COVID-19 ေၾကာင့္ ခက္ခဲေန တဲ့ အေျခခံလူ တန္းစားေတြအတြက္ ဆန္ေထာက္ပံ့ေပးရန္ RICE ATMစနစ္ စတင္ စမ္းသပ္

ကိုဗစ္-၁၉ကာလမွာ ဆန္လိုအပ္ခ်က္ ရွိသူေတြအတြက္ ဆန္ အလိုအေလွ်ာက္ ေပးေဝးစက္ကို လႈိင္သာယာၿမိဳ႕နယ္ အမွတ္ (၅၇၂/က/ခ) မေကြးလမ္း၊(၉) ရပ္ကြက္၊ လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား႐ုံးမွာ ထားရွိတာ ျဖစ္ပါတယ္။လာေရာက္ ထုတ္ယူတဲ့သူေတြကို ကန႔္သတ္ခ်က္ အေနနဲ႔ တစ္ဦးကို ဆန္ ၁ ဒသမ ၅ ကီလို ဂရမ္ (ဆန္ႏို႔ဆီဘူး ၆ ဘူး) ႏႈန္း ထုတ္ယူႏိုင္မွာျဖစ္ပါတယ္။

တစ္ရက္ျခားတစ္ခါ ထုတ္ယူႏိုင္တယ္လို႔ ဆိုပါတယ္အခုလို အလိုေလ်ာက္ ဆန္ထုတ္ယူႏိုင္တဲ့ စက္တစ္လုံးကို က်ပ္သန္း ၂၀ အထိ အ ကုန္က်ခံကာ စမ္းသပ္မႈတစ္ခု အေနနဲ႔ ျပဳလုပ္ ခဲ့တာျဖစ္ပါတယ္။ စမ္းသပ္မႈ ေအာင္ျမင္သြားရင္ေတာ ေနာက္မွာတိုး ခ်ဲ႕သြားဖို႔ ရွိတယ္ လို႔ We love Hlaingtharyar အဖြဲ႕က ေျပာပါတယ္။

COVID-19ကာလ အက်ပ္အတည္းေၾကာင့္ စားဝတ္နေရး အခက္ခဲျဖစ္ေန တဲ့ အေျခခံလူ တန္းစားေတြ အတြက္ ရည္႐ြယ္ၿပီး ဆန္ကိုအလို အေလ်ာက္ ထုတ္ယူႏိုင္တဲ့ Rice ATM စနစ္ ရန္ကုန္တိုင္း လႈိင္သာယာၿမိဳ႕နယ္မွာ စတင္စမ္းသပ္လုပ္ေဆာင္ ေနတယ္လို႔ သိရပါတယ္ ။အင္တာနက္ ကေန QR ကုတ္ယူၿပီး ဆန္ကို အလိုအေလ်ာက္ အခမဲ့ ထုတ္ယူႏိုင္တဲ့ စနစ္ကို ေမလ ၁၆ ရက္ေန႔ကစၿပီး စမ္းေနပါၿပီ။

လႈိင္သာယာၿမိဳ႕နယ္မွာ ပထမဦးဆုံးအႀကိမ္ စတင္ စမ္းသပ္ခဲ့ပါတယ္။လႈိင္သာယာၿမိဳ႕နယ္ဟာ လူဦးေရ အရမ္းမ်ားတဲ့ၿမိဳ႕နယ္ျဖစ္ၿပီး အ ေျခခံ လူတန္းစားေတြ မ်ားတဲ့ေနရာလည္း ျဖစ္ပါတယ္။ ဒါေၾကာင့္ COVID-19 ကာလအတြင္း စားဝတ္ေနေရး အခက္ခဲျဖစ္ေန တဲ့ သူေတြ ကို ရည္႐ြယ္ၿပီး အခုလို လုပ္ေဆာင္တာျဖစ္တယ္လို႔ တိုင္းေဒသႀကီး လႊတ္ေတာ္ကိုယ္စားလွယ္ ဦးဝင္းေမာင္က ေျပာပါတယ္။

အဲ့ဒီအစီအစဥ္ကို We love Hlaingtharyar ပရဟိတ အဖြဲ႕နဲ႔ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြ ပူးေပါင္းၿပီး အေကာင္ အထည္ေဖာ္ လုပ္ ေဆာင္တာျဖစ္ပါတယ္။အခုလို အခမဲ့ ဆန္ထုတ္ယူႏိုင္ဖို႔ We love Hlaingtharyar ေဖ့ဘြတ္ခ္ စာမ်က္ႏွာ Chatbox မွာ ေလွ်ာက္လႊာကို ျဖည့္သြင္းရမွာ ျဖစ္ပါတယ္။ေလွ်ာက္လႊာ ျဖည့္သြင္းၿပီးတဲ့ အခါ မိုဘိုင္းဖုန္း မွာ QR ကုတ္ တစ္ခုရရွိမွာျဖစ္ပါတယ္။

အဲဒီQR ကုတ္နဲ႔ အလိုအေလ်ာက္ ဆန္ထုတ္ယူႏိုင္တဲ့ေနရာမွာ လာ ေရာက္ၿပီး အခခဲ့ ဆန္ထုတ္ယူႏိုင္တယ္လို႔ We love Hlaingtharyar အဖြဲ႕ စီမံခန႔္ခြဲေရးတာဝန္ရွိသူ ဦးထက္ၿဖိးေဝ ကေျပာပါတယ္။

crd : panpyoelat

UNICODE

COVID-19 ကြောင့် ခက်ခဲနေ တဲ့ အခြေခံလူ တန်းစားတွေအတွက် ဆန်ထောက်ပံ့ပေးရန် RICE ATMစနစ် စတင် စမ်းသပ်

ကိုဗစ်-၁၉ကာလမှာ ဆန်လိုအပ်ချက် ရှိသူတွေအတွက် ဆန် အလိုအလျှောက် ပေးဝေးစက်ကို လှိုင်သာယာမြို့နယ် အမှတ် (၅၇၂/က/ခ) မကွေးလမ်း၊(၉) ရပ်ကွက်၊ လွှတ်တော် ကိုယ်စားလှယ်များရုံးမှာ ထားရှိတာ ဖြစ်ပါတယ်။လာရောက် ထုတ်ယူတဲ့သူတွေကို ကန့်သတ်ချက် အနေနဲ့ တစ်ဦးကို ဆန် ၁ ဒသမ ၅ ကီလို ဂရမ် (ဆန်နို့ဆီဘူး ၆ ဘူး) နှုန်း ထုတ်ယူနိုင်မှာဖြစ်ပါတယ်။

တစ်ရက်ခြားတစ်ခါ ထုတ်ယူနိုင်တယ်လို့ ဆိုပါတယ်အခုလို အလိုလျောက် ဆန်ထုတ်ယူနိုင်တဲ့ စက်တစ်လုံးကို ကျပ်သန်း ၂၀ အထိ အ ကုန်ကျခံကာ စမ်းသပ်မှုတစ်ခု အနေနဲ့ ပြုလုပ် ခဲ့တာဖြစ်ပါတယ်။ စမ်းသပ်မှု အောင်မြင်သွားရင်တော နောက်မှာတိုး ချဲ့သွားဖို့ ရှိတယ် လို့ We love Hlaingtharyar အဖွဲ့က ပြောပါတယ်။

COVID-19ကာလ အကျပ်အတည်းကြောင့် စားဝတ်နရေး အခက်ခဲဖြစ်နေ တဲ့ အခြေခံလူ တန်းစားတွေ အတွက် ရည်ရွယ်ပြီး ဆန်ကိုအလို အလျောက် ထုတ်ယူနိုင်တဲ့ Rice ATM စနစ် ရန်ကုန်တိုင်း လှိုင်သာယာမြို့နယ်မှာ စတင်စမ်းသပ်လုပ်ဆောင် နေတယ်လို့ သိရပါတယ် ။အင်တာနက် ကနေ QR ကုတ်ယူပြီး ဆန်ကို အလိုအလျောက် အခမဲ့ ထုတ်ယူနိုင်တဲ့ စနစ်ကို မေလ ၁၆ ရက်နေ့ကစပြီး စမ်းနေပါပြီ။

လှိုင်သာယာမြို့နယ်မှာ ပထမဦးဆုံးအကြိမ် စတင် စမ်းသပ်ခဲ့ပါတယ်။လှိုင်သာယာမြို့နယ်ဟာ လူဦးရေ အရမ်းများတဲ့မြို့နယ်ဖြစ်ပြီး အ ခြေခံ လူတန်းစားတွေ များတဲ့နေရာလည်း ဖြစ်ပါတယ်။ ဒါကြောင့် COVID-19 ကာလအတွင်း စားဝတ်နေရေး အခက်ခဲဖြစ်နေ တဲ့ သူတွေ ကို ရည်ရွယ်ပြီး အခုလို လုပ်ဆောင်တာဖြစ်တယ်လို့ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမောင်က ပြောပါတယ်။

အဲ့ဒီအစီအစဉ်ကို We love Hlaingtharyar ပရဟိတ အဖွဲ့နဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ ပူးပေါင်းပြီး အကောင် အထည်ဖော် လုပ် ဆောင်တာဖြစ်ပါတယ်။အခုလို အခမဲ့ ဆန်ထုတ်ယူနိုင်ဖို့ We love Hlaingtharyar ဖေ့ဘွတ်ခ် စာမျက်နှာ Chatbox မှာ လျှောက်လွှာကို ဖြည့်သွင်းရမှာ ဖြစ်ပါတယ်။လျှောက်လွှာ ဖြည့်သွင်းပြီးတဲ့ အခါ မိုဘိုင်းဖုန်း မှာ QR ကုတ် တစ်ခုရရှိမှာဖြစ်ပါတယ်။

အဲဒီQR ကုတ်နဲ့ အလိုအလျောက် ဆန်ထုတ်ယူနိုင်တဲ့နေရာမှာ လာ ရောက်ပြီး အခခဲ့ ဆန်ထုတ်ယူနိုင်တယ်လို့ We love Hlaingtharyar အဖွဲ့ စီမံခန့်ခွဲရေးတာဝန်ရှိသူ ဦးထက်ဖြိးဝေ ကပြောပါတယ်။

crd :   panpyoelat

Add a Comment

Your email address will not be published. Required fields are marked *