မ်က္ႏွာဖုံးစြပ္Maskၿပိဳင္ပြဲမွ တီထြင္ဖန္တီးမႈအေကာင္းဆုံးဆုရွင္ ၃ ဦးကို အတိုင္ပင္ခံပုဂၢိဳလ္ေၾကညာ

ႏိုင္ငံေတာ္၏အတိုင္ပင္ခံက Mask ခ်ဳပ္ၿပိဳင္ပြဲမွာ ဆုေလးမ်ိဳးသတ္မွတ္ထားတာ ျဖစ္ပါတယ္။ (၁) ျပည္သူ အႏွစ္သက္ဆုံး (Like အမ်ား ဆုံး )၊ (၂) တီထြင္ဖန္တီးမႈအေကာင္းဆုံး၊ (၃) လူထုအက်ိဳးျပဳဆု (လႉဒါန္းေဝငွရန္လုပ္တဲ့maskေတြထဲက like အမ်ားဆုံး ) နဲ႔ (၄) ၿပိဳင္ ပြဲ ဝင္ရျခင္းရည္႐ြယ္ခ်က္ စိတ္ဝင္စားဖြယ္အေကာင္းဆုံးဆိုတဲ့ ဆု ၄ ဆုမွာ ျပည္သူအႏွစ္သက္ဆုံးဆုကို မေန႔ (ေမလ ၂၀ ရက္)က ေၾကညာ ခဲ့ၿပီး ျဖစ္ၿပီး ပထမဆုကို Eric Yang ၊ ဒုတိယဆုကို Myo Minn Soe နဲ႔ တတိယဆုကို Wai Wai တို႔က ရရွိခဲ့ပါတယ္။

ဆုရသူေတြကို ဂုဏ္ျပဳ မွတ္တမ္းလႊာခ်ီးျမႇင့္မွာ ျဖစ္ၿပီး ဆု ၄ ဆုမွာ ပထမရသူ(၄)ဦးနဲ႔ video conferencing လုပ္ပါမယ္လို႔ အတိုင္ပင္ခံက Facebook ကေန ေၾကညာထားပါတယ္။Myo Gyi ၊ Chan Myae Ko နဲ႔ Chaw Su ဆိုတဲ့ Facebook Account မ်ားျဖစ္ပါတယ္။ ႏိုင္ငံ ေတာ္အတိုင္ပင္ခံပုဂၢိဳလ္က ေမလ ၁၃ ရက္ေန႔မွာ Mask ၿပိဳင္ပြဲတစ္ခု စတင္ခဲ့ၿပီး ဆု (၄) မ်ိဳးခြဲၿပီး ေ႐ြးခ်ယ္ဖို႔ စီစဥ္ခဲ့ရာမွာ မေန႔က ျပည္သူ အႏွစ္သက္ဆုံးဆု ရရွိသူမ်ားကို ေၾကညာခဲ့ၿပီး ဒီကေန႔မွာေတာ့ တီထြင္ဖန္တီးမႈအေကာင္းဆုံးဆုကို ရရွိသူမ်ားကို ေၾကညာေပးခဲ့ပါတယ္။

ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္ ဦးစီးက်င္းပတဲ့ Online Mask ၿပိဳင္ပြဲမွာ ပါဝင္ယွဥ္ၿပိဳင္တဲ့သူမ်ားလြန္းတာေၾကာင့္ အတိုင္ပင္ခံက ဆု အမ်ိဳးအစား (၄) မ်ိဳး သတ္မွတ္ ဆုခ်ီးျမႇင့္ဖို႔ စီစဥ္ ထားခဲ့ၿပီး ဒီကေန႔မွာေတာ့ တီထြင္ ဖန္တီးမႈ အေကာင္းဆုံး ဆုရရွိ သူမ်ားကို ေၾကညာ ခဲ့ပါတယ္။ပထမဆုရရွိသူကေတာ့ Myo Gyi ဆိုတဲ့ Facebook Account ပိုင္ရွင္ ျဖစ္ၿပီး Mask သံမဏိ လိပ္ျပာလို႔ အမည္ေပးထားတဲ့ mask နဲ႔ ယွဥ္ၿပိဳင္ခဲ့တာပါ။

ဒုတိယ ဆုရရွိတဲ့ Chan Myae Ko က ၿငိမ္းခ်မ္းေရး ကို ေဖာ္ေဆာင္ တဲ့ ခ်ိဳးငွက္နဲ႔ သံလြင္ ခက္ပုံထိုးထား တဲ့ mask နဲ႔ ယွဥ္ၿပိဳင္ခဲ့တာျဖစ္ ပါတယ္။ တတိယဆုရရွိသူ Chaw Su က ႏိုင္ငံေတာ္အလံ ဒီဇိုင္းေဖာ္ၿပီး ခ်ဳပ္လုပ္ထားတာ ျဖစ္ပါတယ္။

REF: ဓူဝံ

UNICODE

မျက်နှာဖုံးစွပ်Maskပြိုင်ပွဲမှ တီထွင်ဖန်တီးမှုအကောင်းဆုံးဆုရှင် ၃ ဦးကို အတိုင်ပင်ခံပုဂ္ဂိုလ်ကြေညာ

နိုင်ငံတော်၏အတိုင်ပင်ခံက Mask ချုပ်ပြိုင်ပွဲမှာ ဆုလေးမျိုးသတ်မှတ်ထားတာ ဖြစ်ပါတယ်။ (၁) ပြည်သူ အနှစ်သက်ဆုံး (Like အများ ဆုံး )၊ (၂) တီထွင်ဖန်တီးမှုအကောင်းဆုံး၊ (၃) လူထုအကျိုးပြုဆု (လှူဒါန်းဝေငှရန်လုပ်တဲ့maskတွေထဲက like အများဆုံး ) နဲ့ (၄) ပြိုင် ပွဲ ဝင်ရခြင်းရည်ရွယ်ချက် စိတ်ဝင်စားဖွယ်အကောင်းဆုံးဆိုတဲ့ ဆု ၄ ဆုမှာ ပြည်သူအနှစ်သက်ဆုံးဆုကို မနေ့ (မေလ ၂၀ ရက်)က ကြေညာ ခဲ့ပြီး ဖြစ်ပြီး ပထမဆုကို Eric Yang ၊ ဒုတိယဆုကို Myo Minn Soe နဲ့ တတိယဆုကို Wai Wai တို့က ရရှိခဲ့ပါတယ်။

ဆုရသူတွေကို ဂုဏ်ပြု မှတ်တမ်းလွှာချီးမြှင့်မှာ ဖြစ်ပြီး ဆု ၄ ဆုမှာ ပထမရသူ(၄)ဦးနဲ့ video conferencing လုပ်ပါမယ်လို့ အတိုင်ပင်ခံက Facebook ကနေ ကြေညာထားပါတယ်။Myo Gyi ၊ Chan Myae Ko နဲ့ Chaw Su ဆိုတဲ့ Facebook Account များဖြစ်ပါတယ်။ နိုင်ငံ တော်အတိုင်ပင်ခံပုဂ္ဂိုလ်က မေလ ၁၃ ရက်နေ့မှာ Mask ပြိုင်ပွဲတစ်ခု စတင်ခဲ့ပြီး ဆု (၄) မျိုးခွဲပြီး ရွေးချယ်ဖို့ စီစဉ်ခဲ့ရာမှာ မနေ့က ပြည်သူ အနှစ်သက်ဆုံးဆု ရရှိသူများကို ကြေညာခဲ့ပြီး ဒီကနေ့မှာတော့ တီထွင်ဖန်တီးမှုအကောင်းဆုံးဆုကို ရရှိသူများကို ကြေညာပေးခဲ့ပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးစီးကျင်းပတဲ့ Online Mask ပြိုင်ပွဲမှာ ပါဝင်ယှဉ်ပြိုင်တဲ့သူများလွန်းတာကြောင့် အတိုင်ပင်ခံက ဆု အမျိုးအစား (၄) မျိုး သတ်မှတ် ဆုချီးမြှင့်ဖို့ စီစဉ် ထားခဲ့ပြီး ဒီကနေ့မှာတော့ တီထွင် ဖန်တီးမှု အကောင်းဆုံး ဆုရရှိ သူများကို ကြေညာ ခဲ့ပါတယ်။ပထမဆုရရှိသူကတော့ Myo Gyi ဆိုတဲ့ Facebook Account ပိုင်ရှင် ဖြစ်ပြီး Mask သံမဏိ လိပ်ပြာလို့ အမည်ပေးထားတဲ့ mask နဲ့ ယှဉ်ပြိုင်ခဲ့တာပါ။

ဒုတိယ ဆုရရှိတဲ့ Chan Myae Ko က ငြိမ်းချမ်းရေး ကို ဖော်ဆောင် တဲ့ ချိုးငှက်နဲ့ သံလွင် ခက်ပုံထိုးထား တဲ့ mask နဲ့ ယှဉ်ပြိုင်ခဲ့တာဖြစ် ပါတယ်။ တတိယဆုရရှိသူ Chaw Su က နိုင်ငံတော်အလံ ဒီဇိုင်းဖော်ပြီး ချုပ်လုပ်ထားတာ ဖြစ်ပါတယ်။

REF:    ဓူဝံ

Add a Comment

Your email address will not be published. Required fields are marked *