ကိုဗစ္ကာလမွာ ေဈးေလွ်ာ့ေရာင္းမွသာ အေရာင္းအဝယ္ရွိသည့္ ကားေဈးကြက္

လတ္တေလာမွာ ကိုဗစ္ေၾကာင့္ ကိုယ္ပိုင္ကားဝယ္စီးလိုသူေတြအေနနဲ႔ ေမာ္ဒယ္လည္းသိပ္မနိမ့္တဲ့ ပြိဳင့္သရီးကားေလးေတြကို ေ႐ြးခ်ယ္ ဝယ္ယူရင္ေတာ့ အသင့္ေတာ္ဆုံးျဖစ္တယ္။ အသင့္အတင့္ေဈးက်ေနတဲ့အခ်ိန္ ျဖစ္လို႔လဲ ကားဝယ္ဖို႔ အေကာင္းဆုံးအခ်ိန္ျဖစ္တယ္လို႔ သီရိမဂၤလာေရာင္းဝယ္ေရးစခန္းက ဝါရင့္ဝယ္ေရာင္း ကိုေအာင္ေက်ာ္ထြန္းက ေျပာဆိုပါတယ္။

လက္ရွိမွာ ကားအေရာင္းအဝယ္က ပုံမွန္အေျခအေနကို ျပန္မေရာက္ေသးဘဲ ကားေရာင္းဝယ္ေရးစခန္းေတြ ဖြင့္ခါစ အေနအထားပဲ ရွိ ပါေသးတယ္။ လာမယ့္ ဇြန္လဆန္းမွာ ပုံမွန္အေရာင္းအဝယ္ ျဖစ္လာဖို႔ ကားဝယ္ေရာင္းေတြက ေမွ်ာ္လင့္ေနတယ္လို႔ ဆိုပါတယ္။ကိုဗစ္ ေၾကာငိ့ အေရာင္းအဝယ္ရပ္တန႔္ေနတဲ့ ကားေဈးကြက္ကေတာ့ ခုရက္ပိုင္းမွာ ျပန္လည္သက္ဝင္စျပဳလာပါတယ္။

ဦးေအာင္ေက်ာ္ထြန္းက “လုံးဝကားဝယ္လက္ေတြမလာဘဲ ရပ္တန႔္ေနတာကေန ၿပီးခဲ့တဲ့ေမ ၁၅ ၊ေမ ၁၆ ၊ ေမ၁၇ ရက္ေတြကစၿပီး တေျဖး ေျဖး ကားဝယ္လက္ေတြ ဆင္းလာတယ္”လို႔ဆိုတယ္။ကားေရာင္းဝယ္ေရးစခန္းေတြမွာ ကားအေရာင္းအဝယ္ ပုံမွန္မရွိေသးေပမယ့္ ႀကိဳ ၾကားႀကိဳၾကား အေရာင္းအဝယ္ စရွိလာတယ္လို႔လည္း ကိုေအာင္ေက်ာ္ထြန္းက ေျပာပါတယ္။

စလစ္ေဈးေတြက်ဆင္းကားအေရာင္းအဝယ္ေအးေနၿပီး စလစ္ေတြပါအေရာင္းအဝယ္ေအးတဲ့အတြက္ စလစ္ေဈးေတြ က်ဆင္းေနပါတယ္။ အရင္က က်ပ္သိန္း ၁၃၀ သိန္း ၁၄၀ ဝန္းက်င္အထိျမင့္တက္ခဲ့တဲ့စလစ္ေဈးေတြဟာ လက္ရွိမွာ က်ပ္သိန္းတစ္ရာေအာက္အထိ က်ဆင္း သြားပါတယ္။ရန္ကုန္လိုင္စင္သက္တန္းႏွစ္ ၂၀ အၿမီးေပါက္စလစ္တစ္ေစာင္ရဲ႕ေဈးႏႈန္းက က်ပ္ ၉၅ သိန္းဝန္းက်င္ရွိပါတယ္။

လက္ရွိမွာ နယ္ဝယ္လက္ေတြပါ ဆင္းလာတဲ့အတြက္ ကားအေရာင္းဝယ္ စတင္စျပဳေနပါတယ္။ ကာစတန္မာ အႀကိဳက္ ေဈးေလွ်ာ့ေပး မွသာ အေရာင္းအဝယ္ျဖစ္တာ မ်ားပါတယ္။ကားအမ်ိဳးအစားအလိုက္ ေပါက္ေဈးထက္ က်ပ္ဆယ္သိန္းကေန က်ပ္သိန္း ၃၀ ဝန္းက်င္ အထိ ေဈးေလွ်ာ့ေရာင္းမွသာ အေရာင္းအဝယ္ျဖစ္ပါတယ္။

ကိုဗစ္ ၁၉ ကာလမွာ ထူးျခားတာက ဝယ္လက္အသစ‌္ေတြ ႀကိဳၾကားႀကိဳၾကားေပၚလာတာပါ။ ကားမဝယ္ဘဲ ဘတ္စ္ကားကိုပဲအသုံးျပဳတဲ့ သူတခ်ိဳ႕ ကားဝယ္ဖို႔ စဥ္းစားလာတာပါ။ ကိုဗစ္ကာလက ဘယ္အခ်ိန္ထိ ရွည္လ်ားမယ္ဆိုတာ မသိႏိုင္တဲ့အတြက္ ဘတ္စ္ကားေပၚကေန ေရာဂါပိုးကူးမွာကို စိုးရိမ္တဲ့အတြက္ ကိုယ္ပိုင္ကားဝယ္ဖို႔ ႀကိဳးစားလာၾကတာပါ။

ေနာက္ထပ္ ေျပာင္းလဲမႈတစ္ခုကေတာ့ အရင္ကလို ေမာ္ဒယ္နိမ့္ ဂ်ပန္တစ္ပတ္ရစ္ အင္ဂ်င္ပါဝါႀကီးတဲ့ ကားေတြကို ေ႐ြးခ်ယ္တာထက္ ေမာ္ဒယ္အသင့္အသင့္ျမင္တဲ့ ပြိဳင့္သရီးေလးေတြကို ဦးစားေပး ေ႐ြးခ်ယ္လာတာပါ။တခ်ိဳ႕က တစ္ပတ္ရစ္ ပြိဳင့္သရီးေတြနဲ႔ ေဈးသိပ္္မကြာ ေတာ့တဲ့ ျပည္တြင္းမွာတပ္ဆင္ထုတ္လုပ္တဲ့ SKD ကားေလးေတြကို ေ႐ြးခ်ယ္မႈ ပိုမ်ားလာပါတယ္။

ရန္ကုန္လိုင္စင္နဲ႔ ဝယ္ယူရ ရွိႏိုင္သလို အရစ္က်စနစ္နဲ႔ ဝယ္ယူႏိုင္တဲ့ အားသာခ်က္ ေတြရွိေနလို႔ပါ။ ပြိဳင့္သရီးေတြ အေနနဲ႔ ၂၀၀၅ ကေန ၂၀၁၁ ေမာ္ဒယ္ၾကား ကားအမ်ိဳးအစားေတြကို ေ႐ြးခ်ယ္ဝယ္ယူတာမ်ားပါတယ္။ လက္ရွိမွာ အင္ဂ်င္ပါဝါျမင့္တဲ့ ကားအမ်ိဳးအစားေတြနဲ႔ စတိနံပါတ္ကားေတြ အေရာင္းအဝယ္ေအးေနဆဲျဖစ္ပါတယ္။

ျပည္တြင္းမွာ တပ္ဆင္ထုတ္လုပ္တဲ့ ကားအမ်ိဳးအစားေတြရဲ႕ ေဈးကြက္က်ယ္ျပန႔္လာတာေၾကာင့္လဲ အဲဒီကားအမ်ိဳးအစားေတြ အေရာင္း အဝယ္ေအးေနပါတယ္။

REF: KUMUDRA

UNICODE

ကိုဗစ်ကာလမှာ ဈေးလျှော့ရောင်းမှသာ အရောင်းအဝယ်ရှိသည့် ကားဈေးကွက်

လတ်တလောမှာ ကိုဗစ်ကြောင့် ကိုယ်ပိုင်ကားဝယ်စီးလိုသူတွေအနေနဲ့ မော်ဒယ်လည်းသိပ်မနိမ့်တဲ့ ပွိုင့်သရီးကားလေးတွေကို ရွေးချယ် ဝယ်ယူရင်တော့ အသင့်တော်ဆုံးဖြစ်တယ်။ အသင့်အတင့်ဈေးကျနေတဲ့အချိန် ဖြစ်လို့လဲ ကားဝယ်ဖို့ အကောင်းဆုံးအချိန်ဖြစ်တယ်လို့ သီရိမင်္ဂလာရောင်းဝယ်ရေးစခန်းက ဝါရင့်ဝယ်ရောင်း ကိုအောင်ကျော်ထွန်းက ပြောဆိုပါတယ်။

လက်ရှိမှာ ကားအရောင်းအဝယ်က ပုံမှန်အခြေအနေကို ပြန်မရောက်သေးဘဲ ကားရောင်းဝယ်ရေးစခန်းတွေ ဖွင့်ခါစ အနေအထားပဲ ရှိ ပါသေးတယ်။ လာမယ့် ဇွန်လဆန်းမှာ ပုံမှန်အရောင်းအဝယ် ဖြစ်လာဖို့ ကားဝယ်ရောင်းတွေက မျှော်လင့်နေတယ်လို့ ဆိုပါတယ်။ကိုဗစ် ကြောငိ့ အရောင်းအဝယ်ရပ်တန့်နေတဲ့ ကားဈေးကွက်ကတော့ ခုရက်ပိုင်းမှာ ပြန်လည်သက်ဝင်စပြုလာပါတယ်။

ဦးအောင်ကျော်ထွန်းက “လုံးဝကားဝယ်လက်တွေမလာဘဲ ရပ်တန့်နေတာကနေ ပြီးခဲ့တဲ့မေ ၁၅ ၊မေ ၁၆ ၊ မေ၁၇ ရက်တွေကစပြီး တဖြေး ဖြေး ကားဝယ်လက်တွေ ဆင်းလာတယ်”လို့ဆိုတယ်။ကားရောင်းဝယ်ရေးစခန်းတွေမှာ ကားအရောင်းအဝယ် ပုံမှန်မရှိသေးပေမယ့် ကြို ကြားကြိုကြား အရောင်းအဝယ် စရှိလာတယ်လို့လည်း ကိုအောင်ကျော်ထွန်းက ပြောပါတယ်။

စလစ်ဈေးတွေကျဆင်းကားအရောင်းအဝယ်အေးနေပြီး စလစ်တွေပါအရောင်းအဝယ်အေးတဲ့အတွက် စလစ်ဈေးတွေ ကျဆင်းနေပါတယ်။ အရင်က ကျပ်သိန်း ၁၃၀ သိန်း ၁၄၀ ဝန်းကျင်အထိမြင့်တက်ခဲ့တဲ့စလစ်ဈေးတွေဟာ လက်ရှိမှာ ကျပ်သိန်းတစ်ရာအောက်အထိ ကျဆင်း သွားပါတယ်။ရန်ကုန်လိုင်စင်သက်တန်းနှစ် ၂၀ အမြီးပေါက်စလစ်တစ်စောင်ရဲ့ဈေးနှုန်းက ကျပ် ၉၅ သိန်းဝန်းကျင်ရှိပါတယ်။

လက်ရှိမှာ နယ်ဝယ်လက်တွေပါ ဆင်းလာတဲ့အတွက် ကားအရောင်းဝယ် စတင်စပြုနေပါတယ်။ ကာစတန်မာ အကြိုက် ဈေးလျှော့ပေး မှသာ အရောင်းအဝယ်ဖြစ်တာ များပါတယ်။ကားအမျိုးအစားအလိုက် ပေါက်ဈေးထက် ကျပ်ဆယ်သိန်းကနေ ကျပ်သိန်း ၃၀ ဝန်းကျင် အထိ ဈေးလျှော့ရောင်းမှသာ အရောင်းအဝယ်ဖြစ်ပါတယ်။

ကိုဗစ် ၁၉ ကာလမှာ ထူးခြားတာက ဝယ်လက်အသစ‌်တွေ ကြိုကြားကြိုကြားပေါ်လာတာပါ။ ကားမဝယ်ဘဲ ဘတ်စ်ကားကိုပဲအသုံးပြုတဲ့ သူတချို့ ကားဝယ်ဖို့ စဉ်းစားလာတာပါ။ ကိုဗစ်ကာလက ဘယ်အချိန်ထိ ရှည်လျားမယ်ဆိုတာ မသိနိုင်တဲ့အတွက် ဘတ်စ်ကားပေါ်ကနေ ရောဂါပိုးကူးမှာကို စိုးရိမ်တဲ့အတွက် ကိုယ်ပိုင်ကားဝယ်ဖို့ ကြိုးစားလာကြတာပါ။

နောက်ထပ် ပြောင်းလဲမှုတစ်ခုကတော့ အရင်ကလို မော်ဒယ်နိမ့် ဂျပန်တစ်ပတ်ရစ် အင်ဂျင်ပါဝါကြီးတဲ့ ကားတွေကို ရွေးချယ်တာထက် မော်ဒယ်အသင့်အသင့်မြင်တဲ့ ပွိုင့်သရီးလေးတွေကို ဦးစားပေး ရွေးချယ်လာတာပါ။တချို့က တစ်ပတ်ရစ် ပွိုင့်သရီးတွေနဲ့ ဈေးသိပ််မကွာ တော့တဲ့ ပြည်တွင်းမှာတပ်ဆင်ထုတ်လုပ်တဲ့ SKD ကားလေးတွေကို ရွေးချယ်မှု ပိုများလာပါတယ်။

ရန်ကုန်လိုင်စင်နဲ့ ဝယ်ယူရ ရှိနိုင်သလို အရစ်ကျစနစ်နဲ့ ဝယ်ယူနိုင်တဲ့ အားသာချက် တွေရှိနေလို့ပါ။ ပွိုင့်သရီးတွေ အနေနဲ့ ၂၀၀၅ ကနေ ၂၀၁၁ မော်ဒယ်ကြား ကားအမျိုးအစားတွေကို ရွေးချယ်ဝယ်ယူတာများပါတယ်။ လက်ရှိမှာ အင်ဂျင်ပါဝါမြင့်တဲ့ ကားအမျိုးအစားတွေနဲ့ စတိနံပါတ်ကားတွေ အရောင်းအဝယ်အေးနေဆဲဖြစ်ပါတယ်။

ပြည်တွင်းမှာ တပ်ဆင်ထုတ်လုပ်တဲ့ ကားအမျိုးအစားတွေရဲ့ ဈေးကွက်ကျယ်ပြန့်လာတာကြောင့်လဲ အဲဒီကားအမျိုးအစားတွေ အရောင်း အဝယ်အေးနေပါတယ်။

REF:    KUMUDRA

Add a Comment

Your email address will not be published. Required fields are marked *