COVID-19ကာလ စိစစ္သုံးစြဲႏိုင္ေရး ကာကြယ္ေရးအသုံးစရိတ္ (၂၂)ဘီလီယံေက်ာ္ျဖတ္ေတာက္ရန္ NLDအမတ္ လႊတ္ေတာ္တင္ျပ

၂၀၁၉-၂၀ ဘ႑ာႏွစ္ တြင္ ကာကြယ္ေရးဝန္ႀကီးဌာနအား က်ပ္သန္းေပါင္း ၇၀၀ ခြင့္ ျပဳထားသည့္အနက္ အမွန္တ ကယ္သုံးစြဲခဲ့သည္မွာ ၄၂ သန္း ေက်ာ္သာရွိ၍ လက္က်န္ေငြ က်ပ္ ၆၅၇ သန္းေက်ာ္ရွိေၾကာင္း၊ ထို႔ေၾကာင့္ ယခုထပ္မံ ေတာင္း ခံလာသည့္ က်ပ္ ၂,၁၄၉ သန္း ထဲမွ က်ပ္သန္းေပါင္း ၁,ဝဝဝ ကို ေလွ်ာ့ခ် သင့္ေၾကာင္း အမ်ိဳးသား ဒီမိုကေရစီအဖြဲ႕ခ်ဳပ္ (NLD) ဝါရင့္အမတ္ ေဒါက္တာ ေမဝင္းျမင့္က ျပည္ ေထာင္စုလႊတ္ေတာ္တြင္ အဆိုျပဳလိုက္ေၾကာင္း သိရသည္။

ပိုေငြမ်ားကို ဘယ္လိုစီမံ ထားလဲသိလိုပါတယ္’’ ဟု ေဒါက္ တာေမဝင္းျမင့္က ေျမသိမ္းဆည္း မႈကိစၥတြင္ ခြင့္ျပဳၿပီး ဘတ္ဂ်က္ မ်ား မ သုံးစြဲႏိုင္ဘဲ က်န္ေနသည့္ အေျခအေနကို ေမးျမန္းသည္။ယခုကဲ့သို႔ ျဖတ္ေတာက္ရန္ အဆိုျပဳရျခင္းမွာ ႏိုင္ငံေတာ္သမၼ တက COVID ကာလတြင္ စီးပြား ေရးအေပၚ သက္ေရာက္မႈရွိၿပီး အခြန္အေကာက္မ်ား ေလ်ာ့နည္း ႏိုင္သျဖင့္ အသုံးစရိတ္မ်ား ပိုမို စိစစ္သုံးစြဲေစလို ေၾကာင္း ၫႊန္ ၾကားထား၍ျဖစ္သည္ဟု ေဒါက္ တာေမဝင္းျမင့္က ေျပာသည္။

အဆိုပါ ျဖည့္စြက္ ခြင့္ျပဳေငြ ကိစၥ လႊတ္ေတာ္ကိုယ္စားလွယ္ မ်ား၏ ေဆြးေႏြးခ်က္ မ်ား အေပၚ လႊတ္ေတာ္၏ အဆုံး အျဖတ္ ရယူျခင္းကို ေမလ ၂၇ ရက္တြင္ ေဆာင္႐ြက္ ရန္ လ်ာ ထားသည္။ယခု ၂၀၁၉ -၂၀ ဘ႑ာေရးႏွစ္အတြက္ ကာကြယ္ ေရးဝန္ႀကီး ဌာနက ျဖည့္စြက္ခြင့္ ျပဳေငြ က်ပ္သန္းေပါင္း ႏွစ္သိန္းနီး ပါး ေတာင္းခံထားသည့္အနက္ က်ပ္သန္းေပါင္း ၂၂,၇၀၀ (၂၂ ဘီလီယံေက်ာ္) ျဖတ္ေတာက္ရန္ (NLD) ဝါရင့္အမတ္ ေဒါက္တာ ေမဝင္းျမင့္က ယမန္ေန႔က က်င္း ပသည့္ ျပည္ေထာင္စုလႊတ္ေတာ္ သို႔ တင္ျပေဆြးေႏြးသည္။

ေဒါက္တာေမဝင္းျမင့္သည္ ဘတ္ဂ်က္ စိစစ္ေရးပူးေပါင္းအဖြဲ႕ တြင္ ပါဝင္သူျဖစ္ၿပီး လြန္ခဲ့သည့္ ေလးႏွစ္ ကတည္းက ကာကြယ္ ေရးဝန္ႀကီး ဌာန ဘတ္ဂ်က္ကို စိစစ္ခဲ့သူျဖစ္သည္။ ကာကြယ္ ေရးဝန္ႀကီးဌာနက ေတာင္းခံ ထားသည့္ အသုံးစရိတ္မ်ားအ နက္ စက္သုံးဆီ၊ အမႈထမ္းပို႔ ေဆာင္ေရး၊ ပစၥည္း ပို႔ေဆာင္ေရး၊ ခရီးစရိတ္ ႏွင့္ ေန႔တြက္စရိတ္၊ အေဆာက္အအုံ ထိန္းသိမ္းေရး၊ ပညာရွင္ ငွားရန္းခ၊ သိမ္းဆည္း ေျမႏွင့္ ပတ္သက္သည့္ ကိစၥတို႔မွ အသုံးစရိတ္ေလွ်ာ့ခ်ရန္ ေဒါက္ တာ ေမဝင္းျမင့္က အဆိုျပဳ ေဆြး ေႏြးသည္။

ဓာတ္ဆီ၊ စက္ဆီေတာင္းခံ မႈမ်ားေနေၾကာင္း၊ ဓာတ္ဆီေဈး မ်ား က်ဆင္းေန၍ ေတာင္းခံေငြ မ်ားမွ က်ပ္သန္းေပါင္း တစ္ ေသာင္းတိတိ ေလွ်ာ့ခ်ရန္ ၎က ေဆြးေႏြးသည္။ အမႈထမ္းပို႔ ေဆာင္ေရးႏွင့္ပတ္သက္ၿပီး က်န္ ခုနစ္လအတြက္ ေတာင္းခံထား သည္မွာ မူလလ်ာထား ခ်က္ထက္ က်ပ္ ၂၁,၉၉၅ သန္းေက်ာ္ ပိုမို ေတာင္းခံထား၍ က်ပ္သန္းေပါင္း တစ္ေသာင္းတိတိ ေလွ်ာ့ခ်သင့္ ေၾကာင္း အဆိုတင္သြင္းသည္။ ပစၥည္းပို႔ေဆာင္ေရးႏွင့္ပတ္သက္ၿပီး က်န္ ခုနစ္လအတြက္ ေတာင္းခံထားသည္မွာ မူလလ်ာ ထားခ်က္ထက္ က်ပ္ ၁,၂၉၆ သန္းေက်ာ္ ပိုမို ေတာင္းခံထား သည္ကိုေတြ႕ရ၍ က်ပ္သန္း ၅၀၀ ေလွ်ာ့ခ်ရန္ ေဒါက္တာေမဝင္းျမင့္ က အဆိုျပဳသည္။

ခရီးစရိတ္၊ ေန႔တြက္စရိတ္ႏွင့္ ပတ္သက္ၿပီး လည္း COVID ကာလျဖစ္သည့္ အတြက္ ေတာင္းခံသည့္ စရိတ္ထဲ မွ က်ပ္သန္း ၁၀၀ ကို ေလွ်ာ့ခ်ရန္ အဆိုျပဳသည္။အေဆာက္အအုံထိန္းသိမ္း ေရးတြင္ မူလ လ်ာထားခ်က္ထက္ က်ပ္ ၁,၈၆၀ သန္းေက်ာ္ ပိုမို ေတာင္းခံထား၍ ယင္းေငြထဲမွ က်ပ္သန္း ၈၀၀ ေလွ်ာ့ခ်ရန္၊ ပညာရွင္ ငွားရမ္းခကို က်ပ္သန္း ၃ဝဝ ေလွ်ာ့ခ်ရန္ ေဒါက္တာ ေမဝင္းျမင့္က အဆိုျပဳသည္။ ‘ကာကြယ္ေရးဝန္ႀကီးဌာန သာမန္ႏွင့္ ေငြလုံးေငြရင္း အသုံး စရိတ္ေတြ လ်ာထားခ်က္ထက္ ပိုမိုေတာင္းခံတာနဲ႔ ပတ္သက္၍ လ်ာထားခ်က္ ထက္ပိုၿပီး သုံးစြဲ မည့္ေငြကို တင္သြင္းခြင့္ရွိ၊ မရွိ သိလိုပါတယ္’’ ဟုလည္း ၎က ေဆြးေႏြးသည္။

ေျမသိမ္းဆည္းေရးကိစၥႏွင့္ပတ္သက္ၿပီး ၂၀၁၆ -၁၇ ဘ႑ာ ႏွစ္တြင္ က်ပ္သန္း ၁,၀၀၀၊ ၂၀၁၇-၁၈ တြင္ က်ပ္သန္း ၁,၀၀၀၊ ၂၀၁၈ မီနီဘတ္ ဂ်က္တြင္ က်ပ္သန္း ၄၀၀၊ ၂၀၁၈-၁၉ တြင္ က်ပ္သန္း ၉၀၀၊ စုစုေပါင္း က်ပ္ သန္းေပါင္း ၃,၃၀၀ ခြင့္ျပဳထား ေသာ္လည္း အမွန္တကယ္သုံး စြဲခဲ့သည္မွာ က်ပ္ ၁,၆၁၉ သန္း ေက်ာ္သာရွိ၍ က်န္ေငြမ်ားစြာရွိ ေနေၾကာင္း ေဒါက္တာေမဝင္းျမင့္ က ေျပာသည္။

REF: 7DAY DAILY

UNICODE

COVID-19ကာလ စိစစ်သုံးစွဲနိုင်ရေး ကာကွယ်ရေးအသုံးစရိတ် (၂၂)ဘီလီယံကျော်ဖြတ်တောက်ရန် NLDအမတ် လွှတ်တော်တင်ပြ

၂၀၁၉-၂၀ ဘဏ္ဍာနှစ် တွင် ကာကွယ်ရေးဝန်ကြီးဌာနအား ကျပ်သန်းပေါင်း ၇၀၀ ခွင့် ပြုထားသည့်အနက် အမှန်တ ကယ်သုံးစွဲခဲ့သည်မှာ ၄၂ သန်း ကျော်သာရှိ၍ လက်ကျန်ငွေ ကျပ် ၆၅၇ သန်းကျော်ရှိကြောင်း၊ ထို့ကြောင့် ယခုထပ်မံ တောင်း ခံလာသည့် ကျပ် ၂,၁၄၉ သန်း ထဲမှ ကျပ်သန်းပေါင်း ၁,ဝဝဝ ကို လျှော့ချ သင့်ကြောင်း အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဝါရင့်အမတ် ဒေါက်တာ မေဝင်းမြင့်က ပြည် ထောင်စုလွှတ်တော်တွင် အဆိုပြုလိုက်ကြောင်း သိရသည်။

ပိုငွေများကို ဘယ်လိုစီမံ ထားလဲသိလိုပါတယ်’’ ဟု ဒေါက် တာမေဝင်းမြင့်က မြေသိမ်းဆည်း မှုကိစ္စတွင် ခွင့်ပြုပြီး ဘတ်ဂျက် များ မ သုံးစွဲနိုင်ဘဲ ကျန်နေသည့် အခြေအနေကို မေးမြန်းသည်။ယခုကဲ့သို့ ဖြတ်တောက်ရန် အဆိုပြုရခြင်းမှာ နိုင်ငံတော်သမ္မ တက COVID ကာလတွင် စီးပွား ရေးအပေါ် သက်ရောက်မှုရှိပြီး အခွန်အကောက်များ လျော့နည်း နိုင်သဖြင့် အသုံးစရိတ်များ ပိုမို စိစစ်သုံးစွဲစေလို ကြောင်း ညွှန် ကြားထား၍ဖြစ်သည်ဟု ဒေါက် တာမေဝင်းမြင့်က ပြောသည်။

အဆိုပါ ဖြည့်စွက် ခွင့်ပြုငွေ ကိစ္စ လွှတ်တော်ကိုယ်စားလှယ် များ၏ ဆွေးနွေးချက် များ အပေါ် လွှတ်တော်၏ အဆုံး အဖြတ် ရယူခြင်းကို မေလ ၂၇ ရက်တွင် ဆောင်ရွက် ရန် လျာ ထားသည်။ယခု ၂၀၁၉ -၂၀ ဘဏ္ဍာရေးနှစ်အတွက် ကာကွယ် ရေးဝန်ကြီး ဌာနက ဖြည့်စွက်ခွင့် ပြုငွေ ကျပ်သန်းပေါင်း နှစ်သိန်းနီး ပါး တောင်းခံထားသည့်အနက် ကျပ်သန်းပေါင်း ၂၂,၇၀၀ (၂၂ ဘီလီယံကျော်) ဖြတ်တောက်ရန်  (NLD) ဝါရင့်အမတ် ဒေါက်တာ မေဝင်းမြင့်က ယမန်နေ့က ကျင်း ပသည့် ပြည်ထောင်စုလွှတ်တော် သို့ တင်ပြဆွေးနွေးသည်။

ဒေါက်တာမေဝင်းမြင့်သည် ဘတ်ဂျက် စိစစ်ရေးပူးပေါင်းအဖွဲ့ တွင် ပါဝင်သူဖြစ်ပြီး လွန်ခဲ့သည့် လေးနှစ် ကတည်းက ကာကွယ် ရေးဝန်ကြီး ဌာန ဘတ်ဂျက်ကို စိစစ်ခဲ့သူဖြစ်သည်။ ကာကွယ် ရေးဝန်ကြီးဌာနက တောင်းခံ ထားသည့် အသုံးစရိတ်များအ နက် စက်သုံးဆီ၊ အမှုထမ်းပို့ ဆောင်ရေး၊ ပစ္စည်း ပို့ဆောင်ရေး၊ ခရီးစရိတ် နှင့် နေ့တွက်စရိတ်၊ အဆောက်အအုံ ထိန်းသိမ်းရေး၊ ပညာရှင် ငှားရန်းခ၊ သိမ်းဆည်း မြေနှင့် ပတ်သက်သည့် ကိစ္စတို့မှ အသုံးစရိတ်လျှော့ချရန် ဒေါက် တာ မေဝင်းမြင့်က အဆိုပြု ဆွေး နွေးသည်။

ဓာတ်ဆီ၊ စက်ဆီတောင်းခံ မှုများနေကြောင်း၊ ဓာတ်ဆီဈေး များ ကျဆင်းနေ၍ တောင်းခံငွေ များမှ ကျပ်သန်းပေါင်း တစ် သောင်းတိတိ လျှော့ချရန် ၎င်းက ဆွေးနွေးသည်။ အမှုထမ်းပို့ ဆောင်ရေးနှင့်ပတ်သက်ပြီး ကျန် ခုနစ်လအတွက် တောင်းခံထား သည်မှာ မူလလျာထား ချက်ထက် ကျပ် ၂၁,၉၉၅ သန်းကျော် ပိုမို တောင်းခံထား၍ ကျပ်သန်းပေါင်း တစ်သောင်းတိတိ လျှော့ချသင့် ကြောင်း အဆိုတင်သွင်းသည်။ ပစ္စည်းပို့ဆောင်ရေးနှင့်ပတ်သက်ပြီး ကျန် ခုနစ်လအတွက် တောင်းခံထားသည်မှာ မူလလျာ ထားချက်ထက် ကျပ် ၁,၂၉၆ သန်းကျော် ပိုမို တောင်းခံထား သည်ကိုတွေ့ရ၍ ကျပ်သန်း ၅၀၀ လျှော့ချရန် ဒေါက်တာမေဝင်းမြင့် က အဆိုပြုသည်။

ခရီးစရိတ်၊ နေ့တွက်စရိတ်နှင့် ပတ်သက်ပြီး လည်း COVID ကာလဖြစ်သည့် အတွက် တောင်းခံသည့် စရိတ်ထဲ မှ ကျပ်သန်း ၁၀၀ ကို လျှော့ချရန် အဆိုပြုသည်။အဆောက်အအုံထိန်းသိမ်း ရေးတွင် မူလ လျာထားချက်ထက် ကျပ် ၁,၈၆၀ သန်းကျော် ပိုမို တောင်းခံထား၍ ယင်းငွေထဲမှ ကျပ်သန်း ၈၀၀ လျှော့ချရန်၊ ပညာရှင် ငှားရမ်းခကို ကျပ်သန်း ၃ဝဝ လျှော့ချရန် ဒေါက်တာ မေဝင်းမြင့်က အဆိုပြုသည်။ ‘ကာကွယ်ရေးဝန်ကြီးဌာန သာမန်နှင့် ငွေလုံးငွေရင်း အသုံး စရိတ်တွေ လျာထားချက်ထက် ပိုမိုတောင်းခံတာနဲ့ ပတ်သက်၍ လျာထားချက် ထက်ပိုပြီး သုံးစွဲ မည့်ငွေကို တင်သွင်းခွင့်ရှိ၊ မရှိ သိလိုပါတယ်’’ ဟုလည်း ၎င်းက ဆွေးနွေးသည်။

မြေသိမ်းဆည်းရေးကိစ္စနှင့်ပတ်သက်ပြီး ၂၀၁၆ -၁၇ ဘဏ္ဍာ နှစ်တွင် ကျပ်သန်း ၁,၀၀၀၊ ၂၀၁၇-၁၈ တွင် ကျပ်သန်း ၁,၀၀၀၊ ၂၀၁၈ မီနီဘတ် ဂျက်တွင် ကျပ်သန်း ၄၀၀၊ ၂၀၁၈-၁၉ တွင် ကျပ်သန်း ၉၀၀၊ စုစုပေါင်း ကျပ် သန်းပေါင်း ၃,၃၀၀ ခွင့်ပြုထား သော်လည်း အမှန်တကယ်သုံး စွဲခဲ့သည်မှာ ကျပ် ၁,၆၁၉ သန်း ကျော်သာရှိ၍ ကျန်ငွေများစွာရှိ နေကြောင်း ဒေါက်တာမေဝင်းမြင့် က ပြောသည်။

REF:    7DAY  DAILY

Add a Comment

Your email address will not be published. Required fields are marked *