Covid-19 ကာ ကြယ္ေဆးနဲ႔ ပတ္သက္ၿပီး ေနာက္ ဆုံးေတြ႕ရွိခ်က္ မ်ား

ကိုဗစ္-၁၉ကာကြယ္ေဆး ရွာရတာ ကိုရီးယားကား အခန္းဆက္ၾကည့္ေနရသလိုပဲ။ ဟိုဟာေတြ႕လိုက္ ဒီဟာေတြ႕လိုက္နဲ႔။ လိုရင္းကို မ ေရာက္ႏိုင္ဘူး။” “မလြယ္ဘူးဖိုးခင္” “ေမ်ာက္ကလိုသေလာက္မရဘူးကြ။ ဒီမွာ ရစ္ခ်တ္… မင္းလာအစမ္းခံမလား။” “စမ္းသပ္တာက လြယ္ တယ္မွတ္လို႔ ပိုးေတြအျပင္မျပန႔္သြားေအာင္ ထိန္းသိမ္းရတာ ေနရာအခက္အခဲနဲ႔ အျခားကန႔္သတ္ခ်က္ေတြ ဘာညာရွိေသးတယ္။” “ဒါလဲ ဟုတ္တာပဲေနာ္။” “ကိုယ့္ဟာကိုယ္သူမ်ားေတြ႕ရွိခ်က္ေတြကို ေအးေဆးထိုင္ေရးေနစမ္းပါကြာ။ လွ်ာမရွည္နဲ႔။ ဒီမွာက အသက္နဲ႔ရင္းလုပ္ ေနရတာ။ တိရိစာၦန္ခ်စ္သူမ်ားအဖြဲ႕က ေအာ္မွာလည္း စိုးရိမ္ရေသးတယ္။

ေနာက္ေနာင္လွ်ာရွည္တဲ့ေကာင္ေတြရယ္။ သတင္းေရးတာကို ဟိုဟာျဖစ္တယ္ ဒီဟာျဖစ္တယ္ ေဝဖန္တဲ့ေကာင္ေတြရယ္ လက္ေတြ႕လာ အစမ္းခံ။Covid-19 #ေရာ ဂါကာကြယ္ေဆးဟာအလုပ္ျဖစ္ႏိုင္ၿပီး ေရာဂါကူးစက္ဖူးသူဟာေရာဂါျပန္ျဖစ္ႏိုင္ဖြယ္မရွိဘူး လို႔ ေမ်ာက္ေတြနဲ႔ စမ္းသပ္ရာမွာေတြ႕ရွိခဲ့တယ္။ 🇺🇸 အေမရိကန္ကသိပၸံပညာရွင္ေတြက Covid-19 နဲ႔ပတ္သက္ၿပီး ေမ်ာက္ေတြကိုစမ္းသပ္ေတြ႕ရွိထားတဲ့ သ တင္း ႏွစ္ပုဒ္ရွိတယ္။ နံပါတ္(၁) ေမ်ာက္ 9 ေကာင္ကို Covid-19 ျဖစ္ေစတဲ့ ဗိုင္းရပ္စ္ပိုးနဲ႔ ေရာဂါကူးစက္ေအာင္လုပ္လိုက္တယ္။

သူတို႔ကို ေရာဂါျဖစ္ေနရာကေန ျပန္ေနေကာင္းလာေအာင္ေစာင့္တယ္။ သူတို႔ျပန္ေကာင္းလာတဲ့အခါမွာ ေရာဂါပိုးနဲ႔ထပ္ၿပီး ထိေတြ႕ေပး လိုက္တယ္။အဲ့ဒီေမ်ာက္ေတြမွာ ေနမေကာင္းထပ္မျဖစ္ေတာ့တာကိုေတြ႕ရတယ္။သေဘာက ေရာဂါျဖစ္ဘူးလို႔ သဘာဝကိုယ္ခံအား ရ သြားရင္ ေနမေကာင္းျပန္မျဖစ္ႏိုင္ဘူးလို႔ မွန္းဆႏိုင္တယ္။ ေရာဂါကာကြယ္ေဆးထိုးထားလို႔ ကိုယ္ခံအားလုံလုံေလာက္ေလာက္ ရထား ရင္လည္း ေနမေကာင္းမျဖစ္ႏိုင္ဘူးလို႔ မွန္းဆႏိုင္တယ္။ မွန္းဆႏိုင္တယ္လို႔ က်ေနာ္ေရးရတာက ေမ်ာက္မွာစမ္းသပ္ေအာင္ျမင္ထားတာပဲ ျဖစ္ၿပီး လူမွာစမ္းသပ္ေနတုန္းမို႔လို႔ပဲ။

အခုစမ္းသပ္မႈကို Harvard တကၠသိုလ္ရဲ႕ Beth Israel Deaconness Medical Center က ေရာဂါပိုးမႊားႏွင့္ ကူးစက္ေရာဂါဌာနက Dr. Dan Barouch တို႔အဖြဲ႕က စမ္းသပ္ခဲ့တာျဖစ္တယ္။ Dr. Dan Barouch တို႔က အင္မတန္ေကာင္းတဲ့သတင္းလို႔ ဆိုထားတယ္။ အရင္က ဒါမ်ိဳးမစမ္းသပ္ရေသးဘူး။ “ဟာ…. ခင္ဗ်ားတို႔ကလည္းဗ်ာ…. မ်ားမ်ားစမ္းသပ္ပါလားဗ်။ က်ေနာ္သာဆို တလက္စတည္း စမ္းမယ္။ အ ခုဟာက 1 ပတ္ကို report 1 ခုေလာက္ထြက္ေနတယ္။လွ်ာရွည္တဲ့ေကာင္ေတြကို ငါတို႔ဆီလႊတ္လိုက္။ လက္ေတြ႕သိသြားမယ္။ ဒါပဲ။” “ဟုတ္ပါၿပီ။ ဒုတိယစမ္းသပ္ခ်က္ပဲ ဆက္ေရးေတာ့မယ္။

ထပ္သိခ်င္ရင္ Dr. Dan Barouch တို႔ဆီသြား။ နံပါတ္(၂) Dr. Dan Barouch တို႔ အဖြဲ႕ကပဲ ေမ်ာက္ 25 ေကာင္ကို ကာကြယ္ေဆး 6 မ်ိဳးနဲ႔စမ္းတယ္။ Six prototype vaccines ကို ကာကြယ္ေဆး မ်ိဳးကြဲ 6 မ်ိဳးလို႔ ယူဆတယ္။ တစ္မ်ိဳးထဲ 6 လုံးေတာ့ မျဖစ္ႏိုင္ဘူး။ ကာ ကြယ္ေဆးထိုးထားတဲ့ေကာင္ 25 ေကာင္နဲ႔ မထိုးထားတဲ့ေကာင္ 10 ေကာင္ကို SARS-CoV-2 လို႔ေခၚတဲ့ Covid-19 ဗိုင္းရပ္စ္ပိုးနဲ႔ ထိေတြ႕ ေပးလိုက္တယ္။ ဘယ္လိုခြဲသိလဲဆိုေတာ့ နာမည္ကပ္ေပးထားေပါ့။ xue meemee ဘာညာ။ ကိုယ္သာဆို ေမ်ာက္ေတြကို friend lists ထဲကလူေတြ နာမည္ေပးထားမွာ။

အဲ့ဒီမွာ ကာကြယ္ေဆးမထိုးထားတဲ့ 10 ေကာင္စလုံးရဲ႕ အဆုတ္နဲ႔ ႏွာေခါင္းထဲမွာ ေရာဂါပိုးအေတာ္ႀကီးကို ကူးစက္ေနတာေတြ႕ရသတဲ့။ ကာကြယ္ေဆးထိုးထားတဲ့ ေမ်ာက္ေတြမွာ လုံေလာက္တဲ့ ကာကြယ္မႈရတာကိုေတြ႕ရတယ္။ ေမ်ာက္ 8 ေကာင္မွာ အျပည့္အဝကာကြယ္မႈ ေပးတာေတြ႕ရတယ္။ အဲ့ေမ်ာက္ 8 ေကာင္က က်န္ 17 ေကာင္နဲ႔ ဘာကြာသလဲမေျပာထားဘူး။ “We saw a substantial degree of protection for vaccinated animals. Eight of the vaccinated animals were completely protected. ” တဲ့။ ၿပီးေတာ့ သူတို႔ စမ္း သပ္တဲ့ 6 မ်ိဳးက တစ္မ်ိဳးနဲ႔ တစ္မ်ိဳးဘာကြာလဲလည္း မေျပာဘူး။ သိပၸံပညာရွင္ေတြက -ေခါင္းက်ယ္တယ္အဲ့လိုပဲ။

ေျပာခ်င္မွေျပာတာ။ ဘာပဲျဖစ္ျဖစ္ ေရာဂါကာကြယ္ေဆးသာရရင္ ေရာဂါကူးစက္ခံရဖို႔ အခြင့္အေရးနည္းတယ္။ ♦️သို႔တည္းမဟုတ္ ၾကား ထဲမွာ ကူးစက္ခံရၿပီး ျပန္ေကာင္းလာရင္ ထပ္ျဖစ္ဖို႔ အခြင့္အလမ္းနည္းပါးတာေတာ့ေသခ်ာတယ္။ လူမွာစမ္းသပ္ၿပီးမွ အေသ အခ်ာ ေျပာ လို႔ရမယ္။ဒါနဲ႔ႀကဳံတုန္းေျပာလိုက္အုံးမယ္။ Oxford တကၠသိုလ္က ကာကြယ္ေဆး “ChAdOx1” ကိုသိတယ္မလား။ က်ေနာ္ ကေတာ့ Oxford ကေဆးကို သမား႐ိုးက်ဆိုေပမယ့္ အထင္ႀကီးတယ္။ ဟိုတေလာက သူမ်ားေတြက Fail ျဖစ္တယ္လို႔ ထေအာ္တဲ့ေဆးေလ။

အဲ့ေဆးကို AstraZeneca က dose ေပါင္း 1 ဘီလီယံထုတ္ဖို႔ျပင္ေနေၾကာင္း မေန႔က က်ေနာ္ကာကြယ္ေဆး post ထဲမွာေရးခဲ့ပါတယ္။ ညကသတင္းထဲမွာ အေမရိကန္အစိုးရက အဲ့ဒီ 1 ဘီလီယံထဲက သန္း 300 ကိုဝယ္ယူဖို႔ ေျပာထားလိုက္ပါၿပီတဲ့။ အေမရိကန္ရဲ႕ လက္ျမန္ခ်က္။

Richard Myo Thant 22-May-2020

UNICODE

Covid-19 ကာ ကွယ်ဆေးနဲ့ ပတ်သက်ပြီး နောက် ဆုံးတွေ့ရှိချက် များ

ကိုဗစ်-၁၉ကာကွယ်ဆေး ရှာရတာ ကိုရီးယားကား အခန်းဆက်ကြည့်နေရသလိုပဲ။ ဟိုဟာတွေ့လိုက် ဒီဟာတွေ့လိုက်နဲ့။ လိုရင်းကို မ ရောက်နိုင်ဘူး။” “မလွယ်ဘူးဖိုးခင်” “မျောက်ကလိုသလောက်မရဘူးကွ။ ဒီမှာ ရစ်ချတ်… မင်းလာအစမ်းခံမလား။” “စမ်းသပ်တာက လွယ် တယ်မှတ်လို့ ပိုးတွေအပြင်မပြန့်သွားအောင် ထိန်းသိမ်းရတာ နေရာအခက်အခဲနဲ့ အခြားကန့်သတ်ချက်တွေ ဘာညာရှိသေးတယ်။” “ဒါလဲ ဟုတ်တာပဲနော်။” “ကိုယ့်ဟာကိုယ်သူများတွေ့ရှိချက်တွေကို အေးဆေးထိုင်ရေးနေစမ်းပါကွာ။ လျှာမရှည်နဲ့။ ဒီမှာက အသက်နဲ့ရင်းလုပ် နေရတာ။ တိရိစ္ဆာန်ချစ်သူများအဖွဲ့က အော်မှာလည်း စိုးရိမ်ရသေးတယ်။

နောက်နောင်လျှာရှည်တဲ့ကောင်တွေရယ်။ သတင်းရေးတာကို ဟိုဟာဖြစ်တယ် ဒီဟာဖြစ်တယ် ဝေဖန်တဲ့ကောင်တွေရယ် လက်တွေ့လာ အစမ်းခံ။Covid-19 #ရော ဂါကာကွယ်ဆေးဟာအလုပ်ဖြစ်နိုင်ပြီး ရောဂါကူးစက်ဖူးသူဟာရောဂါပြန်ဖြစ်နိုင်ဖွယ်မရှိဘူး လို့ မျောက်တွေနဲ့ စမ်းသပ်ရာမှာတွေ့ရှိခဲ့တယ်။ 🇺🇸 အမေရိကန်ကသိပ္ပံပညာရှင်တွေက Covid-19 နဲ့ပတ်သက်ပြီး မျောက်တွေကိုစမ်းသပ်တွေ့ရှိထားတဲ့ သ တင်း နှစ်ပုဒ်ရှိတယ်။ နံပါတ်(၁) မျောက် 9 ကောင်ကို Covid-19 ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးနဲ့ ရောဂါကူးစက်အောင်လုပ်လိုက်တယ်။

သူတို့ကို ရောဂါဖြစ်နေရာကနေ ပြန်နေကောင်းလာအောင်စောင့်တယ်။ သူတို့ပြန်ကောင်းလာတဲ့အခါမှာ ရောဂါပိုးနဲ့ထပ်ပြီး ထိတွေ့ပေး လိုက်တယ်။အဲ့ဒီမျောက်တွေမှာ နေမကောင်းထပ်မဖြစ်တော့တာကိုတွေ့ရတယ်။သဘောက ရောဂါဖြစ်ဘူးလို့ သဘာဝကိုယ်ခံအား ရ သွားရင် နေမကောင်းပြန်မဖြစ်နိုင်ဘူးလို့ မှန်းဆနိုင်တယ်။  ရောဂါကာကွယ်ဆေးထိုးထားလို့ ကိုယ်ခံအားလုံလုံလောက်လောက် ရထား ရင်လည်း နေမကောင်းမဖြစ်နိုင်ဘူးလို့ မှန်းဆနိုင်တယ်။ မှန်းဆနိုင်တယ်လို့ ကျနော်ရေးရတာက မျောက်မှာစမ်းသပ်အောင်မြင်ထားတာပဲ ဖြစ်ပြီး လူမှာစမ်းသပ်နေတုန်းမို့လို့ပဲ။

အခုစမ်းသပ်မှုကို Harvard တက္ကသိုလ်ရဲ့ Beth Israel Deaconness Medical Center က ရောဂါပိုးမွှားနှင့် ကူးစက်ရောဂါဌာနက Dr. Dan Barouch တို့အဖွဲ့က စမ်းသပ်ခဲ့တာဖြစ်တယ်။ Dr. Dan Barouch တို့က အင်မတန်ကောင်းတဲ့သတင်းလို့ ဆိုထားတယ်။ အရင်က ဒါမျိုးမစမ်းသပ်ရသေးဘူး။ “ဟာ…. ခင်ဗျားတို့ကလည်းဗျာ…. များများစမ်းသပ်ပါလားဗျ။ ကျနော်သာဆို တလက်စတည်း စမ်းမယ်။ အ ခုဟာက 1 ပတ်ကို report 1 ခုလောက်ထွက်နေတယ်။လျှာရှည်တဲ့ကောင်တွေကို ငါတို့ဆီလွှတ်လိုက်။ လက်တွေ့သိသွားမယ်။ ဒါပဲ။” “ဟုတ်ပါပြီ။ ဒုတိယစမ်းသပ်ချက်ပဲ ဆက်ရေးတော့မယ်။

ထပ်သိချင်ရင် Dr. Dan Barouch တို့ဆီသွား။ နံပါတ်(၂) Dr. Dan Barouch တို့ အဖွဲ့ကပဲ မျောက် 25 ကောင်ကို ကာကွယ်ဆေး 6 မျိုးနဲ့စမ်းတယ်။ Six prototype vaccines ကို ကာကွယ်ဆေး မျိုးကွဲ 6 မျိုးလို့ ယူဆတယ်။ တစ်မျိုးထဲ 6 လုံးတော့ မဖြစ်နိုင်ဘူး။ ကာ ကွယ်ဆေးထိုးထားတဲ့ကောင် 25 ကောင်နဲ့ မထိုးထားတဲ့ကောင် 10 ကောင်ကို SARS-CoV-2 လို့ခေါ်တဲ့ Covid-19 ဗိုင်းရပ်စ်ပိုးနဲ့ ထိတွေ့ ပေးလိုက်တယ်။ ဘယ်လိုခွဲသိလဲဆိုတော့ နာမည်ကပ်ပေးထားပေါ့။ xue meemee ဘာညာ။ ကိုယ်သာဆို မျောက်တွေကို friend lists ထဲကလူတွေ နာမည်ပေးထားမှာ။

အဲ့ဒီမှာ ကာကွယ်ဆေးမထိုးထားတဲ့ 10 ကောင်စလုံးရဲ့ အဆုတ်နဲ့ နှာခေါင်းထဲမှာ ရောဂါပိုးအတော်ကြီးကို ကူးစက်နေတာတွေ့ရသတဲ့။ ကာကွယ်ဆေးထိုးထားတဲ့ မျောက်တွေမှာ လုံလောက်တဲ့ ကာကွယ်မှုရတာကိုတွေ့ရတယ်။ မျောက် 8 ကောင်မှာ အပြည့်အဝကာကွယ်မှု ပေးတာတွေ့ရတယ်။ အဲ့မျောက် 8 ကောင်က ကျန် 17 ကောင်နဲ့ ဘာကွာသလဲမပြောထားဘူး။ “We saw a substantial degree of protection for vaccinated animals. Eight of the vaccinated animals were completely protected. ” တဲ့။ ပြီးတော့ သူတို့ စမ်း သပ်တဲ့ 6 မျိုးက တစ်မျိုးနဲ့ တစ်မျိုးဘာကွာလဲလည်း မပြောဘူး။ သိပ္ပံပညာရှင်တွေက -ခေါင်းကျယ်တယ်အဲ့လိုပဲ။

ပြောချင်မှပြောတာ။ ဘာပဲဖြစ်ဖြစ် ရောဂါကာကွယ်ဆေးသာရရင် ရောဂါကူးစက်ခံရဖို့ အခွင့်အရေးနည်းတယ်။ ♦️သို့တည်းမဟုတ် ကြား ထဲမှာ ကူးစက်ခံရပြီး ပြန်ကောင်းလာရင် ထပ်ဖြစ်ဖို့ အခွင့်အလမ်းနည်းပါးတာတော့သေချာတယ်။ လူမှာစမ်းသပ်ပြီးမှ အသေ အချာ ပြော လို့ရမယ်။ဒါနဲ့ကြုံတုန်းပြောလိုက်အုံးမယ်။ Oxford တက္ကသိုလ်က ကာကွယ်ဆေး “ChAdOx1” ကိုသိတယ်မလား။ ကျနော် ကတော့ Oxford ကဆေးကို သမားရိုးကျဆိုပေမယ့် အထင်ကြီးတယ်။ ဟိုတလောက သူများတွေက Fail ဖြစ်တယ်လို့ ထအော်တဲ့ဆေးလေ။

အဲ့ဆေးကို AstraZeneca က dose ပေါင်း 1 ဘီလီယံထုတ်ဖို့ပြင်နေကြောင်း မနေ့က ကျနော်ကာကွယ်ဆေး post ထဲမှာရေးခဲ့ပါတယ်။ ညကသတင်းထဲမှာ အမေရိကန်အစိုးရက အဲ့ဒီ 1 ဘီလီယံထဲက သန်း 300 ကိုဝယ်ယူဖို့ ပြောထားလိုက်ပါပြီတဲ့။ အမေရိကန်ရဲ့ လက်မြန်ချက်။

Richard Myo Thant 22-May-2020

Add a Comment

Your email address will not be published. Required fields are marked *