ကိုဗစ္-၁၉ အေၾကာင္းျပဳၿပီး ျမန္မာႏိုင္ငံရွိ ရပ္ဝန္းႏွင့္ လမ္း စီမံကိန္း ကို အသက္ျပန္ သြင္းရန္ ႀကိဳးစားေနၿပီလား

တ႐ုတ္ အစိုးရ အေနျဖင့္ ျမစ္ဆုံ စီမံကိန္းကို လူထု ကန႔္ကြက္ မႈမ်ားေၾကာင့္ ဖ်က္သိမ္း ခံလိုက္ရတာကို မေမ့ႏိုင္ၾက ေသးတာမို႔ ျမန္မာတို႔ ေတာင္းဆို တာေတြ ကို အေလ်ာ့မေပးပဲ တင္းခံေန မယ္ဆိုရင္ လူထု အုံႂကြမႈ ျဖစ္လာႏိုင္ၿပီး ျမစ္ဆုံ သြားရာေနာက္ လိုက္သြား ရဖို႔ ရွိေန တာကို သိလာၾကတဲ့ အတြက္ လည္း အေလ်ာ့ေပးခဲ့ ၾကတာ ျဖစ္ပါတယ္။ ေလာေလာဆယ္ ျမန္မာတြင္ ေ႐ြးေကာက္ပြဲကလည္း ရွိေနျပန္တဲ့ အတြက္ မ်ားမ်ားစားစား မလႈပ္ရွားႏိုင္ေသးတာ မို႔ စီမံကိန္းမ်ား အေကာင္အထည္ေဖၚ ေရးတြင္ ျမန္မာတို႔ဖက္ က သြားေနသည့္ႏႈန္း အ တိုင္း လိုက္ပါသြားဖို႔ တ႐ုတ္က ဆုံးျဖတ္ ထားပုံရပါတယ္။

စီးပြားေရး ပိုင္းတြင္ ေလဆန္ႀကီး ကို ႐ုန္းကန္လာရေတာ့မည့္ အလား အလာမ်ား ေၾကာင့္ စီမံကိန္းမ်ားကို အျမန္ အေကာင္အထည္ ေဖၚဖို႔ အေရး ရွိေနေသာ္လည္း ျမန္မာတို႔ဖက္မွ အေလာသုံးဆယ္ နဲ႔ မိမိတို႔ မွ အနစ္နာခံ လုပ္သြားဖို႔ ရည္႐ြယ္ထားပုံ မရပါဘူး။ ကိုဗစ္ သံခင္းတ မန္ခင္းကို ဂ႐ုတ စိုက္ ေလ့လာစီစစ္သြားရမွာ ေတာ့ အမွန္ပဲ ျဖစ္ပါတယ္။ တဖက္ ကလည္း မိမိ တို႔ အေျခအေနနဲ႔ ၿခဳံငုံသုံးသပ္ၿပီး လြန္ ကဲ ေသာ သံသယ ေတြ ဝင္မလာေအာင္လည္း သတိမူရမွာ ျဖစ္ပါတယ္။ျမန္မာ သည္ ရပ္ဝန္း ႏွင့္ လမ္း စီမံခ်က္မ်ားကို ေစလိုရာေစ သေဘာ မ်ိဳး လက္ခံခဲ့တာ မ်ိဳး မဟုတ္ပဲ မိမိတို႔ အက်ိဳးရွိရာ ရွိေၾကာင္း ေတြ ထုတ္ႏႈတ္ယူႏိုင္တဲ့နည္းမ်ိဳး နဲ႔သာ ပါဝင္လာခဲ့တာ ျဖစ္ပါတယ္။

၂၀၁၅ တြင္ ခ်ဳပ္ဆိုခဲ့ေသာ ေက်ာက္ျဖဴ ေရနက္ စီမံကိန္း အတြက္ တ႐ုတ္ CITIC ကုမၸဏီ ႀကီး ၏ ပိုင္ဆိုင္မႈကို ၂၀၁၇ တြင္ ၈၅% မွ ၇၀% အထိ ေလ်ာ့က်သြားေအာင္ လုပ္ျပစ္ႏိုင္ခဲ့ပါတယ္။ ထိုမွ်သာ မကေသး ၂၀၁၈ တြင္ စီမံကိန္း၏ တန္ဖိုးကို မူလ ေဒၚလာ ၇.၃ ဘီလီယံ မွ ေဒၚလာ ၁.၃ ဘီလီယံ အထိ ေအာင္ျမင္စြာ ေလ်ာ့ခ်ျပစ္ႏိုင္လိုက္ျပန္ပါတယ္။ ဒီအတြက္ တိုင္းျပည္ အေပၚ အေႂကြးေတြ အလြန္အကြၽံ တင္ သြားမယ့္ အေရးကို ေမွ်ာ္ေတြးၿပီး ကာကြယ္ေပးႏိုင္ခဲ့ပါတယ္။ ေလာေလာ ဆယ္တြင္ေတာ့ ထိုကဲ့သို႔ တ႐ုတ္မွ ဖိအားမ်ား ေပးၿပီး အတင္းအ က်ပ္ လုပ္လာ မည္ေလာ ဟု ေျပာဆိုေနျခင္းသည္ အခုလိုေျပာပါတယ္။

အစိုးရိမ္လြန္ျခင္းသာ ျဖစ္သည္ဟု ေဆာင္းပါးရွင္ ရွား ဆူရတ္ ဘာရတ္ က ဂ်ပန္ အြန္လိုင္း စာေစာင္ ျဖစ္ေသာ ေမလ ၂၀ ရက္ေန႔ထုတ္ The Diplomat တြင္ အခုလို ေရးသားလာခဲ့ပါတယ္။တ႐ုတ္တြင္ ကပ္ေရာဂါ သည္ အျမင့္ဆုံး အေနအထားကို ျဖတ္ေက်ာ္ သြားၿပီးေနာက္ တ႐ုတ္ ေခါင္းေဆာင္မ်ားသည္ ကိုဗစ္-၁၉ သံတမန္ ထိုးစစ္ဆင္ဖို႔ အာ႐ုံစိုက္လာၾကပါတယ္။ အဆိုပါ ထိုးစစ္သည္ ျမန္မာ အပါအဝင္ ကမာၻ တဝွမ္းသို႔ ေဆးပညာ ကြၽမ္းက်င္သူမ်ား ႏွင့္ အေထာက္အကူ ျပဳ ပစၥည္းမ်ား ပံ့ပိုးေပးျခင္းျဖင့္ ခ်စ္ၾကည္ရင္းႏွီးမႈ တည္ေဆာက္ရန္ ၊ ကပ္ ေရာဂါႀကီးအား ကမာၻတဝွမ္း တိုက္ဖ်က္ေရးတြင္ မိမိတို႔ ႏိုင္ငံမွ ဦးေဆာင္မႈ ေပးေနသည္ကို ျပသရန္လည္း ျဖစ္ပါတယ္။

အေရွ႕ေတာင္အာရွ ရွိ ေလ့လာသူ အခ်ိဳ႕ကေတာ့ တ႐ုတ္၏ ေျပာင္ေျပာင္တင္းတင္း ဝါဒျဖန႔္ခ်ီ လာတဲ့ လုပ္ရပ္ျဖစ္ၿပီး အေပ်ာ့ ဆြဲ ဆြဲမႈ အ ျဖစ္ လက္မခံၾကဖို႔ သတိေပး လာခဲ့ပါတယ္။ တ႐ုတ္ အစိုးရမွ အေပ်ာ့ဆြဲ ပုံစံမ်ိဳးျဖင့္ အိမ္ရွင္ႏိုင္ငံအတြက္ အက်ိဳး ရွိဖို႔ မေရရာလွတဲ့ ၎တို႔ ၏ ပိုးလမ္းမ စီမံကိန္းမ်ားကို တြန္းတြန္းတိုက္တိုက္ လုပ္လာေနတယ္လို႔ အခ်ိဳ႕ က ရႈျမင္ခဲ့ၾကပါတယ္။ျမန္မာႏိုင္ငံ ဆိုင္ရာ တ႐ုတ္သံ အ မတ္ႀကီး ခ်န္ဟိုင္း သည္ စီမံဘ႑ာ ဒုဝန္ႀကီး ဦးဆက္ေအာင္ နဲ႔ ေမလ ၆ ရက္ေန႔က သြားေရာက္ေတြ႕ဆုံခဲ့ပါတယ္။ ေတြ႕ရတဲ့ အေၾကာင္း ရင္းကေတာ့ တ႐ုတ္-ျမန္မာ စီးပြားေရး စၾကၤန္လမ္းမ စီမံကိန္းမ်ား အေကာင္အထည္ ေဖၚေရး အတြက္ ျဖစ္ပါတယ္။

အဆိုပါ စီမံကိန္း မ်ားသည္ ရပ္ဝန္း ႏွင့္ လမ္း လုပ္ငန္းစဥ္ ထဲမွာ ပါဝင္ေနပါတယ္။ခ်န္ဟိုင္း ႏွင့္ ဦးဆက္ေအာင္တို႔ ေဆြးေႏြးမႈ မ်ားေၾကာင့္ တ႐ုတ္ ၏ ရည္႐ြယ္ရင္း အေပၚ သံသယ ပြားမ်ားလာခဲ့ၾကေသာ္လည္း တကယ္တမ္းတြင္ ၿပီးခဲ့သည့္ ဇန္နဝါရီလမွာ တ႐ုတ္သမၼတ ရွီက်င့္ ဖ်င္၏ ခရီးစဥ္အတြင္း လက္မွတ္ေရးထိုးခဲ့တဲ့ နားလည္မႈ စာခြၽန္လႊာ ပါ စီမံကိန္းမ်ားကိုသာ ေဆြးေႏြးခဲ့ၾကတာ ျဖစ္ပါတယ္။ျမန္မာမွ ကိုဗစ္ -၁၉ စီးပြားေရး အေထာက္အကူျပဳ အစီအစဥ္မ်ား Covid-19 Economic Relief Plan (CERP) ေၾကျငာခဲ့ၿပီး မၾကာမီမွာ ေဆြးေႏြးျဖစ္ ခဲ့တာ လည္း ျဖစ္ပါတယ္။

CERP သည္ ကပ္ေရာဂါေဘးေၾကာင့္ စီးပြားေရး တြင္ ႐ိုက္ခတ္လာႏိုင္မည့္ အရွိန္ကို ခုသာခံသာ ရွိရန္ ေရရွည္ ေရတို စီမံခ်က္မ်ားနဲ႔ တန္ ျပန္သြားဖို႔ပဲ ျဖစ္ပါတယ္။ ထို အထဲတြင္ ေႏွာင့္ေႏွး ၾကန႔္ၾကာေနေသာ ႏိုင္ငံတကာရွိ ကုမၸဏီႀကီးမ်ား၏ ရင္းႏွီးျမဳပ္ႏွံမႈ မ်ား အတည္ျပဳေရး လွ်င္ျမန္ေစရန္၊ မဟာဗ်ဴဟာေျမာက္ အေျခခံ အေဆာက္အအုံမ်ား အတြက္ စီမံကိန္း တင္ဒါမ်ား အလွ်င္အျမန္ ေခၚယူေရး မ်ား ပါဝင္လာ ပါတယ္။ျမန္မာႏိုင္ငံအတြင္းရွိ ရပ္ဝန္း ႏွင့္ လမ္း လုပ္ငန္း မ်ားသည္ ကိုဗစ္-၁၉ မျဖစ္ခင္ကတည္းက အရွိန္ရေနၿပီးသားလည္း ျဖစ္ပါတယ္။

ဇန္နဝါရီလ အတြင္း ရွီ မွ သူ၏ ခရီးစဥ္မစမီကပင္ CMEC စီမံခ်က္မ်ား အတြက္ သေဘာတရား အဆင့္မွ စီမံခ်က္မ်ား ခ်မွတ္ၿပီး အေကာင္ အထည္ ေဖၚ သည့္ အဆင့္သို႔ ေ႐ြ႕လ်ား ျခင္းျဖင့္ ရလဒ္ကို ဦးတည္ေစေရးအတြက္ နက္ရႈိင္းစြာ ပူးေပါင္းေဆာင္႐ြက္ရန္ ေတာင္းဆိုထား ပါတယ္။ရွီ ၏ ခရီးစဥ္အတြင္း ေက်ာက္ျဖဴ စီးပြားေရးဇုံ ႏွင့္ ေရနက္ ဆိပ္ကမ္း၊ တ႐ုတ္-ျမန္မာ နယ္ျခားေဒသ စီးပြားေရးဇုံ ႏွင့္ ရန္ကုန္ၿမိဳ႕ သစ္ စီမံကိန္းမ်ားသည္ CMEC ၏ ေဒါက္တိုင္ႀကီး သုံးခုလို႔ ေျပာဆို သုံးႏႈံးသြားခဲ့ပါတယ္။ ထိုစီမံကိန္း သုံးခု အေရး ကို ခ်န္ဟိုင္းက တင္ျပ ေဆြးေႏြးသြားခဲ့တယ္လို႔ သတင္းမ်ား ထြက္ေပၚခဲ့ပါတယ္ ။

ေသခ်ာတာကေတာ့ တ႐ုတ္တို႔မွ ၎တို႔၏ ပုံရိပ္ကို တိုးတက္လာေစဖို႔ စီမံကိန္း အေကာင္အထည္ ေဖၚမႈေတြကို ေလ်ာ့ေပါ့ေပးလိုတဲ့ သ ေဘာ ရွိေနတာပါပဲ။ ျမန္မာႏိုင္ငံ အတြင္း စီးပြားေရး က်ဆင္းမႈ ေလ်ာ့နည္းေစဖို႔ စီမံကိန္း ေတြကို အရွိန္အဟုန္ ျမႇင့္လာေကာင္း လာႏိုင္ ေသာ္ လည္း ကပ္ေရာဂါႀကီး ရွိေနတဲ့ အတြက္ သိသိသာသာ အေျပာင္းအလဲေတြ ျဖစ္လာတာမ်ိဳး မရွိေသးပါဘူး။ ျမန္မာ၏ စီးပြားေရး အ တြက္ ရပ္ဝန္း ႏွင့္ လမ္းစီမံကိန္း မ်ားသည္ လြန္စြာ အေရးပါေသာ အေနအထား တြင္ ရွိေနသျဖင့္ CREP ကို ေၾကျငာၿပီး အခုလို ေတြ႕ဆုံမႈ မ်ိဳး မလုပ္ခဲ့ရင္ပင္ လြန္စြာ အံအားသင့္ဖြယ့္ ျဖစ္မိၾကမွာ အမွန္ပါဘဲ။

ဒါ့အျပင္ ျမန္မာသို႔ တ႐ုတ္မွ soft power ေခၚ အေပ်ာ့ဆြဲ ျဖင့္ ထိုးေဖါက္ လာျခင္းကိုလည္း ဘက္စုံကေန ၿခဳံငုံစဥ္းစားရမွာ ျဖစ္ပါတယ္။ ျမန္မာသည္ တ႐ုတ္ ႏွင့္ စီးပြားဆက္ဆံေရးပိုင္းမွာ ကိုယ္ပိုင္ ဆုံးျဖတ္ခြင့္နဲ႔ အေတာ္ေလး လႈပ္ရွားႏိုင္ခဲ့ပါတယ္။ အေပ်ာ့ဆြဲ ဆိုသည္က ႏိုင္ငံတခုမွ ၎တို႔ ျဖစ္ေစခ်င္သည္မ်ားကို အၾကပ္ကိုင္ ၿခိမ္းေျခာက္ျခင္း မ်ိဳးနဲ႔ မဟုတ္ပဲ ဆြဲေဆာင္သိမ္းသြင္းတဲ့ နည္းျဖင့္ သုံးျခင္းကို ရည္ၫႊန္းတာလည္း ျဖစ္ပါတယ္။ ဒီအတြက္ တ႐ုတ္က ကိုဗစ္ သံခင္းတမန္ခင္း ကို ခင္းက်င္းလာတာ ျဖစ္တယ္လို႔ အခ်ိဳ႕က ရႈျမင္ၾက တာလည္း ျဖစ္ပါတယ္။

ဒါကို ေအာင္ျမင္ဖို႔ ဆိုတာ လက္ခံတဲ့ ႏိုင္ငံ က တကယ္တမ္း ဘယ္ေလာက္အတိုင္းအတာ အထိ တုန႔္ျပန္လာမလဲ အေပၚ သာ မူတည္ေန ပါတယ္။ကမ္းလွမ္းလာခ်က္မ်ားကို မူမတည္ပါဘူး။

လွစိုးေဝ

REF: LET PAN

UNICODE

ကိုဗစ်-၁၉ အကြောင်းပြုပြီး မြန်မာနိုင်ငံရှိ ရပ်ဝန်းနှင့် လမ်း စီမံကိန်း ကို အသက်ပြန် သွင်းရန် ကြိုးစားနေပြီလား

တရုတ် အစိုးရ အနေဖြင့် မြစ်ဆုံ စီမံကိန်းကို လူထု ကန့်ကွက် မှုများကြောင့် ဖျက်သိမ်း ခံလိုက်ရတာကို မမေ့နိုင်ကြ သေးတာမို့ မြန်မာတို့ တောင်းဆို တာတွေ ကို အလျော့မပေးပဲ တင်းခံနေ မယ်ဆိုရင် လူထု အုံကြွမှု ဖြစ်လာနိုင်ပြီး မြစ်ဆုံ သွားရာနောက် လိုက်သွား ရဖို့ ရှိနေ တာကို သိလာကြတဲ့ အတွက် လည်း အလျော့ပေးခဲ့ ကြတာ ဖြစ်ပါတယ်။ လောလောဆယ် မြန်မာတွင် ရွေးကောက်ပွဲကလည်း ရှိနေပြန်တဲ့ အတွက် များများစားစား မလှုပ်ရှားနိုင်သေးတာ မို့ စီမံကိန်းများ အကောင်အထည်ဖေါ် ရေးတွင် မြန်မာတို့ဖက် က သွားနေသည့်နှုန်း အ တိုင်း လိုက်ပါသွားဖို့ တရုတ်က ဆုံးဖြတ် ထားပုံရပါတယ်။

စီးပွားရေး ပိုင်းတွင် လေဆန်ကြီး ကို ရုန်းကန်လာရတော့မည့် အလား အလာများ ကြောင့် စီမံကိန်းများကို အမြန် အကောင်အထည် ဖေါ်ဖို့ အရေး ရှိနေသော်လည်း မြန်မာတို့ဖက်မှ အလောသုံးဆယ် နဲ့ မိမိတို့ မှ အနစ်နာခံ လုပ်သွားဖို့ ရည်ရွယ်ထားပုံ မရပါဘူး။ ကိုဗစ် သံခင်းတ မန်ခင်းကို ဂရုတ စိုက် လေ့လာစီစစ်သွားရမှာ တော့ အမှန်ပဲ ဖြစ်ပါတယ်။ တဖက် ကလည်း မိမိ တို့ အခြေအနေနဲ့ ခြုံငုံသုံးသပ်ပြီး လွန် ကဲ သော သံသယ တွေ ဝင်မလာအောင်လည်း သတိမူရမှာ ဖြစ်ပါတယ်။မြန်မာ သည် ရပ်ဝန်း နှင့် လမ်း စီမံချက်များကို စေလိုရာစေ သဘော မျိုး လက်ခံခဲ့တာ မျိုး မဟုတ်ပဲ မိမိတို့ အကျိုးရှိရာ ရှိကြောင်း တွေ ထုတ်နှုတ်ယူနိုင်တဲ့နည်းမျိုး နဲ့သာ ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

၂၀၁၅ တွင် ချုပ်ဆိုခဲ့သော ကျောက်ဖြူ ရေနက် စီမံကိန်း အတွက် တရုတ် CITIC ကုမ္ပဏီ ကြီး ၏ ပိုင်ဆိုင်မှုကို ၂၀၁၇ တွင် ၈၅% မှ ၇၀% အထိ လျော့ကျသွားအောင် လုပ်ပြစ်နိုင်ခဲ့ပါတယ်။ ထိုမျှသာ မကသေး ၂၀၁၈ တွင် စီမံကိန်း၏ တန်ဖိုးကို မူလ ဒေါ်လာ ၇.၃ ဘီလီယံ မှ ဒေါ်လာ ၁.၃ ဘီလီယံ အထိ အောင်မြင်စွာ လျော့ချပြစ်နိုင်လိုက်ပြန်ပါတယ်။ ဒီအတွက် တိုင်းပြည် အပေါ် အကြွေးတွေ အလွန်အကျွံ တင် သွားမယ့် အရေးကို မျှော်တွေးပြီး ကာကွယ်ပေးနိုင်ခဲ့ပါတယ်။ လောလော ဆယ်တွင်တော့ ထိုကဲ့သို့ တရုတ်မှ ဖိအားများ ပေးပြီး အတင်းအ ကျပ် လုပ်လာ မည်လော ဟု ပြောဆိုနေခြင်းသည် အခုလိုပြောပါတယ်။

အစိုးရိမ်လွန်ခြင်းသာ ဖြစ်သည်ဟု ဆောင်းပါးရှင် ရှား ဆူရတ် ဘာရတ် က ဂျပန် အွန်လိုင်း စာစောင် ဖြစ်သော မေလ ၂၀ ရက်နေ့ထုတ် The Diplomat တွင် အခုလို ရေးသားလာခဲ့ပါတယ်။တရုတ်တွင် ကပ်ရောဂါ သည် အမြင့်ဆုံး အနေအထားကို ဖြတ်ကျော် သွားပြီးနောက် တရုတ် ခေါင်းဆောင်များသည် ကိုဗစ်-၁၉ သံတမန် ထိုးစစ်ဆင်ဖို့ အာရုံစိုက်လာကြပါတယ်။ အဆိုပါ ထိုးစစ်သည် မြန်မာ အပါအဝင် ကမ္ဘာ တဝှမ်းသို့ ဆေးပညာ ကျွမ်းကျင်သူများ နှင့် အထောက်အကူ ပြု ပစ္စည်းများ ပံ့ပိုးပေးခြင်းဖြင့် ချစ်ကြည်ရင်းနှီးမှု တည်ဆောက်ရန် ၊ ကပ် ရောဂါကြီးအား ကမ္ဘာတဝှမ်း တိုက်ဖျက်ရေးတွင် မိမိတို့ နိုင်ငံမှ ဦးဆောင်မှု ပေးနေသည်ကို ပြသရန်လည်း ဖြစ်ပါတယ်။

အရှေ့တောင်အာရှ ရှိ လေ့လာသူ အချို့ကတော့ တရုတ်၏ ပြောင်ပြောင်တင်းတင်း ဝါဒဖြန့်ချီ လာတဲ့ လုပ်ရပ်ဖြစ်ပြီး အပျော့ ဆွဲ ဆွဲမှု အ ဖြစ် လက်မခံကြဖို့ သတိပေး လာခဲ့ပါတယ်။ တရုတ် အစိုးရမှ အပျော့ဆွဲ ပုံစံမျိုးဖြင့် အိမ်ရှင်နိုင်ငံအတွက် အကျိုး ရှိဖို့ မရေရာလှတဲ့ ၎င်းတို့ ၏ ပိုးလမ်းမ စီမံကိန်းများကို တွန်းတွန်းတိုက်တိုက် လုပ်လာနေတယ်လို့ အချို့ က ရှုမြင်ခဲ့ကြပါတယ်။မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်သံ အ မတ်ကြီး ချန်ဟိုင်း သည် စီမံဘဏ္ဍာ ဒုဝန်ကြီး ဦးဆက်အောင် နဲ့ မေလ ၆ ရက်နေ့က သွားရောက်တွေ့ဆုံခဲ့ပါတယ်။ တွေ့ရတဲ့ အကြောင်း ရင်းကတော့ တရုတ်-မြန်မာ စီးပွားရေး စင်္ကြန်လမ်းမ စီမံကိန်းများ အကောင်အထည် ဖေါ်ရေး အတွက် ဖြစ်ပါတယ်။

အဆိုပါ စီမံကိန်း များသည် ရပ်ဝန်း နှင့် လမ်း လုပ်ငန်းစဉ် ထဲမှာ ပါဝင်နေပါတယ်။ချန်ဟိုင်း နှင့် ဦးဆက်အောင်တို့ ဆွေးနွေးမှု များကြောင့် တရုတ် ၏ ရည်ရွယ်ရင်း အပေါ် သံသယ ပွားများလာခဲ့ကြသော်လည်း တကယ်တမ်းတွင် ပြီးခဲ့သည့် ဇန်နဝါရီလမှာ တရုတ်သမ္မတ ရှီကျင့် ဖျင်၏ ခရီးစဉ်အတွင်း လက်မှတ်ရေးထိုးခဲ့တဲ့ နားလည်မှု စာချွန်လွှာ ပါ စီမံကိန်းများကိုသာ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။မြန်မာမှ ကိုဗစ် -၁၉ စီးပွားရေး အထောက်အကူပြု အစီအစဉ်များ Covid-19 Economic Relief Plan (CERP) ကြေငြာခဲ့ပြီး မကြာမီမှာ ဆွေးနွေးဖြစ် ခဲ့တာ လည်း ဖြစ်ပါတယ်။

CERP သည် ကပ်ရောဂါဘေးကြောင့် စီးပွားရေး တွင် ရိုက်ခတ်လာနိုင်မည့် အရှိန်ကို ခုသာခံသာ ရှိရန် ရေရှည် ရေတို စီမံချက်များနဲ့ တန် ပြန်သွားဖို့ပဲ ဖြစ်ပါတယ်။ ထို အထဲတွင် နှောင့်နှေး ကြန့်ကြာနေသော နိုင်ငံတကာရှိ ကုမ္ပဏီကြီးများ၏ ရင်းနှီးမြုပ်နှံမှု များ အတည်ပြုရေး လျှင်မြန်စေရန်၊ မဟာဗျူဟာမြောက် အခြေခံ အဆောက်အအုံများ အတွက် စီမံကိန်း တင်ဒါများ အလျှင်အမြန် ခေါ်ယူရေး များ ပါဝင်လာ ပါတယ်။မြန်မာနိုင်ငံအတွင်းရှိ ရပ်ဝန်း နှင့် လမ်း လုပ်ငန်း များသည် ကိုဗစ်-၁၉ မဖြစ်ခင်ကတည်းက အရှိန်ရနေပြီးသားလည်း ဖြစ်ပါတယ်။

ဇန်နဝါရီလ အတွင်း ရှီ မှ သူ၏ ခရီးစဉ်မစမီကပင် CMEC စီမံချက်များ အတွက် သဘောတရား အဆင့်မှ စီမံချက်များ ချမှတ်ပြီး အကောင် အထည် ဖေါ် သည့် အဆင့်သို့ ရွေ့လျား ခြင်းဖြင့် ရလဒ်ကို ဦးတည်စေရေးအတွက် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရန် တောင်းဆိုထား ပါတယ်။ရှီ ၏ ခရီးစဉ်အတွင်း ကျောက်ဖြူ စီးပွားရေးဇုံ နှင့် ရေနက် ဆိပ်ကမ်း၊ တရုတ်-မြန်မာ နယ်ခြားဒေသ စီးပွားရေးဇုံ နှင့် ရန်ကုန်မြို့ သစ် စီမံကိန်းများသည် CMEC ၏ ဒေါက်တိုင်ကြီး သုံးခုလို့ ပြောဆို သုံးနှုံးသွားခဲ့ပါတယ်။ ထိုစီမံကိန်း သုံးခု အရေး ကို ချန်ဟိုင်းက တင်ပြ ဆွေးနွေးသွားခဲ့တယ်လို့ သတင်းများ ထွက်ပေါ်ခဲ့ပါတယ် ။

သေချာတာကတော့ တရုတ်တို့မှ ၎င်းတို့၏ ပုံရိပ်ကို တိုးတက်လာစေဖို့ စီမံကိန်း အကောင်အထည် ဖေါ်မှုတွေကို လျော့ပေါ့ပေးလိုတဲ့ သ ဘော ရှိနေတာပါပဲ။ မြန်မာနိုင်ငံ အတွင်း စီးပွားရေး ကျဆင်းမှု လျော့နည်းစေဖို့ စီမံကိန်း တွေကို အရှိန်အဟုန် မြှင့်လာကောင်း လာနိုင် သော် လည်း ကပ်ရောဂါကြီး ရှိနေတဲ့ အတွက် သိသိသာသာ အပြောင်းအလဲတွေ ဖြစ်လာတာမျိုး မရှိသေးပါဘူး။ မြန်မာ၏ စီးပွားရေး အ တွက် ရပ်ဝန်း နှင့် လမ်းစီမံကိန်း များသည် လွန်စွာ အရေးပါသော အနေအထား တွင် ရှိနေသဖြင့် CREP ကို ကြေငြာပြီး အခုလို တွေ့ဆုံမှု မျိုး မလုပ်ခဲ့ရင်ပင် လွန်စွာ အံအားသင့်ဖွယ့် ဖြစ်မိကြမှာ အမှန်ပါဘဲ။

ဒါ့အပြင် မြန်မာသို့ တရုတ်မှ soft power ခေါ် အပျော့ဆွဲ ဖြင့် ထိုးဖေါက် လာခြင်းကိုလည်း ဘက်စုံကနေ ခြုံငုံစဉ်းစားရမှာ ဖြစ်ပါတယ်။ မြန်မာသည် တရုတ် နှင့် စီးပွားဆက်ဆံရေးပိုင်းမှာ ကိုယ်ပိုင် ဆုံးဖြတ်ခွင့်နဲ့ အတော်လေး လှုပ်ရှားနိုင်ခဲ့ပါတယ်။ အပျော့ဆွဲ ဆိုသည်က နိုင်ငံတခုမှ ၎င်းတို့ ဖြစ်စေချင်သည်များကို အကြပ်ကိုင် ခြိမ်းခြောက်ခြင်း မျိုးနဲ့ မဟုတ်ပဲ ဆွဲဆောင်သိမ်းသွင်းတဲ့ နည်းဖြင့် သုံးခြင်းကို ရည်ညွှန်းတာလည်း ဖြစ်ပါတယ်။ ဒီအတွက် တရုတ်က ကိုဗစ် သံခင်းတမန်ခင်း ကို ခင်းကျင်းလာတာ ဖြစ်တယ်လို့ အချို့က ရှုမြင်ကြ တာလည်း ဖြစ်ပါတယ်။

ဒါကို အောင်မြင်ဖို့ ဆိုတာ လက်ခံတဲ့ နိုင်ငံ က တကယ်တမ်း ဘယ်လောက်အတိုင်းအတာ အထိ တုန့်ပြန်လာမလဲ အပေါ် သာ မူတည်နေ ပါတယ်။ကမ်းလှမ်းလာချက်များကို မူမတည်ပါဘူး။

လှစိုးဝေ

REF:    LET  PAN

Add a Comment

Your email address will not be published. Required fields are marked *