ေဒါက္တာ ခင္ခင္ႀကီး ဒဲ့ေျပာတဲ့ အေပၚ ကိုေအာင္ဇင္ထြန္းက ျပန္လည္ၿပီး တခ်က္ခ်င္း ျပန္ ရွင္းၿပီ

ကိုဗစ္-၁၉ကိစၥကို ေဒါက္တာခင္ခင္ႀကီးက ကြၽန္ေတာ့္ပို႔စ္နဲ႔ပက္သက္ၿပီး ေျပာထားတဲ့ ပို႔စ္ မွာ ဝင္မန႔္ ထားတဲ့ ကြန္းမန႔္ပါ။ စာကရွည္ေတာ့ သူ႔ပို႔စ္မွာ အပိုင္း (၃) ပိုင္းခြဲမန႔္ထားရပါတယ္။ကြၽန္ေတာ္ ဆရာမႀကီးေရးတဲ့ စာထဲက က်န္းမာေရးမႉး ဆိုတဲ့ တစ္ေယာက္ပါ။ ေအာင္ဇင္ ထြန္းပါ။ ဆရာမ ႀကီးေျပာတဲ့ အမွန္တရားနဲ႔ ေသြဖီေနတဲ့အေၾကာင္းအရာေတြ နံပါတ္စဥ္ေတြတပ္ၿပီး တစ္ခ်က္ခ်င္း ရွင္းပါရေစ။

၁။ ကြၽန္ေတာ္က NGO ဝန္ထမ္းပါ။ ဒါေပမယ့္ က်န္းမာေရးဝန္ထမ္းမဟုတ္ပါဘူး။ အေျခခံက်န္းမာေရးတကၠသိုလ္ကေန ဘြဲ႕ရ႐ုံမွအပ က်န္းမာေရးနဲ႔ ပက္သက္တာလည္း တစ္ခါမွ မလုပ္ဖူးပါဘူး။ ကြၽန္ေတာ္ဟာ ကိုဗစ္စျဖစ္ကတည္းက Mask အၿမဲတပ္ၿပီး လက္အၿမဲေဆး တဲ့ တစ္ေယာက္ပါ။ ကြၽန္ေတာ္ တစ္ေယာက္တည္းတင္မက ကြၽန္ေတာ္နဲ႔ နီးကပ္ထိစပ္သူေတြကိုပါ စည္းကမ္းလိုက္နာဖို႔ အၿမဲတိုက္တြန္း သူပါ။ အဲေတာ့ စည္းကမ္းမလိုက္နာဘူး လို႔ ဘာအခ်က္အလက္မွမပါပဲ ေျပာလို႔ မရပါဘူး။ (ကိုယ့္ကိုယ္ကို အထင္ႀကီးတယ္ ငါ့ကို မကူး ႏိုင္ဘူး ငါဆိုမျဖစ္ဘူး စသည္ျဖင့္ဆိုတဲ့ ေပါက္လြတ္ ပဲစားစကားေတြကိုေတာ့ ေျဖရွင္းမေနေတာ့ပါဘူး)။

သူငယ္ခ်င္းဖ်ားေနတာ သိတယ္။ ေပါ့ေပါ့ဆဆ ထမင္းအတူစားတယ္ ဆိုတာလည္း မဟုတ္ပါ။ သူငယ္ခ်င္းဖ်ားေနတာကို မသိပါဘူး။ အဲ အခ်ိန္မွာ သူငယ္ခ်င္းက ထူထူေထာင္ေထာင္ျဖစ္တဲ့အတြက္ ေနေကာင္းတယ္လို႔ပဲ နားလည္လိုက္တာပါ။ သူနဲ႔အတူ ထမင္းစားတဲ့ အခ်ိန္ မွာေတာ့ Mask ျဖဳတ္မိတယ္။ မျဖဳတ္ရင္ Mask ပါ ထိုးဝါးမိမွာ စိုးလို႔ပါ။ ရခိုင္က ျပန္လာတာက ဩဂုတ္လ ၉ ရက္ေန႔ပါ။ ရခိုင္မွာ ပိုးစ ေတြ႕တာက ၁၆ ရက္ပါ။ အစိုးရက ၁၀ ရက္ေန႔ေနာက္ပိုင္း ရခိုင္က ျပန္လာသူေတြကို Q ဝင္ဖို႔ေျပာတာက ၂၈ ရက္ေန႔ ထင္ပါတယ္။ ကြၽန္ ေတာ္နဲ႔ လြတ္ ပါတယ္။ ဒါေပမယ့္ ကိုယ့္အသိစိတ္နဲ႔ကိုယ္ ရပ္ကြက္႐ုံးနဲ႔ က်န္းမာေရးဌာန Hotline ကို ဖုန္းဆက္ပါတယ္။ ၫႊန္ၾကားခ်က္နဲ႔ လြတ္တဲ့အတြက္ ျပန္လာတာကလည္း ၃ ပါတ္နီးပါးရွိၿပီျဖစ္တဲ့အတြက္ Home Stay ပဲေနဖို႔ပဲ အႀကံျပဳပါတယ္။ ကြၽန္ေတာ္ေနပါတယ္။ ကြၽန္ေတာ့္သူငယ္ခ်င္းနဲ႔ သြားေတြ႕တာက စက္တင္ဘာလ ၆ ရက္ေန႔ပါ။ Home Stay ကေနထြက္ၿပီး ၃ ရက္ေလာက္ေနမွပါ။

၂။ ကြၽန္ေတာ္က အမ်ားတန္းတူ မေနႏိုင္ဘူး ဆိုတဲ့ ကိစၥ။ တစ္ခြန္းမွ မထြက္ပါ။ ေနေရးေရာ စားေရးေရာဟာ ကြၽန္ေတာ့္အတြက္ အဆင္ေျပ တယ္။ ေနေကာင္းတယ္။ ကြၽန္ေတာ္ေနႏိုင္တယ္။ ဒါေပမယ့္ သက္ႀကီး႐ြယ္အိုေတြ၊ မသန္စြမ္းေတြ၊ တကယ့္နာမက်န္းသူေတြအတြက္ အ ဆင္မေျပဘူး လို႔ပဲ တခ်ိန္လုံးေျပာခဲ့တာပါ။ ဥပမာ အစားအေသာက္ ဆိုရင္ ေဂ်းမမ်ားတဲ့ ကြၽန္ေတာ့္အတြက္ ဘာမွ မျဖစ္ေပမယ့္ အစား ေရွာင္ေနရသူေတြ၊ ေဂ်းမ်ားတတ္သူေတြ၊ ထမင္းစားလို႔ မရတဲ့ ဖ်ားနာသူေတြ အတြက္ အဆင္မေျပဘူးလို႔ပဲ ေျပာခဲ့ပါတယ္။ ေနေရးမွာဆို လည္း ေခါင္းဦးေမြ႕ရာက အစေပးလို႔ အဆင္ေျပတယ္။ ျပည့္စုံတယ္။ ဒါေပမယ့္ တကယ့္ နာမက်န္းသူေတြ မသန္စြမ္းသူေတြအတြက္ေတာ့ အဆင္မေျပဘူးလို႔ တိတိက်က် ရည္ၫႊန္းထားပါတယ္။ ပို႔စ္ျပန္ဖတ္ၾကည့္ပါ။ (အပ်က္ဖက္ အဆိုးျမင္စိတ္မ်ားတယ္ လူကသာ ဘာမွ မဟုတ္တာ စိတ္ကမိုးေပၚ ဆိုတဲ့ ေပါေပါပဲပဲ စာသားမ်ားလည္း ရွင္းစရာမလိုဟု ယူဆပါတယ္။ ရွင္းဖို႔လိုရင္ ေျပာပါ။)

၃။ ေဆးေပးတဲ့ကိစၥ။ လိုအပ္လား မလိုအပ္လား ကြၽန္ေတာ္တို႔ မသိပါ။ ဓာတ္မွန္႐ိုက္တယ္။ အဆုတ္ဘယ္ေလာက္ ထိခိုက္ေနသလဲ ဆရာ မတို႔ပဲ သိတယ္။ ကြၽန္ေတာ္တို႔ မသိပါ။ Swab ယူၿပီးလည္း စစ္တယ္။ ဘာက ဘယ္လိုဆိုတာလည္း ကြၽန္ေတာ္တို႔ မသိရပါ။ အဲေတာ့ စိတ္ ပူပါတယ္။ ေဆးေသာက္ရမွာလား ေဆးမေသာက္ရဘူးလား။ ကြၽန္ေတာ့္ကို ဘာေဆးေတြေပး မွာလဲ။ မေပးဘူးဆိုရင္လည္း ဘာလို႔ မေပး တာလဲ၊ အစရွိတာေတြကို စစ္ေဆးထားတဲ့ ဆရာမတို႔ပဲ သိၿပီး ကြၽန္ေတာ္တို႔က မသိတဲ့အခါ စိတ္ပူပါတယ္။ သိခြင့္လည္း ရွိပါတယ္။ ဒါ ကြၽန္ေတာ္တို႔ရဲ႕ Right to Health ပါ။

၄။ ပိုးရွိတဲ့လူအခ်င္းခ်င္း ကူးႏိုင္မကူးႏိုင္ ကိစၥ။ ဆရာမတို႔ပဲ ေရာဂါက အသစ္အဆန္း မို႔ အတိအက် မသိႏိုင္ဘူး ဆို ကြၽန္ေတာ္တို႔မွာလည္း သံသယ ဝင္ခြင့္ရွိပါတယ္။ ကူးစက္ၿပီး ျပန္ေကာင္းလာတဲ့ လူနာကို ျပန္ကူးႏိုင္တဲ့ သက္ေသေတြရွိျခင္းကေန ကြၽန္ေတာ့္ စိုးရိမ္စိတ္က ျဖစ္လာတာပါ။ Literature ေတြလုပ္ဖို႔က ဆရာမတို႔ အလုပ္ပါ။ ကြၽန္ေတာ္တို႔က ေသခ်ာ မသိရင္၊ ေသခ်ာရွင္းမျပရင္ စိုးရိမ္ပါတယ္။ ကြၽန္ေတာ္ စိုးရိမ္တာ မွားတယ္ မထင္ပါ။ ဆရာမနဲ႔ တတ္ကြၽမ္းနားလည္သူေတြက ေအး အဲလိုေတာ့ မကူးဘူးကြလို႔ အာမခံရင္ ကြၽန္ေတာ္ အဲဒီ တစ္ခုအေပၚ စိတ္ေအးပါၿပီ။ ၅။ ခြဲစိတ္လူနာကို ဒီကိုသယ္လာတာ ျမင္ရတာ ကြၽန္ေတာ့္အတြက္ မသက္သာပါ။ အဲေတာ့ ကြၽန္ေတာ္ ေျပာပါတယ္။ ခြဲစိတ္ဆရာဝန္နဲ႔ ကြၽန္ေတာ္ ဘယ္သူပိုေတာ္သလဲ ဆိုတာေတာ့ ကြၽန္ေတာ္ ေျဖစရာမလိုဘူးထင္ပါတယ္။ (ကြၽန္ေတာ္ေျဖ စရာမလိုတဲ့ စကားလုံးေပါက္လြတ္ပဲစားေတြ ေတာ္ေတာ္မ်ားပါတယ္။ မေျဖရွင္းဘူး ထထ ေျပာေနရတာ ကိုက တစ္လုပ္)

၆။ အစားအေသာက္ ကိစၥ၊ အဟာရျပည့္ပါတယ္၊ ဘယ္လိုတြက္ခ်က္ေကြၽးတာ။ ဘယ္လို စီမံထားတယ္လို႔ အာမခံတာ ပိုေကာင္းပါတယ္။ ငါတို႔ေကြၽးခ်င္သလို ေကြၽးမယ္ နင္တို႔စားဆိုရေအာင္ ကြၽန္ေတာ္တို႔က လူနာပါ။ ေထာင္က်ေနတာ မဟုတ္ပါဘူး။ ေထာင္သားကိုေတာင္ ေကြၽးခ်င္သလို ေကြၽးလို႔ မရပါဘူး။ အဟာရျပည့္ဝဖို႔လိုပါတယ္။ ကြၽန္ေတာ့္ ကေတာ့ ကိုဗစ္လူနာ တစ္ေယာက္ရရွိသင့္တဲ့ အဟာရမရဘူး လို႔ ယူဆလို႔ ထည့္ေရးပါတယ္။ အပ်က္သေဘာမဟုတ္ပါ။ အဟာရဟာ ကိုဗစ္လူနာအတြက္ အေရးႀကီးတယ္ဆိုတာ ကြၽန္ေတာ္ နားလည္ ထားပါတယ္။ ငါတို႔ေကြၽးတာ အဟာရျပည့္တယ္ဆိုရင္ေတာ့ အာမခံႏိုင္ရင္ေတာ့ Fine ပါ။

၇။ အစိုးရအလုပ္မဝင္ဖူးလို႔ ေဖာင္းမထုရ ဆိုတဲ့ ကိစၥ။ ေဖာင္းထုတာ မဟုတ္ပါ။ အဆင္မေျပမႈကိုေကာ အဆင္ေျပမႈကိုေကာ ေသခ်ာေျပာ ျပထားပါတယ္။ ကြၽန္ေတာ့္မွာ ေျပာခြင့္ရွိပါတယ္။ ကြၽန္ေတာ္ဟာ အခြန္ထမ္းျပည္သူပါ။ ဒီႏိုင္ငံမွာ ေနထိုင္သူ၊ ဒီႏိုင္ငံရဲ႕ ႏိုင္ငံသားကဒ္ကို ကိုင္ေဆာင္သူပါ။ ငါလုပ္တာ အမွန္။ ငါ့လာေျပာရင္ နင္ဘာနားလည္လို႔လဲ ဆိုတဲ့ ငါ့စကားႏြားရမ်ိဳးေျပာရင္ ေျဖကို မေျဖရွင္းခ်င္ပါ။ ၇။ ကူပါတယ္။ ေရာက္ေလရာအရပ္မွာ တတ္ႏိုင္တဲ့ ဖက္ကေန ကူပါတယ္။ ကြၽန္ေတာ္ႏိုင္သေလာက္အတိုင္းအတာ၊ ကြၽန္ေတာ့္အထြာနဲ႔ပါ။ ကြၽန္ေတာ္ ေျပာတဲ့အခ်က္ေတြဟာ ျပည္သူလူထုကို ၿခိမ္းေခ်ာက္တယ္လို႔ ထင္ရင္ ကြၽန္ေတာ္ေျပာတဲ့အခ်က္ေတြက မွားရင္ ကြၽန္ေတာ့္ကို ႀကိဳက္တဲ့ ဥပေဒ ပုဒ္မနဲ႔ တရားစြဲႏိုင္ပါတယ္။ တရားေတာ့ မစြဲဘူး ရွင္းျပမယ္ဆိုလည္း ေသခ်ာ ရွင္းျပေစခ်င္ပါတယ္။ အခု ဆရာမ စာအ ရွည္ႀကီးမွာ ကြၽန္ေတာ္ေျပာတာေတြကို တစ္ခြန္းမွ ေသခ်ာ ရွင္းျပထားတာ မပါပါဘူး။

ကြၽန္ေတာ္ ေျပာခ်င္တာနည္းနည္းေတာ့ ေျပာပါမယ္။၁။ ကြၽန္ေတာ္ စည္းကမ္း မလိုက္နာလို႔ ျဖစ္ရပါတယ္ ဆိုတဲ့ Victim Blaming ကို ဆရာမလိုလူတစ္ေယာက္က ေျပာတာျမင္ရေတာ့ တျခားလူေတြက COVID လူနာေတြကို ဆဲၾကတာ ခြဲျခားဆက္ဆံၾကတာ မထူးဆန္း ဘူးလို႔ ခံစားရပါတယ္။ Stop Victim Blaming ပါ။ ကြၽန္ေတာ္ အတည္ေျပာတာ။ ဆရာမ အဲဒါ မလုပ္သင့္ဘူး။ ကြၽန္ေတာ္လည္း မေတာ္ တဆ ကူးစက္ခံရတာ။ ဒရမ္မာခင္းတာမဟုတ္ဘူး။ ကြၽန္ေတာ္က ေအးေဆးပဲ။ ေခါင္းမာတယ္။ အသည္းမာတယ္။ တျခားလူေတြက ခံႏိုင္ မွာ မဟုတ္ဘူး။

၂။ အက်ိဳးအေၾကာင္းကို ခ်က္က်လက္က် ေျဖရွင္းပါ။ ဆရာမက Explanation လို႔ ေခါင္းစဥ္တပ္ထားၿပီး မဆိုင္ရာေတြ ေလွ်ာက္ေျပာေန ေတာ့ ရပ္ကြက္ထဲ အတင္းတုပ္သလိုျဖစ္ေနတာ။၃။ ကြၽန္ေတာ့္ပို႔စ္ကို ေသခ်ာျပန္ဖတ္ပါ။ ေသခ်ာမဖတ္ပဲ ရမ္းသမ္းၿပီးေျပာေတာ့ ဆရာမ ဖက္က ကြၽံတာေတြ အရမ္းမ်ားတယ္။ တဖက္က ျပန္ေခ်ပရတဲ့ ကြၽန္ေတာ္ေတာင္ အားနာတယ္။ ၄။ ကြၽန္ေတာ့္ဘဝမွာ ကြၽန္ေတာ္နဲ႔ ကြၽန္ ေတာ့္ မိသားစုဝင္ေတြ၊ ကြၽန္ေတာ္ေနထိုင္ရာပတ္ဝန္းက်င္ကလူေတြရဲ႕ အသက္အိုးအိမ္စည္းစိမ္ကို ဆရာမလို လူတစ္ေယာက္ရဲ႕ စီမံခန႔္ ခြဲမႈေအာက္မွာ ေရွာင္မရတိမ္းမရ ေရာက္ေနတာ အေတာ္ ဝဋ္ႀကီးမားခဲ့လို႔လို႔သာ ထင္ပါတယ္။၅။ ဆရာမရဲ႕ ဒီပို႔စ္ကိုေတြ႕ေတာ့ ကြၽန္ေတာ္ ဝမ္းသာသြားတယ္။ ေဒါက္တာ ခင္ခင္ႀကီးေတာင္ တလြဲေတြထေျပာမွေတာ့ ငါလြဲတာ တျခားလူေတြ ခြင့္လႊတ္ေလာက္ပါတယ္ဆိုၿပီး စိတ္ ေအးသြားတာ။၆။ ဆရာမႀကီးကို ကြၽန္ေတာ္ ခြင့္လႊတ္ပါတယ္။

source : Aung zin Tun

UNICODE

ကိုဗစ်-၁၉ကိစ္စကို ဒေါက်တာခင်ခင်ကြီးက ကျွန်တော့်ပို့စ်နဲ့ပက်သက်ပြီး ပြောထားတဲ့ ပို့စ် မှာ ဝင်မန့် ထားတဲ့ ကွန်းမန့်ပါ။ စာကရှည်တော့ သူ့ပို့စ်မှာ အပိုင်း (၃) ပိုင်းခွဲမန့်ထားရပါတယ်။ကျွန်တော် ဆရာမကြီးရေးတဲ့ စာထဲက ကျန်းမာရေးမှူး ဆိုတဲ့ တစ်ယောက်ပါ။ အောင်ဇင် ထွန်းပါ။ ဆရာမ ကြီးပြောတဲ့ အမှန်တရားနဲ့ သွေဖီနေတဲ့အကြောင်းအရာတွေ နံပါတ်စဉ်တွေတပ်ပြီး တစ်ချက်ချင်း ရှင်းပါရစေ။

၁။ ကျွန်တော်က NGO ဝန်ထမ်းပါ။ ဒါပေမယ့် ကျန်းမာရေးဝန်ထမ်းမဟုတ်ပါဘူး။ အခြေခံကျန်းမာရေးတက္ကသိုလ်ကနေ ဘွဲ့ရရုံမှအပ ကျန်းမာရေးနဲ့ ပက်သက်တာလည်း တစ်ခါမှ မလုပ်ဖူးပါဘူး။ ကျွန်တော်ဟာ ကိုဗစ်စဖြစ်ကတည်းက Mask အမြဲတပ်ပြီး လက်အမြဲဆေး တဲ့ တစ်ယောက်ပါ။ ကျွန်တော် တစ်ယောက်တည်းတင်မက ကျွန်တော်နဲ့ နီးကပ်ထိစပ်သူတွေကိုပါ စည်းကမ်းလိုက်နာဖို့ အမြဲတိုက်တွန်း သူပါ။ အဲတော့ စည်းကမ်းမလိုက်နာဘူး လို့ ဘာအချက်အလက်မှမပါပဲ ပြောလို့ မရပါဘူး။ (ကိုယ့်ကိုယ်ကို အထင်ကြီးတယ် ငါ့ကို မကူး နိုင်ဘူး ငါဆိုမဖြစ်ဘူး စသည်ဖြင့်ဆိုတဲ့ ပေါက်လွတ် ပဲစားစကားတွေကိုတော့ ဖြေရှင်းမနေတော့ပါဘူး)။

သူငယ်ချင်းဖျားနေတာ သိတယ်။ ပေါ့ပေါ့ဆဆ ထမင်းအတူစားတယ် ဆိုတာလည်း မဟုတ်ပါ။ သူငယ်ချင်းဖျားနေတာကို မသိပါဘူး။ အဲ အချိန်မှာ သူငယ်ချင်းက ထူထူထောင်ထောင်ဖြစ်တဲ့အတွက် နေကောင်းတယ်လို့ပဲ နားလည်လိုက်တာပါ။ သူနဲ့အတူ ထမင်းစားတဲ့ အချိန် မှာတော့ Mask ဖြုတ်မိတယ်။ မဖြုတ်ရင် Mask ပါ ထိုးဝါးမိမှာ စိုးလို့ပါ။ ရခိုင်က ပြန်လာတာက ဩဂုတ်လ ၉ ရက်နေ့ပါ။ ရခိုင်မှာ ပိုးစ တွေ့တာက ၁၆ ရက်ပါ။ အစိုးရက ၁၀ ရက်နေ့နောက်ပိုင်း ရခိုင်က ပြန်လာသူတွေကို Q ဝင်ဖို့ပြောတာက ၂၈ ရက်နေ့ ထင်ပါတယ်။ ကျွန် တော်နဲ့ လွတ် ပါတယ်။ ဒါပေမယ့် ကိုယ့်အသိစိတ်နဲ့ကိုယ် ရပ်ကွက်ရုံးနဲ့ ကျန်းမာရေးဌာန Hotline ကို ဖုန်းဆက်ပါတယ်။ ညွှန်ကြားချက်နဲ့ လွတ်တဲ့အတွက် ပြန်လာတာကလည်း ၃ ပါတ်နီးပါးရှိပြီဖြစ်တဲ့အတွက် Home Stay ပဲနေဖို့ပဲ အကြံပြုပါတယ်။ ကျွန်တော်နေပါတယ်။ ကျွန်တော့်သူငယ်ချင်းနဲ့ သွားတွေ့တာက စက်တင်ဘာလ ၆ ရက်နေ့ပါ။ Home Stay ကနေထွက်ပြီး ၃ ရက်လောက်နေမှပါ။

၂။ ကျွန်တော်က အများတန်းတူ မနေနိုင်ဘူး ဆိုတဲ့ ကိစ္စ။ တစ်ခွန်းမှ မထွက်ပါ။ နေရေးရော စားရေးရောဟာ ကျွန်တော့်အတွက် အဆင်ပြေ တယ်။ နေကောင်းတယ်။ ကျွန်တော်နေနိုင်တယ်။ ဒါပေမယ့် သက်ကြီးရွယ်အိုတွေ၊ မသန်စွမ်းတွေ၊ တကယ့်နာမကျန်းသူတွေအတွက် အ ဆင်မပြေဘူး လို့ပဲ တချိန်လုံးပြောခဲ့တာပါ။ ဥပမာ အစားအသောက် ဆိုရင် ဂျေးမများတဲ့ ကျွန်တော့်အတွက် ဘာမှ မဖြစ်ပေမယ့် အစား ရှောင်နေရသူတွေ၊ ဂျေးများတတ်သူတွေ၊ ထမင်းစားလို့ မရတဲ့ ဖျားနာသူတွေ အတွက် အဆင်မပြေဘူးလို့ပဲ ပြောခဲ့ပါတယ်။ နေရေးမှာဆို လည်း ခေါင်းဦးမွေ့ရာက အစပေးလို့ အဆင်ပြေတယ်။ ပြည့်စုံတယ်။ ဒါပေမယ့် တကယ့် နာမကျန်းသူတွေ မသန်စွမ်းသူတွေအတွက်တော့ အဆင်မပြေဘူးလို့ တိတိကျကျ ရည်ညွှန်းထားပါတယ်။ ပို့စ်ပြန်ဖတ်ကြည့်ပါ။ (အပျက်ဖက် အဆိုးမြင်စိတ်များတယ် လူကသာ ဘာမှ မဟုတ်တာ စိတ်ကမိုးပေါ် ဆိုတဲ့ ပေါပေါပဲပဲ စာသားများလည်း ရှင်းစရာမလိုဟု ယူဆပါတယ်။ ရှင်းဖို့လိုရင် ပြောပါ။)

၃။ ဆေးပေးတဲ့ကိစ္စ။ လိုအပ်လား မလိုအပ်လား ကျွန်တော်တို့ မသိပါ။ ဓာတ်မှန်ရိုက်တယ်။ အဆုတ်ဘယ်လောက် ထိခိုက်နေသလဲ ဆရာ မတို့ပဲ သိတယ်။ ကျွန်တော်တို့ မသိပါ။ Swab ယူပြီးလည်း စစ်တယ်။ ဘာက ဘယ်လိုဆိုတာလည်း ကျွန်တော်တို့ မသိရပါ။ အဲတော့ စိတ် ပူပါတယ်။ ဆေးသောက်ရမှာလား ဆေးမသောက်ရဘူးလား။ ကျွန်တော့်ကို ဘာဆေးတွေပေး မှာလဲ။ မပေးဘူးဆိုရင်လည်း ဘာလို့ မပေး တာလဲ၊ အစရှိတာတွေကို စစ်ဆေးထားတဲ့ ဆရာမတို့ပဲ သိပြီး ကျွန်တော်တို့က မသိတဲ့အခါ စိတ်ပူပါတယ်။ သိခွင့်လည်း ရှိပါတယ်။ ဒါ ကျွန်တော်တို့ရဲ့ Right to Health ပါ။

၄။ ပိုးရှိတဲ့လူအချင်းချင်း ကူးနိုင်မကူးနိုင် ကိစ္စ။ ဆရာမတို့ပဲ ရောဂါက အသစ်အဆန်း မို့ အတိအကျ မသိနိုင်ဘူး ဆို ကျွန်တော်တို့မှာလည်း သံသယ ဝင်ခွင့်ရှိပါတယ်။ ကူးစက်ပြီး ပြန်ကောင်းလာတဲ့ လူနာကို ပြန်ကူးနိုင်တဲ့ သက်သေတွေရှိခြင်းကနေ ကျွန်တော့် စိုးရိမ်စိတ်က ဖြစ်လာတာပါ။ Literature တွေလုပ်ဖို့က ဆရာမတို့ အလုပ်ပါ။ ကျွန်တော်တို့က သေချာ မသိရင်၊ သေချာရှင်းမပြရင် စိုးရိမ်ပါတယ်။ ကျွန်တော် စိုးရိမ်တာ မှားတယ် မထင်ပါ။ ဆရာမနဲ့ တတ်ကျွမ်းနားလည်သူတွေက အေး အဲလိုတော့ မကူးဘူးကွလို့ အာမခံရင် ကျွန်တော် အဲဒီ တစ်ခုအပေါ် စိတ်အေးပါပြီ။ ၅။ ခွဲစိတ်လူနာကို ဒီကိုသယ်လာတာ မြင်ရတာ ကျွန်တော့်အတွက် မသက်သာပါ။ အဲတော့ ကျွန်တော် ပြောပါတယ်။ ခွဲစိတ်ဆရာဝန်နဲ့ ကျွန်တော် ဘယ်သူပိုတော်သလဲ ဆိုတာတော့ ကျွန်တော် ဖြေစရာမလိုဘူးထင်ပါတယ်။ (ကျွန်တော်ဖြေ စရာမလိုတဲ့ စကားလုံးပေါက်လွတ်ပဲစားတွေ တော်တော်များပါတယ်။ မဖြေရှင်းဘူး ထထ ပြောနေရတာ ကိုက တစ်လုပ်)

၆။ အစားအသောက် ကိစ္စ၊ အဟာရပြည့်ပါတယ်၊ ဘယ်လိုတွက်ချက်ကျွေးတာ။ ဘယ်လို စီမံထားတယ်လို့ အာမခံတာ ပိုကောင်းပါတယ်။ ငါတို့ကျွေးချင်သလို ကျွေးမယ် နင်တို့စားဆိုရအောင် ကျွန်တော်တို့က လူနာပါ။ ထောင်ကျနေတာ မဟုတ်ပါဘူး။ ထောင်သားကိုတောင် ကျွေးချင်သလို ကျွေးလို့ မရပါဘူး။ အဟာရပြည့်ဝဖို့လိုပါတယ်။ ကျွန်တော့် ကတော့ ကိုဗစ်လူနာ တစ်ယောက်ရရှိသင့်တဲ့ အဟာရမရဘူး လို့ ယူဆလို့ ထည့်ရေးပါတယ်။ အပျက်သဘောမဟုတ်ပါ။ အဟာရဟာ ကိုဗစ်လူနာအတွက် အရေးကြီးတယ်ဆိုတာ ကျွန်တော် နားလည် ထားပါတယ်။ ငါတို့ကျွေးတာ အဟာရပြည့်တယ်ဆိုရင်တော့ အာမခံနိုင်ရင်တော့ Fine ပါ။

၇။ အစိုးရအလုပ်မဝင်ဖူးလို့ ဖောင်းမထုရ ဆိုတဲ့ ကိစ္စ။ ဖောင်းထုတာ မဟုတ်ပါ။ အဆင်မပြေမှုကိုကော အဆင်ပြေမှုကိုကော သေချာပြော ပြထားပါတယ်။ ကျွန်တော့်မှာ ပြောခွင့်ရှိပါတယ်။ ကျွန်တော်ဟာ အခွန်ထမ်းပြည်သူပါ။ ဒီနိုင်ငံမှာ နေထိုင်သူ၊ ဒီနိုင်ငံရဲ့ နိုင်ငံသားကဒ်ကို ကိုင်ဆောင်သူပါ။ ငါလုပ်တာ အမှန်။ ငါ့လာပြောရင် နင်ဘာနားလည်လို့လဲ ဆိုတဲ့ ငါ့စကားနွားရမျိုးပြောရင် ဖြေကို မဖြေရှင်းချင်ပါ။ ၇။ ကူပါတယ်။ ရောက်လေရာအရပ်မှာ တတ်နိုင်တဲ့ ဖက်ကနေ ကူပါတယ်။ ကျွန်တော်နိုင်သလောက်အတိုင်းအတာ၊ ကျွန်တော့်အထွာနဲ့ပါ။ ကျွန်တော် ပြောတဲ့အချက်တွေဟာ ပြည်သူလူထုကို ခြိမ်းချောက်တယ်လို့ ထင်ရင် ကျွန်တော်ပြောတဲ့အချက်တွေက မှားရင် ကျွန်တော့်ကို ကြိုက်တဲ့ ဥပဒေ ပုဒ်မနဲ့ တရားစွဲနိုင်ပါတယ်။ တရားတော့ မစွဲဘူး ရှင်းပြမယ်ဆိုလည်း သေချာ ရှင်းပြစေချင်ပါတယ်။ အခု ဆရာမ စာအ ရှည်ကြီးမှာ ကျွန်တော်ပြောတာတွေကို တစ်ခွန်းမှ သေချာ ရှင်းပြထားတာ မပါပါဘူး။

ကျွန်တော် ပြောချင်တာနည်းနည်းတော့ ပြောပါမယ်။၁။ ကျွန်တော် စည်းကမ်း မလိုက်နာလို့ ဖြစ်ရပါတယ် ဆိုတဲ့ Victim Blaming ကို ဆရာမလိုလူတစ်ယောက်က ပြောတာမြင်ရတော့ တခြားလူတွေက COVID လူနာတွေကို ဆဲကြတာ ခွဲခြားဆက်ဆံကြတာ မထူးဆန်း ဘူးလို့ ခံစားရပါတယ်။ Stop Victim Blaming ပါ။ ကျွန်တော် အတည်ပြောတာ။ ဆရာမ အဲဒါ မလုပ်သင့်ဘူး။ ကျွန်တော်လည်း မတော် တဆ ကူးစက်ခံရတာ။ ဒရမ်မာခင်းတာမဟုတ်ဘူး။ ကျွန်တော်က အေးဆေးပဲ။ ခေါင်းမာတယ်။ အသည်းမာတယ်။ တခြားလူတွေက ခံနိုင် မှာ မဟုတ်ဘူး။

၂။ အကျိုးအကြောင်းကို ချက်ကျလက်ကျ ဖြေရှင်းပါ။ ဆရာမက Explanation လို့ ခေါင်းစဉ်တပ်ထားပြီး မဆိုင်ရာတွေ လျှောက်ပြောနေ တော့ ရပ်ကွက်ထဲ အတင်းတုပ်သလိုဖြစ်နေတာ။၃။ ကျွန်တော့်ပို့စ်ကို သေချာပြန်ဖတ်ပါ။ သေချာမဖတ်ပဲ ရမ်းသမ်းပြီးပြောတော့ ဆရာမ ဖက်က ကျွံတာတွေ အရမ်းများတယ်။ တဖက်က ပြန်ချေပရတဲ့ ကျွန်တော်တောင် အားနာတယ်။ ၄။ ကျွန်တော့်ဘဝမှာ ကျွန်တော်နဲ့ ကျွန် တော့် မိသားစုဝင်တွေ၊ ကျွန်တော်နေထိုင်ရာပတ်ဝန်းကျင်ကလူတွေရဲ့ အသက်အိုးအိမ်စည်းစိမ်ကို ဆရာမလို လူတစ်ယောက်ရဲ့ စီမံခန့် ခွဲမှုအောက်မှာ ရှောင်မရတိမ်းမရ ရောက်နေတာ အတော် ဝဋ်ကြီးမားခဲ့လို့လို့သာ ထင်ပါတယ်။၅။ ဆရာမရဲ့ ဒီပို့စ်ကိုတွေ့တော့ ကျွန်တော် ဝမ်းသာသွားတယ်။ ဒေါက်တာ ခင်ခင်ကြီးတောင် တလွဲတွေထပြောမှတော့ ငါလွဲတာ တခြားလူတွေ ခွင့်လွှတ်လောက်ပါတယ်ဆိုပြီး စိတ် အေးသွားတာ။၆။ ဆရာမကြီးကို ကျွန်တော် ခွင့်လွှတ်ပါတယ်။

source : Aung zin Tun

Add a Comment

Your email address will not be published.