို ဝတ်ဆင်ထားလဲ၊ ဘယ်လို အရောင်တွေ အဝတ် များလဲ ဆိုတာကို သတိထားစောင့်ကြည့်ပါ။ အနီရောင်တို့လို အရောင်လင်းတဲ့ အဝတအစားကြိုက်တဲ့ မိန်းကလေး ကိုတော့ မိန်းမဆန်သူ လို့ သတ်မှတ်နိုင်ပြီး အနက်ရောင်၊ ခဲရောင်တွေ ကြိုက်နှစ်သက်တဲ့ မိန်းကလေးကိုတော့ ခပ်မိုက်မိုက် မိန်းကလေး တစ်ယောက် အဖြစ် သတ်မှတ်လို့ရပါတယ်။

(၃) ဂီတပိုင်းဆိုင်ရာလေ့လာမှု

ကိုယ်ကြိုက်နှစ်သက်တဲ့ မိန်းကလေး တစ်ယောက်ကို လေ့လာတဲ့ အခါမှာ ယောကျ်ားလေးတချို့က ဂီတပိုင်းဆိုင်ရာကို စိတ်ဝင်စားမှု ရှိ၊ မရှိဆိုတာကိုလည်း စူးစမ်းတတ်ကြပါတယ်။ သီချင်းဆိုတတ် သလား၊ ဂီတပိုင်းကို စိတ်ဝင်စားသလား စသဖြင့် လေ့လာတတ်ကြပြီး ဂီတပိုင်းစိတ်ဝင် စားတဲ့ မိန်းကလေး ကို လွတ်လွတ်လပ်လပ်နဲ့ ပျော်ပျော်နေ တတ်တဲ့ မိန်းကလေးအဖြစ် သတ်မှတ်ထားကြ လို့ပါပဲ။

(၄) မက်ဆေ့ခ်ျအရေးအသား

ကောင်လေးအများစုက ပါးနပ်မှုရှိကြတာ အမှန်ပါပဲ။ ကောင်မလေးဘက်က ပို့တဲ့မက်ဆေ့ချ် အရေးအသား ကအစ ဘယ်လိုရှိတယ် ဆိုတာကို ခန့်မှန်းတတ်ကြပါတယ်။ ဂရုတစိုက်ရှိတဲ့ စကားလုံးမျိုးတွေသုံးသလား၊ အတ္တကြီးပြီးတစ်ကိုယ်ကောင်းဆန်တတ်တဲ့ မိန်းကလေးလား ဆိုတာကို မက်ဆေ့ချ် အရေးအသားက တစ်ဆင့် အကဲခတ်တတ်ကြပါတယ်။

(၅) ဖက်ရှင်

တချို့ကောင်လေးတွေ က ချိန်းတွေ့ပြီး date လုပ်တဲ့အခါမှာ မိန်းကလေးရဲ့ ဖက်ရှင်ကို စောင့်ကြည့် တတ်ကြ ပါသေးတယ်။ သူ့ရဲ့ ဝတ်စား ဆင်ယင်ပုံက date လုပ်တဲ့အပေါ် စိတ်ဝင်တစားရှိပြီး သေချာ ဝတ်ဆင်လာတာမျိုးလား၊ အိမ်နေရင်း၊ ထသွားထလာပုံစံလောက်ပဲ မပြင် မဆင်လာတာ မျိုးလား ဆိုတာကို ကြည့်ပြီးတော့ ကိုယ့်အပေါ် အလေးထားရဲ့လား ဆိုတာကို အကဲခတ် လို့ရပါတယ်။

(၆) အစားအသောက်

တချို့မိန်းကလေးတွေက လူအများရှေ့မှာဆိုရင် ရှက်ကြောက်လို့၊ ဒါမှ မဟုတ် လူအထင်ကြီးအောင် အစားအသောက် မမက်မောဘူး ဆို တာကို ပြသချင်တဲ့အတွက် နည်းနည်းပဲ စားသုံးတတ်ကြပါတယ်။ ဒါပေမယ့် ကောင်လေးအများစုက မိန်းကလေးတစ်ယောက်ရဲ့ စားပုံ သောက်ပုံတွေကို ကြည့်ပြီး ပဲများတဲ့သူမျိုးလား၊ ပွင့်လင်းရိုးသားသူလား ဆိုတာ ကို ခန့်မှန်းတတ်ကြပါ တယ်။

ယောကျ်ားလေး အများစုက သူတို့ ခရက်ရှ်တဲ့ မိန်းကလေး တစ်ယောက်ကို အကဲခတ်တဲ့အခါမှာ အခုဖော်ပြပေးထားတဲ့ အချက်တွေကို လိုက်လံစောင့်ကြည့် စစ်ဆေးတတ်ကြပါတယ်။ ဒီအချက်တွေက တစ်ဆင့် စိတ်နေစိတ်ထားဘယ်လိုရှိတယ်၊ မိန်းကလေးဆန်သူလား၊ နူးညံ့သိမ်မွေ့ တဲ့ မိန်းကလေး တစ်ယောက်လား ဆိုတာ ကို ခန့်မှန်းလို့ရပါတယ်။

crd :   panpyoelat

Add a Comment

Your email address will not be published. Required fields are marked *