ကိုဗစ္အႏၲရာယ္ေၾကာင့္ လမ္းေပၚမထြက္ပဲ အြန္လိုင္းကေန မဲဆြယ္ဖို႔ အေမစုေမတၱာရပ္ခံၿပီ

ကိုဗစ္ဟာ ကာကြယ္ေဆးမေပၚမခ်င္း ရွိေနမယ့္ အႏၲရာယ္ ပါ။ ႏိုဝင္ဘာကေန ေဖေဖာ္ဝါရီကို ေ႐ႊ႕လိုက္တာနဲ႔ မၿပီးသြားပါ။ ျမန္မာျပည္လို ဆင္းရဲတဲ့တိုင္းျပည္မေျပာနဲ႔ အေမရိကန္မွာလဲ ျဖစ္ေနဆဲျဖစ္ၿပီး ပထမလႈိင္းမွာ ေအာင္ျမင္ခဲ့တဲ့ ေတာင္ကိုရီးယားလဲ ဖိုက္ေနရဆဲပါ။ ဩဇီ မွာလဲ lockdown လုပ္လိုက္ ျဖဳတ္လိုက္ နဲ႔ တိုင္ပတ္ေနတာပါ။ စပိန္မွာ ျဖစ္ႏႈန္းတက္လာေနသလို ျပင္သစ္နဲ႔ ယူေကမွာလဲ တစ္ေန႔ကို သုံးေထာင္ေလာက္ျဖစ္ေနတာပါ။ ဒါေၾကာင့္ ကိုဗစ္က်ေအာင္ျပန္ေစာင့္ရင္ ၂၀၂၁ အကုန္အထိ ေစာင့္ရမွာပါ။

ဒါတင္မဟုတ္ဘဲ က်န္းမာေရးေၾကာင့္ ေ႐ြးေကာက္ပြဲေ႐ႊ႕ရင္ လူေတြဟာ ကိုဗစ္ေၾကာင့္မေသရင္ေတာင္ အာဏာသိမ္းလို႔ စစ္အစိုးရလက္ ထက္ကလို အျခားေရာဂါေတြနဲ႔ လူမသိ သူမသိေသၾကရမွာပါ။ကမာၻ႔ႏိုင္ငံမ်ားမွာ ကိုဗစ္ကာလ ေ႐ြးေကာက္ပြဲ လုပ္ခဲ့လား?ဒီမိုအင္အားႀကီး အေမရိကန္ဟာ ကိုဗစ္ျဖစ္သူ ၆ သန္းခြဲ နဲ႔ ေသသူ ႏွစ္သိန္းနီးပါးရွိတာေတာင္ သူလဲ ႏိုဝင္ဘာမွာ ေ႐ြးေကာက္ပြဲကို လုပ္ပါမယ္။အေမရိကန္ မွာ ၂၀၀၈ ေျခဥမရွိသလို စစ္တပ္ကလဲ လႊတ္ေတာ္ထဲမွာ ထိုင္မေနပါ။ ထို႔အတူပါဘဲ စပိန္၊ ဂ်ာမနီ၊ ေတာင္ကိုရီးယား၊ Iceland၊

ဆားဘီးယား၊ မြန္ဂိုလီးယား၊ ဘ႐ြန္ဒီ၊ Dominican Republic၊ စင္ကာပူ၊ ပိုလန္၊ ခ႐ိုေအးရွား တို႔ဟာလဲ ကိုဗစ္ၾကားထဲက ေ႐ြးေကာက္ပြဲ က်င္းပခဲ့ပါတယ္။ ဒီဥပမာမွာ ဆင္းရဲတဲ့ႏိုင္ငံေရာ ခ်မ္းသာတဲ့ႏိုင္ငံပါ ပါပါတယ္။အက်ဥ္းခ်ဳပ္ေျပာရရင္ ကိုဗစ္ေၾကာင့္ ေ႐ြးေကာက္ပြဲကို မေ႐ႊ႕သင့္ပါ။ ေ႐ြးေကာက္ ပြဲေ႐ႊ႕တာဟာ ျပႆနာကို ေျဖရွင္းတာမဟုတ္ဘဲ ျမန္မာျပည္ရဲ႕ ႏိုင္ငံေရး၊ စီးပြါးေရး၊ က်န္းမာေရး၊ လူမႈေရးျပ ႆနာေတြကို ပိုဆိုးသြားေစမွာပါ။ အာဏာသိမ္းၿပီး ျပည္တြင္းစစ္ေတာင္ ျဖစ္သြားႏိုင္ပါတယ္။

တကယ္ကိုဗစ္အတြက္ စိုးရိမ္ခဲ့ရင္ ပါတီမ်ားအားလုံး လိုင္းေပၚကသာ မဲဆြယ္တာကို ေနာက္ႏွစ္ပတ္ေလာက္အနည္းဆုံး လုပ္သင့္ပါတယ္။ NLD ကလူေတြအျပင္ထြက္ မဲမဆြယ္ဘဲ လိုင္းေပၚကသာ မဲဆြယ္ဖို႔ စဥ္းစားသင့္ပါတယ္။ ဒါဆိုရင္ NLD ဟာ သူတို႔ေထာက္ျပႏိုင္တဲ့ လူစုတာကို ႏွစ္ပတ္ေလာက္နားထားၿပီး လိုင္းေပၚကသာ မဲဆြယ္ျခင္းျဖင့္ ေရာဂါပိုးကူးတာကိုလဲ တားႏိုင္မွာျဖစ္သလို ေ႐ြးေကာက္ပြဲကိုလဲ အခ်ိန္မွီ လုပ္ႏိုင္မွာပါ။လမ္းေပၚ ထြက္ မဲမဆြယ္ဘဲ လိုင္းေပၚကသာ ေနာက္ႏွစ္ပတ္ေလာက္ မဲဆြယ္ ေပးပါ .. ။

ကိုဗစ္ေၾကာင့္ေ႐ြးေကာက္ပြဲေ႐ႊ႕သင့္လား ဆိုတဲ့ ေမးခြန္းဟာ လူအမ်ားက ေမးေနၾကတဲ့ ေမးခြန္းပါ။ ဘယ္ပါတီကို ေထာက္ခံေထာက္ခံ ဒီ ေမးခြန္းေလးေတာ့ ေမးၾကမွာပါ။အားလုံးသိၾကတဲ့အတိုင္း ေနရာတိုင္း ဘယ္သူ႔ကိုေမးေမး အမ်ားစုက NLD သာ မဲေပးမယ္ ျဖစ္ေနခဲ့ပါ တယ္။ ဒီအခ်က္ဟာ NLD အလံလႊင့္ပြဲကေန ထင္ရွားေစခဲ့ပါတယ္လို႔ ေျပာပါတယ္။

CRD: LET PAN DAILY

UNICODE

ကိုဗစ်ဟာ ကာကွယ်ဆေးမပေါ်မချင်း ရှိနေမယ့် အန္တရာယ် ပါ။ နိုဝင်ဘာကနေ ဖေဖော်ဝါရီကို ရွှေ့လိုက်တာနဲ့ မပြီးသွားပါ။ မြန်မာပြည်လို ဆင်းရဲတဲ့တိုင်းပြည်မပြောနဲ့ အမေရိကန်မှာလဲ ဖြစ်နေဆဲဖြစ်ပြီး ပထမလှိုင်းမှာ အောင်မြင်ခဲ့တဲ့ တောင်ကိုရီးယားလဲ ဖိုက်နေရဆဲပါ။ ဩဇီ မှာလဲ lockdown လုပ်လိုက် ဖြုတ်လိုက် နဲ့ တိုင်ပတ်နေတာပါ။ စပိန်မှာ ဖြစ်နှုန်းတက်လာနေသလို ပြင်သစ်နဲ့ ယူကေမှာလဲ တစ်နေ့ကို သုံးထောင်လောက်ဖြစ်နေတာပါ။ ဒါကြောင့် ကိုဗစ်ကျအောင်ပြန်စောင့်ရင် ၂၀၂၁ အကုန်အထိ စောင့်ရမှာပါ။

ဒါတင်မဟုတ်ဘဲ ကျန်းမာရေးကြောင့် ရွေးကောက်ပွဲရွှေ့ရင် လူတွေဟာ ကိုဗစ်ကြောင့်မသေရင်တောင် အာဏာသိမ်းလို့ စစ်အစိုးရလက် ထက်ကလို အခြားရောဂါတွေနဲ့ လူမသိ သူမသိသေကြရမှာပါ။ကမ္ဘာ့နိုင်ငံများမှာ ကိုဗစ်ကာလ ရွေးကောက်ပွဲ လုပ်ခဲ့လား?ဒီမိုအင်အားကြီး အမေရိကန်ဟာ ကိုဗစ်ဖြစ်သူ ၆ သန်းခွဲ နဲ့ သေသူ နှစ်သိန်းနီးပါးရှိတာတောင် သူလဲ နိုဝင်ဘာမှာ ရွေးကောက်ပွဲကို လုပ်ပါမယ်။အမေရိကန် မှာ ၂၀၀၈ ခြေဥမရှိသလို စစ်တပ်ကလဲ လွှတ်တော်ထဲမှာ ထိုင်မနေပါ။ ထို့အတူပါဘဲ စပိန်၊ ဂျာမနီ၊ တောင်ကိုရီးယား၊ Iceland၊

ဆားဘီးယား၊ မွန်ဂိုလီးယား၊ ဘရွန်ဒီ၊ Dominican Republic၊ စင်ကာပူ၊ ပိုလန်၊ ခရိုအေးရှား တို့ဟာလဲ ကိုဗစ်ကြားထဲက ရွေးကောက်ပွဲ ကျင်းပခဲ့ပါတယ်။ ဒီဥပမာမှာ ဆင်းရဲတဲ့နိုင်ငံရော ချမ်းသာတဲ့နိုင်ငံပါ ပါပါတယ်။အကျဉ်းချုပ်ပြောရရင် ကိုဗစ်ကြောင့် ရွေးကောက်ပွဲကို မရွှေ့သင့်ပါ။ ရွေးကောက် ပွဲရွှေ့တာဟာ ပြဿနာကို ဖြေရှင်းတာမဟုတ်ဘဲ မြန်မာပြည်ရဲ့ နိုင်ငံရေး၊ စီးပွါးရေး၊ ကျန်းမာရေး၊ လူမှုရေးပြ ဿနာတွေကို ပိုဆိုးသွားစေမှာပါ။ အာဏာသိမ်းပြီး ပြည်တွင်းစစ်တောင် ဖြစ်သွားနိုင်ပါတယ်။

တကယ်ကိုဗစ်အတွက် စိုးရိမ်ခဲ့ရင် ပါတီများအားလုံး လိုင်းပေါ်ကသာ မဲဆွယ်တာကို နောက်နှစ်ပတ်လောက်အနည်းဆုံး လုပ်သင့်ပါတယ်။ NLD ကလူတွေအပြင်ထွက် မဲမဆွယ်ဘဲ လိုင်းပေါ်ကသာ မဲဆွယ်ဖို့ စဉ်းစားသင့်ပါတယ်။ ဒါဆိုရင် NLD ဟာ သူတို့ထောက်ပြနိုင်တဲ့ လူစုတာကို နှစ်ပတ်လောက်နားထားပြီး လိုင်းပေါ်ကသာ မဲဆွယ်ခြင်းဖြင့် ရောဂါပိုးကူးတာကိုလဲ တားနိုင်မှာဖြစ်သလို ရွေးကောက်ပွဲကိုလဲ အချိန်မှီ လုပ်နိုင်မှာပါ။လမ်းပေါ် ထွက် မဲမဆွယ်ဘဲ လိုင်းပေါ်ကသာ နောက်နှစ်ပတ်လောက် မဲဆွယ် ပေးပါ .. ။

ကိုဗစ်ကြောင့်ရွေးကောက်ပွဲရွှေ့သင့်လား ဆိုတဲ့ မေးခွန်းဟာ လူအများက မေးနေကြတဲ့ မေးခွန်းပါ။ ဘယ်ပါတီကို ထောက်ခံထောက်ခံ ဒီ မေးခွန်းလေးတော့ မေးကြမှာပါ။အားလုံးသိကြတဲ့အတိုင်း နေရာတိုင်း ဘယ်သူ့ကိုမေးမေး အများစုက NLD သာ မဲပေးမယ် ဖြစ်နေခဲ့ပါ တယ်။ ဒီအချက်ဟာ NLD အလံလွှင့်ပွဲကနေ ထင်ရှားစေခဲ့ပါတယ်လို့ ပြောပါတယ်။

CRD:  LET  PAN DAILY

Add a Comment

Your email address will not be published.