တပ္ခ်ဳပ္အေနျဖင့္ တပ္မေတာ္မွအနားယူသည့္အခါ တိုင္းျပည္ႏွင့္လူမ်ိဳးအတြက္ လုပ္ငန္းတစ္ခုခု လုပ္မည္ျဖစ္ေၾကာင္း ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္းေျပာ

ျမန္မာႏိုင္ငံတြင္ ဖြဲ႕စည္းပုံအေျခခံဥပေဒ ျပ႒ာန္းခ်က္ အရ မည္သူမဆိုေ႐ြးေကာက္ တင္ေျမႇာက္ခံပိုင္ခြင့္ရွိသကဲ့သို႔ ေ႐ြးေကာက္ မဲေပးပိုင္ ခြင့္ရွိေၾကာင္း တပ္မေတာ္သတင္းမွန္ ျပန္ၾကားေရးအဖြဲ႕ အတြင္းေရးမႉး ဗိုလ္မႉး ခ်ဳပ္ေဇာ္မင္းထြန္းက ေျပာဆိုလိုက္သည္။ေမ ၂၂ ရက္ မြန္း လြဲပိုင္းက ေနျပည္ေတာ္တြင္ ျပဳလုပ္ေသာ သတင္းစာရွင္းလင္းပြဲတြင္သတင္းမီဒီယာမ်ားကို ထိုကဲ့သို႔ ေျပာၾကားခဲ့ျခင္းျဖစ္သည္။

တပ္မေတာ္တြင္ ရာထူးခန႔္ထားေရးႏွင့္ ပတ္သက္သည့္ကိစၥမ်ား၊ မူဝါဒမ်ား၊ စည္းမ်ဥ္း၊ စည္းကမ္းမ်ား ခိုင္ခိုင္မာမာ ရွိၿပီးျဖစ္ေၾကာင္း သိရ သည္။ ထို႔ျပင္ တပ္မေတာ္ တြင္ ရာထူးအဆင့္ တိုးေပးျခင္း၊ ရာထူးအဆင့္ႏွင့္ ပတ္သက္၍ေဆာင္႐ြက္ျခင္းမ်ားကို စံခ်ိန္စံၫႊန္းသတ္ မွတ္ ခ်က္မ်ားရွိၿပီးျဖစ္၍ အဆိုပါ စံခ်ိန္စံၫႊန္း သတ္မွတ္ခ်က္ မ်ားအတိုင္း ေဆာင္႐ြက္လ်က္ ရွိေၾကာင္း ၎က ေျပာၾကားခဲ့သည္။

တပ္မေတာ္ကာကြယ္ေရးဦးစီး ခ်ဳပ္အေနျဖင့္ တပ္မေတာ္မွ အနားယူသည့္အခါ ၎၏အေတြ႕အႀကဳံမ်ားကို အလဟႆအျဖစ္မခံဘဲ တိုင္းျပည္ႏွင့္ လူမ်ိဳးအတြက္ အသုံးခ်ႏိုင္မည့္ လုပ္ငန္း တစ္ခုခုအား လုပ္ေဆာင္မည္ျဖစ္ေၾကာင္း ဗိုလ္မႉးခ်ဳပ္ေဇာ္မင္းထြန္း က ေျပာ ဆိုလိုက္ေၾကာင္း သိရသည္။

‘တပ္မေတာ္ ကာကြယ္ေရးဦးစီး ခ်ဳပ္ အေနနဲ႔ တာဝန္ထမ္းေဆာင္ႏိုင္ တဲ့ သက္တမ္း တစ္ေလွ်ာက္မွာ ႏိုင္ငံေရးနဲ႔ ပတ္သက္လို႔ပဲ ျဖစ္ျဖစ္၊ ကာကြယ္ေရး နဲ႔ ပတ္သက္လို႔ပဲျဖစ္ျဖစ္ အေတြ႕အႀကဳံေတြ ရွိၿပီး ျဖစ္တယ္။ ဘယ္လိုပဲျဖစ္ျဖစ္ တပ္မ ေတာ္ကေန အနားယူတဲ့အခါမွာလည္း ဒီအေတြ႕အႀကဳံ ေတြကို အသုံးခ်မယ္။

တိုင္းျပည္နဲ႔ ႏိုင္ငံအတြက္၊ လူမ်ိဳးအတြက္ အသုံးခ်မယ့္ လုပ္ငန္း တစ္ခုခုေတာ့ အလဟႆ အျဖစ္မခံဘဲ အသုံးခ်ရမယ့္ ေနရာ တစ္ခုခု၊ အသုံး ခ်ရမယ့္အရာ တစ္ခုခု ေတာ့ လုပ္မယ္လို႔ ပဲ ကြၽန္ေတာ္ ေျပာလိုပါတယ္’ဟု ၎က ေျပာဆိုခဲ့ေၾကာင္း သိရသည္။

REF: စံေတာ္ခ်ိန္

UNICODE

တပ်ချုပ်အနေဖြင့် တပ်မတော်မှအနားယူသည့်အခါ တိုင်းပြည်နှင့်လူမျိုးအတွက် လုပ်ငန်းတစ်ခုခု လုပ်မည်ဖြစ်ကြောင်း ဗိုလ်မှူးချုပ်ဇော်မင်းထွန်းပြော

မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ပြဋ္ဌာန်းချက် အရ မည်သူမဆိုရွေးကောက် တင်မြှောက်ခံပိုင်ခွင့်ရှိသကဲ့သို့ ရွေးကောက် မဲပေးပိုင် ခွင့်ရှိကြောင်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူး ချုပ်ဇော်မင်းထွန်းက ပြောဆိုလိုက်သည်။မေ ၂၂ ရက် မွန်း လွဲပိုင်းက နေပြည်တော်တွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင်သတင်းမီဒီယာများကို ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

တပ်မတော်တွင် ရာထူးခန့်ထားရေးနှင့် ပတ်သက်သည့်ကိစ္စများ၊ မူဝါဒများ၊ စည်းမျဉ်း၊ စည်းကမ်းများ ခိုင်ခိုင်မာမာ ရှိပြီးဖြစ်ကြောင်း သိရ သည်။ ထို့ပြင် တပ်မတော် တွင် ရာထူးအဆင့် တိုးပေးခြင်း၊ ရာထူးအဆင့်နှင့် ပတ်သက်၍ဆောင်ရွက်ခြင်းများကို စံချိန်စံညွှန်းသတ် မှတ် ချက်များရှိပြီးဖြစ်၍ အဆိုပါ စံချိန်စံညွှန်း သတ်မှတ်ချက် များအတိုင်း ဆောင်ရွက်လျက် ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

တပ်မတော်ကာကွယ်ရေးဦးစီး ချုပ်အနေဖြင့် တပ်မတော်မှ အနားယူသည့်အခါ ၎င်း၏အတွေ့အကြုံများကို အလဟဿအဖြစ်မခံဘဲ တိုင်းပြည်နှင့် လူမျိုးအတွက် အသုံးချနိုင်မည့် လုပ်ငန်း တစ်ခုခုအား လုပ်ဆောင်မည်ဖြစ်ကြောင်း  ဗိုလ်မှူးချုပ်ဇော်မင်းထွန်း က ပြော ဆိုလိုက်ကြောင်း သိရသည်။

‘တပ်မတော် ကာကွယ်ရေးဦးစီး ချုပ် အနေနဲ့ တာဝန်ထမ်းဆောင်နိုင် တဲ့ သက်တမ်း တစ်လျှောက်မှာ နိုင်ငံရေးနဲ့ ပတ်သက်လို့ပဲ ဖြစ်ဖြစ်၊ ကာကွယ်ရေး နဲ့ ပတ်သက်လို့ပဲဖြစ်ဖြစ် အတွေ့အကြုံတွေ ရှိပြီး ဖြစ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် တပ်မ တော်ကနေ အနားယူတဲ့အခါမှာလည်း ဒီအတွေ့အကြုံ တွေကို အသုံးချမယ်။

တိုင်းပြည်နဲ့ နိုင်ငံအတွက်၊ လူမျိုးအတွက် အသုံးချမယ့် လုပ်ငန်း တစ်ခုခုတော့ အလဟဿ အဖြစ်မခံဘဲ အသုံးချရမယ့် နေရာ တစ်ခုခု၊ အသုံး ချရမယ့်အရာ တစ်ခုခု တော့ လုပ်မယ်လို့ ပဲ ကျွန်တော် ပြောလိုပါတယ်’ဟု ၎င်းက ပြောဆိုခဲ့ကြောင်း သိရသည်။

REF:   စံတော်ချိန်

Add a Comment

Your email address will not be published. Required fields are marked *