လႈိင္သာယာမွ အသက္ (၅၄)ႏွစ္ အ႐ြယ္ရွိ အတည္ျပဳလူနာ အမွတ္(၁၁၁)သည္ (COVID 19) ေပ်ာက္ကင္းသြားေသာ္လည္း ကင္ဆာျဖင့္ ကြယ္လြန္

ကိုဗစ္-၁၉ အတည္ျပဳလူနာ(၁၁၁)နဲ႔ အတူ တရက္ တည္း အတည္ျပဳ ေတြ႕ခဲ့ရတဲ့ သဃၤန္းကြၽန္း က လူနာအမွတ္ (၁၀၉) အသက္ (၃၇)ႏွစ္ အ႐ြယ္ အမ်ိဳးသား လူနာဟာလည္း COVID 19 အတည္ျပဳလူနာေတြနဲ႔ ထိေတြ႕ခဲ့ တာ မရွိသလို ျပည္ပ ခရီးသြားတာ မရွိခဲ့ေပမယ့္ ရန္ကုန္ အ ေနာက္ပိုင္းေဆး႐ုံ မွ, ေစာင့္ၾကည့္လူနာ အျဖစ္ စစ္ေဆးခဲ့ရာ ကေန ေရာဂါကူးစက္ ခံထားရတာ ကို ေတြ႕ခဲ့ရ ပါတယ္။

(COVID 19) ေရာဂါ ေပ်ာက္ကင္းသြားတဲ့ လႈိင္သာယာ ၿမိဳ႕နယ္က လူနာ အမွတ္(၁၁၁) အမ်ိဳးသမီး ဟာ ကင္ဆာေရာဂါ နဲ႔ ဒီေန႔မနက္ ကြယ္လြန္ သြားတယ္ လို႔ လႈိင္သာယာ ၿမိဳ႕နယ္ တိုင္းေဒသႀကီး လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးဝင္းေမာင္ က ေျပာပါတယ္။အသက္ (၅၄) ႏွစ္ အ႐ြယ္ အဲဒီ အမ်ိဳးသမီးဟာ COVID 19 ေရာဂါ Negative သုံးႀကိမ္ ျပခဲ့တာ ျဖစ္ပါတယ္။

အဲဒီေနာက္မွာ ေျမာက္ဥကၠလာ ေဝဘာဂီ ေဆး႐ုံ ကေန ေမလ (၁၁) ရက္ေန႔က တည္းက ဆင္းခြင့္ျပဳခဲ့တာ ျဖစ္ပါတယ္။အဲဒီေနာက္ မွာ ေမ (၁၈) ရက္ေန႔ကစၿပီး ရန္ကုန္ ေဆး႐ုံႀကီးမွာ ေဆးကုသမႈ ခံယူေနရတာ ျဖစ္ၿပီး ဒီေန႔မနက္က ကြယ္လြန္ ခဲ့တာျဖစ္ပါတယ္။ လူနာအမွတ္ (၁၁၁) ကို ဧၿပီ ၁၉ ရက္က ကိုဗစ္-၁၉ အတည္ျပဳ ေတြ႕ရွိ ခဲ့တာ ျဖစ္ပါတယ္။

COVID-19 အတည္ျပဳ လူနာေတြနဲ႔ ထိေတြ႕ခဲ့ တာ မရွိသလို ျပည္ပ ခရီးသြားတာ မရွိခဲ့ ေပမယ့္ ရန္ကုန္ေဆး႐ုံႀကီးမွာ ေစာင့္ၾကည့္လူနာ အျဖစ္ စစ္ေဆးခဲ့ရာ ကေန ေရာဂါကူးစက္ခံ ထားရတာကို ေတြ႕ခဲ့ရတာပါ။

crd: dvb news

UNICODE

လှိုင်သာယာမှ အသက် (၅၄)နှစ် အရွယ်ရှိ အတည်ပြုလူနာ အမှတ်(၁၁၁)သည် (COVID 19) ပျောက်ကင်းသွားသော်လည်း ကင်ဆာဖြင့် ကွယ်လွန်

ကိုဗစ်-၁၉ အတည်ပြုလူနာ(၁၁၁)နဲ့ အတူ တရက် တည်း အတည်ပြု တွေ့ခဲ့ရတဲ့ သင်္ဃန်းကျွန်း က လူနာအမှတ် (၁၀၉) အသက် (၃၇)နှစ် အရွယ် အမျိုးသား လူနာဟာလည်း COVID 19 အတည်ပြုလူနာတွေနဲ့ ထိတွေ့ခဲ့ တာ မရှိသလို ပြည်ပ ခရီးသွားတာ မရှိခဲ့ပေမယ့် ရန်ကုန် အ နောက်ပိုင်းဆေးရုံ မှ, စောင့်ကြည့်လူနာ အဖြစ် စစ်ဆေးခဲ့ရာ ကနေ ရောဂါကူးစက် ခံထားရတာ ကို တွေ့ခဲ့ရ ပါတယ်။

(COVID 19) ရောဂါ ပျောက်ကင်းသွားတဲ့ လှိုင်သာယာ မြို့နယ်က လူနာ အမှတ်(၁၁၁) အမျိုးသမီး ဟာ ကင်ဆာရောဂါ နဲ့ ဒီနေ့မနက် ကွယ်လွန် သွားတယ် လို့ လှိုင်သာယာ မြို့နယ် တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းမောင် က ပြောပါတယ်။အသက် (၅၄) နှစ် အရွယ် အဲဒီ အမျိုးသမီးဟာ COVID 19 ရောဂါ Negative သုံးကြိမ် ပြခဲ့တာ ဖြစ်ပါတယ်။

အဲဒီနောက်မှာ မြောက်ဥက္ကလာ ဝေဘာဂီ ဆေးရုံ ကနေ မေလ (၁၁) ရက်နေ့က တည်းက ဆင်းခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။အဲဒီနောက် မှာ မေ (၁၈) ရက်နေ့ကစပြီး ရန်ကုန် ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရတာ ဖြစ်ပြီး ဒီနေ့မနက်က ကွယ်လွန် ခဲ့တာဖြစ်ပါတယ်။ လူနာအမှတ် (၁၁၁) ကို ဧပြီ ၁၉ ရက်က ကိုဗစ်-၁၉ အတည်ပြု တွေ့ရှိ ခဲ့တာ ဖြစ်ပါတယ်။

COVID-19 အတည်ပြု လူနာတွေနဲ့ ထိတွေ့ခဲ့ တာ မရှိသလို ပြည်ပ ခရီးသွားတာ မရှိခဲ့ ပေမယ့် ရန်ကုန်ဆေးရုံကြီးမှာ စောင့်ကြည့်လူနာ အဖြစ် စစ်ဆေးခဲ့ရာ ကနေ ရောဂါကူးစက်ခံ ထားရတာကို တွေ့ခဲ့ရတာပါ။

crd:   dvb news

Add a Comment

Your email address will not be published. Required fields are marked *