

ထီးချိုင့် မြို့နယ် တွင် ကျပ်သိန်း (၁၈၀၀) တန်ဖိုး ရှိ မူးယစ်ဆေးဝါးအမျိုးအစားဖြစ်သည့် စိတ်ကြွ ရူးသွပ် ဆေးပြား များအား ဆိုင်ကယ်ဖြင့် သယ်ဆောင် လာသူ ကို ဖမ်းဆီး စစ် ဆေးလျက် ရှိကြောင်း မေ (၂၂) ရက် တွင် မူးယစ် တပ်ဖွဲ့ထံ မှ သိရသည်။


crd: The myanmar Time

UNICODE

ထီးချိုင့်တွင် ကျပ်သိန်း (၁၈၀၀)တန်ဖိုးရှိ စိတ်ကြွ ဆေးပြားများ ဖမ်းမိ

မူးယစ်ရဲတပ်ဖွဲ့က ရှာဖွေရာတွင် ဆိုင်ကယ် ခွကြား၌ တင်ဆောင် လာသော ပီနံ အိတ် အတွင်း မှ စိတ်ကြွ ရူးသွပ် ဆေးပြား (၃၆၀ဝဝ)ပြား (ကာလ တန်ဖိုးကျပ်သိန်း ၁၈၀ဝ ဖိုး)ကို တွေ့ရှိ သိမ်းဆည်း ရမိခဲ့သည်။ ထီးချိုင့် မြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကို ပြောင်းလဲစေ သော ဆေးဝါးများ ဆိုင်ရာ ဥပဒေ အရ အမှုဖွင့် ကာ ဆက်လက် စစ်ဆး လျက် ရှိသည်။

ထီးချိုင့် မြို့နယ် တွင် ကျပ်သိန်း (၁၈၀၀) တန်ဖိုး ရှိ မူးယစ်ဆေးဝါးအမျိုးအစားဖြစ်သည့် စိတ်ကြွ ရူးသွပ် ဆေးပြား များအား ဆိုင်ကယ်ဖြင့် သယ်ဆောင် လာသူ ကို ဖမ်းဆီး စစ် ဆေးလျက် ရှိကြောင်း မေ (၂၂) ရက် တွင် မူးယစ် တပ််ဖွဲ့ထံ မှ သိရသည်။

မေ (၂၀) ရက် နေ့ ည (၁၀) နာရီ အချိန်တွင် ထီးချိုင့် မြို့နယ်၊ မန္တလေး – ဗန်းမော် သွားကား လမ်းတွင် မန္တလေး ဘက်မှ ဗန်းမော်ဘက် သို့ မိုးကုတ် မြို့နယ်ချောင်းကြီး ကျေးရွာနေ မနော( ၁၉ နှစ်) မောင်းနှင် လာသည့် မော်တော် ဆိုင်ကယ်အား ရဲတပ်ဖွဲ့က ရပ်တန့်စစ်ဆေး ရှာဖွေစဉ် ဖမ်းဆီးရမိ ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

crd:     The myanmar Time

Add a Comment

Your email address will not be published. Required fields are marked *