အိႏၵိယမွာမိန္းမျဖစ္ သူ ကို ဖဲေ ပါင္႐ိုက္ၿပီး ဖဲရႈံးသြားလို႔ (၂)ႀကိမ္တိုင္ မိန္းမျဖစ္သူ အဓမၼက်င့္ ခံရ

အေတာ္ကို လူမဆန္တဲ့လုပ္ရပ္ပါ။လုပ္စရာရွားလို႔ မိန္းမျဖစ္သူကို မွ ဖဲဝိုင္းမွာ အေပါင္ထားၿပီး ဖဲကစားတဲ့ အမ်ိဳးသားတစ္ေယာက္ အ ေၾကာင္း ျဖစ္ပါတယ္။ဒီအျဖစ္အပ်က္က ျမန္မာႏိုင္ငံမွာ ေတာ့ မဟုတ္ပါဘူး။အိႏၵိယႏိုင္ငံ မွာ ျဖစ္ပြားခဲ့တာ ျဖစ္ပါတယ္။ အိႏၵိယႏိုင္ငံမွာ လည္း မုဒိန္းမႈေတြ မၾကာခဏဆိုသလို ျဖစ္ပြားေနတဲ့ နာမည္ဆိုး နဲ႔ ေက်ာ္ၾကားေနတာ ျဖစ္ပါတယ္။

ျဖစ္စဥ္ကေတာ့ ဒီလိုပါ။အိႏၵိယႏို င္ငံ၊ အူတာပရာဒက္ရွ္ျပည္နယ္၊ Jaunpur မွာ ေနထိုင္တဲ့ အမ်ိဳးသားတစ္ေယာက္ဟာ ဖဲ႐ိုက္ဖို႔ေငြမရွိ ေတာ့ သူ႔မိန္းမ ကို ဖဲေပါင္႐ိုက္ခဲ့ ေၾကာင္း သိရပါတယ္။ အဲဒီလို ဖဲေပါင္႐ိုက္ ေတာ့လည္း သူပဲ ဆက္ရႈံး ခဲ့တာမို႔ သူ႔ကတိအတိုင္း ဖဲႏိုင္သူ ေတြကို မိန္းမနဲ႔ ေပ်ာ္ပါးခြင့္ေပးခဲ့ပါတယ္

မိန္းမျဖစ္သူက ျငင္းဆန္ေနလို႔၊ သူရဲ႕ ေဘာ္ဒါေတြက ဖဲဝိုင္းမွာ လင္ျဖစ္သူထားခဲ့တဲ့ ကတိအတိုင္း ႏွစ္ႀကိမ္ဆီ အဓမၼက်င့္ဖို႔ ႀကိဳးစားခဲ့ ေပမယ့္၊ တစ္ႀကိမ္ဆီသာ အရာေရာက္ခဲ့ေၾကာင္း၊ အဲဒီေနာက္ အဆိုပါ အမ်ိဳးသမီးမွာ ထြက္ေျပးသြားခဲ့ေၾကာင္း ဆိုပါတယ္။ ဇနီးျဖစ္သူဟာ အဓမၼက်င့္ခံရၿပီးေနာက္၊ သူမရဲ႕ ဦးေလးအိမ္ကို ထြက္ေျပးခဲ့ပါတယ္။

အဲဒီေနာက္ ဖဲသမားလင္က ေနာက္က လိုက္သြားၿပီး၊ ဒီကိစၥကို ဘယ္သူ႔ကိုမွ မေျပာဖို႔နဲ႔ သူ ေနာက္ ဒီလိုမျဖစ္ေစရဘူးလို႔ ကတိေပးခဲ့ တယ္လို႔ ဆိုပါတယ္။ အဲဒါနဲ႔ သူ႔မိန္းမလည္း အိမ္ျပန္ လိုက္လာပါသတဲ့။ ဒါေပမယ့္ အိမ္မေရာက္ခင္ လမ္းေဘးမွာပဲ သူ႔ေဘာ္ဒါေတြက အသင့္ေစာင့္ဆိုင္းေနၿပီး၊ ေနာက္ထပ္ တစ္ႀကိမ္ဆီ အုပ္စုဖြဲ႕ အဓမၼက်င့္ခဲ့ေၾကာင္း သိရပါတယ္။

ဒီတစ္ႀကိမ္မွာေတာ့ ဇနီးက ရဲစခန္းကို သြားေရာက္တိုင္ၾကားခဲ့ပါတယ္။ ဒါေပမယ့္ ရဲက အေရးအရာမလုပ္တာနဲ႔ ျပည္နယ္တရား႐ုံးကို သြားတိုင္ခဲ့ပါတယ္။ ျပည္နယ္တရား႐ုံးက ပထမသတင္းေပးတိုင္ခ်က္ကို အတည္ျပဳအမႈဖြင့္ေပးခဲ့ၿပီး၊ ရဲတပ္ဖြဲ႕ကို ဆင့္ေခၚကာ အေရးယူ ရန္ကိစၥေတြ ၫႊန္ၾကားခဲ့ေၾကာင္း သိရပါတယ္။

အခင္းျဖစ္စဥ္မွာ ပါဝင္သူေတြရဲ႕နာမည္ကို အတည္ျပဳမထားေသးပါဘူး။ ေနာက္ လူဘယ္ႏွစ္ေယာက္ စြဲခ်က္တင္ခံထားရတယ္ဆိုတာ မသိရေသးပါဘူး။အေတာ္ကို ဆိုး႐ြားတဲ့ လူမဆန္တဲ့ အမႈကိစၥ ျဖစ္ပါတယ္။

REF: SHWE WIKI

UNICODE

အိန္ဒိယမှာမိန်းမဖြစ် သူ ကို ဖဲေ ပါင်ရိုက်ပြီး ဖဲရှုံးသွားလို့ (၂)ကြိမ်တိုင် မိန်းမဖြစ်သူ အဓမ္မကျင့် ခံရ

အတော်ကို လူမဆန်တဲ့လုပ်ရပ်ပါ။လုပ်စရာရှားလို့ မိန်းမဖြစ်သူကို မှ ဖဲဝိုင်းမှာ အပေါင်ထားပြီး ဖဲကစားတဲ့ အမျိုးသားတစ်ယောက် အ ကြောင်း ဖြစ်ပါတယ်။ဒီအဖြစ်အပျက်က မြန်မာနိုင်ငံမှာ တော့ မဟုတ်ပါဘူး။အိန္ဒိယနိုင်ငံ မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံမှာ လည်း မုဒိန်းမှုတွေ မကြာခဏဆိုသလို ဖြစ်ပွားနေတဲ့ နာမည်ဆိုး နဲ့ ကျော်ကြားနေတာ ဖြစ်ပါတယ်။

ဖြစ်စဉ်ကတော့ ဒီလိုပါ။အိန္ဒိယနို င်ငံ၊ အူတာပရာဒက်ရှ်ပြည်နယ်၊ Jaunpur မှာ နေထိုင်တဲ့ အမျိုးသားတစ်ယောက်ဟာ ဖဲရိုက်ဖို့ငွေမရှိ တော့ သူ့မိန်းမ ကို ဖဲပေါင်ရိုက်ခဲ့ ကြောင်း သိရပါတယ်။ အဲဒီလို ဖဲပေါင်ရိုက် တော့လည်း သူပဲ ဆက်ရှုံး ခဲ့တာမို့ သူ့ကတိအတိုင်း ဖဲနိုင်သူ တွေကို မိန်းမနဲ့ ပျော်ပါးခွင့်ပေးခဲ့ပါတယ်

မိန်းမဖြစ်သူက ငြင်းဆန်နေလို့၊ သူရဲ့ ဘော်ဒါတွေက ဖဲဝိုင်းမှာ လင်ဖြစ်သူထားခဲ့တဲ့ ကတိအတိုင်း နှစ်ကြိမ်ဆီ အဓမ္မကျင့်ဖို့ ကြိုးစားခဲ့ ပေမယ့်၊ တစ်ကြိမ်ဆီသာ အရာရောက်ခဲ့ကြောင်း၊ အဲဒီနောက် အဆိုပါ အမျိုးသမီးမှာ ထွက်ပြေးသွားခဲ့ကြောင်း ဆိုပါတယ်။ ဇနီးဖြစ်သူဟာ အဓမ္မကျင့်ခံရပြီးနောက်၊ သူမရဲ့ ဦးလေးအိမ်ကို ထွက်ပြေးခဲ့ပါတယ်။

အဲဒီနောက် ဖဲသမားလင်က နောက်က လိုက်သွားပြီး၊ ဒီကိစ္စကို ဘယ်သူ့ကိုမှ မပြောဖို့နဲ့ သူ နောက် ဒီလိုမဖြစ်စေရဘူးလို့ ကတိပေးခဲ့ တယ်လို့ ဆိုပါတယ်။ အဲဒါနဲ့ သူ့မိန်းမလည်း အိမ်ပြန် လိုက်လာပါသတဲ့။ ဒါပေမယ့် အိမ်မရောက်ခင် လမ်းဘေးမှာပဲ သူ့ဘော်ဒါတွေက အသင့်စောင့်ဆိုင်းနေပြီး၊ နောက်ထပ် တစ်ကြိမ်ဆီ အုပ်စုဖွဲ့ အဓမ္မကျင့်ခဲ့ကြောင်း သိရပါတယ်။

ဒီတစ်ကြိမ်မှာတော့ ဇနီးက ရဲစခန်းကို သွားရောက်တိုင်ကြားခဲ့ပါတယ်။ ဒါပေမယ့် ရဲက အရေးအရာမလုပ်တာနဲ့ ပြည်နယ်တရားရုံးကို သွားတိုင်ခဲ့ပါတယ်။ ပြည်နယ်တရားရုံးက ပထမသတင်းပေးတိုင်ချက်ကို အတည်ပြုအမှုဖွင့်ပေးခဲ့ပြီး၊ ရဲတပ်ဖွဲ့ကို ဆင့်ခေါ်ကာ အရေးယူ ရန်ကိစ္စတွေ ညွှန်ကြားခဲ့ကြောင်း သိရပါတယ်။

အခင်းဖြစ်စဉ်မှာ ပါဝင်သူတွေရဲ့နာမည်ကို အတည်ပြုမထားသေးပါဘူး။ နောက် လူဘယ်နှစ်ယောက် စွဲချက်တင်ခံထားရတယ်ဆိုတာ မသိရသေးပါဘူး။အတော်ကို ဆိုးရွားတဲ့ လူမဆန်တဲ့ အမှုကိစ္စ ဖြစ်ပါတယ်။

REF:    SHWE  WIKI

Add a Comment

Your email address will not be published. Required fields are marked *