ရော့ခ်အ ဆိုေ တ်ာမျိုးကြီး နှင့် နီတာ တို့ ကိုဗစ်-19 ပျော က်ကင်းပြီး QUARANTINE ကာလ ပြီးမြောက်၍ အိမ်ပြန်




REF: One News Myanmar.

UNICODE

ရော့ခ်အ ဆိုေ တာ်မျိုးကြီး နှင့် နီတာ တို့ ကိုဗစ်-19 ပျော က်ကင်းပြီး QUARANTINE ကာလ ပြီးမြောက်၍ အိမ်ပြန်

ကိုဗစ်-၁၉ ပိုး သက်သာပျောက်ကင်းလာတဲ့ အိုင်းရင်းခရော့ တေးဂီတအဖွဲ့မှ အဆိုတော်မျိုးကြီး နှင့် နီတာတို့ Quarantine ပြည့်၍ အိမ် ပြန်ခွင့်ရပြီ ဖြစ်ပါတယ်။ အိမ်ပြန်ခါနီးမှာ အဆိုတော် နီတာက ကျန်းမာရေးစင်တာ က မိတ်ဆွေတွေ ကို နှုတ်ဆက်တေး နဲ့ ဖျော်ဖြေပေး ခဲ့တယ် လို့ သိရပါတယ်။ အဆိုတော်နီတာ ဟာ မတ် ၂၉ ရက် က ပြုလုပ်တဲ့ ဘာသာရေးအခမ်းအနားတစ်ခု ရဲ့ ရိုက်ကူးရေးလွှင့်တဲ့ အစီ အစဉ် မှာ ပါဝင် ခဲ့တာကြောင့် COVID-19 ကူးစက်ခံရသူ ဖြစ် ပါတယ်။

အဆိုတော်မျိုးကြီး ကလည်း အဲဒီ ဘာသာရေး အခမ်းအနား ကို တက်ရောက် ခဲ့တာကြောင့် COVID-19 ကူးစက် ခံခဲ့ရတာပါ ။COVID-19 ရော ဂါ ပြန်လည် သက်သာ ကောင်းမွန်လာပြီဖြစ်တဲ့ အဆိုတော် မျိုးကြီး နဲ့ နီတာ တို့နှစ်ဦးဟာ ဖောင်ကြီး Quarantine စင်တာ မှာ နှစ် ပတ်ကြာ နေပြီးနောက် မေ (၂၁) ရက် မှာ အိမ်ပြန်ခွင့် ရရှိ ခဲ့ပြီ လို့ ဆေးရုံအုပ်ကြီး ဒေါက်တာ ကိုကိုနိုင် က ပြော ပါ တယ် ။ အဆိုတော် မျိုး ကြီး နှင့် နီတာတို့ Quarantine ပြည့်၍ အိမ်ပြန်ခွင့်ရပြီ သူတို့ ၂ ဦး ကို ကျန်းမာရေး အခြေအနေ အရ နှစ်ပတ် စောင့်ကြည့် ကုသခဲ့ပါတယ်။

စိတ်ချရတဲ့ အခြေအနေ ဖြစ်တာကြောင့် အိမ်ပြန်ခွင့်ပေး လိုက်တာလို့ ဒေါက်တာ ကိုကိုနိုင်က ပြော ပါတယ် ။  ဒီနေ့ သူ တို့ကို ဆေးရုံဆင်း ပေးလိုက်ပြီ။ စောင့်ကြည်ပြီးတော့ ကုသဖို့ လိုလို့ ဆက်ကုခဲ့တာ။ နှစ်ပတ်ပေါ့ ” လို့ ဒေါက်တာ ကိုကိုနိုင်က ဆိုပါတယ်။ ဒါ့အပြင် သူတို့နှစ်ဦး ကို ကျန်းမာရေးဝန်ကြီးဌာန က ထုတ်ပြန်ထား တဲ့ ညွန်ကြားချက်တွေ ဆက်လက် လိုက်နာဖို့လည်း တိုက်တွန်းခဲ့တယ် လို့ ပြော ပါတယ်။

REF:    One News Myanmar.

Add a Comment

Your email address will not be published. Required fields are marked *