ေဒးဗစ္လား တရားစြဲခံရတာနဲ႔ ပတ္သက္ၿပီး ဝမ္းနည္းေပမယ့္ ဂုဏ္ယူပါတယ္လို႔ Lဆိုင္းဇီ ေျပာဆို

အင္းစိန္ၿမိဳ႕နယ္ ၌ က်န္းမာေရးႏွင့္ အားကစားဝန္ႀကီးဌာန၊ ရန္ကုန္တိုင္းေဒသႀကီး အစိုးရအဖြဲ႕တို႔က COVID-19 ေရာဂါထိန္းခ်ဳပ္ေရးႏွင့္ အေရးေပၚတုံ႔ျပန္ေရးလုပ္ငန္းမ်ားႏွင့္ ပတ္သက္၍ ထုတ္ျပန္ခဲ့သည့္ ၫႊန္ၾကားခ်က္မ်ားအား လိုက္နာရန္ပ်က္ကြက္ခဲ့သည့္ ဦးေစာကြယ္ဝါး (သင္းအုပ္ဆရာ)ႏွင့္ အမႈေတာ္ေဆာင္ ဦးေစာေရဂန္ဒီ တို႔ကို လည္း ေရာဂါျဖစ္ပြားေစႏိုင္သည့္ လူစုလူေဝးျပဳလုပ္ေဆာင္႐ြက္ခဲ့ျခင္းအေပၚ သဘာဝေဘးအႏၲရာယ္ဆိုင္ရာစီမံခန႔္ခြဲမႈဥပေဒအရ အင္းစိန္ၿမိဳ႕မရဲစခန္းက (ပ)၇၀၆/၂၀၂၀ ျဖင့္ အမႈဖြင့္ထား သည္။

တရားေဟာ ဆရာ ဦးေစာေဒးဗစ္လား ကို ယေန႔ေမ ၂၀ ရက္ တြင္ မရမ္းကုန္းၿမိဳ႕နယ္ တရား႐ုံး ၌ ႐ုံးထုတ္ခဲ့ၿပီး ရမန္ႏွစ္ပတ္ယူ ကာ အင္း စိန္ေထာ င္သို႔ ပို႔လိုက္ၿပီ ျဖစ္ သည္ ။ကိုဗစ္ကပ္ေရာဂါ ကာလ အတြင္း လူစုလူေဝး မလုပ္ ရန္ တားျမစ္ခ်က္ အား ေဖာက္ဖ်က္၍ ဘာသာ ေရးဆိုင္ရာ အခမ္းအနား တစ္ခုတြင္ တရားေဟာေျပာခဲ့ ေသာေၾကာင့္ တရားေဟာဆရာ ဦးေစာေဒးဗစ္လား ကို ရန္ကုန္တိုင္း ေဒသႀကီး အစိုးရ က သဘာဝေဘး အႏၲရာယ္ ဆိုင္ရာ စီမံခန႔္ခြဲ မႈ ဥပေဒပုဒ္မ ၂၅ ျဖင့္ အမႈဖြင့္ ထားျခင္းျဖစ္ၿပီး လာမည့္ ဇြန္လ ၃ ရက္ေန႔တြင္ ထပ္မံ ႐ုံး ထုတ္မည္ျဖစ္ သည္ ။

တရာေဟာဆရာ ေဒးဗစ္လားကို ကိုဗစ္-၁၉စည္းကမ္းခ်က္ကို ေဖာက္ဖ်က္ၿပီး လူစုလူေဝးျပဳလုပ္မႈနဲ႔ ေမလ ၂၀ရက္ေန႔မွာ ပထမဆုံးအ ႀကိမ္ ႐ုံးထုတ္ခဲ့ပါတယ္။ သူဟာ အဆိုပါတရားမွ ကပ္ေရာဂါဆိုးကို ကိုယ္တိုင္ကူးစပ္ခံခဲ့ရ႐ုံမကဘဲ ပြဲကိုလာေရာက္ခဲ့တဲ့ ႏိုင္ငံေက်ာ္အဆို ေတာ္ေတြအပါအဝင္ လူ ၈၀ဦးခန႔္ ကူးစက္ခံခဲ့ရတာ ျဖစ္ပါတယ္။ ဒါ့ေၾကာင့္ တရားေဟာဆရာ ေဒးဗစ္လား ကိုသဘာဝေဘး အႏၲရာယ္ ဆိုင္ရာ စီမံခန႔္ခြဲမႈ ဥပေဒပုဒ္မ ၂၅ အရ တရားစြဲဆိုခဲ့တာျဖစ္ပါတယ္။

ယေန႔ မွာေတာ့ ပထမဆုံးအႀကိမ္႐ုံးထုတ္ကာ ရမန္၂ပတ္ယူၿပီး အင္းစိန္ေထာင္ကိုပို႔ေဆာင္ခဲ့တယ္လို႔ သိရပါတယ္။ အသံအားေကာင္း ေကာင္းနဲ႔ ပရိသတ္ေတြရဲ႕ အားေပးမႈကို စြဲေဆာင္ႏိုင္ခဲ့တဲ့ အဆိုေတာ္ Lဆိုင္းဇီ က အၿမဲေပ်ာ္ေပ်ာ္ေနတက္သူျဖစ္သလို သူ႔ရဲ႕ ေဖ့စ္ဘုတ္စာ မ်က္ႏွာမွာ လဲ သူရဲ႕ လႈပ္ရွားမႈပုံရိပ္ေတြကို ေဝမွ်ေလ့ရွိပါတယ္။သို႔ေပမယ္ ယေန႔မွာ ေတာ့ သူ႔ရဲ႕ ဆရာ အတြက္ စိတ္မေကာင္း ျဖစ္ရတဲ့ အေၾကာင္းကို ႐ိုးရွင္းစြာ ေရးသား ေဖာ္ျပခဲ့ပါတယ္။

အဲ့ဒါကေတာ့ ” ေတာ္ ႐ုံ တန္႐ုံ ကြၽန္မ စာေရးၿပီး FB ေပၚ စာ ေရးမတင္ တတ္ပါဘူး…ေတာ္႐ုံကိစၥဆို ေခါင္းထဲ မွာ မထဲ့တတ္လို႔ပါ…ဒီေန႔ေတာ့ ကြၽန္မ ေရး ပါမယ္… ဒီေန႔ မနက္ ၉:၁၅ ကေတာ့ ကြၽန္မရဲ႕ ဘဝမွာ…ဝိညာဥ္နဲ႔ပတ္သက္ပီး…ေသမေလာက္ခံစားရတဲ့ အခ်ိန္ျဖစ္ခဲ့ရပါတယ္။ ဘုရားသ ခင္က အရာအားလုံးကိုသိျမင္ပီး ဘုရားဘုန္းအဖို႔ျဖစ္တယ္လို႔ပဲ…မ်က္ရည္မ်ားနဲ႔အတူဝန္ခံခဲ့ရပါတယ္။

“ဒီေန႔ေခတ္မွာ ယုံၾကည္သူ အဂၤါခ်င္းဆိုတာ..ဘယ္ဆီမ်ားေရာက္သြားသလဲလို႔ေတာင္ေတြးမိပါတယ္။ ထပ္တူဝမ္းနဲရမယ့္အခ်ိနိမ်ိဳးမွာ… ႀကိတ္ေပ်ာ္ေနတဲ့သူေတြ ေတြ႕ရေတာ့….ရင္ထဲစို႔နစ့္ရေလာက္ေအာင္ပဲ..အလြန္ဝမ္းနဲမိပါတယ္။ ဒီေန႔ေခတ္က မီဒီယာေခတ္ျဖစ္ေနေတာ့…ခရစ္ယာန္မီဒီယာေတြကေန စလိုက္တဲ့ အရာေလးတခုကေန…ခုေလာက္ထိျဖစ္သြားခဲ့တာပဲေလေနာ္…။ ဘယ္မွာလဲ အဂၤါခ်င္း…? ဘယ္မွာ လဲ ဘုရားေမတၱာ….?တခ်ိဳ႕ကခရစ္ယာန္ျဖစ္ရတာေတာင္ရွက္မိတယ္လို႔ေျပာတဲ့အဖြဲ႕ေတြကရွိေသးတယ္။

စိတ္မေကာင္းစရာပါပဲ။ သမၼာက်မ္းစာထဲမွာေတာ့ ၁ေပ ၄:၁၆မွာ ခရစ္ယာန္ျဖစ္လို႔ ကဲ့ရဲ႕ျခင္း ရႈတ္ခ်ျခင္း ျငင္းပန္းႏွိပ္စက္ျခင္းခံ ရရင္ မ ရွက္ၾကပါနဲ႔။ ထိုအမႈေၾကာင့္သင္ခံရလွ်င္ ဘုရားသခင္၏ ဂုဏ္ေက်းဇူးကိုခ်ီးမြမ္းပါလို႔ သြန္သင္ထားပါတယ္။ခုျဖစ္ေနတဲ့ကိစၥေတြမွာ သာ သနာပသူေတြက ကဲ့ရဲ႕ရႈတ္ခ်ၾကတာကို အျပည့္ဝလက္ခံပါတယ္။ သို႔ေသာ္ ယုံၾကည္သူခ်င္းဦးေခါင္းခရစ္ေတာ္အထဲက ကိုယ္အဂၤါ ခ်င္း က…ေပ်ာ္ေနတာေတြ…ကဲ့ရဲ႕ေနတာေတြကိုေတြ႕ရေတာ့…အတိုင္းမသိဝမ္းနဲမိပါတယ္။

ဆရာေရ ဆရာ့အတြက္သမီးကေတာ့ဂုဏ္ယူမိပါတယ္.။ ဘုရားအမႈေတာ္မွာ ခုေလာက္ထိ သစၥာရွိစြာအေစခံေနတာေတြ႕ရလို႔…ခုက်တဲ့ မ်က္ရည္က ဆရာ့ကို ခုလိုျမင္ရလို႔ ဝမ္းနဲတဲ့မ်က္ရည္နဲ႔အတူ ဂုဏ္ယူဝမ္းေျမာက္မိတဲ့မ်က္ရည္ပါ…ခပ္သိမ္းေသာအရာသည္ ကိုယ္ေတာ့္ အထဲက ကိုယ္ေတာ့္အားျဖင့္ ကိုယ္ေတာ့္အဘို႔အလို႔ငွာသာျဖစ္သည္။

ကမာၻ အဆက္ဆက္…ဘုန္းႀကီး၍ မဂၤလာရွိပါေစ အာမင္ လို႔ ဆိုကာ မည္သူတစ္ဦးတစ္ေယာက္ကိုမွ မထိခိုက္ဘဲ သူစိတ္မေကာင္း ေၾကာင္း ကိုဘဲေရးသားခဲ့ပါတယ္။

REF: သတင္းထူးသတင္းဦး

UNICODE

ဒေးဗစ်လား တရားစွဲခံရတာနဲ့ ပတ်သက်ပြီး ဝမ်းနည်းပေမယ့် ဂုဏ်ယူပါတယ်လို့ Lဆိုင်းဇီ ပြောဆို

အင်းစိန်မြို့နယ် ၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့က COVID-19 ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းများနှင့် ပတ်သက်၍ ထုတ်ပြန်ခဲ့သည့် ညွှန်ကြားချက်များအား လိုက်နာရန်ပျက်ကွက်ခဲ့သည့် ဦးစောကွယ်ဝါး (သင်းအုပ်ဆရာ)နှင့် အမှုတော်ဆောင် ဦးစောရေဂန်ဒီ တို့ကို လည်း ရောဂါဖြစ်ပွားစေနိုင်သည့် လူစုလူဝေးပြုလုပ်ဆောင်ရွက်ခဲ့ခြင်းအပေါ် သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဥပဒေအရ အင်းစိန်မြို့မရဲစခန်းက (ပ)၇၀၆/၂၀၂၀ ဖြင့် အမှုဖွင့်ထား သည်။

တရားဟော ဆရာ ဦးစောဒေးဗစ်လား ကို ယနေ့မေ ၂၀ ရက် တွင် မရမ်းကုန်းမြို့နယ် တရားရုံး ၌ ရုံးထုတ်ခဲ့ပြီး ရမန်နှစ်ပတ်ယူ ကာ အင်း စိန်ထော င်သို့ ပို့လိုက်ပြီ ဖြစ် သည် ။ကိုဗစ်ကပ်ရောဂါ ကာလ အတွင်း လူစုလူဝေး မလုပ် ရန် တားမြစ်ချက် အား ဖောက်ဖျက်၍ ဘာသာ ရေးဆိုင်ရာ အခမ်းအနား တစ်ခုတွင် တရားဟောပြောခဲ့ သောကြောင့် တရားဟောဆရာ ဦးစောဒေးဗစ်လား ကို ရန်ကုန်တိုင်း ဒေသကြီး အစိုးရ က သဘာဝဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲ မှု ဥပဒေပုဒ်မ ၂၅ ဖြင့် အမှုဖွင့် ထားခြင်းဖြစ်ပြီး လာမည့် ဇွန်လ ၃ ရက်နေ့တွင် ထပ်မံ ရုံး ထုတ်မည်ဖြစ် သည် ။

တရာဟောဆရာ ဒေးဗစ်လားကို ကိုဗစ်-၁၉စည်းကမ်းချက်ကို ဖောက်ဖျက်ပြီး လူစုလူဝေးပြုလုပ်မှုနဲ့ မေလ ၂၀ရက်နေ့မှာ ပထမဆုံးအ ကြိမ် ရုံးထုတ်ခဲ့ပါတယ်။ သူဟာ အဆိုပါတရားမှ ကပ်ရောဂါဆိုးကို ကိုယ်တိုင်ကူးစပ်ခံခဲ့ရရုံမကဘဲ ပွဲကိုလာရောက်ခဲ့တဲ့ နိုင်ငံကျော်အဆို တော်တွေအပါအဝင် လူ ၈၀ဦးခန့် ကူးစက်ခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် တရားဟောဆရာ ဒေးဗစ်လား ကိုသဘာဝဘေး အန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ အရ တရားစွဲဆိုခဲ့တာဖြစ်ပါတယ်။

ယနေ့ မှာတော့ ပထမဆုံးအကြိမ်ရုံးထုတ်ကာ ရမန်၂ပတ်ယူပြီး အင်းစိန်ထောင်ကိုပို့ဆောင်ခဲ့တယ်လို့ သိရပါတယ်။ အသံအားကောင်း ကောင်းနဲ့ ပရိသတ်တွေရဲ့ အားပေးမှုကို စွဲဆောင်နိုင်ခဲ့တဲ့ အဆိုတော် Lဆိုင်းဇီ က အမြဲပျော်ပျော်နေတက်သူဖြစ်သလို သူ့ရဲ့ ဖေ့စ်ဘုတ်စာ မျက်နှာမှာ လဲ သူရဲ့ လှုပ်ရှားမှုပုံရိပ်တွေကို ဝေမျှလေ့ရှိပါတယ်။သို့ပေမယ် ယနေ့မှာ တော့ သူ့ရဲ့ ဆရာ အတွက် စိတ်မကောင်း ဖြစ်ရတဲ့ အကြောင်းကို ရိုးရှင်းစွာ ရေးသား ဖော်ပြခဲ့ပါတယ်။

အဲ့ဒါကတော့ ” တော် ရုံ တန်ရုံ ကျွန်မ စာရေးပြီး FB ပေါ် စာ ရေးမတင် တတ်ပါဘူး…တော်ရုံကိစ္စဆို ခေါင်းထဲ မှာ မထဲ့တတ်လို့ပါ…ဒီနေ့တော့ ကျွန်မ ရေး ပါမယ်… ဒီနေ့ မနက် ၉:၁၅ ကတော့ ကျွန်မရဲ့ ဘဝမှာ…ဝိညာဉ်နဲ့ပတ်သက်ပီး…သေမလောက်ခံစားရတဲ့ အချိန်ဖြစ်ခဲ့ရပါတယ်။ ဘုရားသ ခင်က အရာအားလုံးကိုသိမြင်ပီး ဘုရားဘုန်းအဖို့ဖြစ်တယ်လို့ပဲ…မျက်ရည်များနဲ့အတူဝန်ခံခဲ့ရပါတယ်။

“ဒီနေ့ခေတ်မှာ ယုံကြည်သူ အင်္ဂါချင်းဆိုတာ..ဘယ်ဆီများရောက်သွားသလဲလို့တောင်တွေးမိပါတယ်။ ထပ်တူဝမ်းနဲရမယ့်အချိနိမျိုးမှာ… ကြိတ်ပျော်နေတဲ့သူတွေ တွေ့ရတော့….ရင်ထဲစို့နစ့်ရလောက်အောင်ပဲ..အလွန်ဝမ်းနဲမိပါတယ်။ ဒီနေ့ခေတ်က မီဒီယာခေတ်ဖြစ်နေတော့…ခရစ်ယာန်မီဒီယာတွေကနေ စလိုက်တဲ့ အရာလေးတခုကနေ…ခုလောက်ထိဖြစ်သွားခဲ့တာပဲလေနော်…။ ဘယ်မှာလဲ အင်္ဂါချင်း…? ဘယ်မှာ လဲ ဘုရားမေတ္တာ….?တချို့ကခရစ်ယာန်ဖြစ်ရတာတောင်ရှက်မိတယ်လို့ပြောတဲ့အဖွဲ့တွေကရှိသေးတယ်။

စိတ်မကောင်းစရာပါပဲ။ သမ္မာကျမ်းစာထဲမှာတော့ ၁ပေ ၄:၁၆မှာ ခရစ်ယာန်ဖြစ်လို့ ကဲ့ရဲ့ခြင်း ရှုတ်ချခြင်း ငြင်းပန်းနှိပ်စက်ခြင်းခံ ရရင် မ ရှက်ကြပါနဲ့။ ထိုအမှုကြောင့်သင်ခံရလျှင် ဘုရားသခင်၏ ဂုဏ်ကျေးဇူးကိုချီးမွမ်းပါလို့ သွန်သင်ထားပါတယ်။ခုဖြစ်နေတဲ့ကိစ္စတွေမှာ သာ သနာပသူတွေက ကဲ့ရဲ့ရှုတ်ချကြတာကို အပြည့်ဝလက်ခံပါတယ်။ သို့သော် ယုံကြည်သူချင်းဦးခေါင်းခရစ်တော်အထဲက ကိုယ်အင်္ဂါ ချင်း က…ပျော်နေတာတွေ…ကဲ့ရဲ့နေတာတွေကိုတွေ့ရတော့…အတိုင်းမသိဝမ်းနဲမိပါတယ်။

ဆရာရေ ဆရာ့အတွက်သမီးကတော့ဂုဏ်ယူမိပါတယ်.။ ဘုရားအမှုတော်မှာ ခုလောက်ထိ သစ္စာရှိစွာအစေခံနေတာတွေ့ရလို့…ခုကျတဲ့ မျက်ရည်က ဆရာ့ကို ခုလိုမြင်ရလို့ ဝမ်းနဲတဲ့မျက်ရည်နဲ့အတူ ဂုဏ်ယူဝမ်းမြောက်မိတဲ့မျက်ရည်ပါ…ခပ်သိမ်းသောအရာသည် ကိုယ်တော့် အထဲက ကိုယ်တော့်အားဖြင့် ကိုယ်တော့်အဘို့အလို့ငှာသာဖြစ်သည်။

ကမ္ဘာ အဆက်ဆက်…ဘုန်းကြီး၍ မင်္ဂလာရှိပါစေ အာမင် လို့ ဆိုကာ မည်သူတစ်ဦးတစ်ယောက်ကိုမှ မထိခိုက်ဘဲ သူစိတ်မကောင်း ကြောင်း ကိုဘဲရေးသားခဲ့ပါတယ်။

REF:   သတင်းထူးသတင်းဦး

Add a Comment

Your email address will not be published. Required fields are marked *