ျမန္မာျပည္သူမ်ားအတြက္ ကိုဗစ္ရန္ပုံေငြ က်ပ္ဘီလီယံ (၁၀၀၀) ေက်ာ္ ျပင္ဆင္ ထားတယ္လို႔ ေဒၚေအာင္ဆန္းစုၾကည္ ေျပာၿပီ

အခုဘီလီယံ(၁၀၀၀)ေက်ာ္ ေ႐ႊ႕ေျပာင္းလိုက္တယ္ဆိုတာ ကြၽန္မတို႔ ကိုဗစ္ေရာဂါနဲ႔ပတ္သက္တဲ့ အက်ိဳးဆက္ေတြအတြက္ ၊ ကိုဗစ္ေရာဂါ နဲ႔ပတ္သက္တဲ့ လိုအပ္ခ်က္ေတြအတြက္သုံးဖို႔ျဖစ္ပါတယ္လို႔ ” ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္က မိန႔္ခြန္းမွာ ထည့္ သြင္းေျပာၾကားသြားတာျဖစ္ပါတယ္ ။ဒါ့အျပင္ နည္းပညာပိုင္းဆိုင္ရာကူညီပံ့ပိုးအားျဖည့္ေပးေရး အဖြဲ႕ကိုလည္း က်န္းမာေရးဝန္ႀကီး ေဟာင္း ပါေမာကၡေဒါက္တာေက်ာ္ျမင့္ ဦးေဆာင္ကာ ဖြဲ႕စည္းလိုက္ၿပီ ျဖစ္တယ္လို႔လည္း သိရပါတယ္ ။

ေဆး႐ုံမ်ားလုံလုံေလာက္ေလာက္ရွိေစေရး ၊ ကြာရန္တင္းစင္တာေတြလုံေလာက္ေစေရး နဲ႔ ဒီစင္တာေတြမွာ လိုအပ္တဲ့ ေစတနာ့ဝန္ထမ္း မ်ား ၊ အျခားဝန္ထမ္းမ်ား နဲ႔ ေဆးပစၥည္း ၊ ေဆးဝါးမ်ား ၊ အျခားပစၥည္းပစၥမ်ားကိုလည္း လုံေလာက္ေအာင္ လက္ေတြ႕က်က်လုပ္ ေဆာင္ ေနတယ္လို႔ မိန႔္ခြန္းမွာ ထည့္သြင္းေျပာၾကားခဲ့ပါတယ္ ။ ကိုဗစ္ ၁၉ အလြန္ကာလမွာ ျပည္သူေတြ ထိခိုက္မႈအနည္းဆုံး ျဖစ္ေစဖို႔လည္း ရည္႐ြယ္တယ္လို႔ ဆိုပါတယ္။

ကိုဗစ္၁၉ေရာဂါနဲ႔ပတ္သတ္ၿပီး အသုံးျပဳဖို႔အတြက္ သဘာဝေဘးအႏၲရာယ္ ရန္ပုံေငြအျဖစ္ ဘ႑ာေရးဝန္ႀကီးဌာနကေန အေထြေထြပိုလွ်ံ ေငြ ဘီလီယံ(၁၀၀၀)ေက်ာ္ကို ျပင္ဆင္ ထားတယ္လို႔ ဒီေန႔ စက္တင္ဘာလ ၂၁ ရက္ ည၈နာရီမွာ ႏိုင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ ဆန္းစုၾကည္က ႏိုင္ငံအတြင္း COVID-19 ေရာဂါျဖစ္ပြားမႈ အေျခအေနနဲ႔ စပ္လ်ဥ္းၿပီး ျပည္သူသို႔ အစီရင္ခံတင္ျပတဲ့မိန္းခြန္းမွာ ေျပာၾကား သြားခဲ့တာျဖစ္ပါတယ္ ။

UNICODE

“ဘ႑ာေရးဝန္ႀကီးဌာနကေနၿပီးေတာ့ အေထြေထြ ပိုလွ်ံေငြဘီလီယံ(၁၀၀၀)ေက်ာ္ ၊ တစ္ဘီလီယံဆိုတာကေတာ့ သန္း(၁၀၀၀)ဆိုတာ ကြၽန္မတို႔ျပည္သူေတြသိၿပီးသားပဲလို႔ ထင္ပါတယ္ ။ ဘီလီယံ(၁၀၀၀)ေက်ာ္ကို ကြၽန္မတို႔အေနနဲ႔ သဘာဝေဘးအႏၲရာယ္အတြက္ဆိုၿပီး ကြၽန္မတို႔သတ္မွတ္လိုက္တယ္ ။ သဘာဝေဘးအႏၲရာယ္ ဆိုေတာ့ ကိုဗစ္နဲ႔ဆိုင္ပါတယ္ ။ ဒါေပမယ့္ ဒီလိုသတ္မွတ္ထားတဲ့ေငြဟာ ကိုဗစ္ ေရာဂါနဲ႔ပတ္သက္လို႔ သုံးဖို႔ပါ။တျခားသဘာဝေဘးအႏၲရာယ္နဲ႔ ပတ္သက္ၿပီး သုံးဖို႔မဟုတ္ပါဘူး။တျခားသဘာဝေဘးအႏၲရာယ္နဲ႔ ပတ္ သက္ရင္ အဲဒီရန္ပုံေငြထဲမွာ သပ္သပ္ရွိပါတယ္လို႔ ေျပာၾကားသြားပါတယ္။

အခုဘီလီယံ(၁၀၀၀)ကျော် ရွှေ့ပြောင်းလိုက်တယ်ဆိုတာ ကျွန်မတို့ ကိုဗစ်ရောဂါနဲ့ပတ်သက်တဲ့ အကျိုးဆက်တွေအတွက် ၊ ကိုဗစ်ရောဂါ နဲ့ပတ်သက်တဲ့ လိုအပ်ချက်တွေအတွက်သုံးဖို့ဖြစ်ပါတယ်လို့ ” နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က မိန့်ခွန်းမှာ ထည့် သွင်းပြောကြားသွားတာဖြစ်ပါတယ် ။ဒါ့အပြင် နည်းပညာပိုင်းဆိုင်ရာကူညီပံ့ပိုးအားဖြည့်ပေးရေး အဖွဲ့ကိုလည်း ကျန်းမာရေးဝန်ကြီး ဟောင်း ပါမောက္ခဒေါက်တာကျော်မြင့် ဦးဆောင်ကာ ဖွဲ့စည်းလိုက်ပြီ ဖြစ်တယ်လို့လည်း သိရပါတယ် ။

ဆေးရုံများလုံလုံလောက်လောက်ရှိစေရေး ၊ ကွာရန်တင်းစင်တာတွေလုံလောက်စေရေး နဲ့ ဒီစင်တာတွေမှာ လိုအပ်တဲ့ စေတနာ့ဝန်ထမ်း များ ၊ အခြားဝန်ထမ်းများ နဲ့ ဆေးပစ္စည်း ၊ ဆေးဝါးများ ၊ အခြားပစ္စည်းပစ္စများကိုလည်း လုံလောက်အောင် လက်တွေ့ကျကျလုပ် ဆောင် နေတယ်လို့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ် ။ ကိုဗစ် ၁၉ အလွန်ကာလမှာ ပြည်သူတွေ ထိခိုက်မှုအနည်းဆုံး ဖြစ်စေဖို့လည်း ရည်ရွယ်တယ်လို့ ဆိုပါတယ်။

ကိုဗစ်၁၉ရောဂါနဲ့ပတ်သတ်ပြီး အသုံးပြုဖို့အတွက် သဘာဝဘေးအန္တရာယ် ရန်ပုံငွေအဖြစ် ဘဏ္ဍာရေးဝန်ကြီးဌာနကနေ အထွေထွေပိုလျှံ ငွေ ဘီလီယံ(၁၀၀၀)ကျော်ကို ပြင်ဆင် ထားတယ်လို့ ဒီနေ့ စက်တင်ဘာလ ၂၁ ရက် ည၈နာရီမှာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင် ဆန်းစုကြည်က နိုင်ငံအတွင်း COVID-19 ရောဂါဖြစ်ပွားမှု အခြေအနေနဲ့ စပ်လျဉ်းပြီး ပြည်သူသို့ အစီရင်ခံတင်ပြတဲ့မိန်းခွန်းမှာ ပြောကြား သွားခဲ့တာဖြစ်ပါတယ် ။

“ဘဏ္ဍာရေးဝန်ကြီးဌာနကနေပြီးတော့ အထွေထွေ ပိုလျှံငွေဘီလီယံ(၁၀၀၀)ကျော် ၊ တစ်ဘီလီယံဆိုတာကတော့ သန်း(၁၀၀၀)ဆိုတာ ကျွန်မတို့ပြည်သူတွေသိပြီးသားပဲလို့ ထင်ပါတယ် ။ ဘီလီယံ(၁၀၀၀)ကျော်ကို ကျွန်မတို့အနေနဲ့ သဘာဝဘေးအန္တရာယ်အတွက်ဆိုပြီး ကျွန်မတို့သတ်မှတ်လိုက်တယ် ။ သဘာဝဘေးအန္တရာယ် ဆိုတော့ ကိုဗစ်နဲ့ဆိုင်ပါတယ် ။ ဒါပေမယ့် ဒီလိုသတ်မှတ်ထားတဲ့ငွေဟာ ကိုဗစ် ရောဂါနဲ့ပတ်သက်လို့ သုံးဖို့ပါ။တခြားသဘာဝဘေးအန္တရာယ်နဲ့ ပတ်သက်ပြီး သုံးဖို့မဟုတ်ပါဘူး။တခြားသဘာဝဘေးအန္တရာယ်နဲ့ ပတ် သက်ရင် အဲဒီရန်ပုံငွေထဲမှာ သပ်သပ်ရှိပါတယ်လို့ ပြောကြားသွားပါတယ်။

Add a Comment

Your email address will not be published.