ပျော့ပျောင်းလှပ တဲ့ ခန္ဓာကိုယ်လေးနဲ့ လေ့ကျင့်ခန်း လုပ်နေတဲ့ နွယ်နွယ်ထွန်း ရဲ့ ပုံရိပ်များ
UNICODE
နွယ်နွယ်ထွန်းဟာ အခုလတ်တလော မှာဆိုရင် လှပတဲ့ဘော်ဒီလေးရရှိဖို့အတွက် gymဆော့နေတာလည်းဖြစ်ပြီး သူမရဲ့ လေ့ကျင့်ခန်းလုပ် နေတဲ့ ပုံလေးတွေကိုတင်ပေးလေ့ရှိပါတယ်။ မကြာသေးမီကလည်း နွယ်နွယ်ထွန်းဟာ သူမရဲ့ Facebookစာမျက်နှာမှာ “အပေါ်က ကျော် သွားမလား အောက်က ငုံ့သွားမလား ရွေးချယ်ရမှာက မင်း တာဝန်….” ဆိုတဲ့ captionလေးနဲ့ gymကပုံရိပ်လေးတွေကို တင်ပေးလာပါ တယ်။ ကဲ…..ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။
ပရိသတ်ကြီးရေ….. လူမှုကွန်ယက် စာမျက်နှာမှာ အလန်းစား ပုံရိပ်လေးတွေနဲ့ လူသိများလာခဲ့တဲ့ မော်လ်ဒယ် သရုပ်ဆောင် တစ်ယောက် ဖြစ်တဲ့ နွယ်နွယ်ထွန်းကို သိကြမယ်ထင်ပါတယ်နော်။ သူမရဲ့ဖွေးဥနေတဲ့အသားအရည်လေးနဲ့ ခပ်မိုက်မိုက် ဘော်ဒီအချိုးအစားလေး ဟာလည်း အပြတ် အသတ်ကိုဆွဲဆောင်မှုရှိနေတဲ့အလှတရားလေး တွေလို့ ဆိုရရင်မှားမယ် မထင်ပါဘူး။ နွယ်နွယ်ထွန်းဟာ photo shootingတွေလည်းရိုက်ကူးထားတာဖြစ်ပြီး ပရိသတ်တွေကတော့သူမကို ချစ်စနိုးနဲ့ရစ်ရစ်လို့ခေါ်ကြတာလည်း ဖြစ်ပါတယ်။
နွယ်နွယ်ထွန်းဟာအနုပညာလမ်းကြောင်းပေါ်ကိုရောက်ရှိတာ မကြာသေးပေမယ့်ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို ရရှိထားတဲ့ သူလေး ပါ။ သူမဟာချစ်စရာကောင်းတဲ့မျက်နှာလေးကိုပိုင်ဆိုင်ထားပြီး ဆွဲဆောင်မှုရှိတဲ့ ခပ်လန်းလန်းပုံတွေကိုsocial networkတွင်မကြာခဏ ဆိုသလိုတင်ပေးတတ်သူဖြစ်တာကြောင့် ပရိသတ်တွေရဲ့စိတ်ဝင်စားမှုကိုရရှိထားတာဆိုလည်း မမှားပါဘူးနော်။
Photo credit- Nwe Nwe Tun’s Facebook acc