ကိုဗစ္ကို အေၾကာင္းျပၿပီး ျမန္မာကုန္ကား ေတြ ဝင္ခြင့္မျပဳတဲ့ ထိုင္းကို ျမန္မာက ပညာျပန္ေပးၿပီ

“ထိုင္းေတြအႏိုင္က်င့္တာေတြက အရမ္းမ်ားေနၿပီ၊ တံတားေပၚမွာ သြားလာေနတဲ့ ၁၆၈ စီးမွာ အကုန္လုံးနီးပါးက ယိုးဒယားလိုင္စင္ကား ေတြပဲ၊ ျမန္မာလိုင္စင္ကားက ၆ စီးပဲရွိတယ္၊က်ေနာ္တို႔ ျမန္မာဘက္ကေန ေမာင္းလာၿပီးေတာ့ ျမန္မာကားကို ထိုင္းႏိုင္ငံထဲ ယာဥ္ဝင္ခြင့္ လုပ္မယ္ဆိုရင္ သူတို႔ကအေၾကာင္းအမ်ိဳးမ်ိဳးျပၿပီး၊ ယာဥ္ဝင္ခြင့္စေတကာ လုပ္မေပးဘူးဆိုၿပီး ျပန္ျပန္လႊတ္တာ။ တန္းတူညီမွ်မႈ လုံးဝမရွိ ဘူး”လို႔သူက ေျပာပါတယ္။ဒါအျပင္ ႏွစ္ႏိုင္ငံကုန္သြယ္မႈမွာ ထိုင္းႏိုင္ငံက အက်ိဳးအျမတ္မ်ားမ်ားရေနတာမို႔ ျမန္မာျပည္သူေတြအေနနဲ႔ ထိုင္းရဲ႕ အႏိုင္က်င့္မႈကို ႀကံ့ႀကံ့ခိုင္ၿပီး တြန္းလွန္ၾကမယ္ဆိုရင္ ထိုင္းအာဏာပိုင္ေတြ အေလွ်ာ့ေပးလာလိမ့္မယ္လို႔လည္း သူက ဆိုပါတယ္။

“ခင္ဗ်ားစဥ္းစားၾကည့္၊ ဒီကိစၥကို ထိုင္းကုန္သည္ေတြနဲ႔ ထိုင္းျပည္သူေတြက သည္းခံႏိုင္မွာမဟုတ္ဘူး။ မေန႔ကပဲၾကည့္ေလ ကားေတြပိတ္ ၿပီးဆႏၵျပၾကၿပီ။ နည္းနည္းသာ သည္းခံၿပီး တြန္းလွန္ၾကမယ္ဆိုရင္ ထိုင္းဘက္က အေလွ်ာ့ေပးလာလိမ့္မယ္”လို႔ ေျပာပါတယ္။ တာခ်ီလိတ္ ၿမိဳ႕က သတၱဴလုပ္ငန္းရွင္တစ္ဦးျဖစ္တဲ့ ဦးတင္ႏြယ္ကလည္း ” ႏွစ္ႏိုင္ကုန္သြယ္မႈမွာ စီးပြားျဖစ္ေနတာက ယိုးဒယားေတြ၊ ဒီတင္းမာမႈမွာ အ ထိမွာက ယိုးဒယားေတြပဲ၊ ဒါေၾကာင့္ ခဏေစာင့္ၾကည့္ပါ၊ သူတို႔ဘက္က အလွ်ာ့ေပးလိမ္မယ္ဆိုတာထက္ သံတမန္နည္းနဲ႔ ညႇိႏႈိင္းလာပါ လိမ္မယ္”လို႔ သူ႔အျမင္ကို ေျပာပါတယ္။ တာခ်ီလိတ္ၿမိဳ႕မွာ ေန႔စဥ္လိုအပ္ခ်က္ရွိေနတဲ့ အသား၊ ငါး၊ အသီးအ႐ြက္ေတြကို။

ျမန္မာဘက္ကေန ထိုင္းဘက္ကို ဝင္ခြင့္ရေနတဲ့ မွန္လုံကား ၆စီးနဲ႔ အသြားအျပန္အႀကိမ္ႀကိမ္ သယ္ယူေပးေနတာျဖစ္တဲ့အတြက္ အေျခခံ စားကုန္ေတြ ေဈးတက္မွာမဟုတ္ဘူးလို႔ တာခ်ီလိတ္ခ႐ိုင္အုပ္ခ်ဳပ္ေရးမႉး ဦးျမင့္ႏိုင္က ေ႐ႊႀတိဂံေဒသ သတင္းဌာနကို ေျပာပါတယ္။ တာ ခ်ီလိတ္ၿမိဳ႕မွာ လတ္တေလာျဖစ္ပြားေနတဲ့ ထိုင္းနဲ႔ ျမန္မာႏွစ္ႏိုင္ငံကုန္သြယ္မႈ အျပန္အလွန္ကန႔္သတ္လိုက္တဲ့ျဖစ္စဥ္မွာ ျမန္မာဘက္က ျပည္သူေတြက ညီညီၫႊတ္ၫႊတ္နဲ႔ထိုင္းရဲ႕အႏိုင္က်င့္မႈကို ေခါင္းငုံမခံဘဲနဲ႔ ႀကံ့ႀကံ့ခိုင္တြန္းလွန္ၾကမယ္ဆိုရင္ ထိုင္းဘက္က သိပ္မၾကာအ ေလွ်ာ့ေပးလာလိမ့္မယ္လို႔ ထိုင္းႏိုင္ငံ၊ မယ္ဆိုင္ၿမိဳ႕မွ ျမန္မာ ကုန္သည္တစ္ဦးက ေ႐ႊႀတိဂံေဒသ သတင္းဌာနကို ေျပာပါတယ္။

ျမန္မာႏိုင္ငံမွာ ေန႔စဥ္ဆက္တိုက္ ကိုဗစ္ေရာဂါပိုးေတြ႕ရွိသူ လူဦးေရမ်ားျပား လာေနတာ ကို အေၾကာင္းျပဳၿပီး ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕က ထိုင္း-ျမန္မာ ခ်စ္ၾကည္ေရးတံတား(၂)မွာ ႏွစ္ႏိုင္ငံကုန္သြယ္ေရးတင္းမာမႈေတြ ျဖစ္ေပၚေနတာပါ။ထိုင္းႏိုင္ငံဘက္က တဖက္သတ္ထုတ္ျပန္တဲ့ ျမန္မာႏိုင္ငံက ကားသမားေတြ ထိုင္းႏိုင္ငံထဲကို အဝင္မခံဘူးဆိုတဲ့ ထုတ္ျပန္ခ်က္ေၾကာင့္၊ ျမန္မာအာဏာပိုင္ ေတြဘက္ကလည္း စက္တင္ဘာလ ၁၆ရက္ေန႔မွာ ျမန္မာကုန္သည္ႀကီးေတြ၊ တာခ်ီလိတ္ေဒသခံေတြ၊ေဒသအာဏာပိုင္ေတြနဲ႔ လႊတ္ေတာ္ ကိုယ္စားလွယ္ေတြ အျပန္အလွန္ေဆြးေႏြးခဲ့ၾကၿပီး၊ ျမန္မာလိုင္စင္ မွန္လုံကား(၆)စီးနဲ႔ ထိုင္းလိုင္စင္(၆)စီးကို အသုံးျပဳၿပီး။

ႏွစ္ႏိုင္ငံကုန္သြယ္မႈလုပ္ၾကဖို႔ ဆုံးျဖတ္ခဲ့ၾကပါတယ္တာခ်ီလိတ္ၿမိဳ႕၊ ခ်စ္ၾကည္ေရးတံတား(၂)ေပၚမွာ ေန႔စဥ္ကုန္သြယ္မႈျပဳလုပ္ေနတဲ့ ကား မ်ိဳးစုံ(၁၆၈)စီးရွိတယ္လို႔ ထိုင္းအာဏာပိုင္ေတြနဲ႔ ျမန္မာအာဏာပိုင္ေတြရဲ႕ ထုတ္ျပန္ခ်က္ေတြအရ သိရပါတယ္။ အဲဒီ ကားမ်ိဳးစုံ(၁၆၈)စီး ထဲမွာ ထိုင္းႏိုင္ငံထဲကို ဝင္ေရာက္ကုန္သြယ္ခြင့္ရတဲ့ ျမန္မာလိုင္စင္ေမာ္ေတာ္ယာဥ္အမ်ိဳးအစားက မွန္လုံကားငယ္(၆)စီးသာျဖစ္ပါတယ္။ က်န္တဲ့ (၁၆၂)စီးေသာ ေမာ္ေတာ္ယာဥ္ေတြဟာ ထိုင္းႏိုင္ငံလိုင္စင္နဲ႔ ကားေတြသာျဖစ္ၿပီး၊ ကားအမ်ိဳးအစားေတြကေတာ့ မွန္လုံယာဥ္ငယ္ (၆၀)စီးခန႔္နဲ႔ ဆီေဘာက္ဆာ ေတြ၊ ေျခာက္ဘီး၊ ၁၂ဘီးတြဲကားအမ်ိဳးအစားေတြပဲျဖစ္တယ္လို႔ မယ္ဆိုင္ၿမိဳ႕မွာေနထိုင္တဲ့ ျမန္မာႏိုင္ငံသား ကုန္သည္တစ္ဦးရဲ႕ ေျပာျပခ်က္အရ သိရတာပါ။

ဒုတိယအေရးႀကီးလိုအပ္ခ်က္ျဖစ္တဲ့ စက္သုံးဆီနဲ႔ အျခားလူသုံးကုန္ပစၥည္းေတြကို ျပည္မကေန တင္သြင္းျဖည့္ဆည္းဖို႔ လုပ္ေဆာင္ေန တယ္လို႔လည္း ဆိုပါတယ္။ “ျမန္မာကား ၆စီးနဲ႔ မနက္၆နာရီကေနၿပီး တံတားပိတ္တဲ့အထိ အဓိကစားေသာက္ကုန္ေတြကို ပထမဦးစား ေပးအေနနဲ႔ သယ္ခိုင္းတယ္။ အသား၊ငါးနဲ႔ အသီးအ႐ြက္ေတြ လုံေလာက္ေအာင္ သယ္ၿပီးမွ အျခားလူသုံးကုန္ေတြကို ဒုတိယဦးစားေပး အေနနဲ႔ သယ္ယူဖို႔ စီစဥ္ထားပါတယ္။ေနာက္ၿပီး စက္သုံးဆီနဲ႔ အျခားလူသုံးကုန္ေတြကို ျပည္မကေန တင္သြင္းဖို႔ စီစဥ္ေနပါတယ္”လို႔ တာခ်ီလိတ္ခ႐ိုင္အုပ္ခ်ဳပ္ေရးမႉး ဦးျမင့္ႏိုင္က ေျပာခဲ့တာပါ။

ျမန္မာအာဏာပိုင္ေတြရဲ႕ ထိုင္း(၆)စီး၊ ျမန္မာ(၆)စီးနဲ႔သာ ကုန္သြယ္ခြင့္ ျပဳေတာ့မယ့္ မူဝါဒေၾကာင့္ ထိုင္းႏိုင္ငံကုန္သည္ေတြနဲ႔ ထိုင္းႏိုင္ငံ သားအခ်ိဳ႕ဟာ မေန႔က မယ္ဆိုင္ၿမိဳ႕ပိုင္႐ုံးေရွ႕မွာ ကားရပ္ဆႏၵျပခဲ့ၾကၿပီး၊ ထိုင္းအာဏာပိုင္ေတြဟာ ဒီကေန႔(စက္တင္ဘာ ၁၈)ေန႔လယ္မွာ အထူးအစည္းအေဝးလုပ္ၾကမယ္လည္းလို႔ သိရပါတယ္။

CRD: ေ႐ႊႀတိဂံေဒသ သတင္းလႊာ အားေလးေလးစားစား ခရက္ဒက္ ေပးပါသည္။

UNICODE

“ထိုင်းတွေအနိုင်ကျင့်တာတွေက အရမ်းများနေပြီ၊ တံတားပေါ်မှာ သွားလာနေတဲ့ ၁၆၈ စီးမှာ အကုန်လုံးနီးပါးက ယိုးဒယားလိုင်စင်ကား တွေပဲ၊ မြန်မာလိုင်စင်ကားက ၆ စီးပဲရှိတယ်၊ကျနော်တို့ မြန်မာဘက်ကနေ မောင်းလာပြီးတော့ မြန်မာကားကို ထိုင်းနိုင်ငံထဲ ယာဉ်ဝင်ခွင့် လုပ်မယ်ဆိုရင် သူတို့ကအကြောင်းအမျိုးမျိုးပြပြီး၊ ယာဉ်ဝင်ခွင့်စတေကာ လုပ်မပေးဘူးဆိုပြီး ပြန်ပြန်လွှတ်တာ။ တန်းတူညီမျှမှု လုံးဝမရှိ ဘူး”လို့သူက ပြောပါတယ်။ဒါအပြင် နှစ်နိုင်ငံကုန်သွယ်မှုမှာ ထိုင်းနိုင်ငံက အကျိုးအမြတ်များများရနေတာမို့ မြန်မာပြည်သူတွေအနေနဲ့ ထိုင်းရဲ့ အနိုင်ကျင့်မှုကို ကြံ့ကြံ့ခိုင်ပြီး တွန်းလှန်ကြမယ်ဆိုရင် ထိုင်းအာဏာပိုင်တွေ အလျှော့ပေးလာလိမ့်မယ်လို့လည်း သူက ဆိုပါတယ်။

“ခင်ဗျားစဉ်းစားကြည့်၊ ဒီကိစ္စကို ထိုင်းကုန်သည်တွေနဲ့ ထိုင်းပြည်သူတွေက သည်းခံနိုင်မှာမဟုတ်ဘူး။ မနေ့ကပဲကြည့်လေ ကားတွေပိတ် ပြီးဆန္ဒပြကြပြီ။ နည်းနည်းသာ သည်းခံပြီး တွန်းလှန်ကြမယ်ဆိုရင် ထိုင်းဘက်က အလျှော့ပေးလာလိမ့်မယ်”လို့ ပြောပါတယ်။ တာချီလိတ် မြို့က သတ္တူလုပ်ငန်းရှင်တစ်ဦးဖြစ်တဲ့ ဦးတင်နွယ်ကလည်း ” နှစ်နိုင်ကုန်သွယ်မှုမှာ စီးပွားဖြစ်နေတာက ယိုးဒယားတွေ၊ ဒီတင်းမာမှုမှာ အ ထိမှာက ယိုးဒယားတွေပဲ၊ ဒါကြောင့် ခဏစောင့်ကြည့်ပါ၊ သူတို့ဘက်က အလျှာ့ပေးလိမ်မယ်ဆိုတာထက် သံတမန်နည်းနဲ့ ညှိနှိုင်းလာပါ လိမ်မယ်”လို့ သူ့အမြင်ကို ပြောပါတယ်။ တာချီလိတ်မြို့မှာ နေ့စဉ်လိုအပ်ချက်ရှိနေတဲ့ အသား၊ ငါး၊ အသီးအရွက်တွေကို။

မြန်မာဘက်ကနေ ထိုင်းဘက်ကို ဝင်ခွင့်ရနေတဲ့ မှန်လုံကား ၆စီးနဲ့ အသွားအပြန်အကြိမ်ကြိမ် သယ်ယူပေးနေတာဖြစ်တဲ့အတွက် အခြေခံ စားကုန်တွေ ဈေးတက်မှာမဟုတ်ဘူးလို့ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ရွှေတြိဂံဒေသ သတင်းဌာနကို ပြောပါတယ်။ တာ ချီလိတ်မြို့မှာ လတ်တလောဖြစ်ပွားနေတဲ့ ထိုင်းနဲ့ မြန်မာနှစ်နိုင်ငံကုန်သွယ်မှု အပြန်အလှန်ကန့်သတ်လိုက်တဲ့ဖြစ်စဉ်မှာ မြန်မာဘက်က ပြည်သူတွေက ညီညီညွှတ်ညွှတ်နဲ့ထိုင်းရဲ့အနိုင်ကျင့်မှုကို ခေါင်းငုံမခံဘဲနဲ့ ကြံ့ကြံ့ခိုင်တွန်းလှန်ကြမယ်ဆိုရင် ထိုင်းဘက်က သိပ်မကြာအ လျှော့ပေးလာလိမ့်မယ်လို့ ထိုင်းနိုင်ငံ၊ မယ်ဆိုင်မြို့မှ မြန်မာ ကုန်သည်တစ်ဦးက ရွှေတြိဂံဒေသ သတင်းဌာနကို ပြောပါတယ်။

မြန်မာနိုင်ငံမှာ နေ့စဉ်ဆက်တိုက် ကိုဗစ်ရောဂါပိုးတွေ့ရှိသူ လူဦးရေများပြား လာနေတာ ကို အကြောင်းပြုပြီး ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့က ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား(၂)မှာ နှစ်နိုင်ငံကုန်သွယ်ရေးတင်းမာမှုတွေ ဖြစ်ပေါ်နေတာပါ။ထိုင်းနိုင်ငံဘက်က တဖက်သတ်ထုတ်ပြန်တဲ့ မြန်မာနိုင်ငံက ကားသမားတွေ ထိုင်းနိုင်ငံထဲကို အဝင်မခံဘူးဆိုတဲ့ ထုတ်ပြန်ချက်ကြောင့်၊ မြန်မာအာဏာပိုင် တွေဘက်ကလည်း စက်တင်ဘာလ ၁၆ရက်နေ့မှာ မြန်မာကုန်သည်ကြီးတွေ၊ တာချီလိတ်ဒေသခံတွေ၊ဒေသအာဏာပိုင်တွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေ အပြန်အလှန်ဆွေးနွေးခဲ့ကြပြီး၊ မြန်မာလိုင်စင် မှန်လုံကား(၆)စီးနဲ့ ထိုင်းလိုင်စင်(၆)စီးကို အသုံးပြုပြီး။

နှစ်နိုင်ငံကုန်သွယ်မှုလုပ်ကြဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်တာချီလိတ်မြို့၊ ချစ်ကြည်ရေးတံတား(၂)ပေါ်မှာ နေ့စဉ်ကုန်သွယ်မှုပြုလုပ်နေတဲ့ ကား မျိုးစုံ(၁၆၈)စီးရှိတယ်လို့ ထိုင်းအာဏာပိုင်တွေနဲ့ မြန်မာအာဏာပိုင်တွေရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။ အဲဒီ ကားမျိုးစုံ(၁၆၈)စီး ထဲမှာ ထိုင်းနိုင်ငံထဲကို ဝင်ရောက်ကုန်သွယ်ခွင့်ရတဲ့ မြန်မာလိုင်စင်မော်တော်ယာဉ်အမျိုးအစားက မှန်လုံကားငယ်(၆)စီးသာဖြစ်ပါတယ်။ ကျန်တဲ့ (၁၆၂)စီးသော မော်တော်ယာဉ်တွေဟာ ထိုင်းနိုင်ငံလိုင်စင်နဲ့ ကားတွေသာဖြစ်ပြီး၊ ကားအမျိုးအစားတွေကတော့ မှန်လုံယာဉ်ငယ် (၆၀)စီးခန့်နဲ့ ဆီဘောက်ဆာ တွေ၊ ခြောက်ဘီး၊ ၁၂ဘီးတွဲကားအမျိုးအစားတွေပဲဖြစ်တယ်လို့ မယ်ဆိုင်မြို့မှာနေထိုင်တဲ့ မြန်မာနိုင်ငံသား ကုန်သည်တစ်ဦးရဲ့ ပြောပြချက်အရ သိရတာပါ။

ဒုတိယအရေးကြီးလိုအပ်ချက်ဖြစ်တဲ့ စက်သုံးဆီနဲ့ အခြားလူသုံးကုန်ပစ္စည်းတွေကို ပြည်မကနေ တင်သွင်းဖြည့်ဆည်းဖို့ လုပ်ဆောင်နေ တယ်လို့လည်း ဆိုပါတယ်။ “မြန်မာကား ၆စီးနဲ့ မနက်၆နာရီကနေပြီး တံတားပိတ်တဲ့အထိ အဓိကစားသောက်ကုန်တွေကို ပထမဦးစား ပေးအနေနဲ့ သယ်ခိုင်းတယ်။ အသား၊ငါးနဲ့ အသီးအရွက်တွေ လုံလောက်အောင် သယ်ပြီးမှ အခြားလူသုံးကုန်တွေကို ဒုတိယဦးစားပေး အနေနဲ့ သယ်ယူဖို့ စီစဉ်ထားပါတယ်။နောက်ပြီး စက်သုံးဆီနဲ့ အခြားလူသုံးကုန်တွေကို ပြည်မကနေ တင်သွင်းဖို့ စီစဉ်နေပါတယ်”လို့ တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ပြောခဲ့တာပါ။

မြန်မာအာဏာပိုင်တွေရဲ့ ထိုင်း(၆)စီး၊ မြန်မာ(၆)စီးနဲ့သာ ကုန်သွယ်ခွင့် ပြုတော့မယ့် မူဝါဒကြောင့် ထိုင်းနိုင်ငံကုန်သည်တွေနဲ့ ထိုင်းနိုင်ငံ သားအချို့ဟာ မနေ့က မယ်ဆိုင်မြို့ပိုင်ရုံးရှေ့မှာ ကားရပ်ဆန္ဒပြခဲ့ကြပြီး၊ ထိုင်းအာဏာပိုင်တွေဟာ ဒီကနေ့(စက်တင်ဘာ ၁၈)နေ့လယ်မှာ အထူးအစည်းအဝေးလုပ်ကြမယ်လည်းလို့ သိရပါတယ်။

CRD:  ရွှေတြိဂံဒေသ သတင်းလွှာ အားလေးလေးစားစား ခရက်ဒက် ပေးပါသည်။

Add a Comment

Your email address will not be published.