မိထၱီလာၿမိဳ႕မွာ ပြက္ေလာ႐ိုက္သြားတဲ့ ျဖစ္စဥ္ ေနာက္ကြယ္ က လူေတြ မသိေသးတဲ့ အေၾကာင္းအရာ

မိတၳီလာၿမိဳ႕ျဖစ္စဥ္က ေနာက္ဆုံးေျပာရရင္ ကြၽန္ေတာ့္ အကိုဟာ ေထာင္က်မွာျဖစ္ ပါတယ္။ ကြၽန္ေတာ္ တို႔လည္း အဲဒီကိစၥကို လက္ခံပါ တယ္။ အခုပိုစ့္ တင္ရျခင္းရဲ႕ရည္႐ြယ္ခ်က္က ကြၽန္ေတာ္ဟာ အေဖအေမ နဲ႔ ကိုေက်ာ္ဝင္းသန႔္ရဲ႕ ဇနီးနဲ႔သမီး မိသားစုရဲ႕လုံၿခဳံမႈကို ဂ႐ုစိုက္ ေစလိုတဲ့ အတြက္ပဲျဖစ္ပါတယ္။ကြၽန္ေတာ္တို႔ဟာ ႐ိုး႐ိုး သားသားေနတဲ့ မိသားစုဝင္ေတြပါ။ မိတၳီလာ မွာေဆြမ်ိဳးလည္းမရွိပါဘူး အားကိုး စရာလည္းမရွိပါဘူး။ ကြၽန္ေတာ့္အကိုဟာလည္း သူ႔လုပ္ရပ္အတြက္သူ တရားဥပေဒရဲ႕ ျပစ္ဒဏ္ကို သူခံပါလိမ့္မယ္။

သူ႔ဟာ မိတၳီလာၿမိဳ႕မွာ အဓိက႐ုဏ္းျဖစ္ပါေစဆိုတဲ့ ဆႏၵမရွိသလို။ သူ႔ရဲ႕ေနာက္ကြယ္ မွာ အနီေတြ အစိမ္းေတြမပါပါဘူးဆိုတာ အေလးအ နက္ေျပာခ်င္ ပါတယ္။မိတၳီလာ ၿမိဳ႕ေန သံဃာေတာ္မ်ား ၿမိဳ႕မိ ၿမိဳ႕ဖ မ်ား တာဝန္ရွိ အဖြဲ႕အစည္းမ်ား လူပုဂၢိဳလ္ မ်ားကို ကြၽန္ေတာ္ အႏူးအ ၫြတ္ ေတာင္းပန္ပါတယ္။သံဃာေတာ္ေတြ ကို လူမႈကြန္ ယက္ ကေန ေစာ္ကား မိတဲ့ Dr.ေက်ာ္ဝင္းသန႔္ ရဲ႕ မိသားစုဝင္ေတြ မိထၱီလာ မွ အေဝးကို ေျပာင္းရေတာ့မယ္… သူ႔ရဲ႕ ဇနီးနဲ႔ ကေလးလည္း ရန္ကုန္အိမ္မွာ မေနရဲေတာ့ပါဘူး…။

သူတစ္ဦးရဲ႕ အမွား ေၾကာင့္ က်န္မိသားစုဝင္ေတြ အားလုံး အက်ိဳးသက္ေရာက္ သြားရ ပါတယ္။ စိတ္မေကာင္း ပါဘူး။ မွားတာ မွန္တာ အသာထား။ ေလာေလာဆယ္ လက္ငင္း ဒုကၡ ေတြ႕ရၿပီး။ အေၾကာင္းတရား ေၾကာင့္ အက်ိဳးျဖစ္လာေလၿပီ…Dr. ေက်ာ္ဝင္းသန႔္ရဲ႕ညီ ေရးထားတဲ့ Post ပါ…။ကြၽန္ေတာ့္ အကိုဟာ တရားဥပေဒ ရဲ႕ ဆုံးမမႈကိုခံယူမွာျဖစ္ပါတယ္။ အခုအခ်ိန္မွာ လိုင္းေပၚမွာ တစ္ခ်ိဳ႕မဟုတ္ မမွန္သတင္းေတြနဲ႔ အရမ္းကိုဖြေနတာေတြ႕ရတဲ့အတြက္ ကြၽန္ေတာ္ေျဖရွင္းခ်င္တာ ေလးေတြရွိပါတယ္။

ကြၽန္ေတာ္တို႔ မိသားစုဟာ ႐ိုး႐ိုးသားသားပဲေနၾကသူေတြပါ။ ဘယ္ပါတီ ဘယ္အဖြဲ႕အစည္းဝင္မွလည္းမဟုတ္ပါဘူး။ ကြၽန္ေတာ့္အကိုဟာ လည္း ဘယ္ပါတီဝင္မွ မဟုတ္သလို ဘယ္အဖြဲ႕အစည္းနဲ႔မွလည္း ပါတ္သတ္မႈမရွိပါဘူး။ ကြၽန္ေတာ့္အကိုဟာ သူတင္တဲ့ေန႔တုန္းက ရန္ ကုန္မွာပါ။ မိတၳီလာၿမိဳ႕မွာမရွိပါဘူး။ မိတၳီလာၿမိဳ႕မွာ ကြၽန္ေတာ္ရယ္ အေဖရယ္ အေမရယ္ပဲရွိပါတယ္။ ပထမဆုံးသတင္းေတြ တက္လာ တဲ့ေန႔က ကြၽန္ေတာ္တို႔ မိတၳီလာအိမ္လိပ္စာအတိအက်နဲ႔ တင္ၾကပါတယ္။

ကြၽန္ေတာ့္အေဖနဲ႔ အေမဟာ က်န္းမာေရးမေကာင္းပါဘူး။ လူငယ္ဆိုလို႔ အိမ္မွာ ကြၽန္ေတာ္တစ္ေယာက္တည္း ရွိတာပါ။ မေတာ္တဆ လူ ေတြဝိုင္းလာရင္ ကြၽန္ေတာ္တို႔အတြက္ အႏၲရာယ္ အရမ္းမ်ားပါတယ္။ ကြၽန္ေတာ္တို႔ သိသိခ်င္း ရပ္မိရပ္ဖ တစ္ခ်ိဳ႕နဲ႔ ေတြ႕ဆုံၿပီး အႀကံအ ဉာဏ္ေတာင္းပါတယ္။ အႀကံေပးတဲ့အတိုင္းပဲ အေဖရယ္ ကြၽန္ေတာ္ရယ္ႏွစ္ေယာက္ လိုက္ၿပီး ေတာင္းပန္ပါတယ္။ အဲဒီမွာ ၿမိဳ႕ရဲ႕အဖြဲ႕အ စည္းတစ္ခ်ိဳ႕က ပုဂၢိဳလ္ေတြက လူကိုယ္တိုင္ လာေတာင္း ပန္မွေက်နပ္မယ္ဆိုၿပီးေျပာပါတယ္။

ကြၽန္ေတာ့္အကိုဆီကိုဖုန္းဆက္ၿပီး သူလာႏိုင္မဲ့ေန႔ကို ေမးတဲ့အခါ သူက ခ်က္ခ်င္း ရန္ကုန္ကေန မိတၳီလာကိုဆင္းလာခဲ့မယ္ဆိုၿပီး ေျပာ ပါတယ္။အဲဒီအခ်ိန္မွာ တစ္ခ်ိဳ႕ ေဖ့စဘြတ္အေကာင့္ေတြကေန လူကိုယ္တိုင္ လာမေတာင္းပန္ပဲ ညီနဲ႔အေဖကို ကိုယ္စားပဲလႊတ္တယ္ ဆို ၿပီးတင္ပါတယ္။ ကိုယ္စားလႊတ္တာမဟုတ္ပါဘူး သူကိုယ္တိုင္က ၿမိဳ႕ေပၚမွာမရွိတာပါ။ ကြၽန္ေတာ္တို႔ေတြ အားလုံးေတာင္းပန္ၿပီး ညေန အခ်ိန္မွာ ကြၽန္ေတာ္တို႔ အိမ္ကို ရပ္ကြက္ မွ တာဝန္ရွိ လူႀကီးမ်ားေရာက္ရွိလာပါတယ္။

ကြၽန္ေတာ္သတင္းတင္တဲ့သူေတြကို အိမ္လိပ္စာဖ်က္ခိုင္းလိုက္ေပမယ့္ သူတို႔ျပင္ေပးတဲ့အခါ သတင္းက အရမ္းပ်ံ႕ႏွံ႔သြားပါၿပီ။ ကြၽန္ေတာ္ တို႔ အိမ္‌ကိုလည္း ေစာင့္ၾကည့္ေနၾကတဲ့သူေတြ ရွိေနေၾကာင္းလည္း အဖြဲ႕အစည္းမ်ား မွေျပာပါတယ္။ ကြၽန္ေတာ္ တို႔လည္း အျပင္မထြက္ ရဲပါဘူး။ ညကြၽန္ေတာ့္အကိုေရာက္လာတဲ့အခါ ရပ္ကြက္ထဲက လူႀကီးေတြကိုယ္တိုင္သြားေရာက္ေခၚေဆာင္လာပါတယ္။ကြၽန္ေတာ္တို႔ကို အဖြဲ႕အစည္းအခ်ိဳ႕က လူေတြက ကိုေက်ာ္ဝင္းသန႔္ကိုယ္တိုင္ မိတၳီလာၿမိဳ႕မွာ ပါခ်ဳပ္ဆရာေတာ္ကို ပင့္ၿပီး ေဖ့စဘြတ္ မွ live အပါအဝင္ အခန္းအနားနဲ႔ ႏိုင္ငံေတာ္အဆင့္ေတာင္းပန္ေပးရပါမယ္ဆိုၿပီးေျပာပါတယ္။

ဒီမွာ ထပ္ၿပီးေျပာၾကားလိုတာက ကြၽန္ေတာ့္အကိုဟာ ျဖစ္လာမယ့္ အေၾကာင္းအရာကို သူနားလည္ပါတယ္။ သူ႔ကိုတစ္ခါတည္း ဖမ္းသြား ႏိုင္တယ္ဆိုတာလည္း သူသိေၾကာင္း ကြၽန္ေတာ့္ကိုေျပာပါတယ္။ ဒါေပမယ့္ သူ႔လုပ္ရပ္ကိုေတာင္းပန္မယ္ ရင္ဆိုင္စရာရွိတာ ရင္ဆိုင္ရမွာ ပဲဆိုၿပီး အေရာက္လာပါတယ္။ကြၽန္ေတာ္တို႔ေနာက္ေန႔ ကိုးနဝင္းေက်ာင္းကို ေရာက္တဲ့အခါ လူေတြ အမ်ားႀကီးစုေဝးေန တာကိုေတြ႕ရပါ တယ္။ ကြၽန္ေတာ္တို႔ေတာင္းပန္တဲ့အခါ ဆရာေတာ္ႀကီးေတြဟာ ခြင့္မလႊတ္ၾကပါဘူး။

အဲဒီအခ်ိန္မွာ အျပင္က လူစုႀကီးဟာ ေအာ္ဟစ္ေနၾကပါၿပီ။ ကြၽန္ေတာ္တို႔အရမ္းေၾကာက္ပါတယ္။ ကြၽန္ေတာ္ေသရမွာထက္ ကြၽန္ေတာ့္ အေဖအေမ တစ္ခုခုျဖစ္မွာကို ပိုစိုးရိမ္ပါတယ္။ “အကိုကိုမ႐ိုက္ရရင္ ညီကို႐ိုက္ကြာ” ဆိုတဲ့အသံေတြလည္း နားနဲ႔ၾကားခဲ့ရပါတယ္။ ေနာက္ ပိုင္းအျဖစ္ပ်က္ကေတာ့ live မွာျမင္ေတြ႕ၾကတဲ့အတိုင္းပါပဲ။ ကြၽန္ေတာ့္အကိုကိုေခၚသြားတဲ့ ရဲကားကိုခဲေတြနဲ႔ဝိုင္းထုၾကပါတယ္။ ရဲအခ်ိဳ႕ ဒဏ္ရာရသြားတယ္ေျပာပါတယ္။ ရဲတပ္ဖြဲ႕ဝင္ေတြ သံဃာေတာ္‌ေတြ ရပ္မိရပ္ဖေတြ က်န္းမာခ်မ္းသာၾကပါေစခင္ဗ်ာ။

သူတို႔သာမရွိရင္ ကြၽန္ေတာ္တို႔ မိသားစုဟာ အသတ္ခံရပါၿပီ။ ကြၽန္ေတာ္တို႔ က်န္တဲ့ မိသားစုဟာ မိတၳီလာၿမိဳ႕မွာ မေနရဲေတာ့ပါဘူး။ ကြၽန္ ေတာ္တို႔ အေဝးတစ္ေနရာကို ထြက္သြားပါေတာ့မယ္။ ရပ္ကြက္က တာဝန္ရွိလူႀကီးေတြလည္း အေဝးတစ္ေနရာကို သြားဖို႔အႀကံျပဳပါ တယ္။ အခုအခ်ိန္မွာ ကြၽန္ေတာ့္အကို ဘယ္မွာလည္းဆိုတာ မသိရပါဘူး။ သတင္းဌာန တစ္ခ်ိဳ႕က မႏၲေလးမွာလို႔လည္းတင္ၾကပါတယ္။ ကြၽန္ေတာ့္အကိုမွာ ဇနီးနဲ႔ လူမမည္အ႐ြယ္သမီးေလး တစ္ဦးရွိပါတယ္။

တစ္ခ်ိဳ႕ အေကာင့္ေတြမွာ မဆိုင္တဲ့ ကြၽန္ေတာ့္အကိုရဲ႕ ဇနီးနဲ႔ကေလး မိသားစုဝင္ေတြကိုပါ ဓာတ္ပုံႏွင့္တကြတင္ၿပီး အသက္အႏၲရာယ္ကို ၿခိမ္းေျခာက္ေနၾကပါတယ္။ ကြၽန္ေတာ့္အကိုရဲ႕ ရန္ကုန္လိပ္စာ ေတြလည္းတင္ၾကတဲ့အတြက္ သူတို႔လည္း အဲဒီမွာ မေနရဲေတာ့ပါဘူး။ ၿပီး ေတာ့ သူေသနတ္ကိုကိုင္ၿပီး တင္ထားတဲ့ပုံကို ဝိုင္းဖြေနတာလည္းေတြ႕ရပါတယ္။ အဲဒီပုံဟာ လြန္ခဲ့တဲ့ ေလးႏွစ္ေလာက္တုန္းက ပုံပါ။ ကြၽန္ ေတာ့္အကိုဟာ NGO အဖြဲ႕တစ္ခုမွာ အလုပ္လုပ္ခဲ့ ပါတယ္။ ကရင္ျပည္နယ္ ကယားျပည္နယ္ နယ္စပ္ေတြကိုသြားရပါတယ္။

အဲ့ဒီ ေသနတ္ဟာ ေလေသနတ္ပါ။ နယ္စပ္ေတြ မွာေပါပါတယ္ခင္ဗ်ာ။ အဲဒီပုံကိုျပၿပီး အဖြဲ႕အစည္း တစ္ခုခုေက်ာေထာက္ေနာက္ ခံရွိရ မယ္ဆိုၿပီးေျပာေနၾကပါတယ္။ ဘယ္အဖြဲ႕အစည္းမွ ေလေသနတ္လိုလိုတူမီးလိုလို ေသနတ္ေတြ မကိုင္ၾကပါဘူး။အခုေခတ္ဟာ ေဖ့စဘြတ္ အေကာင့္တစ္ခုကို လြယ္လြယ္ေလး ဖြင့္လိုရတဲ့ေခတ္ပါ။ အဓိက႐ုဏ္းေတြအတြက္ဖြေနၾကတဲ့အေကာင့္ေတြဆိုတာ အေကာင့္တုေတြ မ်ားပါတယ္။ လူတစ္ေယာက္ဟာ သူ ေဖ့စဘြတ္မွာ အမွတ္မထင္ တင္လိုက္တဲ့ post တစ္ခုေၾကာင့္ သူ႔မိသားစုကို ထိခိုက္မယ္ဆိုတာ သိရင္ သိသိႀကီးနဲ႔ အေကာင့္အစစ္ကေန တင္စရာအေၾကာင္းမရွိပါဘူး။

ကြၽန္ေတာ့္အကိုဟာ အရက္ေသာက္ပါတယ္။ သူ႔မွာ အဝလြန္ေနေတာ့ ေဒါသအလြယ္ထြက္တက္ပါတယ္။ သူ post ေတြတင္တဲ့ေန႔တုန္းက အရက္ေသာက္ထားပါတယ္လို႔ ေျပာပါတယ္။ အရက္မူးတဲ့ေကာင္ဟာ ခ်ီးေကြၽးရင္ မစားဘူး ဆိုၾကေပမယ့္ အရက္နဲ႔ေဒါသ ႏွစ္ခုေပါင္း လိုက္တဲ့အခါမွာ သိစိတ္ေရာ မသိစိတ္ေရာ လြတ္သြားတတ္ပါတယ္။ သူ႔ရဲ႕ Post မွာ လက္မခံတဲ့သူေတြနဲ႔ေျပာရင္းေျပာရင္း ေဒါသရယ္ အ ရက္ရယ္ ပါလာတဲ့အခါ တစ္ဖက္သား နာေအာင္ အဆုံးထိေျပာမိသြားပါတယ္။ ကြၽန္ေတာ္တို႔ညီအကိုႏွစ္ေယာက္လည္း အဲဒီကိစၥနဲ႔ရန္ ျဖစ္ေနက်ပါပဲ။ သူကိုယ္တိုင္လည္း ဒီေလာက္ထိျဖစ္သြားမယ္လို႔ မထင္ခဲ့မိပါဘူး။

ေအာင္ဝင္းသန႔္

UNICODE

မိထ္တီလာမြို့မှာ ပွက်လောရိုက်သွားတဲ့ ဖြစ်စဉ် နောက်ကွယ် က လူတွေ မသိသေးတဲ့ အကြောင်းအရာ

မိတ္ထီလာမြို့ဖြစ်စဉ်က နောက်ဆုံးပြောရရင် ကျွန်တော့် အကိုဟာ ထောင်ကျမှာဖြစ် ပါတယ်။ ကျွန်တော် တို့လည်း အဲဒီကိစ္စကို လက်ခံပါ တယ်။ အခုပိုစ့် တင်ရခြင်းရဲ့ရည်ရွယ်ချက်က ကျွန်တော်ဟာ အဖေအမေ နဲ့ ကိုကျော်ဝင်းသန့်ရဲ့ ဇနီးနဲ့သမီး မိသားစုရဲ့လုံခြုံမှုကို ဂရုစိုက် စေလိုတဲ့ အတွက်ပဲဖြစ်ပါတယ်။ကျွန်တော်တို့ဟာ ရိုးရိုး သားသားနေတဲ့ မိသားစုဝင်တွေပါ။ မိတ္ထီလာ မှာဆွေမျိုးလည်းမရှိပါဘူး အားကိုး စရာလည်းမရှိပါဘူး။ ကျွန်တော့်အကိုဟာလည်း သူ့လုပ်ရပ်အတွက်သူ တရားဥပဒေရဲ့ ပြစ်ဒဏ်ကို သူခံပါလိမ့်မယ်။

သူ့ဟာ မိတ္ထီလာမြို့မှာ အဓိကရုဏ်းဖြစ်ပါစေဆိုတဲ့ ဆန္ဒမရှိသလို။ သူ့ရဲ့နောက်ကွယ် မှာ အနီတွေ အစိမ်းတွေမပါပါဘူးဆိုတာ အလေးအ နက်ပြောချင် ပါတယ်။မိတ္ထီလာ မြို့နေ သံဃာတော်များ မြို့မိ မြို့ဖ များ တာဝန်ရှိ အဖွဲ့အစည်းများ လူပုဂ္ဂိုလ် များကို ကျွန်တော် အနူးအ ညွတ် တောင်းပန်ပါတယ်။သံဃာတော်တွေ ကို လူမှုကွန် ယက် ကနေ စော်ကား မိတဲ့ Dr.ကျော်ဝင်းသန့် ရဲ့ မိသားစုဝင်တွေ မိထ္တီလာ မှ အဝေးကို ပြောင်းရတော့မယ်… သူ့ရဲ့ ဇနီးနဲ့ ကလေးလည်း ရန်ကုန်အိမ်မှာ မနေရဲတော့ပါဘူး…။

သူတစ်ဦးရဲ့ အမှား ကြောင့် ကျန်မိသားစုဝင်တွေ အားလုံး အကျိုးသက်ရောက် သွားရ ပါတယ်။ စိတ်မကောင်း ပါဘူး။ မှားတာ မှန်တာ အသာထား။ လောလောဆယ် လက်ငင်း ဒုက္ခ တွေ့ရပြီး။ အကြောင်းတရား ကြောင့် အကျိုးဖြစ်လာလေပြီ…Dr. ကျော်ဝင်းသန့်ရဲ့ညီ ရေးထားတဲ့ Post ပါ…။ကျွန်တော့် အကိုဟာ တရားဥပဒေ ရဲ့ ဆုံးမမှုကိုခံယူမှာဖြစ်ပါတယ်။ အခုအချိန်မှာ လိုင်းပေါ်မှာ တစ်ချို့မဟုတ် မမှန်သတင်းတွေနဲ့ အရမ်းကိုဖွနေတာတွေ့ရတဲ့အတွက် ကျွန်တော်ဖြေရှင်းချင်တာ လေးတွေရှိပါတယ်။

ကျွန်တော်တို့ မိသားစုဟာ ရိုးရိုးသားသားပဲနေကြသူတွေပါ။ ဘယ်ပါတီ ဘယ်အဖွဲ့အစည်းဝင်မှလည်းမဟုတ်ပါဘူး။ ကျွန်တော့်အကိုဟာ လည်း ဘယ်ပါတီဝင်မှ မဟုတ်သလို ဘယ်အဖွဲ့အစည်းနဲ့မှလည်း ပါတ်သတ်မှုမရှိပါဘူး။ ကျွန်တော့်အကိုဟာ သူတင်တဲ့နေ့တုန်းက ရန် ကုန်မှာပါ။ မိတ္ထီလာမြို့မှာမရှိပါဘူး။ မိတ္ထီလာမြို့မှာ ကျွန်တော်ရယ် အဖေရယ် အမေရယ်ပဲရှိပါတယ်။ ပထမဆုံးသတင်းတွေ တက်လာ တဲ့နေ့က ကျွန်တော်တို့ မိတ္ထီလာအိမ်လိပ်စာအတိအကျနဲ့ တင်ကြပါတယ်။

ကျွန်တော့်အဖေနဲ့ အမေဟာ ကျန်းမာရေးမကောင်းပါဘူး။ လူငယ်ဆိုလို့ အိမ်မှာ ကျွန်တော်တစ်ယောက်တည်း ရှိတာပါ။ မတော်တဆ လူ တွေဝိုင်းလာရင် ကျွန်တော်တို့အတွက် အန္တရာယ် အရမ်းများပါတယ်။ ကျွန်တော်တို့ သိသိချင်း ရပ်မိရပ်ဖ တစ်ချို့နဲ့ တွေ့ဆုံပြီး အကြံအ ဉာဏ်တောင်းပါတယ်။ အကြံပေးတဲ့အတိုင်းပဲ အဖေရယ် ကျွန်တော်ရယ်နှစ်ယောက် လိုက်ပြီး တောင်းပန်ပါတယ်။ အဲဒီမှာ မြို့ရဲ့အဖွဲ့အ စည်းတစ်ချို့က ပုဂ္ဂိုလ်တွေက လူကိုယ်တိုင် လာတောင်း ပန်မှကျေနပ်မယ်ဆိုပြီးပြောပါတယ်။

ကျွန်တော့်အကိုဆီကိုဖုန်းဆက်ပြီး သူလာနိုင်မဲ့နေ့ကို မေးတဲ့အခါ သူက ချက်ချင်း ရန်ကုန်ကနေ မိတ္ထီလာကိုဆင်းလာခဲ့မယ်ဆိုပြီး ပြော ပါတယ်။အဲဒီအချိန်မှာ တစ်ချို့ ဖေ့စဘွတ်အကောင့်တွေကနေ လူကိုယ်တိုင် လာမတောင်းပန်ပဲ ညီနဲ့အဖေကို ကိုယ်စားပဲလွှတ်တယ် ဆို ပြီးတင်ပါတယ်။ ကိုယ်စားလွှတ်တာမဟုတ်ပါဘူး သူကိုယ်တိုင်က မြို့ပေါ်မှာမရှိတာပါ။ ကျွန်တော်တို့တွေ အားလုံးတောင်းပန်ပြီး ညနေ အချိန်မှာ ကျွန်တော်တို့ အိမ်ကို ရပ်ကွက် မှ တာဝန်ရှိ လူကြီးများရောက်ရှိလာပါတယ်။

ကျွန်တော်သတင်းတင်တဲ့သူတွေကို အိမ်လိပ်စာဖျက်ခိုင်းလိုက်ပေမယ့် သူတို့ပြင်ပေးတဲ့အခါ သတင်းက အရမ်းပျံ့နှံ့သွားပါပြီ။ ကျွန်တော် တို့ အိမ်‌ကိုလည်း စောင့်ကြည့်နေကြတဲ့သူတွေ ရှိနေကြောင်းလည်း အဖွဲ့အစည်းများ မှပြောပါတယ်။ ကျွန်တော် တို့လည်း အပြင်မထွက် ရဲပါဘူး။ ညကျွန်တော့်အကိုရောက်လာတဲ့အခါ ရပ်ကွက်ထဲက လူကြီးတွေကိုယ်တိုင်သွားရောက်ခေါ်ဆောင်လာပါတယ်။ကျွန်တော်တို့ကို အဖွဲ့အစည်းအချို့က လူတွေက ကိုကျော်ဝင်းသန့်ကိုယ်တိုင် မိတ္ထီလာမြို့မှာ ပါချုပ်ဆရာတော်ကို ပင့်ပြီး ဖေ့စဘွတ် မှ live အပါအဝင် အခန်းအနားနဲ့ နိုင်ငံတော်အဆင့်တောင်းပန်ပေးရပါမယ်ဆိုပြီးပြောပါတယ်။

ဒီမှာ ထပ်ပြီးပြောကြားလိုတာက ကျွန်တော့်အကိုဟာ ဖြစ်လာမယ့် အကြောင်းအရာကို သူနားလည်ပါတယ်။ သူ့ကိုတစ်ခါတည်း ဖမ်းသွား နိုင်တယ်ဆိုတာလည်း သူသိကြောင်း ကျွန်တော့်ကိုပြောပါတယ်။ ဒါပေမယ့် သူ့လုပ်ရပ်ကိုတောင်းပန်မယ် ရင်ဆိုင်စရာရှိတာ ရင်ဆိုင်ရမှာ ပဲဆိုပြီး အရောက်လာပါတယ်။ကျွန်တော်တို့နောက်နေ့ ကိုးနဝင်းကျောင်းကို ရောက်တဲ့အခါ လူတွေ အများကြီးစုဝေးနေ တာကိုတွေ့ရပါ တယ်။ ကျွန်တော်တို့တောင်းပန်တဲ့အခါ ဆရာတော်ကြီးတွေဟာ ခွင့်မလွှတ်ကြပါဘူး။

အဲဒီအချိန်မှာ အပြင်က လူစုကြီးဟာ အော်ဟစ်နေကြပါပြီ။ ကျွန်တော်တို့အရမ်းကြောက်ပါတယ်။ ကျွန်တော်သေရမှာထက် ကျွန်တော့် အဖေအမေ တစ်ခုခုဖြစ်မှာကို ပိုစိုးရိမ်ပါတယ်။ “အကိုကိုမရိုက်ရရင် ညီကိုရိုက်ကွာ” ဆိုတဲ့အသံတွေလည်း နားနဲ့ကြားခဲ့ရပါတယ်။ နောက် ပိုင်းအဖြစ်ပျက်ကတော့ live မှာမြင်တွေ့ကြတဲ့အတိုင်းပါပဲ။ ကျွန်တော့်အကိုကိုခေါ်သွားတဲ့ ရဲကားကိုခဲတွေနဲ့ဝိုင်းထုကြပါတယ်။ ရဲအချို့ ဒဏ်ရာရသွားတယ်ပြောပါတယ်။ ရဲတပ်ဖွဲ့ဝင်တွေ သံဃာတော်‌တွေ ရပ်မိရပ်ဖတွေ ကျန်းမာချမ်းသာကြပါစေခင်ဗျာ။

သူတို့သာမရှိရင် ကျွန်တော်တို့ မိသားစုဟာ အသတ်ခံရပါပြီ။ ကျွန်တော်တို့ ကျန်တဲ့ မိသားစုဟာ မိတ္ထီလာမြို့မှာ မနေရဲတော့ပါဘူး။ ကျွန် တော်တို့ အဝေးတစ်နေရာကို ထွက်သွားပါတော့မယ်။ ရပ်ကွက်က တာဝန်ရှိလူကြီးတွေလည်း အဝေးတစ်နေရာကို သွားဖို့အကြံပြုပါ တယ်။ အခုအချိန်မှာ ကျွန်တော့်အကို ဘယ်မှာလည်းဆိုတာ မသိရပါဘူး။ သတင်းဌာန တစ်ချို့က မန္တလေးမှာလို့လည်းတင်ကြပါတယ်။ ကျွန်တော့်အကိုမှာ ဇနီးနဲ့ လူမမည်အရွယ်သမီးလေး တစ်ဦးရှိပါတယ်။

တစ်ချို့ အကောင့်တွေမှာ မဆိုင်တဲ့ ကျွန်တော့်အကိုရဲ့ ဇနီးနဲ့ကလေး မိသားစုဝင်တွေကိုပါ ဓာတ်ပုံနှင့်တကွတင်ပြီး အသက်အန္တရာယ်ကို ခြိမ်းခြောက်နေကြပါတယ်။ ကျွန်တော့်အကိုရဲ့ ရန်ကုန်လိပ်စာ တွေလည်းတင်ကြတဲ့အတွက် သူတို့လည်း အဲဒီမှာ မနေရဲတော့ပါဘူး။ ပြီး တော့ သူသေနတ်ကိုကိုင်ပြီး တင်ထားတဲ့ပုံကို ဝိုင်းဖွနေတာလည်းတွေ့ရပါတယ်။ အဲဒီပုံဟာ လွန်ခဲ့တဲ့ လေးနှစ်လောက်တုန်းက ပုံပါ။ ကျွန် တော့်အကိုဟာ NGO အဖွဲ့တစ်ခုမှာ အလုပ်လုပ်ခဲ့ ပါတယ်။ ကရင်ပြည်နယ် ကယားပြည်နယ် နယ်စပ်တွေကိုသွားရပါတယ်။

အဲ့ဒီ သေနတ်ဟာ လေသေနတ်ပါ။ နယ်စပ်တွေ မှာပေါပါတယ်ခင်ဗျာ။ အဲဒီပုံကိုပြပြီး အဖွဲ့အစည်း တစ်ခုခုကျောထောက်နောက် ခံရှိရ မယ်ဆိုပြီးပြောနေကြပါတယ်။ ဘယ်အဖွဲ့အစည်းမှ လေသေနတ်လိုလိုတူမီးလိုလို သေနတ်တွေ မကိုင်ကြပါဘူး။အခုခေတ်ဟာ ဖေ့စဘွတ် အကောင့်တစ်ခုကို လွယ်လွယ်လေး ဖွင့်လိုရတဲ့ခေတ်ပါ။ အဓိကရုဏ်းတွေအတွက်ဖွနေကြတဲ့အကောင့်တွေဆိုတာ အကောင့်တုတွေ များပါတယ်။  လူတစ်ယောက်ဟာ သူ ဖေ့စဘွတ်မှာ အမှတ်မထင် တင်လိုက်တဲ့ post တစ်ခုကြောင့် သူ့မိသားစုကို ထိခိုက်မယ်ဆိုတာ သိရင် သိသိကြီးနဲ့ အကောင့်အစစ်ကနေ တင်စရာအကြောင်းမရှိပါဘူး။

ကျွန်တော့်အကိုဟာ အရက်သောက်ပါတယ်။ သူ့မှာ အဝလွန်နေတော့ ဒေါသအလွယ်ထွက်တက်ပါတယ်။ သူ post တွေတင်တဲ့နေ့တုန်းက အရက်သောက်ထားပါတယ်လို့ ပြောပါတယ်။ အရက်မူးတဲ့ကောင်ဟာ ချီးကျွေးရင် မစားဘူး ဆိုကြပေမယ့် အရက်နဲ့ဒေါသ နှစ်ခုပေါင်း လိုက်တဲ့အခါမှာ သိစိတ်ရော မသိစိတ်ရော လွတ်သွားတတ်ပါတယ်။ သူ့ရဲ့ Post မှာ လက်မခံတဲ့သူတွေနဲ့ပြောရင်းပြောရင်း ဒေါသရယ် အ ရက်ရယ် ပါလာတဲ့အခါ တစ်ဖက်သား နာအောင် အဆုံးထိပြောမိသွားပါတယ်။ ကျွန်တော်တို့ညီအကိုနှစ်ယောက်လည်း အဲဒီကိစ္စနဲ့ရန် ဖြစ်နေကျပါပဲ။ သူကိုယ်တိုင်လည်း ဒီလောက်ထိဖြစ်သွားမယ်လို့ မထင်ခဲ့မိပါဘူး။

အောင်ဝင်းသန့်

Add a Comment

Your email address will not be published. Required fields are marked *