အလြန္ႏူးညံ့သိမ္ေမြ႕တဲ့လင္းပိုင္ေတြ ကို သားရဲတိရစာၦန္ငါးမန္းေတြ က ဘယ္လိုေၾကာင့္ ေၾကာက္႐ြံ႕ၾကတာလဲ

လင္းပိုင္ေတြဟာ အၿမဲတန္း အုပ္စုနဲ႔သြားလာ ေနထိုင္ၾကၿပီး အခ်င္းခ်င္း စည္းလုံးပါတယ္။ တစ္ေကာင္နဲ႔ တစ္ေကာင္ ကူညီတတ္ၾကတဲ့ သဘာဝလည္းရွိပါတယ္။ ငါးမန္းေတြဟာ အေကာင္ႀကီးတဲ့ လင္းပိုင္ေတြထက္ အေကာင္ေသးတဲ့ လင္းပိုင္ငယ္ေလးေတြကို ပစ္မွတ္ထား ကာ တိုက္ခိုက္ခ်င္ၾကပါတယ္။ မ်ားေသာအားျဖင့္ လင္းပိုင္ငယ္ေလးေတြ ကို တိုက္ခိုက္တဲ့ အခါမွာ အျခားေသာလင္းပိုင္အုပ္က ဝိုင္းဝန္း တိုက္ခိုက္တာ ေၾကာင့္ မလြတ္ႏိုင္ပါဘူး။ လင္းပိုင္ေတြ ရဲ႕အႀကီးဆုံး အားသာခ်က္ကေတာ့ ဉာဏ္ေကာင္းေနတာပါပဲ။

ေရထဲက ငါးမန္းရဲ႕ အသံလႈိင္းေ႐ြ႕လ်ားတာကို အာ႐ုံခံၿပီး ေရွာင္ သြားတာ၊တိုက္ခိုက္တာေတြကို ျပဳလုပ္ပါတယ္။ ငါးမန္းေတြကပဲ လင္းပိုင္ ေတြကိုေၾကာက္ရတာမ်ိဳးမဟုတ္ပါဘူး။ Florida မွာေနထိုင္တဲ့ လင္းပိုင္ေတြ ရဲ႕ကိုယ္ေပၚမွာ ငါးမန္းနဲ႔ တိုက္ခိုက္ထားတဲ့ ဒဏ္ခ်က္ေတြကို ေတြ႕ရတတ္ပါတယ္။ ဒါေၾကာင့္ လင္းပိုင္ေတြအတြက္လည္း ငါးမန္းေတြက ႀကီးမားတဲ့ၿခိမ္းေျခာက္မႈ တစ္ခုပါပဲ။ လင္းပိုင္ေတြဟာ အုပ္စုဖြဲ႕ စုေပါင္းေနထိုင္ၾကၿပီး ဉာဏ္ေကာင္းတဲ့ ေရေနႏို႔တိုက္ သတၱဝါ အမ်ိဳးအစားျဖစ္ပါတယ္။

ငါးမန္းေတြရဲ႕သဘာဝက တစ္ေကာင္တည္း ေနတတ္ၾကၿပီး သားရဲတိရစာၦန္အမ်ိဳးအစားပါ။ ငါးမန္းေတြဟာ လင္းပိုင္အုပ္ကိုျမင္တဲ့အခါမွာ ေရွာင္သြားတတ္ ၾကၿပီး အထူး သျဖင့္ Grampus dolphin နဲ႔ Killer whales မ်ားကို ပိုၿပီး ေၾကာက္ၾက ပါတယ္။ ဘာေၾကာင့္ ရက္စက္ တတ္တဲ့ ငါးမန္းေတြက ႏွစ္လိုဖြယ္အသြင္ နဲ႔ လင္းပိုင္ေတြကို ေၾကာက္ရတာလဲ လင္းပိုင္ေတြ ဟာ ငါးမန္း ကိုေတြ႕တာနဲ႔ ခ်က္ခ်င္းဆိုသလို အုပ္စုလိုက္တိုက္ခိုက္ၾကပါတယ္။ ဒါက ငါးမန္းေတြက လင္းပိုင္ေတြကိုေရွာင္ရွားၾကတဲ့အဓိကအခ်က္ပါပဲ။

လင္းပိုင္ေတြဟာ ဉာဏ္ရည္ျမင့္မားတဲ့ အျပင္ သူတို႔ရဲ႕ ခႏၶာကိုယ္ တည္ေဆာက္ပုံေၾကာင့္ အျခားေသာ အားသာခ်က္ေတြလည္း ရွိပါတယ္။ လင္းပိုင္ေတြရဲ႕ အေပၚဖက္ေရယပ္ဟာ ႏႉးညံ့တဲ့အေရျပားနဲ႔ ဖြဲ႕စည္းထားတာေၾကာင့္ သားေကာင္ကို တိုက္ခိုက္တဲ့အခါမွာ အေတာ္ျမန္ ပါတယ္။ လင္းပိုင္ေတြရဲ႕ ေဒါင္လိုက္အၿမီးေၾကာင့္ ေရကူးတဲ့အခါမွာ ျမန္ဆန္ေစၿပီး direction ေျပာင္းတဲ့အခ်ိန္မွာလည္း ျမန္ေစပါတယ္။

ေခါင္းဖက္မွာရွိတဲ့အေရျပားဟာ ထူၿပီး သန္မာတာေၾကာင့္ ငါးမန္းကိုျမင္တဲ့အခါမွာ သူတို႔ရဲ႕ႏႈတ္သီးနဲ႔ အရင္ဆုံး ငါးမန္းရဲ႕ ပါးဟပ္ကို တိုက္ လိုက္ပါတယ္။ ေနာက္မွ ငါးမန္း ရဲ႕ ဝမ္းဗိုက္ကို အားျပင္းျပင္းတိုက္ခိုက္ တတ္ၾကပါတယ္။ ထိုကဲ့သို႔ တိုက္ခိုက္ျခင္းဟာ ငါးမန္းကို ေသေစ ႏိုင္ေလာက္တဲ့ အတြင္း ဒဏ္ရာကို ျဖစ္ေစ ပါတယ္။ ဒါ့အျပင္ လင္းပိုင္းအမ်ိဳးအစား ေတြထဲ မွာ အပါအဝင္ ျဖစ္တဲ့ Killer whale ေတြဟာ စားစရာရွားတဲ့အခါ မွာ white shark ေတြကို အမဲလိုက္ တတ္ၾကပါေသးတယ္။

crd : panpyoelat

UNICODE

အလွန်နူးညံ့သိမ်မွေ့တဲ့လင်းပိုင်တွေ ကို သားရဲတိရစ္ဆာန်ငါးမန်းတွေ က ဘယ်လိုကြောင့် ကြောက်ရွံ့ကြတာလဲ

လင်းပိုင်တွေဟာ အမြဲတန်း အုပ်စုနဲ့သွားလာ နေထိုင်ကြပြီး အချင်းချင်း စည်းလုံးပါတယ်။ တစ်ကောင်နဲ့ တစ်ကောင် ကူညီတတ်ကြတဲ့ သဘာဝလည်းရှိပါတယ်။ ငါးမန်းတွေဟာ အကောင်ကြီးတဲ့ လင်းပိုင်တွေထက် အကောင်သေးတဲ့ လင်းပိုင်ငယ်လေးတွေကို ပစ်မှတ်ထား ကာ တိုက်ခိုက်ချင်ကြပါတယ်။ များသောအားဖြင့် လင်းပိုင်ငယ်လေးတွေ ကို တိုက်ခိုက်တဲ့ အခါမှာ အခြားသောလင်းပိုင်အုပ်က ဝိုင်းဝန်း တိုက်ခိုက်တာ ကြောင့် မလွတ်နိုင်ပါဘူး။ လင်းပိုင်တွေ ရဲ့အကြီးဆုံး အားသာချက်ကတော့ ဉာဏ်ကောင်းနေတာပါပဲ။

ရေထဲက ငါးမန်းရဲ့ အသံလှိုင်းရွေ့လျားတာကို အာရုံခံပြီး ရှောင် သွားတာ၊တိုက်ခိုက်တာတွေကို ပြုလုပ်ပါတယ်။ ငါးမန်းတွေကပဲ လင်းပိုင် တွေကိုကြောက်ရတာမျိုးမဟုတ်ပါဘူး။ Florida မှာနေထိုင်တဲ့ လင်းပိုင်တွေ ရဲ့ကိုယ်ပေါ်မှာ ငါးမန်းနဲ့ တိုက်ခိုက်ထားတဲ့ ဒဏ်ချက်တွေကို တွေ့ရတတ်ပါတယ်။ ဒါကြောင့် လင်းပိုင်တွေအတွက်လည်း ငါးမန်းတွေက ကြီးမားတဲ့ခြိမ်းခြောက်မှု တစ်ခုပါပဲ။ လင်းပိုင်တွေဟာ အုပ်စုဖွဲ့ စုပေါင်းနေထိုင်ကြပြီး ဉာဏ်ကောင်းတဲ့ ရေနေနို့တိုက် သတ္တဝါ အမျိုးအစားဖြစ်ပါတယ်။

ငါးမန်းတွေရဲ့သဘာဝက တစ်ကောင်တည်း နေတတ်ကြပြီး သားရဲတိရစ္ဆာန်အမျိုးအစားပါ။ ငါးမန်းတွေဟာ လင်းပိုင်အုပ်ကိုမြင်တဲ့အခါမှာ ရှောင်သွားတတ် ကြပြီး အထူး သဖြင့် Grampus dolphin နဲ့ Killer whales များကို ပိုပြီး ကြောက်ကြ ပါတယ်။ ဘာကြောင့် ရက်စက် တတ်တဲ့ ငါးမန်းတွေက နှစ်လိုဖွယ်အသွင် နဲ့ လင်းပိုင်တွေကို ကြောက်ရတာလဲ လင်းပိုင်တွေ ဟာ ငါးမန်း ကိုတွေ့တာနဲ့ ချက်ချင်းဆိုသလို အုပ်စုလိုက်တိုက်ခိုက်ကြပါတယ်။ ဒါက ငါးမန်းတွေက လင်းပိုင်တွေကိုရှောင်ရှားကြတဲ့အဓိကအချက်ပါပဲ။

လင်းပိုင်တွေဟာ ဉာဏ်ရည်မြင့်မားတဲ့ အပြင် သူတို့ရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံကြောင့် အခြားသော အားသာချက်တွေလည်း ရှိပါတယ်။ လင်းပိုင်တွေရဲ့ အပေါ်ဖက်ရေယပ်ဟာ နှူးညံ့တဲ့အရေပြားနဲ့ ဖွဲ့စည်းထားတာကြောင့် သားကောင်ကို တိုက်ခိုက်တဲ့အခါမှာ အတော်မြန် ပါတယ်။ လင်းပိုင်တွေရဲ့ ဒေါင်လိုက်အမြီးကြောင့် ရေကူးတဲ့အခါမှာ မြန်ဆန်စေပြီး direction ပြောင်းတဲ့အချိန်မှာလည်း မြန်စေပါတယ်။

ခေါင်းဖက်မှာရှိတဲ့အရေပြားဟာ ထူပြီး သန်မာတာကြောင့် ငါးမန်းကိုမြင်တဲ့အခါမှာ သူတို့ရဲ့နှုတ်သီးနဲ့ အရင်ဆုံး ငါးမန်းရဲ့ ပါးဟပ်ကို တိုက် လိုက်ပါတယ်။ နောက်မှ ငါးမန်း ရဲ့ ဝမ်းဗိုက်ကို အားပြင်းပြင်းတိုက်ခိုက် တတ်ကြပါတယ်။ ထိုကဲ့သို့ တိုက်ခိုက်ခြင်းဟာ ငါးမန်းကို သေစေ နိုင်လောက်တဲ့ အတွင်း ဒဏ်ရာကို ဖြစ်စေ ပါတယ်။ ဒါ့အပြင် လင်းပိုင်းအမျိုးအစား တွေထဲ မှာ အပါအဝင် ဖြစ်တဲ့ Killer whale တွေဟာ စားစရာရှားတဲ့အခါ မှာ white shark တွေကို အမဲလိုက် တတ်ကြပါသေးတယ်။

crd : panpyoelat

Add a Comment

Your email address will not be published. Required fields are marked *