ချစ်သူဟောင်းအောင်ရဲလင်း နဲ့ ပြန်တွဲဖို့ ရှိလားဆိုတဲ့ မေးခွန်း ကို နေခြည်ဦး ပွင့်ပွင့်လင်းလင်း ဖြေပြီ(ရုပ်သံ)




CRD: MYANMAR CELEBRITY

UNICODE

ပရိသတ်ကြီးလည်း နေခြည်ဦးပြောတဲ့ စကားလေးကို ကျေနပ် အားရမှုရှိရဲ့လား ပြောခဲ့ကြပါဦးနော်။ပရိသတ်တွေကတော့ ပြန်တွဲစေချင် ကြလားဆိုတာ မှတ်ချက်လေးတွေရေးခဲ့ကြပာဦးနော်။ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ် နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်။အခုလက်ရှိ ပရိသတ်တွေကြားထဲမှာ ရေပန်းစားနေတာက အဆိုတော် ထက်ယံ ရဲ့ Gravity Album ထဲက သီချင်းသုံးပုဒ်ကို Music Series အနေနဲ့ ပုံဖော်ထားတဲ့ သီချင်း MV တွေပဲ ဖြစ်ပါတယ်။

ထက်ယံရဲ့ သီချင်းတွေကတော့ ပရိသတ်တွေ ကြိုက်နှစ်သက်ပြီးသား သီချင်းတွေပဲ ဖြစ်ပြီး ထူးခြားတာကတော့ Music Series ကို ဇာတ် လမ်း တစ်ခု အနေနဲ့ အပိုင်းသုံးပိုင်း ခွဲခြားရိုက်ကူးထားပြီး အောင်ရဲလင်း၊ နေခြည်ဦး၊ ထက်ယံနဲ့ လီလီကျော်ခိုင်တို့က အဓိကပါဝင်သရုပ် ဆောင်ထားကြတာပဲ ဖြစ်ပါတယ်။ဒါအပြင် အဆိုပါ MV မှာပာဝင်သရုပ်ဆောင်ခဲ့တဲ့ အောင်ရဲလင်းနဲ့ နေခြည်ဦး ကိုလည်း ပရိတ်သတ်တွေ က ပြန်တွဲစေချင်နေ့ကြတာပဲ ဖြစ်ပါတယ်။

ပရိတ်သတ်တွေရဲ့ ပြန်တွဲ့ကြမှာလားဆိုတဲ့ အပြောတွေ ကို သရုပ်ဆောင်နေခြည်ဦးက အခုလိုပဲဖြေကြားလာပါတယ် “အောင်ရဲလင်း (Ex) နဲ့ ပြန်ဖက်ချင်၊ နမ်းချင်လို့ ဒီ “ချစ်လိုက်” သီချင်းဗီဒီယိုကို ရိုက်ကူးတာ ဆိုပြီး ပြောတဲ့ သူတွေ ရှိတယ်။ Ex နဲ့ ပြန်တွဲရိုက်နိုင်လို့ ချီးကျူးတဲ့ သူတွေလည်း ရှိတယ်။ ပရိသတ် အများစု ကတော့ ပြန်တွဲ စေချင်ကြတယ်။ဘာကြောင့်နဲ့ပဲ အချစ်ရေး ပြတ်ခဲ့ပါစေ အလုပ် သဘောအရ အ ကောင်းဆုံး ကြိုးစားခဲ့တာပါ” လို့ ပြောလာတာပါပရိတ်သတ်ကြီးရေ။

CRD:  MYANMAR  CELEBRITY

Add a Comment

Your email address will not be published.