ပိုးေတြ႕လူနာ မ်ားလာသျဖင့္ ျပည္ေတာ္ျပန္ေတြ ဝင္ေရာက္မႈကို စိစစ္ဖို႔ရွိေၾကာင္း တာဝန္ရွိသူေျပာ

လက္ရွိ ျမန္မာႏိုင္ငံရဲ႕ COVID 19 ေရာဂါ ကူးစက္ခံရသူေတြ ရဲ႕ ထက္ဝက္ေက်ာ္ေတြက ေရာဂါေပ်ာက္ကင္းသြားၿပီျဖစ္လို႔ ျပည္တြင္း ေရာ ဂါကူးစက္မႈ ကိုေတာ့ ထိန္းခ်ဳပ္ႏိုင္မယ့္ အေျခအေနမွာရွိေနၿပီး ျပည္ပကျပန္လည္ဝင္ေရးက္လာမငေတြကို ေသခ်ာ စိစစ္သြားမယ္လို႔ ဆိုပါ တယ္။ေမလ(၂၃)ရက္ ေန႔ မနက္ပိုင္း ထုတ္ျပန္ခ်က္ အထိ ျမန္မာႏိုင္ငံ မွာ COVID 19 အတည္ျပဳ လူနာ (၂၀၁)ဦးရွိၿပီး ျပန္လည္ေကာင္း မြန္သူ (၁၁၆)ဦးရွိကာ ေသဆုံးသူ (၆)ဦးရွိပါတယ္။

ေမလဆန္း ပိုင္းက စလို႔ ျပည္ပေရာက္ျမန္မာႏိုင္ငံ သားေတြကို မည္သူမ ဆို ျပန္လည္ လက္ခံလွ်က္ရွိၿပီး ျပည္ေတာ္ျပန္ေတြထဲက ပိုးေတြ႕ လူနာေတြမ်ားလာတဲ့ အတြက္ေၾကာင့္ ျပည္ေတာ္ျပန္ေတြျပန္လည္ ဝင္ေရာက္မႈကို ျပန္လည္စိစစ္ဖို႔ရွိတယ္လို႔သိရပါတယ္။ေရာဂါျဖစ္ပြားမႈ အမ်ားဆုံး ျဖစ္ေန တဲ့ ႏိုင္ငံေတြကျပန္ လာမယ့္သူေတြကို ပုံမွန္ထက္ ထက္ဝက္ ေလာက္သာ လက္ခံဖို႔ တာဝန္ရွိသူေတြညႇိႏႈိင္းမႈ ေတြလုပ္ ေနၿပီး လာသမွ်လူ အားလုံးသာ လက္ခံေနမယ္ဆိုရင္ ပိုးေတြ႕လူနာေတြ ထပ္မ်ားလာႏိုင္တယ္လို႔ ေဒါက္တာသန္းႏိုင္စိုးကေျပာပါတယ္။

တစ္ပတ္အတြင္း ျပည္ေတာ္ျပန္ေတြက ထဲက (၁၉)ဦးမွာ ေရာဂါပိုးေတြ႕ရွိခဲ့ပါတယ္။ေမလ(၁၆)ရက္ေန႔ကေန (၂၃)ရက္ေန႔မနက္ပိုင္းအထိ ပိုးေတြ႕လူနာ (၂၀)ဦးမွာ (၁၉)ဦးကျပည္ပကျပန္လာတဲ့သူေတြျဖစ္ပါတယ္။ျပည္ပကျပန္လာတဲ့သူေတြကို ျမန္မာႏိုင္ငံကို ျပန္လည္အဝင္ခံ တဲ့အခါမွာ ေရာဂါပိုးရွိ၊ မရွိ ဓာတ္ခြဲ စစ္ေဆးမႈေတြကို တစ္ဖက္ႏိုင္ငံမွာကတည္းက မလုပ္ေဆာင္ဘဲ ျမန္မာႏိုင္ငံေရာက္မွ သာလုပ္ေဆာင္ လွ်က္ ရွိပါတယ္။

အခုလို လုပ္ေဆာင္ရျခင္းက တစ္ဖက္ႏိုင္ငံ မွာ ေရာဂါပိုးစစ္လို႔ ပိုးေတြ႕ခဲ့ရင္ အဲဒီႏိုင္ငံမွာပဲထားၿပီး လူနာရဲ႕ က်န္းမာေရးစရိတ္ေတြလည္း ထည့္တြက္ရတာေၾကာင့္ ကိုယ္ႏိုင္ငံျပန္ေရာက္မွပဲ ဓာတ္ခြဲ စစ္ေဆးမႈ ေတြလုပ္ေဆာင္ေန တာပါလို႔ က်န္းမာေရးအိ ပညာျမႇင့္တင္ေရး ဌာနခြဲမွ ဒုတိယၫႊန္ၾကားေရးမႉး ေဒါက္တာသန္းႏိုင္စိုးက ေျပာပါတယ္။ဘယ္ႏိုင္ငံကေန ျပန္ဝင္လာလာ တစ္ဖက္ႏိုင္ငံ မွာက အပူခ်ိန္ တိုင္းတာ ေလာက္ပဲ လုပ္ေဆာင္ၿပီး ကိုယ့္ႏိုင္ငံတြင္း ေရာက္ မွ ဓာတ္ခြဲစစ္ေဆးမႈေတြ လုပ္တာပါ။

အခုျပည္ေတာ္ျပန္ေတြထဲက ပိုးေတြ႕လူနာေတြ ရွိလာေပမယ့္ ကိုယ့္ႏိုင္ငံအတြင္းမွာဆိုေတာ့ သူတို႔ကို ကုသမႈ ေပးေနရတဲ့အပိုင္း ေတြမွာ လည္း အခက္အခဲ မရွိဘူး ေပါ့ေနာ္။ တစ္ဖက္ႏိုင္ငံမွာ စစ္လို႔ ေရာဂါပိုး ေတြ႕ ခဲ့ရင္ ဒီဘက္ကို ျပန္လာလို႔မရဘဲ အဲ့ဘက္မွာပဲ ေဆးကုသမႈ ခံယူေနရရင္ သူမ်ားႏိုင္ငံျဖစ္တဲ့အတြက္ လူနာရဲ႕ က်န္းမာေရးေစာင့္ေရွာက္မႈ စရိတ္ေတြကိုပါ အားလုံးထည့္တြက္ရမွာေတြရွိတယ္” လို႔ ေဒါက္တာသန္းႏိုင္စိုး က ေျပာပါတယ္။

Credit Duwun

UNICODE

ပိုးတွေ့လူနာ များလာသဖြင့် ပြည်တော်ပြန်တွေ ဝင်ရောက်မှုကို စိစစ်ဖို့ရှိကြောင်း တာဝန်ရှိသူပြော

လက်ရှိ မြန်မာနိုင်ငံရဲ့ COVID 19 ရောဂါ ကူးစက်ခံရသူတွေ ရဲ့ ထက်ဝက်ကျော်တွေက ရောဂါပျောက်ကင်းသွားပြီဖြစ်လို့ ပြည်တွင်း ရော ဂါကူးစက်မှု ကိုတော့ ထိန်းချုပ်နိုင်မယ့် အခြေအနေမှာရှိနေပြီး ပြည်ပကပြန်လည်ဝင်ရေးက်လာမငတွေကို သေချာ စိစစ်သွားမယ်လို့ ဆိုပါ တယ်။မေလ(၂၃)ရက် နေ့ မနက်ပိုင်း ထုတ်ပြန်ချက် အထိ မြန်မာနိုင်ငံ မှာ COVID 19 အတည်ပြု လူနာ (၂၀၁)ဦးရှိပြီး ပြန်လည်ကောင်း မွန်သူ (၁၁၆)ဦးရှိကာ သေဆုံးသူ (၆)ဦးရှိပါတယ်။

မေလဆန်း ပိုင်းက စလို့ ပြည်ပရောက်မြန်မာနိုင်ငံ သားတွေကို မည်သူမ ဆို ပြန်လည် လက်ခံလျှက်ရှိပြီး ပြည်တော်ပြန်တွေထဲက ပိုးတွေ့ လူနာတွေများလာတဲ့ အတွက်ကြောင့် ပြည်တော်ပြန်တွေပြန်လည် ဝင်ရောက်မှုကို ပြန်လည်စိစစ်ဖို့ရှိတယ်လို့သိရပါတယ်။ရောဂါဖြစ်ပွားမှု အများဆုံး ဖြစ်နေ တဲ့ နိုင်ငံတွေကပြန် လာမယ့်သူတွေကို ပုံမှန်ထက် ထက်ဝက် လောက်သာ လက်ခံဖို့ တာဝန်ရှိသူတွေညှိနှိုင်းမှု တွေလုပ် နေပြီး လာသမျှလူ အားလုံးသာ လက်ခံနေမယ်ဆိုရင် ပိုးတွေ့လူနာတွေ ထပ်များလာနိုင်တယ်လို့ ဒေါက်တာသန်းနိုင်စိုးကပြောပါတယ်။

တစ်ပတ်အတွင်း ပြည်တော်ပြန်တွေက ထဲက (၁၉)ဦးမှာ ရောဂါပိုးတွေ့ရှိခဲ့ပါတယ်။မေလ(၁၆)ရက်နေ့ကနေ (၂၃)ရက်နေ့မနက်ပိုင်းအထိ ပိုးတွေ့လူနာ (၂၀)ဦးမှာ (၁၉)ဦးကပြည်ပကပြန်လာတဲ့သူတွေဖြစ်ပါတယ်။ပြည်ပကပြန်လာတဲ့သူတွေကို မြန်မာနိုင်ငံကို ပြန်လည်အဝင်ခံ တဲ့အခါမှာ ရောဂါပိုးရှိ၊ မရှိ ဓာတ်ခွဲ စစ်ဆေးမှုတွေကို တစ်ဖက်နိုင်ငံမှာကတည်းက မလုပ်ဆောင်ဘဲ မြန်မာနိုင်ငံရောက်မှ သာလုပ်ဆောင် လျှက် ရှိပါတယ်။

အခုလို လုပ်ဆောင်ရခြင်းက တစ်ဖက်နိုင်ငံ မှာ ရောဂါပိုးစစ်လို့ ပိုးတွေ့ခဲ့ရင် အဲဒီနိုင်ငံမှာပဲထားပြီး လူနာရဲ့ ကျန်းမာရေးစရိတ်တွေလည်း ထည့်တွက်ရတာကြောင့် ကိုယ်နိုင်ငံပြန်ရောက်မှပဲ ဓာတ်ခွဲ စစ်ဆေးမှု တွေလုပ်ဆောင်နေ တာပါလို့ ကျန်းမာရေးအိ ပညာမြှင့်တင်ရေး ဌာနခွဲမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာသန်းနိုင်စိုးက ပြောပါတယ်။ဘယ်နိုင်ငံကနေ ပြန်ဝင်လာလာ တစ်ဖက်နိုင်ငံ မှာက အပူချိန် တိုင်းတာ လောက်ပဲ လုပ်ဆောင်ပြီး ကိုယ့်နိုင်ငံတွင်း ရောက် မှ ဓာတ်ခွဲစစ်ဆေးမှုတွေ လုပ်တာပါ။

အခုပြည်တော်ပြန်တွေထဲက ပိုးတွေ့လူနာတွေ ရှိလာပေမယ့် ကိုယ့်နိုင်ငံအတွင်းမှာဆိုတော့ သူတို့ကို ကုသမှု ပေးနေရတဲ့အပိုင်း တွေမှာ လည်း အခက်အခဲ မရှိဘူး ပေါ့နော်။ တစ်ဖက်နိုင်ငံမှာ စစ်လို့ ရောဂါပိုး တွေ့ ခဲ့ရင် ဒီဘက်ကို ပြန်လာလို့မရဘဲ အဲ့ဘက်မှာပဲ ဆေးကုသမှု ခံယူနေရရင် သူများနိုင်ငံဖြစ်တဲ့အတွက် လူနာရဲ့ ကျန်းမာရေးစောင့်ရှောက်မှု စရိတ်တွေကိုပါ အားလုံးထည့်တွက်ရမှာတွေရှိတယ်” လို့ ဒေါက်တာသန်းနိုင်စိုး က ပြောပါတယ်။

Credit   Duwun

Add a Comment

Your email address will not be published. Required fields are marked *