




REF: SHWE WIKI

UNICODE

ဘယ်သူက သူမကို ကြိတ်ကြိုက်နေတယ်ဆိုတာ ကို သက်သေ ပြလိုက်တဲ့ အိုက်ဒေါက ‌နော်စေးစေးထူး

ဒီနေ့မှာတော့ နော်စေးစေးထူးရဲ့လူမှုကွန်ရက်မှာ မူးလာနဲ့အတူရိုက်ကူးထားတဲ့ပုံလေးကိုတင်ပြီး မူးလာကဘယ်သူ့ကို ကြိတ်ပြီးကြိုက်နေ သလဲဆိုတာ သက်သေနှင့်တကွ ထုတ်ပြပြီး မူးလာကို ဆေးအကြီးကြီး ထိုးလိုက်တာဖြစ်ပါတယ်။

ဒီအကြောင်းကိုတော့ “ငမူးကြီးရှင်ပြောသလို ဘယ်သူကဘယ်သူ့ကိုကြိတ်ပြီးကြိုက်နေသလဲဆိုတာ အားလုံးပဲဆုံးဖြတ်ပေးပါ သက်သေနှင့် တကွငြင်းမရပါ”ဆိုတဲ့စာသားလေးနဲ့အတူရေးသားဖော်ပြထားတာဖြစ်ပါတယ်။

Myanmar Idol Season-4ရဲ့ပြိုင်ပွဲဝင်နှစ်ယောက်ဖြစ်တဲ့ နော်စေးစေးထူးနဲ့ မူးလာတို့ကိုတော့ ပရိသတ်ကြီးသိပြီးသားဖြစ်မယ် ထင်ပါ တယ်။သူတို့နှစ်ယောက်ကတော့ ပြိုင်ပွဲဝင်ကတည်းက ပျော်ပျော်ပါးပါးနဲ့မောင်နှမတွေလိုနေထိုင်ခဲ့ကြတာဖြစ်ပါတယ်။

ပြိုင်ပွဲပြီးကတည်းက အနုပညာအလုပ်တွေကိုဆက်တိုက်လုပ်ကိုင်နေပြီး လက်ရှိမှာတော့ပရိသတ်အားပေးမှုကို အခိုင်အမာရရှိနေပြီပဲ ဖြစ်ပါတယ်။

REF:    SHWE  WIKI

Add a Comment

Your email address will not be published. Required fields are marked *