












UNICODE

ဘဏ်တွေတော့ မလွယ်တော့ဘူး သိန်းပေါင်း ထောင်ချီ ၍ လိမ်လည် ထုတ်ယူမှု ဖြစ်ပွား

MOB ဘဏ်သည် Customer များအပေါ် လိုတစ်မျိုး မလိုတစ်မျိုး ဆက်ဆံပုံ ညံ့ဖျင်းခြင်း တို့ကြောင့် ဘဏ် ၏ ပုံရိပ်သည် အမဲစက်တစ်ခု အဖြစ် ထင်ကျန်ခဲ့ပေတော့မည်။ဤဘဏ်သို့ ယုံကြည်စိတ်ချစွာ ငွေအပ်နှံထားသူများ သိစေ လိုသော ဆန္ဒဖြင့် ထပ်မံ သတိပေးချင်သည် မှာ MOB ဘဏ် ၌ ကိုယ်စားငွေထုတ် ယူချင်သူသည် မိမိ ၏ မှတ်ပုံတင် နှင့်ကိုယ်စားလှယ်လွှဲစာ တွင် လက်မှတ် တူအောင် ထိုးနိုင်ပြီး ဘဏ်စာအုပ်ပါ မည် ဆိုပါက သိန်းထောင်ကျော် ထုတ်ယူလိုပါ ကကာယကံရှင် မှတ်ပုံတင် မလိုဘဲ ထုတ်ပေးသော ဘဏ်ဖြစ် သည် ဟု ပြောကြားချင် ပါသည် ။ (P.S. ပူးတွဲပါ ပုံများအား တစ်ပုံချင်း ထောက်ကြည့်ပါ ။ သက်သေခံ အသံဖိုင်များ ကို ပေးထားသည့် Link များမှ Download ဆွဲ၍ နားဆင်နိုင်သည်

ရန် ကုန်မြို့ ရှိ မြန်မာ့ အရှေ့တိုင်းဘဏ် ( MOB ) ၌ ငွေကြေး သိန်းပေါင်း ထောင်နှင့်ချီ၍ လိမ်လည် ထုတ်ယူသွားမှု တစ်ခု ဖြစ်ပွား ခဲ့ ကြောင်း သတင်းရရှိခဲ့ ပါသည် ။ဖြစ်စဉ် မှာ ဘဏ်အေ ကာင့်ပိုင်ရှင် ဦး— သည် MOB ဘဏ် ၌ ငွေစု သည် မှာ ၁၅ နှစ်ခန့် ကြာပြီဖြစ် ကြောင်း သိရှိရပါတယ် ။မြန်မာ့ အရှေ့တိုင်းဘဏ် ( MOB ) ၌ ငွေကြေးသိန်းပေါင်း ထောင် နှင့် ချီ ၍ လိမ်လည် ထုတ်ယူ သွားမှု ဖြစ်ပွား ထို သူ သည် သားသမီးများ အတွက် စုဆောင်းရှာဖွေထားသော ငွေကြေးများ ကို ပန်းဆိုးတန်း ရှိ MOB ဘဏ်သို့ စိတ်ချယုံကြည် ၍ လစဉ် ငွေများ အပ်နှံခဲ့သည်မှာ သိန်း ထောင်ကျော် သွားပြီ ဖြစ်ကြောင်း၊ အသွင်းသာ ရှိ၍ အထုတ် မရှိကြောင်း သိရသည်။

ဘဏ် စာအုပ်အား သမီးဖြစ်သူ ကိုအပ်ထားကြောင်းနှင့် သမီးဖြစ်သူ ၏ သူငယ်ချင်းမှ အိမ်သို့ အလည်လာကာ သမီးနှ င့်အတူအိမ်သန့်ရှင်း ရေးဝိုင်းကူလုပ်ရင်း ဘဏ်စာအုပ်အား နှိုက်ယူသွားသည် ကို မသိရှိခဲ့ပေ ။ညနေ (၇:၀၀)နာရီ ဝန်းကျင်၌ ထိုသူငယ်ချင်းဖြစ်သူ မိန်းကလေး မှ သမီးအား ဖုန်းဆက် ၍ သန့်ရှင်းရေး လုပ်စဉ် ဘဏ်စာအုပ် ကိုတွေ့၍ ကောက်ယူကာ မိမိ၏ကျောပိုးအိတ် တွင်ခေတ္တသိမ်းထားခဲ့ရာ ပြန် မပေးမိ သဖြင့် လာပေးလိုကြောင်းပြောရာ မှ ဘဏ်စာအုပ် မရှိမှန်းသိခဲ့ရသည်ဟု ဆိုသည်။ သို့ဖြစ်ပါ ၍ ထိုမိန်းကလေးသည် ဘဏ်စာအုပ် အား သမီးဖြစ်သူကို လှမ်းခေါ်၍အိမ်ပေါက်ဝ ၌သာပေး၍ သွားစရာ ရှိကြောင်း ပြောကာ ထွက်သွား ခဲ့သည် ။

ဦး—-သည် ရေချိုးအပြီး ရေချိုးခန်း ထွက်လာစဉ် သမီးဖြစ်သူမှ ဘဏ်စာအုပ်လာပြန်ပေးသွားသည်ဟု ဆို၍ ဘဏ်စာအုပ်အား စစ်ကြည့်ရာ တွင် လက်ရေးဖြင့် သိန်း၆၀၀ အနုတ်ပြနေ သည်ကို တွေ့သဖြင့် နောက်နေ့မနက် တွင် ဘဏ် အကောင့်ဖွင့်ခဲ့သော ပန်းဆိုးတန်း MOB ဘဏ်ရုံးချုပ်သို့ သွားရောက်စစ်ဆေးရာ အမှန်တကယ်လျော့နေသည့်ငွေပမာဏ မှာ သိန်း ၁၁၀၀ ကျပ် ဖြစ်ကြောင်းနှင့် တာမွေ MOB ဘဏ်ခွဲ၌ သူရဇော် ဆိုသူ မှတ်ပုံတင် အမှတ် ၁၂/သကတ (နိုင်) ၁၈၀၅၂၇ မှထုတ်ယူသွားကြောင်းကို ဘဏ်မန်နေဂျာဆိုသူ ဒေါ်မေမျိုးသန်း ၏ပြောပြချက်အရသိခဲ့ရပါသည်ဟု ဆိုသည် ။

သို့ဖြစ်၍ ဦး——သည် ကျွန်တော်၏ မှတ်ပုံတင်မပါပဲ ဘဏ်စာအုပ် တစ်ခုတည်း ပါသွားသည်ကို မည်သို့ထုတ်ပေးလိုက်ကြောင်း မေးမြန်း ရာ ဘဏ်မန်နေဂျာ အမျိုးသမီး မှ ကိုယ်စားလှယ် လွှဲစာတွင် လက်မှတ်တူနေ ၍ ထုတ်ပေး လိုက်သည် ဟုပြောသည်။မြန်မာ့ အရှေ့တိုင်း ဘဏ် ( MOB ) ၌ ငွေကြေး သိန်းပေါင်း ထောင် နှင့် ချီ ၍ လိမ်လည် ထုတ်ယူသွားမှု ဖြစ်ပွား ဘဏ်စာအုပ် နှင့် ကိုယ်စားလှယ် လွှဲစာတွင် လက်မှတ် တူ ပါက ကျွန်မတို့ ဘဏ်တွင်ငွေ ထုတ်ယူနိုင်ကြောင်းနှင့် တခြားသော ပုဂ္ဂလိက ဘဏ် AYA ,KBZ တို့တွင်လည်း ထိုကဲ့သို့ ထုတ်ပေးကြောင်း မချေမငံ့ပြော ဆို ၍ မကျေနပ်ပါက ကြိုက်တဲ့နေရာ တိုင်ဟူ ၍ပင် အော်ဟစ်ပြော ဆိုခဲ့သည် ဟုသိရသည် ။

တခြားသောပုဂ္ဂလိက ဘဏ်များအား လိုက်လံမေးမြန်းရာ ယင်းသို့ပင် မဟုတ်ကြောင်း MOB ဘဏ်နှင့် တခြားသောဘဏ်များ ၏ စိစစ်မှု မှာ လုံးဝကွဲလွဲနေသည် ကို တွေ့ရှိရသည်။ ထို့ကြောင့် ဦး——-သည် တာမွေရဲစခန်းသို့ တိုင်ကြားခဲ့သည်။ သို့သော် ဘဏ်စာအုပ် ခိုးယူသွား သည်မှာ ကျောက်တံတားမြို့နယ်တွင်ဖြစ် ၍ ကျောက်တံတားစခန်းသို့ပြန်လည်လွှဲခဲ့ သည်ဟုဆိုသည်။ ကျောက်တံတား စခန်းမှူးသည် ဖြစ် ကြောင်း ကုန်စင်နားထော င်ပြီး ဘဏ်သို့ပြန်သွားရန် နှင့် ဘဏ်တွင် တာဝန်ရှိကြောင်းနှင့် ဘဏ်မှ အချက်အလက် ပေးမည် ဆိုပါက အမှူဖွင့်ပေးမ ည်ဟုပြော ၍ ပြန်လည်စေ လွှတ်ခဲ့သည် ဟု သိရသည် ။

ထို့ကြောင့် ဦး———သည် ဘဏ်သို့ သွား၍ အချက်အလက် များတောင်းရာ ရဲစခန်းမှ အမှုဖွင့်ပေးပြီးလာစစ်မှ ပေးမည် ဟု ပြန်ပြောခဲ့သည် ။ တာမွေတွင်တိုင်တန်းခဲ့စဉ် က ဒုရဲအုပ် ဇော်မျိုးထက် မှမြန်မာ့ အရှေ့တိုင်းဘဏ် ( MOB ) ၌ ငွေကြေးသိန်းပေါင်း ထောင် နှင့် ချီ ၍ လိမ် လည် ထုတ်ယူသွားမှု ဖြစ်ပွား ဘဏ်မှ ပိုက်ဆံထုတ်သွား သည် မှာ ဟုတ် မဟုတ်ကို အတည်ပြုရန် CCTV မှတ်တမ်းကြည့်ရန် တောင်း သော်ငြား ပေးမကြည့်ဟု သိရသည်။ အမှူအရင်ဖွင့်ပေးပြီးမှ ပြနိုင်ကြောင်း ရှင်းပြသည် ဟုပြောသည် ။ အမှူဖွင့်ရာ တွင် တရားခံများ ၏ နေရပ်လိပ်စာအား အတိကျ မသိရ၍ အဆင်မပြေနိုင်ကြောင်းပြောလိုက်သည်။

သူရဇော် ၏ မှတ်ပုံတင်အရ လဝက ရုံး တွင် လိပ်စာမေးမြန်းခဲ့သော်လည်း ထိုနေရာ မှပြောင်းရွေ့သွားကြောင်းသိရသည်။ ဘဏ်စာအုပ် ခိုးယူခဲ့သော မိန်းကလေး သည်လည်း အင်းစိန်ရှိ အဆောင်တစ်ခုတွင်နေသည် မှ လွှဲ၍ တခြားမသိ ရှိသဖြင့် အမှုဖွင့်သော်လည်း အဆင် မပြေ။ ဆက်လက်၍ ဦး—– က ပြောပြသည်မှာ ကျွန်တော်သည် တာမွေဘဏ်ခွဲအား အကျိုးအကြောင်းများစွာ ရှင်းပြခဲ့ပြီး အချက်အလက် များတောင်းဆိုသော အခါ A4 စာရွက်တွင် တောင်းယူလိုကြောင်းရေးသား ခိုင်းပြီး ကျွန်တော် ၏ မှတ်ပုံတင်အား မိတ္တူ ဆွဲယူရန် လို ကြောင်းပြော ၍ မှတ်ပုံတင်အားပေးခဲ့သည်။

နောက်တနေ့မနက် တွင် ဘဏ်မှ ဖုန်းဆက်လာ၍ ဘဏ်၏ Assistant General Manager (AGM) ဖြစ်သူ ဦးမာန်အောင်ချစ်နှင့် တွေ့ဆုံ ၍ စကားပြောရာ ၎င်းမှ ကျွန်တော်ပေးခဲ့သည့် မှတ်ပုံတင် မိတ္တူအား ထုတ်ပြ၍ ငွေလာထုတ်သူမှာ မှတ်ပုံတင်မိတ္တူယူလာကြောင်း ပြော ဆိုပြန်သည်။ကျွန်တော်၏ မှတ်ပုံတင်အား ကျွန်တော်၏ ပိုက်ဆံအိတ်ထဲတွင်ထား၍ အိမ်တွင် ယူဆောင်သွားရန် မှတ်ပုံတင် မိတ္တူပင် မရှိ ကြောင်း ပြန်လည်ပြောဆိုရာ တွင်ဦးမာန်အောင်ချစ်သည် မှတ်ပုံတင် မိတ္တူပါလာကြောင်းကို သာလျင် ငြင်းဆိုပြောခဲ့သည် ။ အချက်အ လက်များ ပေးပိုင်ခွင့် မရှိကြောင်း၊CCTV မှတ်တမ်းအားကြည့်ရှူခွင့်ပြုရန်တောင်းဆိုသည့် အခါ CCTV မှတ်တမ်း မရှိတော့ကြောင်း။

၎င်းတို့မှာ CCTV မှတ်တမ်းထက် ငွေသွင်းငွေထုတ်ကိုသာဦးစားပေးသည်ဟု တာမွေဘဏ်ခွဲ တာဝန်ခံဒေါ်ဥခင်နှင့် AGM ဦးမာန်အောင် ချစ် တို့မှ တာဝန်မဲ့စွာ ပြောဆိုခဲ့သည်။ လွှတ်တော်ထိ တက်မည်ဟု ပြောခဲ့ရာ ကျွန်တော်တို့အိမ်ပြန်လာစဉ် လမ်းတွင် ဦးမာန်အောင်ချစ် သည် ဖုန်းဆက် ၍ အချက်အလက်များအား အိမ်သို့ ကားဖြင့်လာပို့ပေးမည်ဟုပြောခဲ့သည်။ နောက်နေ့ နေ့လည် ၁၂နာရီ တွင် ကျွန်တော် တို့ ဘဏ်သို့ ထပ်မံသွားရောက်ပြီး Senior General Manager ဖြစ်သူ ဦးချစ်ဦးမောင်နှင့်တွေ့ဆုံ၍ စကားပြောရာ ငွေထုတ်ယူသွားသူ၏ မှတ်ပုံတင် မိတ္တူ ကိုယ်စားလှယ်စာရွက် တို့အား ပေးနိုင်ကြောင်းနှင့် အခုကိစ္စအား မနေ့ကမှသိရသည်ဟုဆိုသည်။

( ကျွန်တော်တို့ ဤအမှု ကိစ္စ ကို ဘဏ်မန်နေဂျာထံ သို့ ပြောပြခဲ့သည် မှာ တစ်ပတ်ကျော်ပြီဖြစ်သည် ။ ဤ ဘဏ်ဝန်ထမ်းများသည် သတင်းပို့မှုလည်း အလွန်အားနည်းကြောင်း တွေ့ခဲ့ရသည် ။) CCTV မှတ်တမ်းသည်လည်း ရက် ၅၀ ပြည့်လျှင် အလိုလိုပျက်သောကြောင့် မရနိုင်တော့ပါ ဟု ပြောခဲ့သည်ဟု ဆိုသည်။ဤအဖြစ်အပျက်အား ကျွန်တော် တို့ အလင်းသစ် မီဒီယာ မှာ ပြန်လည် သုံးသပ်လိုသည် မှာ – လူတိုင်းယုံကြည် အားထားသော CCTV မှတ်တမ်း သည် ကြီးမားသော ဘဏ်လုပ်ငန်း တစ်ခုဖြစ်ပါလျှက် ရက် ၅၀ record ပဲရှိသည်မှာ လျော်ကန်မှု မရှိခြင်း၊– လက်အောက်ငယ်သား ဘဏ်ဝန်ထမ်းများမှ အထက်လူကြီးဆီ သတင်းတင်ပို့ချက်မှာ အချိန်နှောင်းနှေးမှုများစွာ ရှိနေခြင်း– အခြားဘဏ်များကဲ့ သို့ လုံခြုံစိတ်ချရသော စည်းမျဉ်းများ ချမှတ် မထားခြင်း ဖြစ်သည်။

Credit-NAY YAR THIT NEWS

Add a Comment

Your email address will not be published. Required fields are marked *